tediousgirl says:  စိတ်တော့မရှိပါနဲ့ ဒီပုံကိုupload လုပ်တဲ့ သူကတော်တော် နှမချင်းမစာမနာတဲ့ အောက်တန်းစား အဆင့်မရှိတဲ့ သူ့ပဲ ။ သူဘာသာသူဘယ်လိုပဲရိုက်ရိုက်ပေါ့ ကိုယ်မြင်လဲမြင်တဲ့ အတိုင်းပဲနေလေ အဲလိုကြီးတင်တာတော့မကောင်းဘူး ။ ကိုယ့်အမတွေ နှမတွေ အမေတွေနဲ့ နှိုင်းပြီး စဉ်းစားကြည့်ပေး ပါ။ အခုပုံကိုတင်တဲ့သူကတော့ တကယ့် တကယ့် အောက်တန်းစားပါ။။။    

အခုလည်းကျနော် အပြောခံရတဲ. စကားနဲ.ပဲ ခေါင်းစဉ်ပေးလိုက်ပါတယ်

ကျွန်တော်ဒီဆိုဒ်ထဲကိုဝင်ပြီးစာရေးတာစာဖတ်တာ 1 နှစ်ကျော်လောက်ရှိနေပါပြီ အရင်စ၀င်ဝင်ချင်းကတော. စာမရေးဖြစ်ပါဘူး ရေးရမဲ.နည်းစနစ်လည်းမသိလို.ဖြစ်ပါတယ်

နောက်ပိုင်းစာရေးချင်တယ် ကူညီပါဆိုပြီး Email လိပ်စာကိုမှတ်ချက်ထဲမှာရိုက်ထည်.ပေးလိုက်မှာ ဦးဝင်ကြည်ဆိုတဲ. နံမည်နဲ.အီးမေးတစ်စောင်ရောက်လာပြီး ရေးပုံရေးနည်း

ဘယ်လိုတင်ရမယ်ဆိုတာတွေကိုပို.ပေးထားတာပါ ကျွန်တော်ဒီပို.စ်ကနေပဲအီးမေးပို.ပေးတဲ.သူကို ကျေးဇူးအများကြီးတင်ပါတယ် နောက်ထပ်တစ်ယောက်ရှိပါသေးတယ် ဒီဆိုဒ်ထဲက

အရေးသားကောင်းကောင်းနဲ.စာပေရသ တွေအပြည်.၀ပေးတဲ.ရွှေမန်းသားကြီး ဦးပေါက်ပါ         ဦးပေါက်ပြောတဲ. လိုရင်းတိုရှင်း ပို.စ်တင်နည်းဆိုတာက ကျွန်တော်.လို. ငတုံးတစ်ယောက်ကို

တောင် တစ်ခါဖတ်တာနဲ. နားလည်လွယ်အောင် ကိုရေးထားတဲ.ပို.စ်တင်နည်းလေးတစ်ခုပါ ဦးပေါက်ကိုလည်း ကျေးဇူးတင်ပါတယ် ပို.စ်ထဲကနေ နံမည်အလွဲသုံးမိတာကိုလည်း ဒီပို.စ်ကနေ

ထပ်ပြီးတောင်းပန်ပါတယ် ရွာသားတွေအတွက်ရောကျနော်.အတွက်ပါ ဒီဆိုဒ်လေးကတော်တော်ကို ကောင်းကျိုးတွေအများကြီးပေးပါတယ် ကျွန်တော်       တော်တော်ကြိုက်ပါတယ်

ဘယ်ဆိုဒ်မှလည်း စာမရေးဖူးပါဘူး ဒီတစ်ဆိုဒ်ထဲကိုပဲ အစွဲလမ်းကြီးစွာရေးနေတာပါ ရွာလေးကလည်းဝင်ပြီးရင် ပြန်မထွက်ချင်လောက်အောင် ဆွဲဆောင်နိုင်လွန်းပါတယ်

အသိတရားတွေလည်းအများကြီးရမိပါတယ် ကိုယ်ချင်းလည်းတော်တော်ကိုစာတတ်လာပါတယ် ဒါကျနော်ရလိုက်တဲ. ဒီဆိုဒ်ထဲကကောင်းကျိုးတွေပါ ကျွန်တော်အရင်က

ဒီဆိုဒ်ထဲဝင်ဖတ်ပြီးရင်ဘာမှတ်ချက်မှမပေးပဲ ပြန်ထွက်ထွက်သွားတဲ. ရွာသားတစ်ယောက်ပါ နောက်ပိုင်းကျနော်ပို.စ်တင်တတ်တော. ပို.စ်လေးတစ်ပုဒ်တင်လိုက်ပါတယ်

ရွာသားတစ်ချို.လဲ မှတ်မိမယ်ထင်ပါတယ် ခေါင်းစဉ်က “တရားသဖြင်. စီးပွားရှာပါ” ဆိုတဲ.ခေါင်းစဉ်ပါ အဲဒီပို.စ်မှာ ကျနော်ညဘက်အိပ်တော. ဘယ်သူတွေများ ဘယ်လိုမှတ်ချက်ပေးကြမလဲပေါ.

ရင်တခုန်ခုန်နဲ.ပါပဲ ကိုယ်ပထမဆုံးစရေးလိုက်တဲ.ပို.စ်လေးတစ်ခုကို ရွာသားတွေအသိမှတ်မှပြုပါ.မလားပေါ. ရင်တခုန်ခုန်နဲ.ပဲအိပ်ယာဝင်ပြီး မနက်ရောက်တော. ဖွင်.ကြည်.လိုက်ပါတယ်

ဘယ်သူမှပေးထားတာတွေ.မိပါဘူး ကျနော်အရမ်းဝမ်းနည်းသွားမိတယ် ဒါအမှန်ပြောတာပါ အဲဒီနောက်ကျနော်လည်း ကိုယ်ချင်းစာတတ်ပြီး ငါလည်းအရင်ကသူများစာတွေကို

ဖတ်ရုံသာဖတ်တာတစ်ခါမှ မှတ်ချက်မပေးပဲ ပြန်လာခဲ.မိတယ် သူတို.လည်း ငါ.လို.ခံစားရမှာ ထင်တယ်ဆိုပြီး နောက်ပိုင်း ဖတ်လိုက်တဲ.ပို.စ်တိုင်းလိုလို မှတ်ချက်ပေးလေ.ရှိပါတယ်

ပေးချင်ပေးမပေးချင်နေ ငါရေးမယ်ဆိုတဲ. လူတွေလည်း ရှိမှာပါပဲ နေ.လည်ဘက်ကျတော. ဖွင်.ကြည်.လိုက်တယ် ၁၁ ယောက်တောင်ကျနော်.ပို.စ်လေးကို မှတ်ချက်ပေးထားတာတွေ.ရတယ်

ကျနော်အရမ်းပျော်သွားခဲ.တယ် အဒီပို.စ်လေးကို မှတ်ချက်ပေးတဲ. ရွာသားတွေကိုလည်း ကျနော်ကျေးဇူးတင်ပါတယ်ဗျာ အဲဒီ ၁၁ ယောက်ထဲမှာ ကျနော်.ပို.စ်လေးကို ၁၀ ယောက်က

အပြုသဘောနဲ.ကောင်းတယ်လို.ပဲ ပြောပါတယ် သူတို.ထင်တာလေးတွေ မှတ်ချက်ပေးသွားပါတယ် တစ်ယောက်ကတော. ဝေဖန်သွားတာပါ ပတ်ပတ်စက်စက်ကို ဝေဖန်သွားတာပါ

အဲဒီတစ်ယောက်ဝေဖန်တာကပို.စ်ကိုမဟုတ်ပါဘူး ပိုဂ္ဂိုလ်ရေးအရဝေဖန်သွားလို. ကျနော်တော်တော်ဝမ်းနည်းမိပါတယ် အဲဒီနောက် စာေ၇းဆရာတွေကို တော်တော်လေးစားမိသွားတယ်

ငါလိုဘာမဟုတ်တဲ.လူတောင် ကိုယ်ရေးတာလေး အဲလောက်အပြောခံရတော.တော်တော်ဝမ်းနည်းမိတာ သူတို.ဆိုဘယ်လောက်တောင်

ခံစားရမလဲပေါ.ကိုယ်ချင်းအစာဆုံးလေးစားဆုံးကတော.

ဟာသ၀တ္ထုတွေရေးတဲ. အကြည်တော်ပေါ.ဗျာ သူဆို မိန်းမဋီကာကျမ်း ဆိုတဲ.စာအုပ်ရေးလိုက်တာ မိန်းကလေးတွေ အကုန်လုံးရဲ. ပတ်ပတ်စက်စက် ဝေဖန်မှုတွေခံလိုက်ရတယ်

ဒါတောင်ဆရာက ၀မ်းမနည်းပဲ နောက်ထွက်တဲ. စာအုပ်တွေမှာ ဒီဝေဖန်စာတွေကို ထည်.ဖော်ပြနိုင်တာတွေ.ရတယ် ကျနော်သူ.လောက် ဝေဖန်မှုကိုမခံနိုင်လို.ပါ

သူ.ကိုလေးစားမိတယ် အဲဒီအကြောင်းနဲ.ပတ်သတ်ပြီ ကျနော်ဆို ကိုယ်.ကိုကောင်းတာပြောတဲ.သူပဲ စကားထဲထည်.ပြောမိမှာအမှန်ပဲ ဝေဖန်မှုကိုမခံနိုင်ရင် မတိုးတက်နိုင်ဘူးဆိုတာသိပါတယ်

အခုအကြည်တော်က ဝေဖန်ခံရတာမဟုတ်ဘူး မိန်းမလေးတွေက ၇န်တွေ.စာရေးတာကိုခံရတာပါ ဒါတောင်သူက စာဖတ်သူတွေကို အသိပေးတယ် နောက်ထွက်တဲ. စာအုပ်တွေမှာ ထည်.ရေး

သွားပါတယ် ကျနော်လည်းအဲလို ဖြစ်အောင်လေ.ကျင်.ရအုံးမှာပါ

ဟိုတစ်နေ.က ကျနော်ရေးတဲ.ပို.စ်လေးတစ်ခု “တောင်ငူက ကျောင်းသူလေးရဲ. သပတ်ပဲ ပတ်ထားတဲ.အလှ”  ဆိုတဲ.ပို.စ်မှာ တော်တော်များများ ၀င်မှတ်ချက်ပေးကြပါတယ်

သူကြီးကလည်းတားတဲ.အထိပါပဲ

ကျနော်လည်း အ၇ပ်သူတစ်ယောက်ကို သိက္ခာကျစေချင်တဲ. ဆန္ဒတစ်စုံတစ်ရာ မရှိခဲ.ပါဘူး ရွာထဲက အစ်ကို Windtalker ရဲ.ပို.စ်ထဲမှာ ၀င်ပြီးတောင်းဆိုထားတာ

တွေ.မိတာပါ ရှိရင် တင်ပေးကြပါ ကြည်.လို.မရလို.ပါဆိုတာနဲ. ကျနော်လည်း တွေ.တာနဲ. တင်ပေးမိတာပါ ရွာ၇ဲ.စည်းကမ်းကို ချိုးဖောက်တာလည်း မဟုတ်ပါဘူး

ရွာစည်းကမ်းထဲမှာ အဲလိုပုံမတင်ရဆိုတာလည်း မသိခဲ.ပါဘူး အဲဒီပို.စ်နဲ.ပတ်သတ်ပြီး စိတ်အနှောက်ယှက်ဖြစ်မိတဲ. ရွာသားတွေကို ကျနော်ဒီနေရာကနေ တောင်းပန်ပါတယ်

အဲဒီပို.စ်ကို ဝေဖန်တဲ.ရွာသားတွေထဲမှာ

Tediousgirl ဆိုတဲ.ရွာသူတစ်ယောက်က ကျနော်.ပို.စ်နဲ. ပတ်သတ်ပြီး ပြောထားတာတွေ.တော. အမှန်တကယ်ကို ၀မ်းနည်းမိပါတယ်

tediousgirl says:  စိတ်တော့မရှိပါနဲ့ ဒီပုံကိုupload လုပ်တဲ့ သူကတော်တော် နှမချင်းမစာမနာတဲ့ အောက်တန်းစား အဆင့်မရှိတဲ့ သူ့ပဲ ။ သူဘာသာသူဘယ်လိုပဲရိုက်ရိုက်ပေါ့ ကိုယ်မြင်လဲမြင်တဲ့ အတိုင်းပဲနေလေ အဲလိုကြီးတင်တာတော့မကောင်းဘူး ။ ကိုယ့်အမတွေ နှမတွေ အမေတွေနဲ့ နှိုင်းပြီး စဉ်းစားကြည့်ပေး ပါ။ အခုပုံကိုတင်တဲ့သူကတော့ တကယ့် တကယ့် အောက်တန်းစားပါ။။။

အဲဒါကျနော်.ကို မှတ်ချက်ပေးသွားတာပါ ကျနော်လည်း ဖွင်.ကြည်.ပြီး တော်တော်ဝမ်းနည်းမိပါတယ် ကျနော်တကယ်ပဲ ထိခိုက်စေချင်တဲ. ဆန္ဒမရှိပါဘူးဆိုတာလည်း Tediousgirl  ကို

ဒီနေရာကနေ တောင်းပန်ပါတယ် ကျနော်လည်း တင်လို.ရမယ်ထင်ပြီး တင်မိတာပါ

ခဗျပြောသလို (ကိုယ်မြင်လဲမြင်တဲ. အတိုင်းပဲနေလေ အလိုကြီးတော မကောင်းဘူး ကိုယ့်အမတွေ နှမတွေ အမေတွေနဲ့ နှိုင်းပြီး စဉ်းစားကြည့်ပေး ပါ ) ဆိုတာနဲ.ပတ်သတ်ပြီး

ကျနော်အရမ်းဝမ်းနည်းမိပါတယ် ကျနော်တင်လိုက်တဲ. ပို.စ်လေးတစ်ခုကြောင်. ရွာမှာနေတဲ. ကျနော်.အမေကို ထိခိုက်အောင် လုပ်မိတဲ. ကျနော်.ကို.ပဲ စိတ်မကောင်းဖြစ်မိတာပါ

တော်တော်လည်း ၀မ်းနည်းမိပါတယ် ခဗျပြောသလို ကိုယ်သိလည်း သိတဲ.အတိုင်းနေပါဆိုတာနဲ. ပတ်သတ်ပြီးပြောလိုက်အုံးမယ် အဲဒီဓါတ်ပုံက Facebook ကပရိုဖိုင်တစ်ခုထဲက ရတာပါ

သူတို.ကိုယ်တိုင် ဘာ.လို.တင်ထားတာလည်း အဲလိုအများသိချင်လို. တင်ထားမှတော. ကျနောတင်လိုက်လို. အဲလောက်ကြီးထိပြောဖို. မသင်.လောက်ဘူးလို. ကျနော်ထင်ပါတယ်

ဒါကလည်း ကျနော်ထင်တာကိုပြောတာပါ ကျနော်လုပ်လိုက်တဲ. ပို.စ်အတွက် အမေ.ကိုထိခိုက်တာကို အ၇မ်းပဲဝမ်းနည်းမိလို. ဖတ်မိမိချင်း မပြန်ပဲ ဒီပို.စ်ကို ရေးမိတာပါ

နောက်လည်း အဲလိုပို.စ်တွေ ဘယ်တော.မှလည်းမရေးတော.ပါဘူး မတင်တော.ပါဘူး Tediousgirlကိုထိခိုက်ရင်လည်း ဒီပို.စ်ကနေကျနော် တောင်းပန်ပါတယ်

ကျနော်ရေးတဲ. ပို.စ်တွေနဲ.ပတ်သတ်ပြီး စိတ်အနှောက်ယှက်ဖြစ်မိရင် ရွာသားအားလုံးကိုတောင်းပန်ပါတယ်

 

 

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ