နေ၇တဲ့တသက်တာမှာ လူတွေ နောင်ဘ၀ကောင်းစားအောင် အလှုတွေလုပ်ကြ ဘုရားစာတွေရွတ်ဖတ်ကြနဲ့
ကိုယ့်ရဲ့အတွင်းစိတ် သန္နာန်ကိုကော ဘယ်လို ပြင်ဆင်ထားသလဲ လူတိုင်းက ကိုယ့်ကိုကိုယ်တော့ ဖြူစင် မြင့်မြတ်တယ် ငါက လူကောင်းမဟုတ်တောင် လူယုတ်မာ တယောက်တော့မဟုတ်ဘူးလို့လူတိုင်းပြောကြတယ် ဖွင့်မပြောတဲ့လူကလည်း စိတ်ထဲက ပြောနေတာပဲ
ဘာလို့လဲဆိုတော့ ဒါက အတ္တတခုပဲ
ကိုယ်ကိုတိုင်က သူတော်ကောင်းမဟုတ်တောင် သူယုတ်မဟုတ်၇င်ပြီးရောဆိုတဲ့ကျင့်စဉ်နဲ့တင် လူ့လောကကို ပြီးတော့မှာလား
ဒါဆို မင်းကမေးမယ် ငါတို့က အထက်ဂိုဏ်း ဘော်တိုးကျင့်စဉ်တွေကျင့်ရမလားလို့
မဟုတ်ဘူးလေ မိတ်ဆွေ သင့်ရဲ့စိတ်ကို သင်ပြန်ကြည့်ပါ တခုပြောပြီးတိုင်း တခုလုပ်ပြီးတိုင်းအများအားဖြင့် ကိုယ်တယောက်တည်းမဟုတ်ဘဲ နောက်တယောက် ဒါမှမဟုတ် အများနဲ့ပတ်သတ်တဲ့ အလုပ်မျိုး စကားမျိုးပြောတဲ့အခါပေါ့
စိတ်က ဖြူရဲ့လား ငါ့ ကိုငါ ကာကွယ်၇ုံ အဆင့်ထိပဲလား ဒါမှမဟုတ် အများအတွက်ဆိုတာထိပါလား
အများအတွက် ဒါမှမဟုတ် ကိုယ်မဟုတ်တဲ့ အပြင်တယောက်အတွက်ပေါ့
လုပ်ဘူးလား
ဒါဆို မင်းကမေးမယ် ခုစာကိုေ၇းနေတဲ့ စာေ၇းသူကကော ဘာမို့လို့ ဘာတွေလုပ်နေလို့ ဘာတွေလုပ်ပေးဘူးလို့ ဒီစာေ၇းတာလဲပေါ့
ဟုတ်ကဲ့ တို့ကိုယ်တိုင်လဲ ကိုယ်နိုင်သမျှတော့ အလင်းေ၇ာင်ပေးနေပါတယ်
မိတ်ဆွေတို့ကော ကိုယ့်ဘေးပတ်ဝန်းကျင်ကို တက်နိုင်သလောက် အလင်းရောင်မျှဝေကြည့်ကြပါဦး

About shwemoenyo

shwemoe nyo has written 4 post in this Website..

i'm a human but like a snail.