ရုံးလာခဲ့ပါ..

ကိုယ်တိုင်ကြုံတွေ့တာလေးပြောပြချင်ပါတယ်။။။ ရပ်ကွက်ထဲမှာ မှတ်ပုံတင်လာလုပ်ပေးမယ်ဆိုလို့ သမီးကြီးကို မှတ်ပုံတင်လုပ်ပေးဖို့ သူ့အဖေနဲ့ သွားခိုင်းခဲ့ပါတယ်. ဟိုရောက်တော့ form ၀ယ်ပြီး ထုံးစံအတိုင်း ဖြည့်ရတာပေါ့..  ဖြည့်ပြီးလို့ ထပ်ပြီး ကိုယ့်အလှည့်ကြတော့ form ကိုစစ်ပေးတဲ့ လ.၀.က မှ အရာရှိက “ဒီမှာမပြီးဘူး ရုံးလာခဲ့လို့” ပြောပါတယ်.. ဒါကြောင့်ကျမ အမျိုးသားက လာအတွက်လဲလို့မေးတော့… အမျိုးသမီးရဲ့ မှတ်ပုံတင်က လှိုင်မြို့နယ်ကဖြစ်နေလို့တဲ့လေ.. ဒီတော့ လှိုင်မြို့နယ်မှာ ဖိုပ်တွဲ သွားရှာရမယ်တဲ့…  ကျမအမျိုးသားကလဲ ခပ်ရွတ်ရွတ်ဆိုတော့ ဒီမှာ ခင်များတို့ တရားဝန် ထုတ်ပေးထားတဲ့ မှတ်ပုံတင်မူရင်း copy  နဲ့ သန်းခေါင်စာရင်းတွေ ပါပေးတာတောင်မရဘူးလား… ဘာလဲ တာမွေကလူက တာမွေက မိန်းမကိုဘဲ ယူရမဲ့သဘောလား.. ကျနော်က ချင်းပြည်က မိန်းမကိုယူမိရင် ချင်ူပြည်ထိ ဖိုပ်တွဲ သွားရှာပေးရမှာလားဆိုပြီး စိတ်ဆိုးပြီး ပြန်လာခဲ့တယ်… ရှာဖို့လိုတယ်ဆိုလဲ သူတို့ရုံအချင်းချင်း ရှာတာပိုမမြန်ပေဘူးလား…. ခုထပ်ထိ သွားခိုင်းလို့ကိုမရတော့ဘူး…  သူတို့ပြောပြော နေတဲ့ သတင်းထဲမတော့ နေ့ချင်းပြီးလုပ်ပေးနေတယ်ဆိုဘဲ…  အင်း ကိုယ်တိုင်ကြုံရမှသိတာပါ….

About May

has written 1 post in this Website..