(၁)

မေး။    ။ကျွန်တော်တို့မဂ္ဂဇင်းမှ အစ်မကိုအင်တာဗျူးချင်တယ်ပေါ့နော်

ဖြေ။    ။ဟုတ်ကဲ့၊ ရပါတယ် အစ်မကလည်း မေးသမျှသေချာဖြေမယ်ပေါ့နော်

မေး။    ။ဟုတ်ကဲ့၊ ခုလိုပေါ့နော်၊ အစ်မအောင်မြင်လာတာလေးကပေါ့နော်၊ ပရိသတ်တွေလည်း

အားပေးကြတယ်ပေါ့နော်၊ ဒီစီးရီးခွေကပေါ့နော် ဘယ်အချိန်လောက်ကတည်းက စလုပ်ဖြစ်ခဲ့တာလဲ    မသိဘူးပေါ့နော်

ဖြေ။    ။ဒီစီးရီးအယ်လဘမ်လေးကပေါ့နော် အစ်မလွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက အမေရိကားကအပြန်ပေါ့နော်

ဒီကိုရောက်တုန်းလေး လုပ်ဖြစ်သွားလိုက်တာပေါ့နော် ပရိသတ်နဲ့လည်း အလှမ်းကွာနေတော့ ဒီစီးရီးလေးနဲ့

ပြန်ပြီးထိစပ်မှုယူတဲ့သဘောပေါ့နော်

မေး။    ။ဟုတ်ကဲ့ပါအစ်မ ခုအစ်မပေါ့နော် ဟိုကိုပြန်သွားဦးမလား ဒီမှာပဲ အနုပညာလုပ်ငန်းတွေ ဆက်လုပ်မလားခင်ဗျာ

ဖြေ။    ။အင်း…..ဟိုကိုပြန်သွားဖို့ကတော့ အလည်သဘောလောက်ပဲဖြစ်တော့မယ်ထင်တယ်ပေါ့နော်

ခုဒီမှာ ပရိသတ်နဲ့လည်း ပြန်ရင်းနှီးသွားပြီလေ ဒီမှာပဲ ဆက်လုပ်ဖြစ်နေမယ်ပေါ့နော်

မေး။    ။ဟုတ်ပါပြီအစ်မ ခုလိုပြေကြားပေးတဲ့အတွက်ပေါ့နော် အစ်မကိုအရမ်းကျေးဇူးတင်ပါတယ်

ဖြေ။    ။ဟုတ်ကဲ့ပါ အစ်မကလည်းကျေးဇူးတင်ပါတယ် ပရိသတ်ကြီးလည်း ကျွန်မရဲ့ဒီစီးရီးလေးကိုပေါ့နော်

အားပေးကြပါလို့၊ နောက်ထပ်လည်းဒီထက် ကြိုးစားနေတယ်ပေါ့နော်

(၂)

မေး။    ။အန်တီကပေါ့နော် ဒီကနေ့ရှိုးပွဲကို ဘာလို့လာဖြစ်တာလဲသိပါရစေရှင့်

ဖြေ။    ။အဆိုတော်တွေလည်း ကြိုက်တယ်ပေါ့နော် ဒီထဲမှာ အရမ်းခရေဇီဖြစ်တဲ့ ပိန်ပိန်လေးနဲ့ အရပ်ရှည်ရှည်တစ်ယောက်ကို

လာအားပေးတာပေါ့နော်

မေး။    ။ဟုတ်ကဲ့ပါ ဒီကနေ့ပွဲမှာဆိုမယ့် အဆိုတော်တွေကပေါ့နော် ခုပရိသတ်ကြားမှာ ရေပန်းစားနေတဲ့ အဆိုတော်တွေပေါ့နော်

ဒီထဲကမှ အန်တီက ပိန်ပိန်ရှည်ရှည်အဆိုတော်ကို လာအားပေးတာပေါ့နော် သူ့ဘယ်သီချင်းတွေကိုကြိုက်တာလဲရှင့်

ဖြေ။    ။သူ့သီချင်းတွေတော့ အားလုံးကြိုက်တယ်ပေါ့နော် “မျှော်လင့်ရင်း..ဝေး”သီချင်းကတော့ အကြိုက်ဆုံးပေါ့နော်

ဘာလို့လဲဆိုတော့ ခုလက်ရှိအရာရာကို မျှော်လင့်နေတဲ့ ပြည်သူတွေဘ၀နဲ့ တူနေလို့ပေါ့နော်

မေး။    ။ဟုတ်ကဲ့ပါအန်တီ ခုလိုဖြေကြားပေးတဲ့အန်တီ့ကိုပေါ့နော် သမီးတို့ဘာညာတီဗွီမှ အရမ်းကျေးဇူးတင်ပါတယ်ရှင်

ဖြေ။    ။အန်တီလည်း ခုလိုဖြေခွင့်ရတာ ကျေးဇူးတင်တယ်ပေါ့နော် ဒီနေ့ပွဲတောင် အမေ့ကိုမနည်းပြောပြီး လာကြည့်တာဆိုတော့

တန်အောင်အ၀ကြည့်သွားမယ်ပေါ့နော်

(၃)

မေး။    ။ဦးရှင့် ဦးတို့အခုတည်ဆောက်နေတဲ့တံတားကြီးဟာဆိုလို့ရှိရင်ပေါ့နော် ဘယ်နှစ်ပေအရှည်ရှိပါသလဲရှင့်

ဖြေ။    ။ကျွန်တော်တို့ ခုတည်ဆောက်နေတဲ့တံတားကြီးဟာဆိုရင်ပေါ့နော် သံကူကွန်ကရစ်တံတားဖြစ်ပြီး ပေ၃၀၀ရှည်ပါတယ်

မေး။    ။တံတားတည်ဆောက်မှုတွေပေါ့နော် အဲဒါလေးတွေလည်း ရှင်းပြစေချင်ပါတယ်

ဖြေ။    ။တံတားကို ၂၀–ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာပေါ့နော် ကျွန်တော်တို့ ရုရှားကပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ပေါ့နော်

တံတားရဲ့ ဖော်ဒေးရှင်းကအစ အဆင့်မြင့်နည်းပညာတွေနဲ့ပေါ့နော် စနစ်တကျတည်ဆောက်ခဲ့တာပါ

မေး။    ။ဟုတ်ကဲ့ပါဦးရေ ခုလိုတံတားကြီးမျိုး ဖြစ်ထွန်းပေါ်ပေါက်လာတဲ့အတွက်ပေါ့နော် ဒေသခံပြည်သူတွေအတွက် ဘယ်လိုများအကျိုးပြုနိုင်မလဲရှင့်

ဖြေ။    ။သင်္ဘောတွေ၊ လှေတွေလည်း အသုံးပြုစရာမလိုတော့ဘူးပေါ့နော် အချိန်ကုန်ငွေကုန်သက်သာတဲ့အပြင် လူလည်းမပင်ပန်းဘဲ

သွားလာလို့ရသွားတာပေါ့နော် ဆက်သွယ်ရေးတွေဖွံ့ဖြိုးလာတာနဲ့အမျှ တိုင်းရင်းသားအချင်းချင်း ပိုမိုထိတွေ့လာမယ်ပေါ့နော်

ကူးလူဆက်ဆံပြီး စီးပွားရေးလမ်းတွေလည်း ပွင့်လာနိုင်တာပေါ့နော် နိုင်ငံတော်ရဲ့စေတနာတွေပေါ့ဗျာ

မေး။    ။ဟုတ်ကဲ့ပါ ခုလိုဖြေကြားပေးတဲ့ ဦးကိုပေါ့နော် သမီးတို့ မလှကြည်ရုပ်မြင်သံကြားမှ ကျေးဇူးတင်ရှိပါတယ်လို့ ပြောချင်ပါတယ်

ဖြေ။    ။ကျွန်တော်ကလည်း ခုလိုပြောခွင့်ရတဲ့အတွက်ပေါ့နော် မလှကြည်ကို ကျေးဇူးအများကြီးတင်ပါတယ်လို့

(ဘာရယ်တော့မဟုတ်ဘူးပေါ့နော်၊ ဟိုတနေ့က အမ်အာတီဗွီ၇နှစ်ပြည့်မှာ အင်တာဗျူးတာတွေကြည့်ပြီးတော့ရောပေါ့နော်၊

အရင်က ကျလိကျလိဖြစ်နေတာတွေကြောင့်ရောပေါ့နော် အဲဒါစိတ်ချဉ်ပေါက်လို့ လက်ကမြင်းလိုက်တာပေါ့နော် :D :P

သဂျီးက စိတ်ခုပြီးပိုစ့်ဖျက်လိုက်ရင်လည်း မတတ်နိုင်ဘူးပေါ့နော်၊ ဘာပဲပြောပြော ရွာသူရွာသား သူတော်ကောင်းအပေါင်းတို့လည်း

ပျင်းနေမှာစိုးလို့ပေါ့နော် အငြီးပြေရေးလိုက်ရပါကြောင်း….ပေါ့နော်)

About panpan

chit has written 61 post in this Website..