ခဲသားရောင် ကောင်းကင် ကအနက်
သွေးပျက်စရာ
မိုးကြိုးတွေပစ် လျှပ်စီးတွေကလက်
ကြောက်လွန်းလို.
အချစ်ရယ်ငါ.ကိုဖက်ထားစမ်းပါ။
မင်းပြောခဲ.တာတွေလေ။
နှင်းတွေကျ ဘာကိုမှမမြင်ရ
မှောင်လွန်းတဲ.တစ်ညကအဖြစ်အပျက်
ဖျန်းပက်တဲ.လေကလဲရေခဲလိုအေးစက်
ဖြစ်တည်ခဲ.တဲ.ချစ်ရမ္မက်နင်နဲ.ငါ အတွက်
မမေ.နိုင်သော
အမှတ်တရ အဖြစ်အပျက်ကလေးပါ။
လေပွေကအရူးလမ်းလျှောက်သလိုခရီးဆက်
သစ်ရွက်ကြွေတွေက
လက်ခုပ်တီးလို.နှတ်ဆက်
ဥဩကလဲ အလွမ်းတေးတွေဆက်
နေမင်းကမညှာမတာ ရက်စက်
သိပ်ချစ်တယ်လို.အကြိမ်ကြိမ်ပြောခဲ.တဲ.
မင်းစကားတွေကဖြစ်လာတဲ.
အဆိပ်တစ်ခွက်ကြောင်.
ပက်ပက်စက်စက်လောင်ကျွမ်း
ဘဝလမ်းပျောက်သွားသူကငါပါ။
2 comments
khinmintatthu
May 17, 2010 at 10:24 pm
ခံစားခဲ့ရသူများအတွက် ရေးထားတာလား… ကိုယ်တိုင်ခံစားခဲ့ရလို့များလားဗျာ…
ka lay lay
May 22, 2010 at 1:22 pm
ဘာခံစားချက်နဲ့ များရေးထားတာပါလဲခင်ဗျာ
ရှင်းပြပေးနိုင်ရင်ကျေးဇူးတင်ပါတယ်