စာမေးပွဲ ဖြေရတာ သိပ်မခက်ခဲပါဘူး..။ နေခင်းဖြေရတာဆိုတော့ မနက်စာကို ဆယ်နာရီလောက် ကတည်းက စားထားလိုက်တယ်..။ အနားကပ်စားရင် ထမင်းဆိပ်နဲ့ အိပ်ငိုက် နေမှာစိုးလို့ ..။ အဆောင်ကလည်း အဆင်ပြောအောင် စီစဉ်ပေးပါတယ်..။
နေ၀န်းနီ တို့က ဘီးအီးဒီစီ အဆင့်မဟုတ်တော့ဘူး ။ မန္တလေး ဒရိုင်းဂျင် အဆင့်ရောက်သွားပြီ..။ အံမာ… တစ်လုံး ခုနှစ်ကျပ် ပြားနှစ်ဆယ်ကနေ လေးဆယ့်ငါး ကျပ်တန် အဆင့်ရောက်သွားတာပါ…။ သံပုရာသီး ဆောင်ရ သကြားရှာရနဲ့ ကရိကထ တော့ နိုင်တာပေါ့…။ အရက်သမားတွေပြောနေကြ စကားရှိသား…။ ဘီအီး-ဘီယာ …။ ရမ်-ဆော်ဒါ ..။ ဂျင်-သံပုရာတဲ့..လေ..။ စာမေးပွဲတွင်းကို အပြန်ကဲနေတာ..။ အိမ်ပြန်ရောက်သွားရင် အရက်သောက်ဖို့ ထင်သလား ဆိုင်ရှေ့ကတောင် ဖြတ်လျှောက်လို့ ရမှာမဟုတ်ဘူး..။
စာမေးပွဲ ပထမဆုံးနေ့ နိုင်ငံရေး သိပံ္ပ အိုကေပါပဲ..။ ကိုမျိုးပေးတဲ့ စာအုပ်လေးနဲ့ ကွက်တိ..။ နောက်တစ်ရက် မြန်မာစာ အဆင်ပြေတာပဲ..။ အဲ…. အင်္ဂလိပ်စာ ဖြေရမှာ ဒူးနဲနဲ တုန်ချင်နေတယ်..။ သူငယ်ချင်းတင်အောင် က ညအိပ်လာပြီး လက်ပူတိုက်ပေးတယ်ပေါ့..။ ပြဌာန်းစာအုပ်ထဲက အကြောင်းအရာက နဲနဲ ပြန်မေးစပြုလားပြီ..။ နေ၀န်းနီတို့ ကိုးတန်းဆယ်တန်းမှာက ပြဌာန်းစာအုပ် ဘေးချထားလို့ရတယ်..။ မီလိုက်သူတွေ သိဦးမလား ..။ ကိုးတန်း+ဆယ်တန်းက အင်္ဂလိပ် ပြဌာန်းစာအုပ်က တစ်အုပ်ထဲ နှစ်ပိုင်းခွဲထားတာ…။ ကိုးတန်းစာအုပ် တစ်အုပ်ဝယ်ပြီးရင်နောက်နှစ် ၀ယ်စရာမလိုဘူး..။ ဘာသာတိုင်လိုလိုပါပဲ…။မီလိုက်သူတွေ လွမ်းအောင်ပြန်ပြောရဦးမယ်..။ ကိုးတန်းအပိုင်းက မောင်ရစ်နဲ့ စတယ်..။ ဆယ်တန်းအပိုင်း အခန်းတစ်က ဗိုလ်ချုပ်အောင်ဆန်း လေ..။ ဆယ်တန်း အတွက်နောက်ဆုံးသင်ခန်းစာက “ သည် အိတ်ဇိုင်း..” (ပြည်နှင်ဒဏ်) လက်ဝဲသုန္နရ အမတ်ကြီးအကြောင်းလေ..။ ဘာတဲ့ မဲဇာတောင်ရှည် ရတုတောင် ဘားဂလိနဲ့ ရိုက်ထားတာပါသေးဗျာ …။ (ခုခေတ်ဂျီတော့မှာ ဘားဂလိနဲ့ရိုက်တာလောက်တော့ ပျင်းတောင်ပျင်းသေးတယ်..။ ) တစ်ကယ်ပြောတာ..။ အဲဒိတော့ အင်္ဂလိပ်စာကို ဟိုလှည့်လိုက် ဒီလိုက်လိုက် မျက်စာပစ်ပြလိုက် ခေါင်းငြိမ့်ပြလိုက်နဲ့ အချိန်ကုန်သွားတာပဲ..။ ဒီကြားထဲ တစ်ခုံထဲကျတဲ့ ကောင်မလေးကို မျက်စ ပစ်ပြထားခဲ့တယ်..။ သိလား? နောက်တစ်ရက် လောဂျစ် (ယုတ္တိဗေဒ) ပြီးတော့ သင်္ချာ …။ ဒီသင်္ချာနဲ့လည်းနေ၀န်းနီနဲ့ မတည့်ပါဘူး..။ သူကပိုဆိုးတယ်..။
သင်္ချာဖြေရတဲ့နေ့ဟာ ချောက်ကျတာပဲ..။ နောက်တစ်နှစ် သမိုင်းကို ပြန်ပြောင်းမှ…။ နိုမဟုတ်ရင်..။ ဒါနဲ့ သိသလောက်ဖြေကြည့်တယ်..။ မရဘူး..။ အောင်မှတ်မရလောက်ဘူး..။ ကိုယ့်ဖာသာသိနေတယ်..။ မျက်စပစ်ပြထားတဲ့ ကောင်မလေးကတော့ ကုန်ဖြေလို့..။ သူပြန်မော့လာအောင်စောင့်ပြီး ဘယ်လိုလဲ မေးဆတ်ပြလိုက်တယ်..။ သူကတော့ ခေါင်းငြိမ့်တယ်..။ မရဘူးလား… တဲ့ အသံတိတ်မေးတယ်..။ ဟင့်အင်းပေါ့..။ ခေါင်းရမ်းလိုက်တော့ ဘေးဘီကို ကြည့်ပြီး မေးခွန်း ထောင်ပြတယ်..။ ဘယ်ဟာလဲပေါ့..။ ဒီတစ်ခါလဲ ဟင့်အင်း လုပ်လိုက်တယ်..။ ပြီးရင် နင့်ဖြေလွှာပေးလို့ ပြောလိုက်တော့ အင်းတဲ့..။ ဘေးဘီကို ကြည့်ပြီး နေ၀န်းနီ ဘာလုပ်လိုက်တယ် ထင်သလဲ?
သူ့ အဖြေလွှာ ဆတ်ကနဲ့ ဆွဲယူလိုက်ပြီးတော့ နေ၀န်းနီရဲ့ ဖြေလွှာကို သူ့လက်ထဲ ထညိ့လိုက်တယ်..။ အရဲစွန့် လုပ်လိုက်တာပဲ..။သူကတော့ ကြောက်နေတာပေါ့..။ တစ်ချက်လှမ်းကြည့်လိုက်တော့ နှုတ်ခမ်းဆူနေလေရဲ့..။ လူက အရက်ချွေးတွေလည်း ပြန်နေပြီ..။ အခန်းထဲ မ၀င်ခင် သောက်ထားတာလေးတွေလည်း ဘယ်ရောက်ကုန်မှန်းမသိတော့ဘူး..။ ဒါနဲ့ မတ်တတ်ရပ်လိုက်တော့ အခန်းစောင့်တဲ့ ဆရာက
“ အချိန်မစေ့သေးဘူး…. “
တဲ့ ..။ ဟုတ်မှာပေါ့..။ စာမေးပွဲစဖြေတာ အလွန်ဆုံးရှိ 45မိနစ်လောက်ပဲရှိဦးမှာ..။ အချိန်တစ်ဝက်ကျော်မှ ထွက်လို့ရမှာ သိသားပဲ..။
“ မဟုတ်ဘူးဆရာ..။ အပြင် ခဏထွက်ချင်လို့ အပေါ့သွားချင်လာလို့”
ဆိုတော့ ဆရာတစ်ယောက်နောက်ကလိုက်လာတယ်..။ နေ၀န်းနီနောက်ကို တာဝန်အရ လိုက်စောင့်ရတာပေါ့..။ အပေါ့ သွားပြီးလို့လည်းနေ၀န်းနီ ကိစ္စ ၀ိစ္စ ကမပြီးသေးဘူး..။ ဆရာ့ကို လှည့်ကြည့်ပြီး –
“ ဆရာ .. ကျွန်တော် ကင်းတင်းဘက် သွားပြီးရေသောက်ချင်သေးတယ်”
လို့ပြောလိုက်တယ်..။ ဆရာက တာဝန်အရ သာလိုက်လာရတာ နေ၀န်းနီကို သိပ်မကြည်ချင်ဘူး..။ နေ၀န်းနီ ဆီက အနံ့တွေ ဘာတွေ လည်း ရနေမှာပေါ့..။ တတ်နိုင်ဘူးလေ..။
“ စာမေးပွဲချိန်နော်”
တဲ့..။
“ ဟုတ်ကဲ့ပါ..။”
လို့ ပြောပြီး မသိချင်ယေင်ဆောင်ပြီး ကင်းန်တင်းဘက်ဘက်ထွက်လာခဲ့တယ်..။ ကင်းတင်းရောက်တော့ ရေမသောက်သေးဘူး..။ ကောင်းတာဘေး ၀င်ထိုင်လိုက်တယ်..။ အဲဒိနားမှာ စောစောက အရက်ထည့်ထားတဲ့ လစ်ပိုဗီတန်-ဒီ ပုလင်း လေး လှမ်းဆွဲယူလိုက်တယ်..။ အဲဒါလေးမော့ ..။ခုံပေါ်က ဆေးလိပ်တစ်လိပ်ယူပြီး မီးညှိ မုန့်တစ်ခုယူပြီးကောက်စား..။ ပိုက်ဆံပေးပြိး လိုက်လာတဲ့ဆရာကို “ လ္ဘက်ရည်သောက်ပါလားဆရာ” ဖားလိုက်တော့ “ တော်ပြီ..” တဲ့..။ နေ၀န်းနီကို ကြည့်ပြီး တော့ စိတ်ပျက်နေပုံရပါတယ်..။ တော်သေးတယ်..။ ဆရာသိန်းထွန်း ၀င်လာလို့..။ ဆရာက
“ ဖြေနိုင်လား” တဲ့နေ၀န်းနီကလည်း –
“ ဟုတ်ကဲ့ဆရာ..။အောင်လောက်ပါတယ် “
လို့ပြန်ဖြေလိုက်တော့ ဆရာက
“ ငါဒီကစောင့်နေမယ်..။ မင်း စာမေးပွဲခန်းက ထွက်ရင် ဒီကိုပဲလာခဲ့..”
နောက်ကလိုက်လာတဲ့ဆရာကိုလည်း
“ ဒီကောင့် ကငါကောင်ဟ ..။ဒါလေးလုပ်တာကလွဲရင် ကျန်တာတွေ အားကိုးရတယ်..။ နေ၀န်း မင်း ဒီဆရာကို မှတ်ထားနော်..။ သူက ခုမှ နည်းပြ ၀င်လာတာ..။ လိုအပ်တာရှိရင် အကူအညီပေးလိုက်..။ “
လို့ ပြောတော့မှ လိုက်လာတဲ့ ဆရာလည်း နဲနဲ ပျော့သွားပြီး ပြုံးတော့တယ်..။
နေ၀န်းနီလည်း လိုက်လာတဲ့ဆရာကို အားနာတာနဲ့ ဆရာ သိန်းထွန်းကို နှုတ်ဆက်ပြီး အတန်းထဲ ပြန်ဝင်လာခဲ့တယ်…။ ကောင်မလေးက ရော့ တဲ့ အသံတိတ်နဲ့..။ နေ၀န်းနီလည်း သူနဲ့ ဖြေလွှာချင်းလဲလိုက်ပြီးတော့ အခန်းပြင်ထွက်ဖို့ပဲ အချိန်စောင့်နေလိုက်တော့တယ်..။ စောစောက မော့လာတဲ့ အရှိန်လေးလည်းရလာပြီးကိုး……။

နေ၀န်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010