သေခြင်းတရားနှင့်ကြုံသောအခါ

 

အကယ်၍သင်ဟာ သေခြင်းတရားနှင့်တွေ့ကြုံရ တဲ့အခါ ဘယ်လိုခံစားရမည်လဲဟု သိချင်မိသည်။ ကျွန်တော်ကတော့ မည်သို့သောဝေဒနာဟု အမည်တိတိကျကျမသိခင်မှာပဲ..သည်းထိတ်ရင်ဖိုစွာခံစားလို က်ရသည်။ ဘယ်လိုကြုံတွေ့ရလဲဟု မေးချင်ပါသလား။ ကျွန်တော်တို့မြန်မာလူမျို းတွေဟာ သေခြင်းကောင်းခြင်း မကောင်းခြင်းကို  မည်သို့သတ်မှတ်ကြသနည်း။ ရိုးရိုးတန်းတန်းသေရသည်က ကောင်းလား။   ဥပစ္ဆေဒကကံကြောင့်သေရသည်ကရေ ာ။ သိချင်နေပါသည်။ ထိုအတွေ့ အကြုံမှလွန်မြောက်လာခဲ့ရသည ်ကိုပင် ဝမ်းမြောက်ဝမ်းသာပင် ခံစားရပါသည်။မိမိမှာမည်သို ့သော အကုသိုလ်တွေ ကိန်းအောင်းနေသည်လည်း ဟု ကြောက်စိတ်ဖြင့်တွေးမိပါသေ းသည်။
 ပြောပြရဦးမည်။ ကျွန်တော်ရဲ့ အတွေအကြုံကတော့ ကြောက်လန့်ဖွယ်ရာအတိဟု ပြောရမည်ဖြစ်သည်။ ယခု ကျွန်တော် အလုပ်လုပ်နေသောနေရာသည် နွေ၊ မိုး၊ ဆောင်း သုံးရာသီ အချိန်မရွေး မိုးသံပေးနေသောဒေသဖြစ်သည်။ ထို့ကြောင့် မိုးသည် အခါအားလျှော်စွာ ရွာတတ်သည်။ မြန်မာပြည်တောင်ပိုင်းမှာ…မုန်တိုင်းရှိ၍ပဲဖြစ်ဖြစ်၊ ဘင်္ဂလားပင်လယ်ဖက်မှာ မုန်းတိုင်းရှိ၍ပဲဖြစ်ဖြစ် ။ ရွာလိုက်လျှင်လည်း..လေရော မိုးရော တသောသောနှင့်ပင်။ မိုးခြိမ်းသံတွေရော..တဝုန်းဝုန်း တအုန်းအုန်းဖြင့်ရယ်ပေါ့။ ပတ်ဝန်းကျင်နေရာတွေမှာလည်း အပင်ကြီးတွေနည်းပါး ပါသည်။ တောင်တွေမှာ အများအားဖြင့် တောင်ကတုံးဟုပြော၍ရသည်။ ပူသည့်အခါ အရမ်းပူ၍၊ အေးသည်အခါလည်း ကျောရိုးစိမ့်ပါ၏။
 အအေးပိုင်းဒေသမှာအနေများ သောကျွန်တော့် အဖို့ အေးနေသော အချိန်တွင်မည်သို့မှမဖြစ်ေ ပမယ့် ပူလွန်းသည့်အချိန်များတွင် အတော်လေး ဒုက္ခရောက်ရပါသည်။
 ထို့ကြောင့် မိုးရွာလျှင်အထိုက်အလျှောက ်တော့ ပျော်ပါသည်။ ထားပါတော့ ပြောချင်တာတွေ များ၍ကားကုန်ပြီ။ ကျွန်တော့်မှာ ငယ်ရွယ်စဉ်ကပင် မိုးခြိမ်းသံကိုကြောင်ရွံ့ သည့်စိတ်အခံရှိပါသည်။ မိုးရွာလျှင် အပြင်ပင်မထွက်တော့ပါ။ ထိုနေ့က မနက်လင်းအားကြီးအချိန်တွင် ..မိုးရော လေရော အပြိုင်အဆိုင်အလုအယှက် သည်းကြီးမည်းကြီးရွာသည်။ ကျွန်တော်အဖို့တော့ ထိုင်သည့်နေရာက မရွေ့ရဲပါ။ သို့ပေမယ့်လည်း ထိုင်နေလျှင်မဖြစ် အိပ်နေပြီး နားထဲဂွမ်းစို့ထားသည်ကတော် မည်ဟုတွေးမိ၍ စဉ်းစားထားသည့်အတိုင်း မြန်မြန်ဆန်ဆန်ပင် အတွေးနှင့် အတူလှုပ်ရှားလိုက်ပါသည်။
 မိုးခြိမ်းသံတွေကလည်း ဟိုနားကို ဂျိမ်းခနဲ သည်နားကိုဂျိမ်းခနဲ။ လျှပ်ပျက် လျှပ်နွယ်တွေက တဝင်းဝင်းလျှပ်လိို့။ မအိပ်အိပ်ချင်အောင် အတင်းပင်ဇွတ်ကျိတ်မှိတ် အိပ်ချလိုက်ရသည်။ မည်မျှအိပ်ပျော်သွားသည် မသိ။ ဂျိမ်း ဟူသော မိုးကြိုးပစ်သံကို ပထမကြားလိုက်ရပါသည်။ သို့ပေမယ့် မိမိတို့ အနီးအနားမဟုတ်၍ ပြန်၍အိပ် လိုက်ပါသည်။ ဒုတိယချက်ကိုတော့ဖြင့် မည်သို့မည်ပုံပစ်ချလိုက်မှ န်းမသိပါ။ မိမိမှာ ရင်ပေါ်တင်ထားသောလက်များ အလိုအလျှောက် ဆန့်ထွက်ကုန်၏။ မျက်စိများပြာဝေကုန်၏။ သို့သော်လည်း သတိပဲကောင်း၍လား နတ်ကောင်းနတ်မြတ်တွေကပဲ စောင့်ရှောက်၍လားမသိ အိပ်နေရင်း ထပြေးမိသည်။ ထိုအချိန်တွင် မိမိစိတ်နှင့် လူကပ်၍ကပ်မှန်းပင်မသိလောက် အောင် အသိနှင့်ကိုယ်ဝေးကွာနေသည်ဟ ုထင်မိသည်။ ခန္ဓာကိုယ်အနှံ့ စပ်ဖျင်းဖျင်း လိုလို၊ ပူသည်လိုလို၊ နာသည်လိုလိုနှင့် အမျိုးအမည်မသိဝေဒနာတွေ ဟိုနားတစ သည်နားတစ ခံစားရသည်။
 ကျွန်တော်တို့အနားရှိနေသ ည့် လူတွေအားလုံးလိုလို ဟိုကြည့်သည်ကြည့်နှင့်။ အားလုံး မိုးကြိုးစက်ကွင်းမိသွား ကြသည်။ ထိုလူအားလုံးထဲတွင် အခံစားရဆုံးက ကျွန်တော်ပင်။ မိနှစ်ပိုင်းကြာသောအခါ ခြေတွေ လက်တွေ ထုံထိုင်းလာသည်။ ကော့၍မရ ။ ထိုအချိန်တွင် ကျွန်တော် မည်မျှကြောက်နေမည်ထင်ပါသနည ်း။ ကျွန်တော့်မှာ ကြောက်လန့်သွားသောစိတ်အစဉ် သည် လိပ်ပြာလွင့်စဉ်သရောင်ပင်။ မြန်မာလူမျိုးတို့၏ အယူအစွဲကို ကြားဖူးနားဝရှိထား၍ ပိုမို၍ကြောက်လန့်မိပါသည်။ မိုးကြိုးပစ်သည်ဆိုရာတွင် မိဘကိုစော်ကားသူ ၊ ကျေးဇူးရှင်ကို ပြစ်မှားသူ၊ ဆရာသမားပြစ်မှားသူ၊ အကိုသိုလ်စိတ်ကြီးမားသူ စသဖြင့် အမည်ပေး ကင်းပွန်းတပ်ကြစမြဲ။
 ကျွန်တော်သည် ဘာသာတရားကို အရင်က အထိုက်အလျှောက်သာ လိုက်နာစောင့်ဆည်းခဲ့သည်။ ကျွန်တော့်၏ စိတ်ထဲတွင် စိတ်၌နှစ်နှစ်ကာကာလုပ်ဆောင ်နိုင်ပါမှ ဘာသာတရားကို လုပ်ဆောင်ပါသည်။ ဘုရားရှိခိုးခြင်း၊ ပုတီးစိက်ခြင်း၊ တရားထိုင်ခြင်းတို့သည် ကျွန်တော်စိတ်မပါက မလုပ်ဟုဆိုရမည်။
(၂)
 စိတ်ထဲ၌ မကြည်လင်လျှင်၊ ဒေါသဖြစ်နေလျှင်၊ တစ်စုံတစ်ရာကြောင့် အနှောင့်အယှက်ဖြစ်နေလျှင် ဘယ်တော့မှ မလုပ်ဖြစ်ပါ။ အတင်းအဓမ္မလုပ်ယူရသည်မျိုးမ ဖြစ်အောင်နေသည်။ သို့ပေမယ့် မိဘဆရာသမားကို စော်ကားသည်အပြုအမူမျိုး မည်သို့သောအခါမျိုးမှမလုပ် ဆောင်ခဲ့။ ဘုရားမရှိခိုးဖြစ်လျှင်တော င် ကျွန်တော့်၏ စိတ်ထဲ မှာတော့ အမြဲရိုးကျိုးကန်တော့လျှက် ပင်။
 ကူညီစရာရှိသည်များကိုလည် း မနှေးအမြန်ကူညီလျှက်ပင်။ ထို့ကြောင့်ထင်သည် နာကျင်ထုံထိုင်းသည်က လွဲလို့ အသက်အန္တရာယ်မထိခိုက်ပါ။ မိုးကြိုးပစ်လို့သေသည်ဟု နာမည်မကြီးချင်ပါ။ သိပ္ပံသဘောတရားနှင့် ကြည့်မည်ဆိုလျှင်တော်သေး၏။ မြန်မာအယူအစွဲအမြင်နှင့်ကြ ည့်မည်ဆိုလျှင်တော့ မတွေးဝံ့ပါ။
 သေလျှင်တောင် ယုတ်စွအဆုံး အခြားရောဂါနှင့်သေရသည်ကမြတ ်နေသည့်ပုံပင်။ လူတကာနုတ်ဖျား ရေပန်းတော့မစားချင်ပါ။ ကျွန်တော်ခေါင်းရင်းက ဓါတ်တိုင်သာမရှိလျှင် မည်သို့သောဘဝရောက်နေမှန်းေ တာင် သိမည် မဟုတ်တော့။ နောင်မိုးရွာလျှင် ကျွန်တော့်မှာ ဘယ်ပြေးလို့ပြေးရမှန်းမသိေ တာ့။ ရသမျှဘုရားစာတွေလည်း ကုန်သလောက်ရှိတော့မည်။ တစ်ခါကြုံဖူးပြီဆိုတော့ နောက်တစ်ခါဆိုရင်များတော့ မတွေးဝံ့ပါ။
 အခုဆိုလျှင် မိုးရွာပြီဟေ့ ဟုဆိုလျှင် ကျွန်တော်က အပြင်မှာရှိသမျှ ပြောင်ပြောင် လက်လက် အရာဝတ္တုမှန်သမျှ ကောက်သိမ်းရတာအမော။ စတီးတွေဆိုလျှင် ဖန်စီပစ္စည်းတောင်မဝတ်ရဲ။ မိုးရွာလျှင် တံခါးကိုပိတ် ဂျိတ်ပဲ။ နေလျှင်လည်း လူကြားထဲမှာပင်နေသည်။ အုံနှင့်ကျင်းနှင့်။ ဒါဆိုလျှင်တော့ မိုးကြိုးမတော်တဆပစ်ခဲ့လျှ င်တောင် မည်သူ့ကိုပစ်၍ ပစ်မှန်းသိမည်မဟုတ်။ သေလျှင်တောင် အုပ်နှင့်ကျင်းနှင့်ပင်။ ယခုအခါ ကျွန်တော်၏ ကြောက်စိတ်များသည် အနည်ထိုင်စပြုနေပြီဖြစ်သည် ။
 ကျွန်တော်၏စိတ်များကိုလည ်း ဝန်မပိအောင် ဖော့ထားဖြစ်သည်။ လောက၌သေခြင်းတရားသည် အချိန်မရွေး ရောက်လာနိုင်သော်လည်း မိမိသွားရာလမ်းသည် သန့်သန့်ရှင်းရှင်းလား ၊ အကုသိုလ်စိတ်တွေနှင့်သွားမ ည်လား ဝေခွဲရဦးမည်။ အသက်ငယ်ရွယ်၍ဆိုပြီး ဘာသာတရားလည်းမေ့ထား၍လည်းမြ ဖစ်။ မိမိတို့သွားရာ လိုက်ပါမည့်အရာ သည် မည်သည့်အရာဖြစ်သင့်သည်ဟု တွေးတတ်ကြရန် အရေးကြီးသည်။မိရိုးဖလာဗုဒ္ခ ဘာသာဟု ဆိုသော်ငြားလည်း အမိဗုဒ္ခ အဖဗုဒ္ခဆိုတိုင်း ရှိခိုးနေရုံနှင့်မပြီးပါ။ ကျွန်တော်ကတော့ဖြင့် ခလုတ်ထိမှ မမိတသည်မျိုးဟု ပြောရမည်။ ဘာသာတရားလုပ်ရင် သေခြင်းကလွှတ်လားဟုမေးလျှင် တော့ မလွှတ်ပါ။ သံသရာ၌လည်ပတ်နေကြသော အကြောင်းတရားတို့သည် လည်ပတ်မြဲလည်ပတ်နေမည်သာ။ ပြုခဲ့ဖူးသော ကံအကြောင်းတို့သည် အချိန်တန်မည်ဆိုက ရောက်လာတတ်စမြဲ။
 ကျွန်တော်ကတော့ အချိန်မတန်သေသည်လားတော့မသိ အသက်ဘေးကသီသီလေးလွှတ်မြောက် ခဲ့သည် ဟုဆိုချင်ပါသည်။ ထိုရလိုက်သော အတွေ့အကြုံသည် ကျွန်တော့် ဘဝအတွက်အကြီးမားဆုံး ခြောက်လန့်မှုကြီးသာ။ နောက်ကြောင်းပြန်လှည့်ကြည် ့မည်ဆိုက မတွေးချင်လောက်အောင်ကြောက် ရွံ့မိပါ၏။
 သေခြင်းတရားကို မလွဲအသေရင်ဆိုင်ရပါက ထိုသို့သော အဖြစ်မျိုးနှင့် မကြုံချင်ကြောင်း မြတ်ဘုရားထံ ဆုတောင်းမိပါ၏။

3 comments

  • kopauk mandalay

    May 13, 2010 at 12:08 am

    သေတယ်ရှင်တယ်ဆိုတာ ကိုယ့်စိတ်ကြုက်ဖြစ်အောင်ဖန်တီးလို.မရမှန်းသိနေတော.
    ကျနော်ကတော. သည်အတွက်တွေးပြီးစိတ်မပူတာအမှန်ပါ။

  • draungkyawkyawoo

    May 13, 2010 at 1:35 am

    သေချင်တဲ့အချိန်သေမှာပဲ ကြိုသိတာမှတ်လို့ ။

  • Shwemannmay

    May 13, 2010 at 5:42 am

    ကြိုမသိတဲ ့သေခြင်းတရားကို တွေးပူစရာမလိုပေမယ် ့ဗုဒ္ခ ဘာသာတစ်ယောက်အနေနဲ ့ကြိုတင်ပြင်ဆင်လို ့ရပါတယ်။ ကုသိုလ်ကောင်းမှုတွေတတ်နိုင်သလောက်လုပ်ပေါ့။

Leave a Reply