မန်းတလေးတိုင်း ကျောက်ဆည်မြို့မှ ရပ်ကွက်များတွင် ရေကြီးမှုများ ဖြစ်ပွားနေပါတယ် … အဆိုးဆုံးကတော့ ကြက်မင်းတွန် ရပ်ကွက်ဖြစ်ပါတယ် …. ထို့နောက် ရဲစု၊ တံတားလည်၊ ဆူးကုန်း နှင့် အနီးပတ်ဝန်းကျင်မှ ကျေးရွာများမှာလည်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေပါတယ် ….. ၂၈ ရက်နေ့မှာ ကြက်မင်းတွန် ရပ်ကွက်အတွင်းသို့ ဇော်ဂျီမြစ်အတွင်းမှ ရေများ ဘောင်ကျိုးကာ ရပ်ကွက်အတွင်းသို့ ၀င်ရောက်လာပါတယ် … မိုးကများတော့ ကြိုတင်သတိပေးမှုတွေ ရရှိခဲ့ပါတယ် … လူသေတာ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး …. ရေက ၂၇  ရက်နေ့ညမှာ တဖြည်းဖြည်းခြင်း တက်လာတာဖြစ်ပါတယ် …. မိုးတွင်းဆိုလျှင် ရေကြီးရေလျှံ မှုတွေကို နှစ်တိုင်းလိုလို ကြုံတွေ့နေရတဲ့ ကြက်မင်းတွန်၊ တံတားလည် ရပ်ကွက်တွေကတော့ မဆန်းတော့ပါဘူး …. ရေကမကျပဲဆက်လက် တက်နေပါတယ် … တစ်ချို့နေရာတွေဆိုလျှင် လူတစ်ရပ်တောင် မြုပ်ပါတယ် …. ရေဘေးဒုက္ခသည်များကို ကုန်းမြင့်များ ဘုန်းကြီးကျောင်းများ ဘုရားများအတွင်းမှာ ယာယီစခန်းများဖြင့် နေထိုင်စေပါတယ် …. မန်းတလေးတိုင်း ၀န်ကြီး ဦးရဲမြင့်မှ ရေဘေးဒုက္ခသည်များ ကိုယ်တိုင်လာရောက်ပြီး ကြက်မင်းတွန် ဘုန်းကြီးကျောင်း အတွင်းမှာ ဆန်များ ကူညီခဲ့ပါတယ် …. ဇော်မိတ် မိသားစုမှလည်း တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည် နှင့် တစ်ခြားပစ္စည်းများ လာရောက်လှူဒါန်းသွားပါတယ် … ဖောင်ရွာ၊ရွာသစ် ရပ်ကွက် အတွင်းမှာ ရှိတဲ့ အသောကရာဇာဆွမ်းလောင်းအသင်းမှ လူငယ်လေးများကလည်း ၂၈.၈.၂၀၁၁ မှာ ထမင်းထုပ် ၄၀၀၊ ၂၉.၈.၂၀၁၁ မှာ ထမင်းထုပ် ၇၀၀ နှင့် ၃၁.၈.၂၀၁၁ မှာ ထမင်းထုပ် ၆၀၀ တို့ကို ရေမြုပ်နေသောရပ်ကွက်များအတွင်းသို့ ၀င်ရောက်ဝေဌ ခဲ့ပါတယ်… ထို့နောက် ကျောက်ဆည်မြို့မှ မင်းမင်းနိုင် ဆိုင်ကယ်ကားပစ္စည်း အပိုဆိုင် ၊ နေလသုခ ပွဲရုံ ၊ မြဘုရင် နို့ချက်စက်ရုံ၊ မြင့်သန်းဓာက်ပုံ နှင့် မြို့သူမြို့သားများမှလည်း ရေဘေးဒုက္ခသည်များကို ကူညီလှူဒါန်းခဲ့ကြပါတယ် ….

About thihayarzar

thiha yarzar has written 76 post in this Website..