ကျွန်တော်ဖတ်မိသော အတွေးစများ (၄)
ကျွန်တော်ဖတ်မိသော အတွေးစများ (၄)
ဆရာမ မလေးငြိမ် ရေးသားသော “ကိုယ်ကျင့်တရားမြင့်မားစေဖို့” ဆိုတဲ့စာအုပ်ကို ကျွန်တော် ၁၄-၁-၂၀၀၉ တုန်းကဖတ်ပြီးသွားပါတယ်။ ဆရာမ က ၂၀၀၅ စက်တင်ဘာတုန်း ကထုတ်ထားတာပါ။ ဆရာမ က သီလရှင် ဝတ်တုန်းလားမသိပါ၊ ကျွန်တော် အထင် ဘုန်းဘုန်း စာရေးဆရာ ကသာလျှင် များပြီး သီလရှင် စာရေးဆရာ က နည်းတယ်။ ဆရာမ ရေးတာကြိုက်သွားတာနဲ့ ထွက်တ ဲ့စာအုပ်တွေ အကုန်နီး ပါး ဝယ် ပြီးဖတ် လိုက်တယ်။ အဲဒီ “ကိုယ်ကျင့်တရားမြင့်မားစေဖို့” စာအုပ်က မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံဿ (တောင်မြို့) ရဲ့ ဩဝါဒ တွေကို စုစည်းတင်ပြထား တယ်၊ လူအတွက် ရယ် ရဟန်းတော်တွေအတွက် ရယ်ပါ။ ( ဆရာမ က စာအုပ်ရောင်းရငွေများ အားလုံးကို မဟာဂန္ဓာရုံ ကျောင်းတိုုက်ကြီးမှာ အကုန် ပြန်လှူ ပါတယ်) ဆရာမ က ကျွန်တော့်ရဲ့ သူရဲကောင်း ပါ။
အဲဒီ စာအုပ်ထဲ က စာမျက်နှာ ( ၈၄ ) မှာ
“ဘုရား ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း လေးရာကျော် လောက်မှ ရုပ်ပွားတော်၊ ဆင်းတုတော် ပေါ်လာတာ။ ပန်းပုထုသူ ဘယ်သူမှ လိုက် မမှီ ကြပါဘူး။ စာထဲမှာပါ တဲ့ ဂုဏ်တော် တွေ အရ မှန်းပြီး ထုကြရတာပါ။ တစ်ကယ်တော့ ဘုရားအကြောင်းသိ အောင် လေ့လာပြီးမှ ကြည်ညို ရတာ ပိုကောင်းတယ်” လို့ ဆရာတော်ရဲ့ ဩဝါဒ ကို ရေးသားထားပါတယ်၊
ဖတ်ပြီးကျွန်တော်ဆက်တွေးခြင်း
ဖတ်ပြီးတာ ၂၀၀၉ ကဆိုတော့ ကြာပြီနော်။ ဒါပေမဲ့ ဒီနေ့ ဩဂုတ်လ ၃၁ ရက် ထုတ် မြန်မာပို့စ် ဂျာနယ်မှ ဆောင်းပါး တစ်ပုဒ် ဖတ်မိ ပါတယ်။ မြန်မာနိုင်ငံ၏ ဒုတိယ ကျိုက်ထီးရိုး ဟုခေါ် ဆိုသည့် နေပြည်တော် ပျဉ်းမနား ရွှေပြည်သာ ကျေးရွာအနီး ရှိ ထူးခြားသည့်ကျောက်တုံးကြီး တစ်တုံး အကြောင်းဖြစ်ပါတယ်။ ဒီ ကျောက်တုံးကြီးကို မြတ်စွာဘုရား ကိုယ်တော် ပုံတော် ကိုပင် စာထဲမှာပါ တဲ့ ဂုဏ်တော် တွေအရ ပန်းပုထုသူ ဘယ်သူမှ လိုက် မမှီ ကြပါဘူးဆိုတဲ့ အတိုင်း ထု ပင်မထုရသေးဘဲ နယ်မြေလု နေကြပြီ။ ( အချပ်ပို)
ကျောက်တုံးကြီးဘဝပင် ရှိသေး ရှိခိုး နေကြပြီ။ မဖြစ်သင့်သေးပါ။ အနေကဇာတင် ပင် မတင်ရသေး ၊ ကျောက်တုံးကြီး ဘဝပင် ရှိသေးသည်။ ကျွန်တော် မြတ်စွာဘုရား ရဲ့ လက္ခဏာတော်များ ကို ဆရာတော် ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ရေးတဲ့ “ယောက်ျားမြတ်တိုရဲ့အမှတ်လက္ခဏာ” စာအုပ်မှာ ဖတ်ဘူးပါတယ်။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံဿ (တောင်မြို့) ရေးတဲ့စာအုပ်ထဲ မှာ လည်း ဖတ်ဖူးပါတယ်။ ကျွန်ေတော်တို့ မြတ်စွာဘုရား က ဘယ်သူမှ တုနိုင်းမမှီ နိုင်တဲ့ ထင်ရှားလက္ခဏာကြီး ( ၃၂) ပါး လက္ခဏာငယ် (၈၀) ရှိပါတယ်။ ဒါတွေကိုမှန်း ပြီးရှိခိုး စေ ချင်ပါတယ်။
ကျွန်တော့် မိတ်ဆွေ တစ် ယောက်ကို (မန္တလေးမဟာမြတ်မုနိ ဘုရားမှာ ဆိုင်ဖွင့် ထားသူ) နိုင်ငံခြား သားတွေ မေးလွန်း လို့ (အကူအညီတောင်းတာနဲ့) အင်္ဂလိပ်လို ဘာသာ ပြန်ပေးဘူးပါတယ်။ ဘုရားရုပ်ထု သူ့ဆီက ဝယ် ရင် ဘာသာပြန်ပြီးသား စာရွက်တွေ ပေးလိုက်တယ်။ သာသနာပြု ုခြင်း တစ်မျိုးလို့ထင် ပါ တယ်။ ဂုဏ်တော်မှန်း၍ ဘုရား အား ကန်တော့ နိုင် ကြပါစေ ဆုမွန်ကောင်းတောင်းလျှက်။
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံဿ (တောင်မြို့) ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ဆရာမ မလေးငြိမ် တို့အား ဦးခိုက်လျှက်။
6 comments
ကြောင်ကြီး
September 1, 2011 at 8:53 am
အဲဒါကြောင့် ဆရာတော်တချို့က ပြောတယ်မှတ်လား… အပြင်ဖက်ပန်းထက် နှလုံးသားထဲမှာ သာသနာတည်ဖို့ အရေးကြီးတယ်ဆိုတာ။ ပြောလည်းပြောပြောပါပဲ၊ အရိုးစွဲနေတာ ကြာပြီမို့ မောင်ကြီးလက်လျော့ နေလေတော့…။
မီးမီး သော်
September 1, 2011 at 12:11 pm
““ကျောက်တုံးကြီးဘဝပင် ရှိသေး ရှိခိုး နေကြပြီ။ မဖြစ်သင့်သေးပါ။ အနေကဇာတင် ပင် မတင်ရသေး ၊ ကျောက်တုံးကြီး ဘဝပင် ရှိသေးသည်””
ကိုကြောင်ကြီး ပြောတာမှန်လိုက်တာ။နှမလက်လျှော့နေလိုက်ပါတော့မယ်။ဟိ ဟိ
Sonny
September 1, 2011 at 12:28 pm
နှမ မီးမီးသော် လက်လျှော့တော့ ဘယ်လိုရှိခိုးမလဲ(just kidding)။ လက်လျှော့ချင်ရင်လျှော့ စိတ်မလျှော့နဲ့။ စိတ်ကအားလုံးကိုဆောင်တယ်။ ချမ်းသာသူ ဆင်းရဲသူ။ အဆင်ပြေသူ မပြေသူအားလုံး စိတ်က စ တာပဲ။ လွဲသောအမှားများ ကိုထောက်ပြကြပါ။
Sonny
September 1, 2011 at 12:22 pm
လက်လျှော့လိုက်ပါပြီဆရာကြောင်၊ စိတ်တော့မလျှော့သေးဘူး။ ဗုဒ္ဓဘာသာ အလွဲများ အတွက်တတ်နိုင်သလောက် တည့် အုံးမှ။ ဆက်တိုက်လိုု်က်အုံးမယ်။ ဘုရားပန်းထက်နတ်ပန်းညှိုးမှာ ကြောက်ကျတာဗျ။ မင်္ဂလာပါ ခင်ဗျာ။
TTNU
September 1, 2011 at 9:04 am
ကျောက်တုံးကြီးကို ကျိုက်ထီးရိုးပုံတူတယ် ဆိုပြီး AMAZED ဖြစ်ကြတာကတော့ နည်းနည်းအဆင်ပြေပါသေးတယ်။ သိပ် သပ္ပါယ်တယ်ပြောပြီး ချမ်းသာပါရစေ ဘာညာ ဆုတောင်းနေပုံ ကြည့်ရတာ စိတ်မကောင်းစရာပါ။ ထေရဝါဒ ဗုဒ္ဓဘာသာ ဝင်တွေ ဟုတ်မှ ဟုတ်ကြပါစ လို့ တွေးမိနေတော့တယ်။ သမိုင်းဦး ဘုံမြေခေတ်က တောတွေ တောင်တွေ ကျောက်တုံးကြီးကြီးတွေ ပူဇော်နေသလို ဖြစ်သွားပြီပေါ့။ ကိုယ်တို့ လူတွေ ကလည်း ဘာကိုမဆို ဦးညွှတ်ဖို့ လက်အုပ်ချီဖို့ အရမ်းလွယ်တတ်ရှာတယ်ကွာ။
Sonny
September 1, 2011 at 12:31 pm
ဦးညွှတ်တာ က တော်သေး လက်အုပ်ချီ တာကပိုဆိုး တာပေါ့ ဆရာမ ရေ။ ထိချင်း ငါး ပါးတော့ မဟုတ်လောက်ပါ ဘူးနော်။