အော် လူတွေများ ခက်ပါ့နော်။ ဒေါ်လာဈေး ၁၀၀ဝ ၊ ၁၂၀ဝ တုန်းကတော့ ဒေါ်လာဈေးတွေ တွေအဆမတန်ဈေးကြီးတယ် အော်ကြတယ်။ အရင်တုန်းက ဟိုတစ်ချိန်တုန်းက ဒေါ်လာဈေး လေးတွေ လွှမ်းလှပါပြီ ဘာတွေ အော်ကြတယ်။ အစိုးရဈေးက ၆ ကျပ် အပြင်ဈေးက ၁၂၀ဝ အဆ ဘယ်လောက်ကွာတယ် ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ အော် ပြောသံဆိုသံ နဲ့ ကြားရပါတယ်။

အဲ့ဒီတုန်းက လူကလေးတို့က ကလေးဘဲ ရှိသေးတော့ ဘာမှတော့ မသိသေးဘူးပေါ့ဗျာ။ အခုတော့ အစိုးရအသစ်တက်လာတော့ နိုင်ငံအတွင်းမှာ ရှိတဲ့ ပိုက်ဆံတွေကို သိမ်းယူသွားပြီး ငွေတန်ဖိုး မြှင့်လိုက်တော့လည်း အော် ဖြစ်ရပြန်ပြီ။ နိုင်ငံခြားကလူတွေ ဘယ်လိုလုပ်မလဲ။ ပို့ကုန်လုပ်ငန်းတွေ ဘာဖြစ်မလဲ နဲ့။

လူတွေ လူတွေ သူတို့ဖြစ်မှ သူတို့သိတယ်။ ဒေါ်လာ ၁၀၀ဝ ဝန်းကျင်မှာတုန်းက သူတို့တွေ ဘာအသံထွက်ခဲ့လဲ။ သဘောင်္ာသားဆိုရင်အေးဆေး တစ်လ တစ်လ အိမ်ကိုပြန်ပို့တာ သိန်း ဆယ်ဂဏန်းရှိတယ်။ ပို့ကုန်တွေလည်း သူတို့အများဆုံး ဒေါ်လာရကြတာဘဲ မလား။ အခု သူတို့ကို လာထိပြီဆိုတော့ အော်ကြပြီပေါ့။ ဒါပေမယ့် စဉ်းစားကြည့်လိုက်ပါ။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်နေကြတဲ့လူဘယ်လောက် ရှိလဲလို့။

မြန်မာနိုင်ငံလူဦးရေ ရဲ့ ရာခိုင်နှုန်းဘယ်လောက် ရှိမလဲ။ ၁၀% ရှိတယ်ထားအုန်း။သန်း ၆ဝ ဆိုတော့ သိန်း ၆ဝ နိုင်ငံခြားရောက်နေတ် ထားပါ။ အဲ့ဒီ ၁ဝ သန်းရဲ့ သဘောထားကို ကြည့်မလား။ အထဲမှာ ရောက်နေတဲ့ သန်း ၅ဝ ရဲ့ သဘောထားကို ကြည့်မလား။ ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံပါ။ အစိုးရ စကားလုံးကို သုံးရမယ်ဆိုရင် လူအများရဲ့ သဘောထားကို လူအနည်းစုက သဘောတူရတာပါ။

 

ကဲ နောက်နေ့ ပြည်တွင်းမှာ ရှိတဲ့လူတွေနဲ့ ပတ်သတ်ပြီး ဒေါ်လာဈေး တင်ပေးပါ့မယ်။

တစ်ဦးနှင့်တစ်ဦး အမြင်ဘယ်လိုမှ မတူနိုင်ပါ။ ကိုယ်ထင်ရာ ကိုယ်မြင်ရာ ရေးခြင်းသာဖြစ်ပါသည်။ မည်သူ့ကိုမှ နစ်နာလိုခြင်းမရှိပါ။

ကျေးဇူး ။… လူကလေး

 

 

About Lu Ka Lay

Lu Ka Lay has written 1 post in this Website..

Nothing