ယခုရက်ပိုင်းအတွင်း ဂေဇက်ရှိ blackchaw နှင့် etone တို ့၏ ဖုန်းအကြောင်း ဇါတ်လမ်းများကို ဖတ်ပြီးသကာလ

ကျွန်တော် ကြုံခဲ့ဖူးသော ဖုန်းဇါတ်လမ်းလေး တစ်ပုဒ်အကြောင်း ပြန်ရေးပြချင်လာပါသည် ။ အဖြစ်မှန်ဟု ထင်ချင်လည်း ထင်နိုင်ပါသည် ။

ယခုပို ့စ်အတွက် မြင်ဆရာများမှာ blackchaw နှင့် etone တို ့ဖြစ်ပါသည် ။

Ok ! Let’s start the show !

တူ…တူ….တူ..

ဟူး….

ကျွန်တော် ခေါ်ဆိုလိုက်သော ဖုန်းနံပါတ်မှာ ဝင်သွားပြီ ဖြစ်သော်လည်း တစ်ဘက်က မကိုင်သေးသောကြောင့် သက်ပြင်းရှည်ကြီး ချမိသည် ။

ကျွန်တော် ခေါ်နေသော ဖုန်းနံပါတ်မှာ ၊ ကျွန်တော့် မိန်းမ ၏ ဗိုက် ( ကိုယ်ဝန် ) ကို အပ်ထားသည့် အိုဂျီဒေါက်တာမ ၏ ဖုန်းဖြစ်သည် ။

ကျွန်တော့် မိန်းမ ဗိုက် ( ကိုယ်ဝန် ) မှာ သက်ဦး ၊ သားဦး ၊ ကျွန်တော် ကိုယ်တိုင် စိတ်အရမ်း လှုပ်ရှားနေသည် ။

( ကျွန်တော့် မိန်းမ မှာ ခင်ဗျား တို ့သိပြီးသား ဖြစ်ပါလိမ့်မည် ။ ကျွန်တော် က သူ ့ ဒုတိယ ယောက်ျားဖြစ်သည် ။ သူ၏ ပထမ ယောက်ျားမှာ အင်္ဂလန်ရှိ နာမည်ကြီး ဘောလုံးအသင်းမှ နာမည်ကြီး နောက်တန်း ဘယ်စွယ် ကစားသမား ဖြစ်သည် ။ )

မနေ ့ညကတဲက ဗိုက်ကနာနေပြီ ဆိုသဖြင့် မြန်မာနိုင်ငံ ရှိ အကောင်းစား ဟု ဆိုနိုင်သော အထူးကု ဆေးရုံကြီးတွင် အိုဂျီဒေါက်တာမ နှင့် တိုင်ပင်ပြီး တင်ထားခဲ့ပြီး ဖြစ်သည် ။

မနေ ့ည က ဆေးရုံ သို ့ရောက်နေစဉ် US မှ မန်းဂေဇက်ကုမ္ပဏီပိုင်ရှင် အန်ကယ်ခိုင် ၏ အရေးတကြီး ခေါ်ဆိုသော ဖုန်းဝင်လာသဖြင့် လက်ခံ ဖြေရာမှ ..

အန်ကယ်ခိုင် က အလွန် ့အင်မတန် အရေးကြီး ကိစ္စတစ်ခု ဖြေရှင်းရန် အကြောင်းပေါ်လာသောကြောင့် ချက်ချင်း US ကို လာပါရန် အထူးမေတ္တာရပ်ခံလာသည် ။

( စကားချပ် ။ မန်းဂေဇက် ကုမ္ပဏီ မှာ အမြဲလို ကျွန်တော့်အကြံဉာဏ်လေး များ တောင်းယူနေကြဖြစ်သည် ။ ထို ့အတွက် အကြံတစ်ခါပေးရလျှင် မြန်မာငွေ သုံးဆယ်ကျပ် မှ အများဆုံး ခြောက်ဆယ်ကျပ် ၊ ခုနှစ်ဆယ်ကျပ် ခန် ့အထိ ပူဇော် လေ့ ရှိပါသည် ။ ပိုက်ဆံမှာ အဓိကမဟုတ် ၊ ကျွန်တော်၏ အကြံဉာဏ် များ ကို တစ်လေးတစ်စား ယူသဖြင့် ပေးနေရခြင်း ဖြစ်သည် )

အလုပ်ကိစ္စက အရေးကြီးလာပြီ ဖြစ်သဖြင့် ၊ သားဦးလေး မွေးပေးမည့် မိန်းမ ကို နားလည်အောင် ပြောခဲ့ပြီး ၊ ကိုယ်ပိုင် ဂျက်လေယာဉ် ဖြင့် US သို ့လာခဲ့ရသည် ။

US မန်းဂေဇက်ကုမ္ပဏီ ရှိ အစည်းအဝေးခန်းမ တွင် ထိုင်ပြီးသည့် နောက် မှ ၊ အန်ကယ်ခိုင် ဦး(အုန်း)စားနေသည့် ကိစ္စများကို ဖြေရှင်းပေးပြီး နောက် …

နာရီကို ကြည့်လိုက်ရာ ၊ ကျွန်တော့် မိန်းမ နားမှ ထွက်ခွါလာခဲ့သည် မှာ ၈နာရီ ကျော်ခဲ့ပြီ ။ သေချာပြီ ၊ ဒီအချိန်လောက်ဆို သူ မွေးပြီးလောက်ပြီ ။ ဒီအချိန်ဆို မြန်မာ မှာ မနက်..

“ ဘာလေး မွေးတာပါလိမ့်  ၊ သားသား လေး လား ၊ မီးမီး လေးများလား ” အရမ်းသိချင်ဇောဖြင့် ကိုယ်ပိုင်လေယာဉ်ပေါ် ပြန်မတက်ခင် ဖုန်းခေါ်မိသည် ။

ဪ…ဘာလို ့သားလား သမီးလား ကြိုမသိတာလဲ ၊ အာထရာဆောင်း မရိုက်ထားဘူးလား ဟု စာဖတ်သူအနေဖြင့် ၊ စောဒက တက်ချင်စိတ်  ဖြစ်မိပေလိမ့်မည် ။

ကျွန်တော် ကော ၊ ကျွန်တော့် မိန်းမ  ပါ ၊ ဘာလေးမွေးမွေး ချစ်ကြမည် မှာ အသေအချာ ဖြစ်သောကြောင့် အာထရာဆောင်း မရိုက်ခဲ့ကြခြင်း ဖြစ်ပါသည် ။

ဖုန်းဝင်သွားအပြီး တော်တော်ကြာမှ အိုဂျီဒေါက်တာမ က ဖုန်းကိုင်သည် ။

“ ဟယ်လို ”

“ ဟယ်လို…ဒေါက်တာ..ကျွန်တော်ပါ ၊ ချယ်ရီ  ့ယောက်ျားပါ ၊ ကျွန်တော့်မိန်းမ ချယ်ရီ ဘာလေးမွေးတာလဲ ဟင် ”

“ ရှင်…ဘယ်လို…x@$##%#%@&@^! ”

တစ်ဘက်မှ အိပ်ချင်မူးတူး အသံဖြင့် ဘာတွေ ပြောလိုက်မှန်း ကျွန်တော် သဲကွဲစွာ မကြားလိုက်ရ ၊ ကျွန်တော့်မှာ ကျွန်တော့် ကလေး ဘာလေးလဲ ဆိုတာ သိချင်စိတ် လွန်စွာကြီးမားနေခဲ့သည် မလား ။

“ ဟယ်လို ၊ ဒေါက်တာရေ ၊ ကျွန်တော် မကြားရလို ့ပါ ခင်ဗျ ၊ ကျေးဇူးပြုပြီး ကျယ်ကျယ်လေး ပြောပေးပါခင်ဗျ ၊ ကျွန်တော် ချယ်ရီ  ရဲ  ့ယောက်ျား ပါ ”

“ ရှင်က ချယ်ရီတွီ ရဲ  ့ယောက်ျားလား ၊ အဟင့် ”

လေသံမှာ စသံနောက်သံ ပါလာသော်လည်း ၊ ကျွန်တော် ဂရုမစိုက်အားတော့…

“ ဟုတ်ပါတယ် ခင်ဗျ ၊ ကျွန်တော် ့မိန်းမ ချယ်ရီ ယောက်ျားလေး မွေးတာလား ၊ မိန်းခလေး မွေးတာလား ခင်ဗျ  ”

တစ်ဘက် မှ ခဏ တိတ်ဆိတ်သွားသည် ။

“ ဟယ်လို…ဟယ်လို…ဒေါက်တာ ရေ ကြားရလား ခင်ဗျ ၊ ဟယ်လို ”

“ ရှင့်မိန်းမ သုံးမွှာပူးလေး မွေးတယ် ရှင့်  ”  တူတူတူ……ဖုန်းက ကျသွားခဲ့ချေပြီ ။

“ ဟိုက်ရော…သုံးမွှာပူးတောင်မှ တဲ့ ၊ လေပြီဟေ့ ၊ တောက်..ချယ်ရီမ မီးနေခန်းက ထွက်လာမှ တွေ ့မယ် ၊ ငါ အတန်တန် ပြောခဲ့ပါတယ် ၊  ဒီငှက်ပျော အမွှာတွေ မစားပါနဲ ့၊ ဒူးရင်းအမွှာတွေ မစားပါနဲ ့ဆိုတာကို ဇွတ်ငတ်ကြီးကျ ခဲ့တာ ၊ အခုတော့ သုံးယောက်တောင် ၊ ဟင်း… ”

ကျွန်တော်လည်း စိတ်ပင်ပန်း ကြီးစွာဖြင့် ကျွန်တော့် ကိုယ်ပိုင် ဂျက်လေယာဉ်ပေါ် တက်ကာ မြန်မာနိုင်ငံသို ့ပြန်လာခဲ့သည် ။

ဆေးရုံကို ရောက်တော့ ကျွန်တော့် မိန်းမ ရှိရာ အခန်း ဆီသို ့အပြေးလေး ဝင်လိုက်သည် ။

အခန်းထဲ သို ့အရောက် စိတ်လှုပ်ရှားခြင်း ကြီးစွာဖြင့် ကြည့်လိုက်သော အခါ ၊ ခုတင်ပေါ်တွင် ကျွန်တော့် မိန်းမ ချယ်ရီ မောပန်းစွာဖြင့် အိပ်ပျော်နေသည် ။

အိုဂျီဒေါက်တာမ က ကလေးလေး ကို ပွေ  ့ချီထားသည် ။ ကျွန်တော် လည်း ပြူးတူး ပြဲတဲဖြင့် အခန်းထဲ လှည့်ပတ်ကြည့်လိုက်ပြီးနောက်….

“ ဒေါက်တာ…ကျန်တဲ့ ကလေး နှစ်ယောက်ရော ဟင် ”

“ ရှင်…ဘယ်က ကလေးနှစ်ယောက် ကို မေးတာလဲ ဟင် ၊ ကျွန်မ လက်ထဲက ကလေးက ရှင့်ကလေး လေ ၊ ယောက်ျားလေး ရှင့် ၊ ကြည့်ပါဦး ၊ ချစ်စရာ အရမ်းကောင်းလိုက်တာ ၊ အဖေ ကော အမေ ပါ အချောအလှတွေ ချည်း ဆိုတော့ ကလေး က အရမ်းချစ်စရာကောင်းတာပဲ…ဟင်းဟင်း ”

ကျွန်တော် လည်း ဦးဏှောက်ခြောက်သွားပြီး….

“ ဟိုလေ…စောန က ဖုန်းထဲမှာ ဒေါက်တာ ပြောတော့ သုံးမွှာပူး မွေးတယ် ဆိုလား လို ့ ”

“ ရှန်…မပြောရပါဘူး တော် ၊ ဒါနဲ ့ရှင်က ဘယ်တုန်းက ကျွန်မ ဆီ ဖုန်းဆက်လို ့လဲ ”

“ ဟောဗျာ….ဒီမှာလေဗျာ ၊ ဒီမှာ ကြည့် ”     ပြောပြောဆိုဆိုဖြင့် ၊ ကျွန်တော့် ဖုန်းကို ထုတ်လိုက်ပြီး ၊ ခေါ်ထားသော ဖုန်းနံပါတ်အား ထုတ်ပြလိုက်တော့

“ ဒီမယ် ၊ ရှင့်ဟာ က နောက်ဆုံး တစ်လုံး လွဲနေတာကြီး ၊ ရှင် စနောက် ခံ လိုက်ရပြီ ပေါ့ ”

“ ဗျာ…. ”

သူမ လက်ထဲ မှ ဖုန်းကို ပြန်ယူကြည့်လိုက်တော့

“ ဟိုက်..ဟုတ်ပဗျာ ၊ ဆောရီး ဒေါက်တာရေ ၊ ကျွန်တော် လည်း ကျွန်တော့်မိန်းမ ဘာလေး မွေးတာလဲ ဆိုတာ အရမ်းသိချင်ဇော နဲ ့ဖုန်းခေါ်လိုက်တာ ၊ နံပါတ်မှားသွားခဲ့တယ် ဗျာ ၊ ဟီးဟီး…အဲဒီဖုန်းကိုင်တဲ့ တစ်ယောက် က လဲ အမျိုးသမီးပဲဗျ ၊ တော်တော် နောက်တဲ့ အမျိုးသမီးဗျာ ၊ ကျွန်တော့် မှာ တစ်ကယ်ကြီး သုံးမွှာပူး မွေးတယ် မှတ်လို ့၊ မိန်းမ အတွက် စိတ်ပူနေခဲ့တာဗျ ၊ ဟားဟား ”

“ ကဲပါ..ဒါမျိုးတွေက ဖြစ်တတ်ပါတယ် ၊ ရော ့ဒီမှာ ရှင့်ကလေး ကို ယူပါဦး ၊ ချစ်စရာ အရမ်းကောင်းတာပဲ ”

သို ့နှင့် ကျွန်တော် နှင့် ကျွန်တော့် မိန်းမ ချယ်ရီ တို ့လည်း ချစ်စရာအရမ်းကောင်းသော သားယောက်ျားလေး ကို အောင်မြင်စွာ ပိုင်ဆိုင်ခဲ့ကြရလေသည် ။

—————————- အားလုံးကို ကျေးဇူးတင်ပါသည် —————————-

 

 

 

 

About မောင် ပေ

မောင် ပေ has written 396 post in this Website..