မနောဖြူရဲ့ ရန်ကုန်မြို့လည်က ရှုခင်းတွေကိုကြည့်ပြီး ပြီးခဲ့နှစ်ပတ်လောက်က ထရိတ်ဒါး ဟိုတယ်ရောက်တုန်း လက်သရမ်းထားတဲ့ ပုံလေးတွေ တင်ပေးလိုက်ပါတယ် … ။ပို့စ်တင်ဖို့ မရည်ရွယ်ထားပေမဲ့ … ဟိုတကွက်ဒီတကွက် အလှချင်းပြိုင်နေတဲ့ သွပ်မိုးတွေကို သဘောကျမိလို့ ရိုက်ထားခဲ့တာပါ … ။ အထပ်၂၀ က အခန်းတစ်ခန်းရဲ့ … ဧည့်ခန်း မှန်ပြားဘေးက ရိုက်ထားတာပါ … ။

မြို့လည်ခေါင်က ရှူခင်းကို ကြည့်ပြီး သဘောကျနေတဲ့ ရွာသူရွာသားတွေအတွက် … ခေါင်မိုးရောင်စုံမြင်ကွင်းလေးကို နှိုင်းယှဉ်ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ် … ။

နာဂစ်ဒုက္ခပေးအပြီး သုံးနှစ်ကျော်ကြာသည့်တိုင်အောင် ခေါင်မိုးလေးတွေကတော့ … အဖာတစ်ရာနဲ့လေ … ။ အမှတ်တရ ပြယုဂ်တစ်ခုပါပဲ … ။

 

မိုးအုံ့ အုံ့ လေးမှာ ... လေဟုန်စီးရင်းပျံဝဲနိုင်တဲ့ ... ငှက်ကလေးတစ်ကောင် ဖြစ်ချင်ပါတယ် :P

 

ဒါကတော့ မြို့တွင်းဘက်ကို လှည့်ရိုက်ထားတဲ့ပုံပါ ... စကော့ဈေးကြီးနဲ့ .... FMI ကိုမြင်ရတယ် ... စူပါဝမ်းကုန်တိုက်ကတော့ ခေါင်မိုးပဲမြင်ရတယ် .. :D

 

နောက်တာမဟုတ်ဘူးနော် … ပြချင်လို့ပါ .. ဟိဟိ …  :roll:

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!