အားလုံးသိကြတဲ့အတိုင်း မြန်မာဘောလုံးဟာ နှစ်ပေါင်းအတော်အကြာ အောင်မြင်မှုမရတာ ကြာနေပါပြီ။ ဒါပေမဲ့ အခုတလောလေးမှာ မွန်ဂိုလီးယားကို အနိုင်ရတာဟာ မြန်မာဘောလုံးအသင်းအတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွေ့အကြုံတစ်လျှောက် ပထမအဦးဆုံး အောင်မြင်မှု ဖြစ်လာတာနဲ့ အတူ မြန်မာတွေရဲ့ ဇာတိမာန် ဟာလည်း ပြန်လည်တက်ကြွလို့ လာပါတယ်။

မကြာသေးခင်မှာပဲ လာအိုမှာ စတင်ကျင်းပခဲ့တဲ့ 2011 AFF U-16 လူငယ် ဘောလုံးပြိုင်ပွဲ မှာ မြန်မာဘောလုံးအသင်းကလည်း ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ မြန်မာ  U-16 အသင်းကို ဘရာဇီးလ်နည်းပြက အုပ်ချုပ်ပြီး လူငယ်အများစုကို ဘောလုံးအကယ်ဒမီက ရွေးချယ်ထားတာဖြစ်ပါတယ်။ ပြိုင်ပွဲမဝင်ခင်မှာ နည်းပြကတော့ မြန်မာတွေက ဘောလုံးအခြေခံရှိပြီး လေ့ကျင့်မှုသာ လိုတယ်လို့ ပြောခဲ့ပါသေးတယ်။ ဒီပွဲအတွက် Ready ဖြစ်နေပြီလို့လဲ ပြောပါသေးတယ်။ ပရိတ်သတ်တွေက မျှော်လင့်ချက်လေးတွေ ရှိခဲ့ပေမဲ့ သိပ်တော့ မယုံကြည်ရဲခဲ့ပါဘူး။

ခုချိန်မှာ မြန်မာအသင်းဟာ ပြိုင်ပွဲကြီးအတွ့င် လာအိုရောက်နေပြီး အောင်မြင်မှုတွေရယူနေပြီဖြစ်ပါတယ်။ လေးပွဲကစားရမှာ 3 ပွဲ နိုင် ၁ ပွဲသရေနဲ့ 10 မှတ် ရရှိပြီး အုပ်စု B မှာ ပထမနေရာကရှိနေပြီဖြစ်ပါတယ်။ ထို့အပြင် လက်ရွေးစင်အသင်းကြီး မရှုမလှရှုံးခဲ့ရတဲ့ ဗီယက်နမ်ကိုတောင် 3-1 နဲ့တောင် အနိုင်ယူပြီး Semi Final ကိုတက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

ထို့အတူ မြန်မာအသင်းဟာ Semifinal မှာ တော့ လာအိုအသင်းနဲ့တွေ့ဆုံရမှာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာဘောလုံးလူငယ်အသင်းဟာ Final တက်ဖို့ အတွက် အခွင့်အရေးတွေများနေပြီး လက်ရွေးစင် အသင်းကြီးအတွက်ပါ ရွှေရောင်အနာဂတ်တွေ တွေ့မြင်နေရပြီဖြစ်ပါတယ်၊ မြန်မာပရိတ်သတ်များမှာ ဘယ်လောက်ပျော်ရွှင်ခဲ့ကြသလဲဆိုရင် အာဆီယံဘောလုံးအဖွဲ့ချုပ် AFF ရဲ့ Facebook Page မှာ ဝင်ရောက်အောင်ပွဲခံနေကြတာတွေ့မြင်ကြရပါတယ်။

ကျွန်တော်အနေနဲ့ တိုက်တွန်းချင်တာကတော့ မြန်မာအသင်းကို  လာမဲ့ အိုမန်အသင်းနဲ့ အိမ်ကွင်းမှာ ကစားမယ်ဆိုလည်း အနီရောင်အကျီင်္တွေနဲ့ မြန်မာ နိုင်ငံတော်သီချင်းကို သံပြိုင်ဆိုကြကာ ၊ မြန်မာအသင်းကို လာရောက်အားပေးကြပါလို့ တောင်းဆိုပါတယ်။

မြန်မာအသင်း ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

မြန်မာ 1-1 ကမ္ဘောဒီးယား

မြန်မာ 2-1 ဖိလစ်ပိုင်

မြန်မာ 2-1 စကာင်္ပူ

မြန်မာ 3-1 ဗီယက်နမ်

 

မြန်မာအသင်းရဲ့ အုပ်စုအဆင့်ရပ်တည်မှုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Ref : wikipedia

Group B

Team Pld W D L GF GA GD Pts
 Myanmar 4 3 1 0 8 4 +4 10
 Singapore 4 3 0 1 15 2 +13 9
 Vietnam 4 2 0 2 15 9 +6 6
 Cambodia 4 1 1 2 4 10 −6 4
 Philippines 4 0 0 4 2 19 −17 0

About Burma

သားပု has written 46 post in this Website..