မြန်မာပြည်တွင်းမှာ လူမှုကယ်ဆယ်ထောက်ပံ့ရေး လုပ်နေကြသူများ အတွက်ပါ။  လျောက်လွှာကို အောက်ဖော်ပြပါလင့်ခ်မှာ ရယူနိုင်ပါသည်။ http://moemaka.com/index.php?option=com_content&task=view&id=9388&Itemid=1

ဆန်ဖရန်ဘေးဧရိယာက Project Help Burma က ပြည်တွင်းကူညီမှု လျှောက်လွှာခေါ်နေပြီ
မိုးမခအထောက်တော် ၀၀၂၊ ဇူလိုင် ၁၂၊ ၂၀၁၁
တင်ပြရမဲ့ လျောက်လွှာပုံစံကို ပေးထားတဲ့လင့်ခ်ကနေ ဒေါင်းနိုင်သလို အခုပို့စ်မှာလည်း ဓာတ်ပုံအနေနဲ့ ဖြည့်စွက်လိုက်ပါတယ်။ အဲဒါမှ အဆင်မပြေရင် သဂျီးထံတိုက်ရိုက်တင်ပြပြီး ဖောင်များကို ဆိုက်မှာ တနည်းနည်းနဲ့ တင်ပေးထားဖို့ တောင်းဆိုနိုင်ပါတယ်။ ကျနော့်ကို တိုက်ရိုက်အီးမေးလ်ကနေ ဆက်သွယ်ရင်လည်း တဆင့်အကျိုးဆောင်ပေးဖို့ ဝန်မလေးပါဘူး။

လျောက်လွှာပုံစံ ၂ မြန်မာဘာသာ

လျောက်လွှာပုံစံ ၁ မြန်မာဘာသာ

လျောက်လွှာပုံစံ ၂ အင်္ဂလိပ်ဘာသာ

၂၀၀၉ ခုနှစ်ကတည်းက စတင်ပြီး ဈေးရောင်းပွဲများလုပ်၍ ရန်ပုံငွေရှာနေတဲ့ Project Help Burma မြန်မာလူမှုရေးကူညီမှု ရန်ပုံငွေအဖွဲ့က ၂၀၁၁ အတွက် မြန်မာပြည်တွင်းက အလှူခံလျှောက်လွှာများကို လက်ခံနေပြီဖြစ်တယ်လို့ အကြောင်းကြားထားပါတယ်။ ဒါက ဒုတိယအကြိမ် ကူညီမှုလျှောက်လွှာများကူညီခြင်း ဖြစ်ပါတယ်။
၂၀၀၉ ကတကြိမ်၊ ၂၀၁၀ ယမန်နှစ်မှာ တကြိမ် ဆန်ဖရန်ဘေးဧရိယာမှာ ဈေးရောင်းပွဲများ ကျင်းပပြီး အလှူငွေ စုဆောင်းလို့ မြန်မာပြည်တွင်းက လျှောက်ထားလာသူ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာ ကူညီမှုတွေကို လက်ခံစိစစ်ပြီး ထောက်ပံ့မယ်လို့ ဆိုပါတယ်။ အဲသည်အဖွဲ့ကို ဘေးဧရိယာက လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး စိတ်ဝင်စား တက်ကြွလှုပ်ရှားသူအချို့က ကိုယ်ထူကိုယ်ထစုစည်းတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ဖြစ်ပါတယ်။
သည်နေရာမှာ လျှောက်လွှာတွေ ခေါ်ယူနေပါပြီ။ မြန်မာပြည်တွင်းက လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး