Gmail /Gtalk အကောင့်ဖွင့်ဘို့ခက်နေကြတယ်ဆိုလို့

ဒီဟာလေးကတော့ ခင်ဗျားတို့သိသလား မသိလားသေသေချာချာမသိဘူးဗျာ
ကျုပ်လည်းဘယ်က ရမှန်းတောင်မသိတော့ဘူး   လွန်ခဲ့တဲ့ သုံးရက်လောက်ကမှ
ရုံးစားပွဲ အံဆွဲထဲက စာရွက်အပိုင်းလေးတွေ့လို့ ဖြန်ကြည့်လိုက်တော့မှ တွေ့တာပဲ
ကျွန်တော်ထင်တာတော့ မန်ဂေးဇက်ကပဲရတာလားတောင်မသိတော့ဘူး
ဒါပေမယ့် သိပ်လွယ်လွန်းလို့ပါဗျာ  ကိုယ်တိုင်စမ်းသပ်လုပ်ကြည့်ပြီးပါပြီ
google အကြောင်း အင်တာနက်အကြောင်း ကွန်ပြူတာအကြောင်းတွေ သိပ်မကြွမ်းကျင်ပေမယ့်
သိသလောက်လေးဝင်ပြီးအကြံပေးကြည်တာပါ  Gmail /Gtalk  အကောင့်ဖွင်ဘို့ ခက်နေတယ်လို့ လွန်ခဲ့တဲ့
အပတ်က မန်းဂေဇက်မှာရေးတာတွေ့လိုက်ရတယ်ဗျ ..
အခုကျွန်တော်ပြောပြတဲ့ ဆိုဒ်က ဘာလဲတော့မသိဘူးဗျာ အကောင့်ဖွင့်ဘို့ တယ်လွယ်တာကလားဗျ
xxxxx@gmail.com လို့တော့ ရမှာမဟုတ်ဘူးဗျ  xxxxx@blumail.org လို့ပဲဖွင့်လို့ရမှာ
ဒါပေမယ့်  လူတိုင်းသုံးနေတဲ့ google mail /google talk  တွေနဲ့ပဲ Sign in လုပ်လို့ ရတယ်ဗျ
username မှာ xxxxx@blumail.org ဒီလို လေးပဲရိုက်ထည့်ရမှာ gmail.com က လူကိုလဲ add ပြီး
Gtalk ပြောလို့ရတယ် Mail ပို့လို့ရတယ်…
နောက်တစ်ခုထူးခြားတာက ကိုယ့်ရဲ့ Gmail /Gtalk အကောင့် နာမည်အတိုင်း password အတိုင်း
blumail.org မှာ အကောင့်နာမည်တူ ထပ်ဖွင့်လို့ရတယ်ဗျ  အကောင့်မရှိသေးသူများကိုယ်တိုင်လုပ်
ယူလို့ရတဲ့ လွယ်ကူတဲ့ blumail.org အကောင့်တစ်ခု ကိုလွယ်လွယ်ကူကူ ဖွင့်လို့ရပါတယ်
စမ်းသပ်ကြည့်ကြပါလို့ အကြံပြုပါတယ်..
အကောင့်ဖွင့်ရမယ့်လိပ်စာကတော့
http://bluworld.org/registration/account/signup.php   ဖြစ်ပါတယ်
ဖိုရမ်မှာတင်ရမှာဖြစ်သော်လည်း  ဖိုရမ်ကိုသိပ်မသုံးတတ်သေးတဲ့အတွက် ကိုကျွမ်းကျင်ရာ
နေရာမှာပဲတင်လိုက်ရပါတယ်…။။

http://bluworld.org/registration/account/signup.php

။။ဘီလူး။။

About “ဘီလူးၾကီး”ogre

has written 202 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com