ည…
ထုံးစံ အတိုင်း မဲမဲမှောင်
အမှောင်ရိပ် က ထွက်ထာတာ ပျိုမေ တစ်သိုက်
အလဲ့….
ဆိုင်ကယ်တွေ ကိုယ်စီ နဲ့ ၊ ဆိုပါကလား
ဈေးသိပ်မကြီး တဲ့ ရေမွှေးရနံ့  တွေ
လေထုထဲ ကို ရောက်လာတယ်
အဝေးက လှမ်းကြည့်ရင်
ကလီယို ပတ်ထရာ ရှုံးတယ်
သူတို့ ခိုဝင်မှ ပိုလင်းနေလား
ဖွေးဖွေး ဖြူဖြူ လှလှပပ
သေချာမကြည့်ရင်
ဗိုက်ကလေး ပူတာကို မသိဘူး
သောက်ခဲ့တဲ့ လစ်ကွာ ပမာဏ ဟာ
သူမ တို့ တစ်တွေ ရဲ့
လှပမှု ကို ဆုံးဖြတ်တယ်
ကိန္နရီချောင်း ကြားမှာ  ရဲနှစ်ယောက် ဆိုင်ကယ် နဲ့ ဖြတ်သွားတုန်း
လေလံ မအောင်တဲ့ အင်းသူကြီး တစ်ယောက် လို
ငါးတွေ ကို အံကြိတ်ရင်း ကြည့်သလို မျိုး
ဒီ တွေ့ ဆုံပွဲကိုတော့
သူမ တို့ တစ်သိုက် လိုလိုလားလားရှိတယ်
ဟိတ်……………………
နင်တို့ တွေ ဘာရပ်လုပ်နေတာလဲ
ဘာများ ကူညီပေးရမလဲ လို့ 
သိ ချင် ရုံ သပ်သပ် ပါလို့  ဆိုမိတော့
ဖရုသ ၀ါစာ ကို ဗဟိုပြု တဲ့
အင်အားပြင်း
မုန်တိုင်းငယ် တစ်ခု ဟာ
ငါ့ နား ၂ ဖက် ကို
ဖြတ်သန်း သွားခဲ့တယ်
ခေမာရယ် ။
( လွမ်းချင်း ဟု ရှိသော်လည်း ။ ကျွန်တော် ခံစားရနေသည် မှာ ပျင်းရိခြင်း သာကြောင့် ပျင်းခြင်း ဟု ခေါင်းစဉ်တပ်ပါသည် )
About မောင် ပေ
မောင် ပေ has written 396 post in this Website..