ထွန်းထွန်း၊ တင်မောင်ဆန်းမင်းဝင်း၊ နီနီဝင်းရွှေနှင့် ခင်ပွန်း ညစာစားပွဲအမှတ်တရ

အမေရိကားပွဲစဉ်တလျှောက်နယ်လှည့်ဖျော်ဖြေနေတဲ့အဆိုတော် ထွန်းထွန်း(Examplez)၂၇ရက်သြဂုတ်၂၀၁၁၊အယ်လ်အေမှာဖျော်ဖြေပွဲအတွက် ပြန်ရောက်လာတဲ့အတွက် သူပြောပြတဲ့ အမေရိကားဖျော်ဖြေရေး အတွေ့အကြုံ၊ခံစားချက်တွေကို မန္တလေးဂေဇက် အယ်ဒီတာ ဆောင်းဦးပန်းက မေးမြန်းဖြစ်ခဲ့ပါတယ်။

ကျနော်တို့ ၂၂ရက်ဇူလိုင်၂၀၁၁မှာ Network of Myanmar American Associationကခေါ်လို့ အမေရိကားကိုရောက်တယ်။ မနီနီဝင်းရွှေနဲ့ကိုမောင်မောင်တို့ အိမ်မှာတည်းတယ် ။ပျော်ပါတယ်။သူတို့ကလဲ ကိုယ့်မိသားစုလို ထားတယ်။ ပထမဆုံးပွဲက Las Vegas မှာ။ မိသားစုreunionလိုသဘောမျိုးကကြတယ် ။ပြက်လုံးနဲ့သီချင်းဆိုတာတွေ များတယ်။

ဒုတိယပွဲကတော့ ဆန်ဖရန်ပေါ့။ဒီပွဲကတော့ ပွဲကြီးပါ။ ။ဦးစိန်လှိုင်တို့လူရွှင်တော်လုပ်တဲ့ကိုကိုမောင်တို့က အစစအရာရာလိုလေသေးမရှိကူညီပါတယ်။ အခက်အခဲအနေနဲ့ကတော့ နှင်းဆီအဖွဲ့သားတွေ မစုံတဲ့အတွက် ပြက်လုံးထုတ်တာ အခက်အခဲတွေ့တာမျိုးရှိပါတယ်။ဆန်ဖရန်က၀င်ကူတဲ့သူတွေက မလိုက်နိုင်တာကိုဆိုလိုတာမဟုတ်ပါဘူး။ ကျနော်တို့ကလဲ သူတို့ကို မလိုက်နိုင်တာတွေရှိပါတယ်။

အဲဒီကနေ နယူးယောက်ပွဲကိုသွားကကြတယ်။ပွဲသွင်းတာက ကိုထွန်းထွန်းတို့(BAB)အဖွဲ့ပါ။ဒီပွဲမှာ အခက်အခဲမရှိပါဘူး။အဆင်တော်တော်ပြေပါတယ်။ နယူးယောက်ဆိုတာကရုပ်ရှင်တွေဘာတွေထဲမှာ မြင်နေကျဆိုတော့ တကယ်တမ်း လေဘာတီရုပ်ထုကြီးနားကိုယ်တိုင်သွားလည်ရတာတို့ဘာတို့ကျ ပျော်တာပေါ့ဗျာ။  ဒါပေမယ့် အဲဒီမှာကျ ဒီရောက်တာ၂ပတ်ရှိတော့ရန်ကုန်ကိုစလွမ်းလာပြီလေ။ကိုယ့်ခုတင်။တီဗွီဂိန်း။နောက်သံယောဇဉ်တွေ ဘာညာစလွမ်းလာပြီလေ။အဲဒီကနေ Virginia Beach မှာ ကိုကျော်ကျော်ဗိုဦးလေးရှိတော့သွားကြတယ်။Bush Gardensလည်တာကျ အဲဒီ့မှာ ရိုလာဂိုစတာစီးဘာစီးအစုံစီးကြ၊ ညတောင်မအိပ်ဘူး။ပျော်စရာတမျိုးပေါ့။

ပြီးတော့ တက်စ်ဆက်ပြည်နယ်၊ဟူစတန်မှာကကြတယ်။ ကိုသားလေးတို့အိမ်မှာ တည်းတယ်။မိသားစုလိုပါဘဲ။ ၆နှစ်ခွဲခဲ့ရတဲ့သူငယ်ချင်းတွေ၊ အွန်လိုင်းကသူငယ်ချင်းတွေနဲ့ဆုံရတယ်။ အခက်အခဲမရှိပါဘူး။ ဒါပေမယ့် အယ်လ်အေကို လွမ်းမိတယ်။ အယ်လ်အေမှာနေရတာက ကိုယ့်လူရင်း အနုပညာသမားချင်းလဲဖြစ်တယ်။ မိသားစုလိုဖြစ်နေတယ်လေ။ Apartment, Hotelတွေမှာတည်းရတာကျတော့ စိုးရိမ်စိတ်တွေ၊ အားနာရတဲ့စိတ်တွေရှိနေရတယ်။ ခု အယ်လ်အေပြန်ရောက်လာတော့ ကိုယ့်အိမ်ပြန်ရောက်သလိုပါပဲ။

ဟူစတန်ပြီး တနင်္ဂနွေမှာပဲ နောက်ပွဲကို North Carolinaမှာကတယ်။ ပင်ပန်းတာက ဟူစတန်ပွဲပြီးပြီးချင်း ည၃နာရီလေဆိပ်ဆင်း၊လေယာဉ်က၂ခါစီးရပြီးဟိုကို ရောက် ရောက်ရောက်ချင်းမျက်နှာသစ်ရုံသစ်ပြီး ပွဲကရတာ။ နဲနဲနောက်ကျသွားတယ်။ ပင်ပန်းပေမယ့်အဆင်ပြေပါတယ်။ ခု ၂၇ရက်၊သြဂုတ်မှာ အယ်လ်အေမှာကပါမယ်။ အမေရိကမြို့တမြို့နဲ့တမြို့ ဘာကွာသလဲဆို နယူးယောက်လိုမျိုးကျ တမြို့လုံးရှုပ်နေသလိုဘဲဗျ။ ကျနော်က အေးအေးဆေးဆေးနေရတာကြိုက်တယ် ။North Carolinaကျ သစ်တောအုပ်လေးတွေနဲ့စိမ်းစိမ်းစိုစိုရှိတယ်။ကြိုက်တယ်။ Las Vegasကျ ညမြို့တော်လိုဘဲ။ ကလပ်တွေမီးတွေထိန်နေတယ်။ ဆန်ဖရန်မြို့ကျ ရာသီဥတုကောင်းတယ်။မြို့တည်ဆောက်ပုံလေးသဘောကျတယ် ။မြို့တိုင်းမှာ မြန်မာတွေက လိုလေသေးမရှိကျနော်တို့ကို ထားပါတယ်။ရုံရဲ့လေးပုံနှစ်ပုံ၊နဲ့လေးပုံသုံးပုံကြားအားပေးကြပါတယ်။
မြန်မာပြည်မှာပွဲကရတာနဲ့ အမေရိကားမှာကရတာ ဘာကွာသလဲဆိုရင်တော့  ခုမှာကျ နှင်းဆီအဖွဲ့သားတွေမစုံတော့ Demo Versionနဲ့လာရသလို ခံစားရတယ်။ Window7ကို Demo Version သုံးသလိုခံစားရတယ် ။နောက်နှစ်တွေမှာတော့ နှင်းဆီအဖွဲ့သားအစုံအလင်နဲ့လာချင်ပါတယ်။ ဒီမှာကျ လက်နက်အပြည့်အစဲုမဟုတ်ဘူးပေါ့ဗျာ။ ကျနော်တို့ပြက်လုံးတွေက နှင်းဆီအဖွဲ့ပြက်လုံးတွေပါဘဲ။ ဦးမျိုးမင်းအဓိကထုတ်ပါတယ်။ ကိုကျော်ကျော်ဗိုလဲရေးပါတယ်။ အားလုံးဝိုင်းတိုင်ပင်ကြတာလဲပါတယ် ။ပြက်လုံးအဟောင်းတွေများတယ်။အသစ်တွေလဲပါပါတယ်။ တခြားနိုင်ငံတွေ ယူကေ၊နယူးဇီလန်၊စင်္ကာပူတွေမှာဆိုရင်တော့ ရုံပြည့်ရုံလျှံအားပေးကြတယ်။

ခုအမေရိကားပွဲစဉ်တွေမှာလဲ နှင်းဆီအဖွဲ့သားတွေမစုံဘူး။ လက်နက်မစုံဘူးတော့ မဟုတ်ဘူးပေါ့ဗျာ။ ပရိသတ်အားပေးမှုက မျှပါတယ်။
အမေရိကားက ကျနော်တို့တွေ့ခဲ့တဲ့မြန်မာလူမျိုးတွေက မြန်မာပြည်ကိုလွမ်းတဲ့သူတွေ။မြန်မာပြည်အခြေအနေဘယ်လိုလဲ ။ပြန်လာချင်တယ်။ ဂရင်းကတ်တွေလဲလျှောက်ထားတယ် ။ပြောကြတယ် ။မြန်မာပြည်ကိုချစ်တဲ့မြန်မာတွေပါပဲ။ ကျနော့်ကို အမေရိကားမှာ အခြေချနေမလားဆိုရင်တော့ နေရလောက်အောင်စိတ်ထဲမှာ မရှိဘူး။မြန်မာပြည်ကို ခုတောင်လွမ်းနေတာ။ မိသားစုကိုလဲသတိရတယ်။ တကယ်လို့ နေဖြစ်မယ်ဆိုရင်တော့ ဆန်ဖရန်စစ်စကိုကိုကြိုက်တယ်။  ။

(မန္တလေးဂေဇက်)

—-

Jenny နှင့် L.A ပွဲ MCတို့ အမှတ်တရ

Jenny ရဲ့ အမေရိကားဖျော်ဖြေရေးခရီးစဉ် ခံစားချက်။

သမီးအနေနဲ့ကပွဲကရတာ နယူးယောက်ပွဲကရတာကို အကြိုက်ဆုံးပါ။ကိုယ်ကပေးတဲ့feelingနဲ့ ပရိသတ်ပေးတဲ့feelingထပ်တူကျပါတယ်။ ဆန်ဖရန်ပွဲလည်း ပရိသတ်နဲ့အပေးအယူတည့်ပါတယ်။ လပ်စ်ဗေးဂစ်ပွဲကကျတော့ ရုံကျဉ်းသွားတာပါတယ်။ ကိုယ်နဲ့ပရိသတ်ကမိသားစုလိုဖြစ်နေတယ်။ ပွဲကFamily gatheringသဘောမျိုး။ ဆန်ဖရန်ပွဲမှာကျ ကောင်မလေးငယ်ငယ်လေးတွေပါတော့ နှစ်ပါးသွားကတာပိုမြိုင်သွားတာပေါ့။ နယူးယောက်ပွဲကကျသမီးတို့၎ယောက်ထဲပါ။ ဒါပေမယ့် အောက်ကပရိသတ်က တော်တော်အားပေးပါတယ်။ သမီးက ပရိသတ်ငြိမ်နေရင်မကြိုက်ဘူး။Huston, North Carolinaမှာလဲ သူ့လူနဲ့သူအားပေးကြပါတယ်။

သမီး မြန်မာအကကို၃တန်းထဲစကပါတယ် ။ရွှေတံဆိပ်၃ခု၊ငွေတံဆိပ်၂ခု၊ကြေးတံဆိပ်၁ခု ရခဲ့ပါတယ်။အကပညာကို မိုးနတ်သူဇာသီတာဝင်း ၊ဒေါ်အုန်းရီ၊ဒေါ်စန်းနု၊ ဦးအောင်စန်း+ဒေါ်စန်းစန်းအေးတို့ဆီမှာ သင်ခဲ့ပါတယ်။ထရိန်နင်က အခုမနီလာလွင်။“နှင်းဆီ”အဖွဲ့မှာလဲ စစချင်းထဲက ကဖြစ်ပါတယ်။ ပွဲတိုင်းတော့ မကဖြစ်ပါဘူး။ ရန်ကုန်ပွဲတွေမှာဆို ကိုယ်လဲရန်ကုန်မှာရှိရင်ကဖြစ်ပါတယ်။ သမီးရဲ့ ပရော်ဖက်ရှင်နယ်က အဆိုဖြစ်နေလို့ပါ။ အဆိုမှာ အတွဲခွေ၂၀ကျော်ထုတ်ဖြစ်ခဲ့ပြီး တကိုယ်တော်အခွေက အခုစီစဉ်နေတုန်းပါ။ ဒီဇင်ဘာလောက်ထွက်ဖြစ်မယ်။ ယူကေကိုနှင်းဆီအဖွဲ့သွားကတုန်းက မင်းသမီးကသမီးနဲ့မိုးယုစံ။ ပွဲတွေမှာ ပရိသတ်တွေက အကနဲ့အဆိုအားပေးတာမျှပါတယ်။ တချို့ကလဲ ကလေးဘ၀ကတုန်းက သိခဲ့ပြီး ခုသီချင်းတွေဆိုတယ်ဆိုတော့ မှတ်မိပြီးအားပေးပါတယ်။ ကရောကသေးရဲ့လားဆို လာကြည့်ကြတာလဲရှိတယ်။

အမေရိကားမှာ ပတ်ဝန်းကျင်အနေနဲ့ဆို ဆန်ဖရန်ကိုကြိုက်တယ်။ သူငယ်ချင်းတွေလဲရှိတယ်။ဒေးလိစီးတီးဆို ရာသီဥတုကအေးအေးချမ်းချမ်းရှိတယ်။ နယူးယောက်ကျတော့ ရန်ကုန်နဲ့ပိုတူတယ်။ အမြင်ကရှုပ်ရှုပ်ထွေးထွေးဖြစ်နေတယ်။ လည်တဲ့နေရာမှာက ဗာဂျီးနီးယားက Bush Gardensမှာ Rideတွေစီးရတာ ကြိုက်တယ်။ North Carolinaကျ အုံ့အုံ့ဆိုင်းဆိုင်းလေး။ အယ်လ်အေထက်စာရင် ပိုခြောက်တယ်။ေ ရာက်တဲ့နေရာတိုင်းမှာ shoppingသွားတယ်။ သွားစရာမရှိရင် Wall Martမှာကို လျှောက်ပတ်နေတာ။ နယူးယောက်မှာကျ electronicပစ္စည်းတွေဝယ်လို့ကောင်းတယ်။
ဖက်ရှင်က အမေရိကားကကျတအားရိုးတယ်။ သမီးရောက်ဖူးတဲ့နိုင်ငံတွေထဲမှာ ဂျပန်နဲ့ကိုရီးယားဖက်ရှင်တွေကို ပိုကြိုက်တယ်။ ထိုင်းကလဲ ခဏခဏသွားဖြစ်တော့ ထိုင်းမှာဈေးဝယ်ရတာပိုကြိုက်တယ်။

kai

About kai

Kai has written 925 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.