ဆရာကောင်း ( မြန်မာဟာသ <<>> မှ)

ShwemannmayMay 17, 20101min1607

မယုံမရှိကြနဲ ့။ ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန် ့ကို

ရည်ရွယ်ချက်ကြီးပြီး… သူတို ့လိုချင်တဲ့ ပညာတစ်ခုရဖို ့ ဆို

ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲလုံ ့လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို ့ ရဲ့

အားနည်းချက်လို ့ ဆိုရမလားပဲ…။

ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ ့ဆင်းရတဲ့ နေ ့တစ်နေ ့ပေါ့။

ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့…မယ်ဆိုတော့ တအားကိုပဲ

ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို ့တစ်ဖွဲ ့သားလုံးရဲ့

ရှေ ့ မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို

့…။

အားလုံးလိုက်လုပ်ရမယ့် လက်တွေ ့သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက

ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။

“ပထမ အချက်အနေနဲ ့… … … အဟမ်းအဟမ်း…”

ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ ့ကြည့်လိုက်ပြီးမှ

လေးလေးပင်ပင်နဲ ့…

“ရင်ခွဲရုံမှာ… ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို ့မှာ…

ရွံတတ်တဲ့စိတ်ရှိလို ့ လုံးဝမဖြစ်ဘူး”

ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ ့ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ

့လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ

့ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ ့ စုပ်ပြလိုက်ပါတော့တယ်။

“အီးးးးးးး”

“အူးးးးးးး”

“အိုးးးးးးး”

ကြည့်နေကြတဲ့ သူတွေအားလုံး လန် ့ဖြန် ့ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက

အာမေဋိတ်သံတွေ ထွက်လို ့ မဆုံးခင်မှာတင်ပဲ ဆရာက …

“ကဲ… အားလုံးမြင်ပြီးကြတဲ့အတိုင်း… မင်းတို ့ တွေ

ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့… ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”

မယုံမရှိကြပါနဲ ့။

‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။

စောစောတုန်းက ‘ဟင်’ ရယ် ‘ ဟယ်’ ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ

မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။

လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ
မြည်အောင် စုပ်…။

ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။

အားလုံးလက်တွေ ့လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့

တစ်ချက်ကို ဆက်ပြီး ပို ့ချတာပေါ့။

“ဒုတိယအချက်ကတော့… ပိုပြီး အရေးပါတဲ့..အပြင်… အတွေ ့အကြုံ

မရှိသေးသူများအဖို ့… လိုက်လုပ်ဖို ့ အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က

ဘာလဲဆိုတော့… မျက်စိလျင်လျင်ထားပြီး… စူးစမ်းလေ့လာတတ်ဖို ့ပါပဲ။”

“အခုနတုန်းက… ဆရာမင်းတို ့ရှေ ့မှာ နှိုက်ပြတဲ့ လက်က…

လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့… လက်ခလယ် မဟုတ်ဘဲ… လက်ညှိုးကို

ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်… ဒီအချက်ကို…

ဘယ်ကျောင်းသားမှ… သတိမမူမိလိုက်ကြပါဘူး…”

😀

7 comments

  • banban

    May 17, 2010 at 7:41 am

    ဆေးကျောင်းသား/သူတွေ စာတွေအများကြီး ကြည့်ရတော့ မျက်မှန်ကြီးတွေနဲ့ဆိုတော့ မမြင်လို်က်တာနေမှာ… 😛

  • punker

    October 5, 2010 at 2:02 pm

    ha ha ha ha အရမ်းမိုက်ဗျ…:)))

  • koyinmaung

    September 18, 2011 at 11:54 am

    ကောင်းတယ်…
    မတွေ့သေးတဲ့ရွာသားတွေ
    ဝိုင်းမန်းလိုက်ကြပေတော့

  • မီးမီး သော်

    September 18, 2011 at 12:19 pm

    ဟယ် ဟုတ်လိုက်တာနော်။ဆေးကျောင်းသားတွေ အဖြစ်က ပန်းကန်ဆေးဖို ့ဘဲကောင်းပါတော့တယ်။အ လိုက်တာ နော်။စိတ်ပျက်တယ်။

  • nature

    September 18, 2011 at 4:07 pm

    တော်တော်နောက်တဲ့ဆရာ။ ပညာတော့ တော်တော်ရပါတယ်။
    ဘာပဲလုပ်လုပ် ကိုယ်ဆရာဆိုတိုင်း အရမ်းမယုံပဲ ကိုယ့်ရဲ့ စဉ်းစားဉာဏ်နဲ့ ချင့်ချိန် ဖို့လိုမယ်ထင်တယ်။ နောက်ဆို ဒီဆရာ ဘာလုပ်လုပ် ကျောင်းသားတွေက အရမ်းမယုံတော့ဘူး။ သံသယဝင်သွားပြီ။ ဒီလိုမျိုးလုပ်တိုင်းဆရာဝန် ဖြစ်နိုင်မလား။ စာကြိုးစားမှ စာမေးပွဲအောင်မှ သာ ဆရာဝန်ဖြစ်နိုင်မှာပါ။

  • musicalpunk

    September 18, 2011 at 5:33 pm

    အဲဒါ ဘယ်နှစ်ခုနှစ်က ကျောင်းသားတွေ ဖြစ်နိုင်မလဲ..မျက်လှည့်ဆရာနဲ့ တွေ့တော့ ခံလိုက်ရပီပေါ့။

Leave a Reply