ဒီပုံကတော့ 2011 သင်္ကြန်တွင်းတုံးက တောင်သမန်အင်းက အပျော်စီးတဲ့ ငှက်(သမ္ဗာန်)လေးတွေပါ။
မြောက်ဘက်ကမ်းစပ်မှာပါ။
ဒါကတော့ လောလောဆယ်တောင်သမန်အင်း မှာ
စီးသူမျှော်နေတဲ့ ငှက်ကလေးတွေ.
အရင်ဆို ဒီနေရာမှာရေမရှိဘူး။
ဆိုင်ခန်းတွေရှိတယ်လေ။
အင်းတစ်ပါတ်လောက်လှေစီးရအောင်လေ။
ဧရာဝတီမြစ်ရေကြီးတော့ တောင်သမန်းအင်းကလဲရေအပြည့်ပေါ့။
ဦးပိန်တံတားအနောက်ဘက်က ဘုရားလေးပါ။
အခုတော့ ရေလည်ဘုရားပေါ့။



ဒါကတော့ အေပရယ်နွေညနေခင်းမှာတွေ့ရတဲ့ ဘုရားပါ။
ပါတ်ဝန်းကျင်တစ်ခုလုံးက စိမ်းစိမ်းစိုစို။
အရင်ကတော့ ဒီနေရာမှာ သဘာဝပေါက်ပင်တွေနဲ့စိမ်းစိမ်းစိုစို

အခုတော့ရေတွေကဗောင်းလံ
ုဆိုင်ခန်းလေးတွေကလဲ ရေမြုတ်လို့ပေါ့.
အခုတော့ဗျာ အင်းတပြင်လုံးရေအပြည့်
အပင်တွေတောင်ရေထဲမြုတ်လို့
အခုတော့ဗျာ အင်းတပြင်လုံးရေအပြည့်
အပင်တွေတောင်ရေထဲမြုတ်လို့။
အရင်ကတော့ ကွင်းပြင်ကျယ်ကြီးဖြစ်ခဲ့ပါတယ်။
အရင်ကတော့ ခန့်ခန့်ထည်ထည် ကန်နံဘေးကဆိုင်ခန်း။
အခုတော့ရေအောက်ကဆိုင်ခန်းလေးပေါ့။
မူံဝါးဝါး တောင်သမန်ရွာ မြင်ကွင်း အရှေ့ဖက်ကပေါ့
သင်္ကြန်တွင်းမူံရီရီကတွေ့ရတဲ့ တောင်သမန်ရွာ
ရေအပြည့်နဲ့ဦးပိန် တံတားအစလေး
မိုးတိမ်အောက်က တောင်သမန်ရွာ ကောင်းကင်ကပြာပြာ
အခုမြင်ရတဲ့ မြောက်ဘက်က ပုထိုးတော်ကြီးဘုရား
သင်္ကြန်တွင်းက မြင်ရတဲ့ပုထိုးတော်ကြီး
ရေမရှိသေးတဲ့ဦးပိန် သင်္ကြတွင်းကပေါ့
လွမ်းစရာကောင်းတဲ့သင်္ကြန်ရာသီမှာတွေ့ခဲ့ရတဲ့ အထီးကျန်သစ်ပင်နှစ်ပင် မြင်တာနဲ့ပိုလွမ်းသွားသလို
အခုတော့ရေတွေလွှမ်းတော့ သစ်ပင်လေးလဲ မလွမ်းနိုင်တော့ဘူးကွယ်
မြောက်ဘက်ကကြည့်ရင်မြင်နေရတဲ့ ဦးပိန်တံတား
အင်းရေတွေပြည့်နေချိန်မှာမြင်ရတဲ့ အရှေ့ဘက်က တောင်သမန်ရွာ
တိမ်ပြာပြာအောက်ကဥိးပိန်တံတာုးံ
အေပရယ်လတုန်းက မြင်ရတဲ့ မူံဝါးဝါးဦးပိန်တိမ်ထဲကို ထိုးဝင်တော့မယ် ဦးပိန်
လှေတစ်စင်းနဲ့ဝမ်းစာရှာ အိုတံငါ
ငှက်ကလေးနဲ့အင်းတပါတ်သွားမယ်
တံတားခြေရင်းက ရေးဆင်းကူးတဲ့မယ်ဇယ်ပင်
သူကလဲအားကျမခံရေးကူးနေပြန်ပါတယ်။
ရေဆင်းချိုးတဲ့မယ်ဇယ်ပင်တွေ များမှများ
ကွေ့ကွေ့ကောက်ကောက်ဦးပိန်
မန်းလေးကိုအလည်လာရာ တောင်သမန်အင်းကိုတော့ရောက်ဖြစ်အောင်သွားစေလိုပါတယ်.
တောင်သမန်သုံးပန်လှတဲ့ နွေမိုးဆောင်းရာသီသုံးခုစလုံးမှာ လှပါသတဲ့..
ဆောင်းအလှကိုလဲတင်ပေးပါအုံးမယ် နောက်များမှ………………….

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1605 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။