ရေတော်ဆရာတော် ပျံလွန်တော်မူူ

မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ် ရေတော်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဟာ ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ နှစ်နာရီအချိန်ခန့်မှာ တောင်ပြင်ထီးလင်းတိုက်မှာ နှလုံးရောဂါနဲ့ ပျံလွန်တော်မူ သွားပြီဖြစ်ပါတယ်။
ဆရာတော် ပျံလွန်တော်မူချိန်မှာ သက်တော် ၇၅ နှစ် ဝါတော် ၅၅ ဝါရှိပြီ ဖြစ်တယ်။ ဆရာတော်ရဲ့ ဥတုဇရုပ်ကလပ်ကို ဇန်နဝါ ရီလ ၁၄ ရက်နေ့မှာ ဧရာဝတီမြစ် ကမ်းဘေးရှိ ချော်ဆိပ်သို့ ပင့်ဆောင်ပြီး မီးသင်္ဂြုဟ်သွားလို့ သိရပါတယ်။