လွန်ခဲ.တဲ. ၁၅ နှစ်လောက် ကျုပ်တောကနေ ရန်ကုန်ရောက်ကာစက ရန်ကုန်မှာ ခေတ်စားနေတဲ. စကော်ပီယံဂိုဏ်း (Scorpion Gang) က အဲဒီအချိန်ကတော. တော်တော်ကို လူရှိန်ခဲကြတာ။ ကျူပ်တ.ိုတောင် အားကျခဲ.သေးတယ် ..ဟီဟီး။ ဘာသိမလဲဗျ လူငယ်တွေဆိုတော. မိုက်ရူး၇ဲလုပ်ချင်ခဲ.သေးတာ။ သူတို.ဂိုဏ်းရဲ.အမာခံ တွေက အစိုးရ အရာရှိကြီးတွေ၊ သူဌေး သူကြွယ်နှင့် မြို့မျက်နှာဖုံးတွေရဲ. သားသမီးများက စတင် စုဖွဲ့ခဲ့ကြပြီး ၁၉၉၅ ခုနှစ်တွင် စကော်ပီယံဂိုဏ်းကို လူသိ များလာသည်။( ဟိုဗျာ ဂျက်ကီချန်းကားထဲကလို ရဲမူးသား လူမိုက်လေးတွေလိုမျိုးပေါ.)။ အခု ဂိုဏ်းထဲက ၁၅ ယောက် ၁၀ နှစ်ကျော်ထောင်ကျတာကနေပြန်လွတ်လာကြပြီလို.ကြားပါတယ်။ အခု စကော်ပီယံဂိုဏ်းသား ၁၅ ဦး ပြန်လွတ်လာပြီး ၅ ဦးမှာ မူးယစ်ဆေးဝါးမှုဖြင့် ဆက်လက် အကျဉ်းကျနေတုန်ဲး ဖြစ်ကြောင်း၊ အဖမ်း ခံရသည့် စုစုပေါင်း ၂၂ ဦးအနက် ၂ ဦးသည် ထောင်ကျနေစဉ် အတွင်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ အရင်ကတော. ဆိုင်ကယ်စီးပြိုင်..နဲနဲမိုက်ကြေးခွဲ..ဒုစရိုက်မှု အသေးစားတွေပဲလုပ်ပေမယ်. နောက်ပိုင်းမှာ မူးယစ်ဆေးဝါး နဲတစ်ခြား အကြီးကြီးတွေပါလုပ်လာကြတယ်။ အဓိက သူတို.ညှိတာက အစိုး၇ထဲက လူတစ်ယောက်နဲ.စညှိတာကနေ ဖြိုခွဲခံလိုက်ရတယ်ပြောတယ်။

ကျနော်တွေးမိတာက လူငယ်တွေ ဒီလိုမိုက်ရူးရဲတွေလုပ်နေမယ်အစား တိုင်းပြည်အတွက် တစ်ထောင်.တနေရာက ပါဝင်ဆောင်ရွက်လာရင်ဖြင်. ဘယ်လောက်များကောင်းလိုက်မလဲဗျာ ။ ဒါပေမယ် ကျနော်မျက်စိရှေ.မှာ တွေနေ၇တာက မိုက်ပါတယ်ဆိုတဲ. လူမိုက်တွေ ဆန္ဒပြရင် ၊ နိုင်ငံရေးလုပ်ရတော.မယ်ဆိုရင် လက်ဖက်ရည်ဆိုင်ထိုင်နေကြတာပဲ ။ ဘယ်သူ.ကိုမှမကြောက်ပေမယ်. စွမ်းအားရှင်ကိုတော. သူတို. ကြောက်ကြပုံပဲ။ ကဲ ထားပါတော. စကော်ပီယံဂိုဏ်း အကြောင်းကို ကျုပ်သိသလောက်လေးဝင်ပြောတာပါ။ ကျုပ်ထက်ပိုသိတဲ. သူများ ဗဟုသုတ အဖြစ် ၀င်ဆွေးနွေးပေးကြပါ။ နောက် လမ်းမတော် ဖိုးတုတ် လဲ ရှိသေးတယ်။ သူလဲ နာမည်ကြီးထဲမှာပါတယ် နော။

About ရာဇ၀င်လူဆိုး

yar za win lu soe has written 16 post in this Website..

ရုပ်ချောတယ်၊ သဘောကောင်းတယ်၊ အသဲနုတယ်၊ လက်သီးပြင်းတယ်၊ အပျင်းပြေ လူသတ်တယ်….