နေ ့စဉ်အသုံးချ ဂမီ္ဘရ(၅)
အသုံးချဂမီ္ဘရ(၇)စိတ်တန်ခိုးတလွဲအသုံးချခြင်း
စိတ်တန်ခိုးသည်အစွမ်းသတိ္တရှိသောစိတ်၏အင်အားများတွင်ပြင်းပြထက်သန်သောဆန္ဒကိုစူးစိုက်ကာလိုရာပြီးစေ
ခြင်းဖြစ်၏။အကောင်းကိုလည်းဖြစ်စေနိုင်၏။အဆိုးလည်းဖြစ်နိုင်၏။ထိုအစွမ်းနှင့်မှော်ပဉ္စလက်ပညာတို့ကိုသုံးကာ
မိမိကိုယ်ကျိုးအတွက်အခြားသူများကိုလွှမ်းမိုးဖို့ကြိုးစားလျှင်မှားယွင်းပါသည်။အဘယ်ကြောင့်ဆိုသော်ထိုသိုပြု
ခြင်းသည်အခြားသူများကိုမိမိအစွမ်းဖြင့်တင်စီး၍ဝန်လေးစေခြင်း၊ထိခိုက်နစ်နာစေခြင်းတို့ကြောင့်ဖြစ်ပေသည်။
ထိုသို့ပြုခြင်းကားအောက်လမ်းမှော်ပညာ၏နည်းလမ်းပင်ဖြစ်၏။ထို့ပြင်မိမိကိုယ်ကျိုးအတွက်ထိုအစွမ်းကိုအသုံးပြု
၍စကြာဝဠာစွမ်းအားများကိုဆွဲယူညှို့ငင်ဖို့ကြိုးစားလျှင်လည်းမှားယွင်းပါသည်။စကြာဝဠာစွမ်းအင်များကိုညှို့ယူကာ
ထိုစွမ်းအင်နှင့်အတူပေါင်းစပ်၍ညီညွတ်စွာစီးဆင်းပြီးအလုံးစုံသောကောင်းမှုများအတွက်သာဦးထိပ်ထားပါ။ဤ
နည်းသည်သာမှန်ကန်သောမဟာဂန္ဓာရီနည်းလမ်းဖြစ်၏။ တန်ခိုးသတိ္တရှိသောစိတ်သည် ကောင်းဆိုးနှစ်တန်လုံး
သုံးနိုင်သည်။(သုတ္တန်တစ်ခုတွင်ဘုရားရှင်ဟောတော်မူထားသည်မှာတန်ခိုးကြီးသောဂန္ဓာရီရသေ့တို့အမျက်ထွက်
လျှင်တစ်မြို ့လုံးချက်ချင်းပြာကျသွားနိုင်ကြောင်းပါသည်။)ထို့ကြောင့် သမစိတ္တရှိလျှင်၊သဘာဝတရားနှင့်
လိုက်လျောညီထွေရှိလျှင်၊မေတ္တာ ကရုဏာဖြင့်အခြားသူများအပေါ်ဆင်ခြင်မှုရှိလျှင် ကာယသုခ၊စိတ္တသုခ
နှင့်ပြည့်စုံကြွယ်ဝပေလိမ့်မည်။ထိုအခါ အနန္တအာကာသဓာတ်ကြီးမှ လိုသမျှစွမ်းအင်တို့ဖြင့်ပြည့်ဝလာမည်။
လိုသမျှစွမ်းအင်တို့ကိုလည်းညှို့ယူလာနိုင်လာမည်။မပြည့်ဝသောဂန္ဓာရီဆရာတို့သည်စွမ်းအင်များစီးဆင်းမှု
ကိုမပိုင်နိုင်ဘဲကိုင်တွယ်လေ့ရှိရာ စွမ်းအင်များကမောက်ကမဖြစ်သွားတတ်သည်။(ဓမ္မပဒ ယမကဝဂ်တွင်
ဒေဝီလရသေ့ကဘုရားလောင်းနာရဒရသေ့ကိုမမှန်စွပ်စွဲ၍ကျိန်စာတိုက်၏။ နာရဒရသေ့မှတန်ပြန်ကျိန်ဆို
ရာ နေထွက်လျှင်မိုးကြိုးပစ်၍ ဒေဝီလရသေ့ သေရမည်တွင်နာရဒရသေ့မှကရုဏာဖြစ်လာသဖြင့် နေမထွက်
အောင်တန်ခိုးဖြင့်တားထားသည် ဖြစ်၍ ဗာရာဏသီတစ်ပြည်လုံးအမှောင်ဖုံးသည့်အတွက်လူအများဒုက္ခရောက်
ကြရသည်။ဤဇာတ်တော်မှာကိုယ့်အတိုင်းတာကိုယ်မသိသောဆိုဆုံးမခက်သည့်ဒေဝီလရသေ့ကြောင့်ဖြစ်
ပေသည်။)ကောင်းစွာ အသိပညာမပြည့်စုံသော၊ကောင်းစွာနားလည်သဘောပေါက်မှုမရှိသော၊ကောင်းစွာ
လိမ္မာသိုသိပ်မှုမရှိသော၊ဖြစ်လာမည့်အကျိုးဆက်ကိုမြော်မြင်တွေးဆမှုမရှိသောသူတို့အတွက်အစွမ်းရှိသော
စိတ်တန်ခိုးသည်မြင်းကိုချို(ဂျို)တပ်သကဲ့သို့၊ကျားကိုအတောင်တပ်သကဲ့သို ့ပင်ဖြစ်ရာစိတ်ကူးတည့်ရာ
မွှေနှောက်စမ်းသပ်ရန်သွေးဆောင်လျက်ရှိလေသည်။အသိဉာဏ်ပညာနှင့်ပြည့်ဝသောဆရာရှင်တို့သည်
သဘာဝတရား၏စွမ်းအင်စီးဆင်းမှုမထိခိုက်စေဘဲ၊အခြားသူများကိုဝန်လေးမပင်ပန်းစေဘဲ စိတ်တန်ခိုးအင်
အားတို့ကိုလိမ္မာသိမ်မွေ့စွာကိုင်တွယ်လေ့ရှိ၏။ဤသည်မှာသိဒိ္ဓဓာတ်ကြီးနှင့်ပေါင်းစည်းခြင်းပင်ဖြစ်သည်။
သိဒိ္ဓစွမ်းအင်များကိုမိမိတို့ဆန္ဒအလျောက်သုံး၍တစ်ပါးသူတို့အားဝန်လေးစေခြင်းမဟုတ်ပေ။
ဘာဝနာပွားများခြင်း၊ဘေးမရှိခြင်း၊မိမိကိုယ်ကိုနှိမ့်ချခြင်း၊ရိုးသားဖြောင့်မတ်ခြင်း၊ကိုယ်ကျိုးမငဲ့ခြင်းစသည်
တို့ကားပဓာနကိစ္စများဖြစ်ကြသည်။ဤဝိသေသများရှိလျှင် တန်ခိုးစွမ်းအင်ကိုတလွဲသုံးခြင်း၊ထိုသို့ပြုရန်
အလားအလာတို့ကိုကာကွယ်နိုင်ပေလိမ့်မည်။(ပုရွက်ဆိတ်လေးတစ်ကောင်ကိုပင်လက်ဖြင့်ပွတ်ချေမသတ်
ဝံ့သောကောင်မလေးတစ်ယောက်လက်ထဲ လေသနတ်တစ်လက်ပေးကြည့်ပါ။မစဉ်းစားမဆင်ခြင်ဘဲလက်
တည့်စမ်းမည့်အလားအလာရှိပေသည်။)သို့အတွက် ဝေဖန်ပိုင်းခြားနိုင်သောအသိဉာဏ်နှင့်မွန်မြတ်သော
ကိုယ်ကျင့်တရားရှိဘို့အလွန်အရေးကြီးပေသည်။သိဒိ္ဓဓာတ်များကို ကျွန်တော်တို့မောင်ပိုင်စီး၍မရပါ။လက်
ဖဝါးထဲတွင်ရှိသောပြဒါးကိုဆုပ်ကိုင်သကဲ့သို့ပင်။သို့သော် ကျွန်တော်တို့သည်ထိုစွမ်းအားများကိုဖမ်းယူနိုင်၏။
နှိမ့်ချခြင်းတွင်၊ပညာပြည့်ဝခြင်းတွင်၊ထို့ပြင်ထိုစွမ်းအင်များကျွန်တော်တို့ကိုဖြတ်သန်းစီးဆင်းစေခြင်းတွင်၊အလုံး
စုံသောကောင်းမှုအစုစုအတွက်ဝေမျှခြင်းတွင်ထိုစွမ်းအင်တို့သည်ကျွန်တော်တို့နှင့်တသားတည်းဖြစ်လာမည်။
ဤသည်မှာစစ်မှန်သောဂန္ဓာရီပညာဆိုသည်မှာအဘယ်နည်းဟူသည်၏အကြောင်းဌာန်ကုန်ပင်ဖြစ်၏။
အသုံးချဂမီ္ဘရ(၇)စိတ်တန်ခိုးတလွဲအသုံးချခြင်း(ခ)
အတ္တဗဟိုပြုသူများသည် မိမိတို့၏မြင်သာထင်သာသောစွမ်းအားကိုသာနားလည်ကြသည်။ထို့အတူလူသားပဓာန
ဝါဒီများသည်လည်း သိဒိ္ဓဓာတ်၏အခြေခံအနှစ်သာရကိုလည်းကောင်း၊လွှမ်းမိုးထားမှုကိုလည်းကောင်းမမြင်နိုင်ပေ။
ထိုသိဒိ္ဓစွမ်းအားများသည်အလွန်အင်အားကြီးမားသည်။ထိုစွမ်းအားများကိုသတိရှိရှိဖြင့်မကိုင်စွဲမီကျွန်တော်တို့
သည်ကိုယ့်အတိုင်းအတာကိုယ်သိရမည်။ကျွန်တော်တို့၏ကိုယ်ပိုင်အရည်အသွေးများသေချာစေဖို့လိုသည်။ထို့ပြင်
ထိုစွမ်းအင်များ၏ဆွဲဆောင်အားသည်အလွန်ပြင်းထန်သည်။ပိုမိုဆိုးဝါးပြင်းထန်လာစေသောအကြပ်အတည်းများ
ဖန်တီးလာ(အဖျက်အမှောင့်လုပ်ချင်သောအာရုံနိုးကြွစေခြင်းမျိုး။) ဖို့လည်းအသဲအသန်လှုံ့ဆော်နိုင်ပေသည်။
သို့အတွက် အလွန်သန့်ရှင်းဖြူစင်မှုမရှိလျှင်ဆိုးဝါးစွာလောင်ကျွမ်းသွားမည့်အန္တရာယ်ရှိပေသည်။ထို့ကြောင့်စစ်မှန်
သောဆရာရှင်တို့သည်အတတ်ပညာထက်ကိုယ်စိတ်နှလုံးဖြူစင်သန့်ရှင်းမှုကိုအသားပေးလေ့ကျင့်စေခြင်းဖြစ်၏။
စိတ်တန်ခိုးရရှိအောင်လေ့ကျင့်ဖော်ထုတ်ခြင်းတွင် အစဉ်အလာထုံးနည်း အစီအရင်များနှင့်ဘာဝနာပွားနည်းများပါ
ဝင်သည်။အစဉ်အလာထုံးနည်းများကိုသုံးစွဲ ခြင်းသည် ဦးနှောက်ပိုဆန်သည်။(လက်တွေ့ဆန်သည်။)ဓမ္မဓိဌာန်ပို
၍ကျသည်။ဂမီ္ဘရပိုဆန်သည်။ဘာဝနာနည်းသည်း နှလုံးသားဆန်သည်။(ခံစားချက်ဦးစားပေး)ပုဂ္ဂလဓိဌာန်ပို၍ကျ
သည်။ဝိဉာဏ်ပိုဆန်သည်။ထိုနည်းလမ်းနှစ်သွယ်ကိုပေါင်းစပ်ခြင်းသည်ပိုမိုကောင်းမွန်သည်။ဘာဝနာနည်းဖြင့်
စွမ်းအင်များကိုညှို့ယူ၍ အစီအရင်နည်းများဖြင့် ထိုစွမ်းအင်များကိုစူးစိုက်ကာအသုံးချရမည်။ဘာဝနာနည်း
တစ်ခုတွင်သတိတရားများပိုမိုကောင်းမွန်တိုးတက်စေဖို့ပဓာနထားသောလေးနက်စွာစူးစိုက်ဆင်ခြင်ခြင်းများ
ပါသည်။အနန္တဖြစ်ခြင်း၏သဘော၊ထာဝရဖြစ်ခြင်း၏သဘော၊အနန္တသိဒိ္ဓစွမ်းအင်ကြီးတည်ရှိနေသောသဘော၊
စကြာဝဠာနိယာမ၏ပြီးပြည့်စုံသော သဟဇာတဖြစ်ခြင်းသဘောကိုအကြိမ်ကြိမ်အထပ်ထပ်သေချာစေခြင်း၊
ခိုင်မာစေခြင်းနှင့်ကျွန်တော်တို့လေးနက်စွာဆင်ခြင်စူးစိုက်နေသောအရာတွင်ကွန်တော်တို့၏ဆက်သွယ်မှုကို
ပုံဖော်ခြင်းစသည့်သဘောများပါဝင်သည်။ထိုသဘောများကိုလေးနက်စွာအာရုံပြုဆင်ခြင် ခြင်းဖြင့်သင်၏ကိုယ်
စိတ်နှလုံးဖျတ်လတ်လာမည်။တက်ကြွလာမည်။နိုးကြားကွန့်မြူးလာမည်။ဟန်ချက်ညီ၍သဟဇာတဖြစ်လာမည်။
ကျွန်တော်တို့ပြဿနာများပြေလည်ချင်သောအခါတွင်အန္တရာယ်ကင်းကင်းလုပ်နိုင်သောအရာတစ်ခုရှိပေသည်။
ထိုအရာမှာ ကျွန်တော်တို့၏မာန်မာနအတ္တများကိုအကုန်အစင်ခဝါချ၍မိမိကိုယ်ကိုစကြာဝဠာနိယာမ၏အလုပ်
အကျွေးအဖြစ်ခံယူကာမည်သည့်အရာကိုစွန့်လွှတ်ရသည်ဖြစ်စေအမှန်ကိုသာပြုလုပ်ရန်ဆုံးဖြတ်ခြင်းပေတည်း။
မတုန်လှုပ်သောယုံကြည်မှုဖြင့်ဆောင်ရွက်သဖြင့်ကောင်းကျိုးတစ်စုံတစ်ရာအတွက်ပူပင်ကြောင့်ကြမှုမရှိပေ။
ရှုပ်ထွေးနက်နဲသောအခြေအနေများသည်မြင့်မားသောသိစိတ်၏အရည်အသွေးကြောင့်သူ့ဟာနှင့်သူဖြေရှင်းသွား
ပေလိမ့်မည်။ဂမီ္ဘရစွမ်းအင်များအသုံးချခြင်းကြောင့်သော်လည်းကောင်း၊ထိုစွမ်းအင်များကိုရှာဖွေခြင်း၊လိုချင်မှုရှိခြင်း
တို့ကြောင့်ပြဿနာများပြေလည်သွားခြင်းမဟုတ်ပေ။ငွေကြေး စည်းစိမ်ဥစ္စာများကြွယ်ဝအောင်ရှာဖွေသူသည်
အတ္တဗဟိုပြုသူသက်သက်သာဖြစ်သည်။လောကီအာရုံအတွင်းနစ်ဝင်နေသူသာဖြစ်သည်။ဘဝကိုသဟဇာတဖြစ်
အောင်နေထိုင်ခြင်းမဟုတ်ပေ။သဟဇာတဖြစ်အောင် ညီညွတ်အောင်နေထိုင်သူထံလိုသောအရာသည်ဝင်လာ
ပေမည်။ရိုးရှင်းသောနိယာမဖြစ်သည်။ပညာရှိသူသည်နက်ရှိုင်းပြည့်ဝသောစိတ်ဝိဉာဏ်အရည်အသွေးအတွက်
သာရှာဖွေလေ့ရှိသည်။
One comment
မီးမီး သော်
August 26, 2011 at 8:53 pm
“”ကျွန်တော်တို့ပြဿနာများပြေလည်ချင်သောအခါတွင်အန္တရာယ်ကင်းကင်းလုပ်နိုင်သောအရာတစ်ခုရှိပေသည်။
ထိုအရာမှာ ကျွန်တော်တို့၏မာန်မာနအတ္တများကိုအကုန်အစင်ခဝါချ၍မိမိကိုယ်ကိုစကြာဝဠာနိယာမ၏အလုပ်
အကျွေးအဖြစ်ခံယူကာမည်သည့်အရာကိုစွန့်လွှတ်ရသည်ဖြစ်စေအမှန်ကိုသာပြုလုပ်ရန်ဆုံးဖြတ်ခြင်းပေတည်း။””
ကိုဘလှိုင်ရေ ဖတ်ရတာမောသွားတယ်နော့