ဆင်းရဲနွမ်းပါးမှု လျော့ချရေးတဲ့လား?……
ရယ်ချင်လိုက်တာဖတ်ဖတ်မော….ရင်ဘတ်နောက်ကကျောလို့ အော်အော်ပြီးရယ်ချင်လိုက်တာ……။ နေပြည်တော် ပရ၀ဏ်ထဲမှာ ၀န်ထမ်းအချို့မြေကြီးစားနေကြတဲ့ အကြောင်းပြောပြချင်တယ်…။ ဘာကြောင့်လဲ ဘာလုပ်မလဲ လုပ်လိုလုပ်ရင်ကောင်းမလဲ ပြောပေးကြပါဦး…။
မြေကြီးစားသူများ ဆိုလို့ တစ်မျိုးတော့ မထင်လိုက်ပါနဲ့ဦး…။ နေပြည်တော်ရယ်လို့ စတင်ဖွဲစည်းရာမှာ မန္တလေးတိုင်းရဲ့ တောင်ဘက်အစွန်ဆုံး မြို့နယ်သုံးခုနဲ့ စတင်ဖွဲစည်းထားတာပါ..။ တောင်ဘက်ကနေ စပြောရရင် လယ်ဝေးမြို့နယ်..။ ပျဉ်းမနားမြို့နယ် နဲ့ တပ်ကုန်းမြို့နယ်တို့ ပါဝင်ပါတယ်….။ မြို့တော် တည်ဆောက်မယ်ဆိုတော့ ကြားကွက်လပ်က ကျေးရွာတွေ လယ် ယာတွေ ဟာ မြို့သစ်တည်ဆောက်ရေးထဲပါမှာပါကုန်ပါတယ်..။ ဒီသုံးမြို့နယ် အပြင် နောက်ထပ် ငါးမြို့နယ် ထပ်ပြီးဖွဲ့စည်းပါတယ်..။ ဒီတော့ ကျေးလက်မြေတွေ လယ်ယာ တွေဟာ တန်ဘိုးတွေ မြင့်တက် ကုန်တာပေါ့..။ ဒါဟာလည်း ကောင်းတယ်လက္ခဏာပါပဲ…။ မကောင်းတာက ညာဝါး ခွဲတမ်းချ အလားအလာ ရှိတဲ့နေရာတွေ သိမ်းကြုံးပြီး အောက်ဈေးနဲ့ ၇အောင် ဒီနေရာဘာဖြစ်တော့မှာ ဘယ်နေ့ဘယ်ရတော့မှာ ကောလဟာလတွေ ဖြန့် ရအောင်ဝယ် နေကြတဲ့သူတစ်ချို့ပါ..။ ဘယ်သူတွေက ၀ယ်သလဲ ပြန်ကြည့်ရင် ဒီမြေ အပေါ်မှာ စီမံ ခန့်ခွဲပိုင်ခွင့်ရှိတဲ့ သူတွေချည့်ပါပဲ…..။ သူတို့နဲ့ ဆက်နွယ်သူတွေရဲ့ နာမယ်ပေါက်အောင်လုပ်ထားကြပြီး တန်ကြေးတက်လာတဲ့ အချိန်မှာ သိန်းဆယ်ဂဏန်းလောက်ပေးထားတဲ့ မြေကွက်တွေဟာ သိန်းရာဂဏန်း ထောင်ဂဏန်း ချီ ပြန်လည်ရောင်းချနေကြတာ မြို့ခံလူထုက လက်ပိုက်ကြည့်နေကြရတာ ..။ သူတို့မှ မတတ်နိုင်ပဲကိုး..။ သူတို့ မှ စီမံပိုင်ခွင့် မရှိတာကိုး..။
ဒီထက်ဆိုးတာပြောရဦးမယ်…။ ဇတ်လမ်းက ခုမှစတာ…..
2009 ခုနှစ်အလယ်ပိုင်းလောက်မှာပေါ့…။ နေပြည်တော် ပရ၀ဏ်ထဲမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့သူ တွေကို နောက်ထပ် အသစ်ဖေါ်ထုတ်မဲ့ အိမ်ယာမြေ တွေ လျှောက်ထားဖို့ ၀န်ကြီးဌာန အလိုက် ဦးစီးဌာန အလိုက် စာထွက်လာပါတယ်…။ အဲဒိပေးမဲ့ မြေကွက်တွေက စီမံကိန်းမြေပုံထဲမှာပဲ ရှိပါသေးတယ်..။ တစ်ကယ်မြေပေါ်မှာကတော့ တောတွေ ကမူတွေ ချောက်တွေ ပဲရှိပါသေးတယ်…။ ဒါပေမဲ့ မြေကွက်ရမှာပဲ ၀န်ထမ်းတွေ လျှောက်ကြပေါ့…။ ဒါပေမဲ့ စည်းကမ်းချက်တွေထဲမှာ………
၁။ အနည်းဆုံးဝန်ထမ်းလုပ်သက်(၅)နှစ်
၂။ နေပြည်တော် အတွင်းလုပ်သက်အနည်းဆုံး(၂)နှစ်လုပ်ပြီးသူများ
၃။ ဆောက်လုပ်ရေး ကုမ္မဏီ ကိုလွဲအပ် ဆောက်လုပ်စေပြီး ကျသင့်ငွေ လက်ငင်း သွင်းနိုင်သူ ဦးစားပေး
၎။ နောက်တစ်ဆင့် အရစ်ကျငွေပေးသွင်းသူများ
၅။ နောက်ဆုံးတစ်ချက်က (၅)နှစ်အတွင်း နာမယ်လွဲပြောင်းခြင်း ခွင့်မပြု…။
ကောင်းလိုက်တဲ့ စည်းကမ်းချက်တွေ…။ မြေကွက်ရပြီးရင် ငါးနှစ် အတွင်း လွဲပြောင်း ရောင်းချ ခွင့် မပြုပါဘူးတဲ့…။ ဒါပေမဲ့ ………….
ဒါပေမဲ့……။။။။။
ဘယ်ကနေဘယ်လို ဖြစ်ရတယ် မသိပါဘူး….။ ဘယ်နေရာမယ်ရမယ်မှန်းလည်းမသိရသေး..။ ဘယ်လောက်အကျယ်ဝန်းရမယ်ဆိုတာလည်းမသိရသေး…။ မြေတစ်ကွက် ၀ယ်ယူခွင့်ပြုသည်ဆိုတဲ့ စာရတာနဲ့ ၀န်းထမ်းကဒ်မိတ္တူ အိမ်ထောင်စုစာရင်း မိတ္တူ ပေးနိုင်ရင် အဲဒါကို ပထမ သုံးသိန်းပေးမယ် ဆိုတဲ့ အသံထွက်လာပါတယ်…။ တစ်ကယ်လည်း ၀ယ်တဲ့ပွဲစားတွေ ရှိလာတယ်..။ အဲ……..နောက်တစ်နှစ်လောက် ရောက်တော့ ငါးသိန်းအထိ ပေးလာကြတယ်..။ နောက် ခုနှစ်သိန်း အထိဖြစ်လာတယ်…။ ဘယ်သူတွေက ဘယ်လိုပေးဝယ်လာတာလဲ…။ ဒီမြေကွက်တွေကို စီမံ ပိုင်ခွင့်ရှိသူတွေကနေ ဘယ်သူမှမဖြစ်နိုင်ဘူး..။ မြို့ခံ ငွေကြေးတတ်နိုင်သူတွေ လက်ပိုက်ကြည့်နေကြရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ဘူး..။
ဒီတော့ ၀န်ထမ်းတွေက ဘာမှမသေချာတဲ့ မြေကွက် နေရာမှာ တစ်နေ့တာ တစ်လ စာ စားသောက်လူနေမှု စရိတ်တွေ ကိုဖြေရှင်းလိုက်ပါတော့တယ်…။ မြေကြီးတွေနဲ့ စားသောက်ရေးကိစ္စတွေ လူမှုရေးကိစ္စ တွေ အတန်အသင့်တော့ လက်ငင်းပြေလည်သွားပါရဲ့..။ နောက်လေးငါးနှစ်မှ ပြန်ရောင်းမယ်ဆိုရင် ပိုပြီး ငွေကြေး မရပေဘူးလား…..။ ဒီလို အမြီးကျက်ရင် အမြီး စား ခေါင်းကျက်ရင်ခေါင်းစား နောက်ပြဿနာနောက်မှ ၇ှင်းဆိုတဲ့ အကျင့်ဆိုးကို မသတ်သင့်ပေဘူးလား…။ ပြီးတော့ ဘယ်သူသေသေ ငတေ တို့မာနေရင်ပြီးရောဆိုတဲ့ ဇွတ်အတင်း အဓမ္မ ငွေ ကြေး ဗန်းပြပြီး လုပ်ပိုင်ခွင့် အလွဲသုံးစားပြုသူတွေကိုရော ဒီအတိုင်း လက်ပိုက်ကြည့်နေလို့ ကတော့ ပျောက်ပါလိမ့်မယ်…။ ဆင်းရဲနွမ်းပါးမှုတွေ…။။ ဒါတွေဟာ နေပြည်တော် ပရ၀ဏ်ထဲမှာ ဖြစ်ပျက်နေတာပါ…။ နောက်ရှိတာလေးတွေ ဆက်ပြောပါဦးမယ်…။
ကြွေးကြော်နေရုံမျှနဲ့ ဘာမှဖြစ်မလာနိုင်ပါဘူး….။ ဖယ်ရှားရမဲ့ ဆူးငြှေင့်ကို မဖယ်ရှားပဲနဲ့ ဂါထာရွတ်နေရုံနဲ့ ညှောင့်ကထွက်မသွားနိုင်ပါဘူး…။ ယတြာချေလို့လဲမရပါဘူး…။ ညှောင့်ကိုဖယ်ဖို့ ဓါတ်ရိုက်ဓါတ်ဆင် လုပ်လို့လည်းမရပါဘူး..။ ညှေင့်ကိုထွင်မှ ရမှာပါ…။ ဒါမှ ဆင်းရဲခြင်းရောဂါပျောက်မှာပါ….။
နောက်ထပ် ဖယ်ရှားရမှာတွေ တင်ပေးပါဦးမယ်…။ ခင်ဗျားတို့ကော ဘယ်လို သဘောရလဲ ပြောကြပါဦး
ဂျာရစ်

About jaryitt

has written 3 post in this Website..