အသိနှင့် သတိ
သတင်းစကား တစ်ထောင်နှင့် အချင်းများတဲ့လူ့ဘောင်
အမှောင်နှင့်အလင်း အတွင်းနှင့်အပြင် အထင်နှင့်အရှိမသိကြတဲ့လောက၊
ဘယ်ကစလို့ ဘယ်မှာဆုံးမှန်းမသိ အသက်ရှင်ဘို့ လုံးပမ်းရင်း အမုန်းအချစ်တွေဖြစ်၊
အချစ်အမုန်းရဲ့ နိဂုံးဟာဘာလဲ ….
စည်းစိမ်ဆိုတာ ခြင်းကျားနှင့် ရေခပ်သလို
လိုချင်လို့သာရှာရ ဘယ်ဟာမှ အဖတ်မတင် ဖြစ်ချင်သလိုဖြစ်ကြ၊
သူကမပစ် ကိုယ်ကပစ်၊ ကိုယ်ကမပစ် သူကပစ် အနှစ်ဆိုတာဗလာ
ပူလောင်မှုသာ ကျန်ခဲ့။
အမှုမဲ့ အမှတ်မဲ့ ဘာမျှမသိခဲ့လျှင် အပယ်လမ်းသို့သွားဘို့ပြင်
အသင်ဘယ်သို့သွားမည်နည်း
အပယ်သို့လား …. အချစ်အမုန်း နိဂုံးသို့လား …..
အပယ်သို့မသွားလိုလျှင်
သင်ပထမဆုံးလုပ်ရမှာက ကိုယ့်မီးကို အရင်ငြိမ်း။
ပူလောင်လှတဲ့ ဒီလောကမှာ သီလကို ထီးလုပ်ဆောင်း
အကောင်းအဆိုး၊ အကြောင်းအကျိုး မြင်အောင်ကြည့်
ကြည့်ကားကြည့်၏ မမြင်လျှင် သမာဓိမျက်မှန်ကိုတပ်
ဝိဇ္ဖာဓါတ်ပေါ်လိမ့်မည်
ဝိဇ္ဖာဆိုတာ အသိ သတိမြတ်နှင့် ယှဉ်တွဲ
အထင်လွဲနေတာ အားလုံးပျောက်
ဗုဒ္ဓ ပြောတဲ့ နိဗ္ဗာန်တံခါးဝသို့ သင်ရောက်ပါလိမ့်မည် ။
(သမားတော်ကျောင်းတိုက်ဆရာတော် ဦးတေဇဝန္တ နှင့် သိဒ္ဓိအောင်သိုင်းပင်မဆရာကြီး
ဦးမြမောင်တို့၏ ကဗျာအား အများခံစားနိုင်ရန် ရွှေရည်စိုးမှ တင်ပြအပ်ပါသည်။)
3 comments
mgmglusoe
August 31, 2011 at 11:09 pm
အမှုမဲ့ အမှတ်မဲ့ ဘာမျှမသိခဲ့လျှင် အပယ်လမ်းသို့သွားဘို့ပြင် …
ဒီအရေးအသားတစ်ခုတော့ လုံးဝ လုံးဝ မကြိုက်ဘူးဗျာ… ကုမ္ပဏီ ဝန်ထမ်းတွေ အရောင်းမြှင့်ဖို့ အတွက်
မစွံစွံအောင် ကြော်ငြာနေသလိုမျိုး… သိပ် အတင်းအဖျင်းဆန်လွန်းသလားလို့ပါ…
သိလို့ တတ်လို့တော့လုံးဝမဟုတ်ပါ… ဆွေးနွေးခြင်းသာအမှန်ပါ…။
ရဲအောင်
September 1, 2011 at 12:00 am
ဟုတ်ပါရဲ့ အတင်းကြီးတော့မလုပ်လိုက်ပါနဲ့ ချော့ချော့မော့မော့လေးလုပ်ပေးကြပါခင်ဗျာ ၊
ချက်ခြင်းကြီး လုပ်ပီးချက်ခြင်းကြီးသွားလို့ရမယ်တဲ့လား၊ အခြေခံအုပ်မြစ် လေးများတည်ဆောက်ကြပါဦး၊
အခြေခိုင်မှ ယိုင်မလဲမှာဗျ၊
myanpyithar
September 1, 2011 at 2:58 pm
ကြုံတုံးမျှဝေလိုက်အုံးမယ်…ဆရာတော်တစ်ပါးပေးထားတဲ့ကဗျာလေးပါ..
တစ်နေကွယ်..သေနယ်သို့တခါကူး..
မေ့ရော့ကာ..သေဘူးထင်ပါနဲ့..
နေကွယ်တာ..အကြိမ်များရင်ဖြင့်
သေနယ်ရွာ…တစ်ကြိမ်လားရမယ်
တားမရဘူး…တဲ့
သတိရကြဘို့..မျှဝေတာပါ