ဆရာကြီးအောင်သင်း မြောက်ဥက္ကလာပ စာပေဟောပြောပွဲမှာ ပြောသွားတာလေးပါ

ပုံပြင်လေးတစ်ပုဒ်ပေါ့

ရွာတစ်ရွာမှာ အရူးမတစ်ယောက်ရှိသတဲ့

အဲဒီရွာက သူကြီးကအရူးမကိုဘာလုပ်လိုက်တယ်မသိ၊ အရူးမ ဗိုက်ကြီးပါလေရော..

ဒါနဲ့ သူကြီးတပည့်တွေက အရူးမကိုမေးသပေါ့၊ ဘယ်သူနဲ့ ရတာလဲလို့

အရူးမက သူကြီးနဲ့ရတာပါလို့ ဖြေတယ်၊ အရူးမကို ၀ိုင်းရိုက်ကြတယ်တဲ့

နောက်တခေါက် ထပ်မေးပြန်ရောတဲ့၊ ဘယ်သူနဲ့ရတာလဲဆိုတော့

အရူးမက မဖြေဘူးတော်တဲ့၊ ဘာလို့မဖြေတာလဲ ပြန်မေးတော့…. တော်တို့ရွာက မှန်တာပြောရင် ရိုက်တယ်တော့ တဲ့…။

ကောင်းရော….။

ဘယ်သူတွေမှန်တာပြောပြီး ဘယ်သူတွေအရိုက်ခံထားရလဲမသိဘူး…။ :(

တခြားမှာမှန်တာပြောရင် အရိုက်ခံရမှာစိုးလို့ ကျွန်မကတော့ ဒီရွာ(MGရွာ)မှာပဲ ကိုယ်ပြောချင်တဲ့ မှန်တာလေးတွေပြောနေတာ…..။

ဘယ်ရွာက ဘာဖြစ်ဖြစ် ဒီရွာက မှန်တာပြောရင် မရိုက်ဘူး..။ သူကြီးကလည်း သဘောကောင်းတယ် (ဖားတာ) :D …။ ရွာကလူတွေကလည်း စိတ်ရင်းကောင်းတယ်…. (မြှောက်တာ) :D ။ ဘာပဲပြောပြော ဒီရွာလေးကိုတော့ချစ်တယ်..။ ရင်းနှီးတယ်…။ နွေးထွေးတယ်..။ (ဒါက ကြော်ငြာ)  :D

 

About panpan

chit has written 61 post in this Website..

   Send article as PDF