အချစ်..တဲ ့….၊။

ကျွန်တော် သေချာ အဓိပ္ဂာယ်မသိသေးတဲ ့ အရာ ပါ ။ အချစ်ဆို တာ …………ဆိုပြီး..ပြောကြ ဆိုကြတာတွေတော့
ကြားနေရပါရဲ ့။

ဒါပေမယ် ့ ဘယ်သူ ့ ဖွင့်ဆိုချက်က တိကျ သေချာ ခဲ့သလဲ….?
description.. ပြည့်ဝလုံခြုုံတဲ ့ အချစ်ရဲ ့ ဖွင့်ဆိုချက်က ဘယ်မှာလဲ…?

တာရာမင်းဝေ က အချစ်ဆိုတာ ဘာ ညာ ဆိုပြီး စကားလုံး လှလှလေးတွေ သုံးပြီး…. ဖွင့်ဆို ရေးသားခဲ ့တယ် ။

ဟုတ်သလိုလို ရှိတဲ့ စာသားတွေ မို ့လို ့ ကျွန်တော်လည်း ကျေနပ် သလိုလို ရှိခဲ ့ပါတယ် ။

ဒါပေမယ် ့ မပြည့်စုံ သေးဘူး လို ့ခံစားရတယ် ။

ဂျူး ရဲ ့ စာအုပ် တစ်အုပ်ထဲ မှာတော့ အချစ်ဆိုတာ ရူးသွပ်သူတွေ ကိုးကွယ် တဲ ့အရာ..လို ့ ရေးထားတာ ဖတ်ရတယ် ။
( ကျွန်တော်ကတော့ အဲဒါကိုလည်း လက်မခံချင်သေးဘူး။)

ဒါဖြင် ့ အချစ်ဆိုတာ ဘာလဲ…?

ကျွန်တော် အချစ်ဦးနဲ ့တွေ ့ခဲ ့ချိန်တုန်းက အချစ်ဆိုတာ…. ..တစ်ယောက်ကို တစ်ယောက်က မရှိမဖြစ် လိုအပ်တာ ……

လို ့ ယူဆ ခဲ ့ဖူးတယ် ။

အဲဒီတုန်းကတော့ အချစ်ဦးကို အရူးအမူး လိုအပ် တမ်းတနေချိန်..လေ။

အခုတော့…..။ အင်း ……. … အခုတော့….

ဆရာတော် ဦးဇောတိက ရဲ ့ လူငယ် တရားစာအုပ်တွေကို အဖတ် များလာတော့ … အချစ်ကို ဖွင့်ဆိုချင်တာက…
နောက်တစ်မျိုး..ပြောင်းသွားပါပြီ။

“” သူ ့ကို တကယ်ချစ်တယ် ဆိုရင်….သူ ..ကိူယ့်ကို မှီခို မနေရအောင် လမ်းပြပေးပါ..””တဲ ့။

ကိုယ် ့ကို တွယ်တာ အားကိုး နေအောင် ဆွဲဆောင် ထားမယ် ဆိုရင်…အဲဒါ..သူ ့ဘဝကို ဆွဲနှစ်လိုက်တာ..။

သူဟာ ကိုယ် ့ကိုပဲ..အားကိုးနေရတော့မယ် ။ ကိုယ် ့ ကိုပဲ မှီခိုနေရတော့မယ် ။

ကိုယ် မရှိရင် သူ ့ဘဝကို သူ ရပ်တည်လို ့မရတော့အောင် လုပ်ထားသလို ဖြစ်တော့မယ် ။

ဒါ မတရားတာပဲ..။ ကိုယ် ကလည်း သူ ့ရဲ ့ချိုင်းထောက် ဖြစ်သွားပြီ။

တကယ်ချစ်တယ် ဆိုရင်… သူ ့ ကိုယ် သူ အားကိုးတတ်အောင် သင်ပေးရမယ် ပေါ့လေ။

ပေဆပ်ခြင်းအချစ် လို ့ပြောရင် ရမလားပဲ..။

မဆိုးပါဘူး။ အဲဒီ အယူအဆလေးကိုတော့ ပြည့်စုံပြီ လို ့ ယူဆ မိတော့မလိုလိုပါပဲ။

ဒါပေမယ် ့အချစ်ဆိုတာကို ဆက် လေ ့လာ ချင်ပါသေးတယ် ။

( ခက်တာက အချစ်ကို လေ့လာဖို ့ အခု ကျွန်တော့်မှာ အချစ်နဲ ့ကြုံကြိုက် တိုက်ဆိုင်မှုတွေ ရှိမနေပါဘူး။)

လူသား တစ်ဦးချင်းဆီမှာ အချစ်ကို ဖွင့်ဆိုထားတဲ ့အဓိပ္ဂါယ် ( ဖွင့်ဆိုချက်) တစ်ခုစီတော့ ရှိ (ခဲ ့) မှာပဲ..။

ကဲ… မင်း ဖွင့်ဆိုထားတဲ ့ အချစ်ရဲ ့ ဖွင့်ဆိုချက်က ဘာလဲ…..?

ဆန္ဒရှိရင် အချစ်အကြောင်းလေး နည်းနည်းလောက် ကျွန်တော် ့ကို ပြောပြပါလား..။

မှတ်ချက် …။ ။ အဓိပါယ် ဆိုသောစာလုံးကို computer ဖြင့် မရေးတတ်ပါ။ ထို ့ကြောင် ့ဖြစ်သလိုလေးသာ ရေးထား
ရပါသည် ။ နားလည် ပေးပါရန်..။/

အားလုံးကို ခင်မင်စွာ..ဖြင့်

အလင်းဆက်

26 .8 .2011

About alinsett

alinsett has written 615 post in this Website..

. . .