ကျေးရွာစာကြည့်တိုက်ဖောင်ဒေးရှင်းစတင်တည်ထောင်

klnMay 18, 20101min741

ကျေးရွာစာကြည့်တိုက်ဖောင်ဒေးရှင်းဖွဲ့စည်းတည်ထောင်ခြင်းနှင့် အလှူငွေကျပ် ၇၂၀၉သိန်း ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ IBC ခန်းမတွင် မေ ၁၅ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအတွင်းရေးမှူး(၁)ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးနှင့် တာဝန်ရှိသူများ၊ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဦးကျော်ဆန်းနှင့် အလှူရှင်များ တက်ရောက်ကြကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး( ၁) ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက ကျေးရွာစာကြည့်တိုက်ဖောင်ဒေးရှင်းဖွဲ့စည်းတည်ထောင် ရခြင်းနှင့် ပတ်သက်သည့် အကြောင်းများရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် အလှူရှင်များလှူဒါန်းသည့် ငွေသားကျပ် ၇၀၃၁သိန်းသုံးထောင့်ငါးရာနှင့် ၁၇၈သိန်းလေးသောင်းတန်ဖိုးနှင့်ညီမျှသည့် စာအုပ်များကို တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်းသိရသည်။

One comment

  • susunosuki

    May 18, 2010 at 8:34 am

    တည်ပြီးရင် ထိန်းဖို့လည်းလိုတယ်
    ကျွန်တော်မြင်မိသလောက်နိုင်ငံအနှံက စာကြည့်တိုက်အများစုဟာ ပိတ်ထားတာချည့်တွေ့ရတယ်
    တစ်ချို့ဆို အလဟဿ ပျက်စီးနေတယ်

Leave a Reply