အုတ်ကျစ်ကျော်အေး မန္တလေး၊အောင်ကျော်ချမ်းအေးမန္တလေး၊အင်းကျင်းကြာအုံ ရတနာ ပုံစသဖြင့်အမှတ်အသားပြုခဲ့တဲ့ မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်ကမြို့တည်၊ နန်းတည်ခဲ့တဲ့မြို့ မန္တလေးဟာ တိုင်းကျက်သရေ၊ ပြည့်ကျက်သရေအဖြစ် နိုင်ငံသမိုင်းမှာထင်ရှား စေခဲ့ပါသည်။မန်းရွှေမြို့တော် ကြီးနှင့်အတူ မန္တလေးတက္ကသိုလ်ကျောင်းတော်ကြီးသည်လည်း ခေတ် အဆက်ဆက်ပညာဆည်းပူးခဲ့ကြသူတို့၏ မိခင်ပမာ၊ ပညာရှာသူတို့၏ မိခင်ပမာ၊ ပညာရှာ သူတို့၏စိတ်နှလုံးမှာထာဝရမမေ့နိုင်သည့်ကျေးဇူးတော်ပုံရိပ်ဖြစ်ခဲ့ရပါသည်။ ကျောင်းတော်ကြီး နှင့်ဆရာ၊ ဆရာမကြီးများ၏ ဂုဏ်ကျေးဇူးတော် အနန္တကို အောက်မေ့တသစွာဖြင့် စာရေး ဆရာမခင်ခင်ထူး၏ဝတ္ထုကိုဆရာနေဝင်းမြင့်ကဇာတ်ညွှန်းရေးဆွဲကာ ထပ်ဆင့်အကယ်ဒမီ စင်ရော်မောင်မောင် ခံစားတင်ပြထားသည့် ပန်းကြာဝတ်မှုန်ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူး ပြီးစီးခဲ့ပြီဖြစ်ပါသည်။ ထိုပန်းကြားဝတ်မှုန် ရုပ်ရှင်ဇာတ်ကားကြီး သည်မန္တလေး တက္ကသိုလ်ကျောင်း တော်ကြီးတွင်ပညာရည်နို့သောက်ယူစို့ရင်း လွတ်လပ်ပျော်ရွှင်စရာကျောင်းသား၊ ကျောင်းသူ များ၏ ဘဝကိုဖော်ညွှန်းပြသ ထားပါ သဖြင့် ကျောင်းတော်သူကျောင်းတော်သားများ၏ ၁၉၇၆ ခုနှစ်မှ ၁၉၈၁ ခုနှစ်အတွင်းပျော်ရွှင်ဖွယ်ရာမှတ်တမ်းဓာတ်ပုံများ၊ မောင်မယ်သစ်လွင်ကြို ဆိုပွဲများ၊ စာတိုက်၊ စာကြည့်တိုက်၊ ဘွဲ့နှင်းသဘင်၊ ချစ်သူလမ်း ကြား၊ရေနီမြောင်းညနေ ဆည်းဆာစသဖြင့်ရိုက်ကူးသိမ်းဆည်းထားသောအမှတ်တရ မှတ် တမ်းဓာတ်ပုံများကို အောက်မေ့သတိရဖွယ်ထည့်သွင်းဖော်ပြဂုဏ်ပြုလိုပါသောကြောင့် ၄င်း ဓာတ်ပုံများလက်ဝယ် ရှိသူများအနေဖြင့်’ စင်ရော် ရုပ်ရှင်ထုတ်လုပ်ရေး’အမှတ်(၆/ဗ)၊ မြေနီကုန်းပလာဇာ၊ စမ်းချောင်း မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ‘ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေး အမှတ် ၁၂၊ ၂၆လမ်း (၈၆လမ်း နှင့်၈၇လမ်း)ကြား၊ချမ်းအေးသာစံမြို့နယ်၊မန္တလေးတိုင်းဒေသကြီးများသို့ ဆက်သွယ်ပေးပို့ ပံ့ပိုးကူညီပေးနိုင်ပါရန်နှင့် ရရှိလာသော ဓာတ်ပုံ များကို ကူးယူပြီးဆက်သွယ် ပေးပို့သူများထံ အမြန်ဆုံးပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

 

ပေါ်ပြူလာဂျာနယ်မှ ကူးယူဖော်ပြသည်။

http://popularmyanmarnews.com/epaper/?p=7836

About ရွှေတိုက်စိုး

has written 79 post in this Website..