T-SHIRTS forever..

zoeJuly 18, 20112min21214

အခု ခေတ်စား နေတဲ့ ထိုင်ဝမ်  မိတ် ဂျပန် ကိုရီးယား ဒီစိုင်း  T-SHIRT ် တွေပါ ။ ဝတ်နေကျ polo t-shirt ကနေအပြောင်းအလဲ လေးပေါ့ ။     ဈေးနှုန်း ထိုင်ဝမ်ဒေါ်လာ ၂၄၉ မှ ၃၅ဝ ပါတ်ဝန်းကျင်ရှိ ပါတယ် ။ on-line ကလည်း ခရက်ဒစ်ကတ် လပေးအတိုးမရှိ  စံနစ်နဲ့လည်းဝယ်လို့ရ တယ် ။ on-line   ကတော့ ထိုင်ဝမ် အတွင်းပဲ မှာလို့ရပါတယ် ။ 😛

ထသွား ထလာ ၊ ဈေးသွား၊ ရုပ်ရှင်ကြည့်၊ အလုပ်သွား ၊ ဝတ်ရအဆင်ပြေတဲ့ T-SHIRT  တွေပါ ။  ပူအိုက်တဲ့ရာသီ နဲ့  ဟာအလိုက်ဖက်ဆုံးဖြစ်ပါတယ် ။ လေဝင်လေထွက်ကောင်းပြီး ချည်သားဖြစ်လို့ဝတ်ရတာနူးညံ့တဲ့ အထိအတွေ့ရှိ တယ် ။ ချွေးလဲစုပ်တယ် ။ အခု ခါးရှည်အကျႌ ပြန်ခေတ်စားနေတော့ ဘောင်းဘီချက်ပြုတ်နဲ့ တွဲဖက်လဲလုံခြုံပါတယ် ။   😀 အရောင်အနေနဲ့က အဖြူ မဟုတ်ရင် အရောင်တောက်တောက် ခေတ်စားတယ် ။

T-shirt နဲ့အလိုက်ဖက်ဆုံးကတော့ jeans ဘောင်းဘီပါပဲ ။ မှိုတက် ဒီဇိုင်း ၊ stone-washed  နဲ ripped jeans    ပုံ(၆) ့ ၊ အခုခေတ်စားတယ် ။ ဲ့ကိုယ်လုံးသေးသွယ်သူများအတွက် ကskinny typed ပုံ (၁) ဟစ်ဖြစ် တယ်။
ပထမပုံ လို လှည်းဘီးမျက်မှန် ကမျက်နှာတဝက်လောက်ကို ဖုံးထားလို့ နေရောင်ခြည် ကလဲကာကွယ်ပြီးသားဖြစ်သွား တာပေါ့ ။ မျက်မှန်ကို မလိုအပ်တဲ့ အချိန်မှာ ယာရီ နောက်ဖက်ပင့်တင်ပြီး ခေါင်းပေါ်ချိတ်တင်ထားတဲ့ style  လဲထုတ်လို့ရတယ် ။လိုက်ဖက်တဲ့ အိတ်နဲ့ဖိနပ် နဲ့ထပ် ဆောင်းလိုက်ရင် ပိုပြည့်စုံသွားတာပေါ့ ။

အိတ်အနေနဲ့က မော်ဒယ်တွေလွယ်ထား တဲ့လူတယောက်လုံးထည့်ထားနိုင်တဲ့ အိတ်မျိုးနဲ့ ဖိနတ်က ပုံ(၃)၊ ပုံ(၅) လို ရောမခေတ် ဒီဇိုင်းခေတ်စားတယ် ။

ရွာသူ အားလုံး လှပ ခေတ်မှီ စေဖို့   idea လေးတွေပါ ။

 

 

14 comments

  • etone

    July 18, 2011 at 10:42 am

    ချစ်တော့ ချစ်စရာလေးတွေပါပဲ .. ။ အထည်အသားကိုင်မကြည့်ရသေးပဲ … ဘယ်လိုမှ ဝယ်ယူဖို့ စဉ်းစားလို့မရ …. 🙄

    • ကြောင်ကြီး

      July 18, 2011 at 10:52 am

      ဟုတ်ပါ့ အီးတုံးရေ။ အသားကို (ရှလွတ် ရှလွတ်) အရင်ကိုင်ကြည့်မှ ဖြစ်မှာပေါ့။ 😳

    • zoe

      July 18, 2011 at 10:21 pm

      အဝတ်အစား၊ ဘောင်းဘီ၊ ဖိနပ်ဝယ် ရင် on-line ဝယ်လေ့မရှိ ဖူး ။ ဆိုင်မှာ fitting လုပ်ပြီးမှဝယ်လေ့ရှိ တယ် ။ အသား ကောင်းလေ ဈေးကောင်းလေ ပဲ ။ တချို့ကျအသားကောင်းပြီး ပုံရိုးတယ် ။ Ed Hardy လို designer-tee ကျတော့ ထိုင်ဝမ်ဒေါ်လာ တစ်ထောင်ကျော် ကနေ ငါးထောင်ကျော် ဈေးရှိတယ် ။

  • weRone

    July 18, 2011 at 10:56 am

    အကျီ င်္ တွေ ထက် ဘောင်ဘီတွေ ကို ပိုကြိုက်တယ်…. 😀

  • pan pan

    July 18, 2011 at 11:03 am

    အင်္ကျီတွေကြည့်ရင်းနဲ့ မျက်လုံးကမော်ဒယ်တွေပဲကြည့်မိနေတယ်
    လုပ်ငန်းရှင်များ မိမိတို့ကုန်ပစ္စည်းကြော်ငြာတော့မယ်ဆိုရင် ချောချောလှလှမော်ဒယ်သုံးတိုင်း မကောင်းဘူးလို့
    ဘာကုန်ပစ္စည်းမှန်း မသိလိုက်တဲ့လူတွေ များမယ်
    နောက်ဆုံးတော့ မော်ဒယ်ပဲ နာမည်ကြီးသွားတယ် 😀

    • zoe

      July 18, 2011 at 10:33 pm

      ဒီပစ္စည်း ကိုသုံးရင်ကိုယ်လဲ ဒီမော်ဒယ် လိုပုံထွက် ပြီးလှလာမယ် မဟုတ်ဖူးလား ။ 😀 မှတ်မိ တာ mobile phone ပေါ်ခါစ က အင်မတန်ရုပ်ဖြောင့် ပြီး ယောက်ျား ပီသတဲ့ ဂျပန်မော်ဒယ် နဲ့ကြော်ငြာ တာ အမျိုးသား အများ က အဲဒီ ကြော်ငြာ တဲ့ကုမ္ဘဏ် က mobile phoneတွေကို အဝယ်များ တယ် လို့ဖတ်ဖူးတယ် ။ 😀

  • zawmyothu

    July 18, 2011 at 11:25 am

    အင်္ကျီ လှမလှတော. မသိဘူး မော်ဒယ်လေးတွေကတော. အဟမ်းးးးးးးးးးးးးးးး

  • နွယ်ပင်

    July 18, 2011 at 11:40 am

    အင်္ကျီရော ဘောင်းဘီရော ကြိုက်တယ် ဒါပေမယ့် ပုံစံလေးလှပြီး
    အသားက မကောင်းရင် ဒါမှမဟုတ် ဒီကရာသီဥတုနဲ့ မကိုက်မှာပဲဆိုးတယ်

    • zoe

      July 18, 2011 at 10:35 pm

      ချည်သား လေ ပူအိုက်တဲ့ရာသီနဲ့ ကိုက်ပါတယ် ။ 😀

  • windtalker

    July 18, 2011 at 12:17 pm

    ယောက်ျားလေး အမြင်နဲ ့ကြည့်မိလို ့လား မသိဘူး ။ မော်ဒယ် လေး တွေ က ပို လန်းတယ် ဗျာ ။

  • စုံ စုံ

    July 18, 2011 at 3:03 pm

    အကျီ၊ဘောင်းဘီ၊မျက်မှန်၊အိတ်၊ဖိနပ်
    အားလုံးအားလုံးကြိုက် 🙂

  • Shwe Tike Soe

    July 18, 2011 at 4:43 pm

    ဒီပို.စ်တင်တဲ့သူကို ကြိုပြောထားမယ်နော်… ရွာသားတွေရဲ.ကောင်မလေးတွေ တွေ.သွားရင် ပိုက်ပိုက်ကုန်မှာတော့ သေချာတယ်..
    အဲဒီတော့ ပို.စ်တင်တဲ့သူ က ကုန်ကျငွေတဝက်စိုက် ဟေ့ဟေ့ 😛

  • MOEPWINTPHYU

    July 18, 2011 at 5:26 pm

    အကုန်လုံးကြိုက်တယ်ကွာ

Leave a Reply