ပထမဆုံး မြို့တွင်းနယ်ဝေး ဖုန်းဆက်လို့ရသည် လို့စာလေးကပ်ထားတဲ့ ကုန်စုံဆိုင်လေးထဲဝင်ခဲ့မိတယ် ဆိုင်ထဲရောက်တော့ ဆိုင်ရှင်ဖြစ်ဟန်တူတဲ့ အန်တီက သားဘာဝယ်မလို့လဲဆိုပြီးမေးပါတယ် မဟုတ်ဘူးအန်တီ  ကျနော်နယ်ကိုဖုန်းဆက်ချင်လို့ဆိုတော့မှ ဆက်လေလို ခွင့်ပြုတော့ ကိုယ်ဆက်သွယ်မဲ ဖုန်းနံပါတ်လေးကိုနှိပ်ပေါ့ တအောင့်ကလေးကြာတော့ တစ်ဖက်က ဟဲလို အမိန့်ရှိပါတဲ့ အင်း ငါ့အစ်ကို များလားမသိဘူးဆိုပြီး အစ်ကိုနေကောင်းလားလို့ အရင်မေးလိုက်တယ်  ဟာဇင်မျိုးလား ငါမင်းအစ်ကိုမဟုတ်ဘူးဟ မင်းဦးလေး မောင်ကျော်ဆိုတော့မှ အော်ဦးလေးကျော်လား အစ်ကိုထင်နေတာ ကျနော် အမေတို့နဲ့ဖုန်းပြောချင်လို့ အိမ်မှာအမေတို့မရှိဘူးလားဆိုတော့ မင်းအဖွားအိမ်သီတင်းကျွတ်သွားကန်တော့ကြတယ်ကွ ခဏနေရင်တော့ပြန်ရောက်တော့မှာပါဆိုတာနဲ့ ဦးလေးကျော်နဲ့ပဲ စကားဆက်ပြောနေတယ် ဦးလေးကျော် အိမ်မှာ ဘယ်လိုလဲဗျ အစစအရာရာ အဆင်ပြေလားဆိုတော့ သိပ်မပြေပါဘူးကွာ မနှစ်ကလည်း တော်တော်ရှုံးတယ်လေကွာ ရာသီဥတုက မမှန်တော့ သီးနှံတွေအကုန်ပျက်စီးတာ တော်တော်နာတယ်ကွ ပဲတွေကလည်း သိပ်မရဘူးကွာ စပါးကလည်း ပိုးကျတာနဲ့ အခါတိုင်းနှစ်တွေလောက်မရဘူး အကြွေးတောင် နည်းနည်းတင်သေးတယ်ကွတဲ့ မင်းရောအဆင်ပြေလား ကျောင်းရောတက်ရပြီလား မေးတော့ အဆင်ပြေပါတယ် ဒီမှာလည်း သိတဲ့အတိုင်းပဲဗျာ ရတာနဲ့ ကိုယ်ဝတ်တာကိုယ်စားတာနဲ့ လောက်ရုံပါပဲ ဦးလေးလည်း ဒီမှာ အလုပ်လုပ်ဖူးတာပဲ သိတဲ့အတိုင်းပဲလေးဆိုတော့ အေးပေါ့ကွာ မင်းအိမ်မပို့နိုင်ရင်နေ ကိုယ့်ဟာနဲ့ကိုယ်လောက်ငှအောင်သုံးကွဆိုပြီး ဆုံးမနေတုန်း မင်းအမေနဲ့ပြောမလား ပြန်ရောက်လာပြီကွဆိုတော့  အင်းပေးလိုက်လေ အမေနဲ့ပြောလိုက်အုံးမယ်ဆိုပြီး အမေ လူကြုံနဲ့ ကျနော်ကန်တော့လိုက်တဲ့ ဆေးတွေနဲ အစ်ကိုတို့ ညီလေးတို့အတွက်ဝယ်ပေးလိုက်တဲ့အ၀တ်အစားတွေ ရသလားဆိုတော့ အေးရတယ် မောင်တာ မင်းသာလောက်အောင်သုံးလေ အိမ်ကိုဘာမှဝယ်မပေးနဲ့ အိမ်မှာက သိပ်လိုအပ်တာမဟုတ်ဘူး (မောင်တာ ဆိုတာက နယ်တွေက မိဘတွေက ကိုယ့်ရဲ့သားတွေကို အဲလိုပဲ နာမ်စားသုံးခေါ်တာပဲလေ)ဟုတ်ကဲ့ပါ အမေရာ အရင်နေ့က ဖုန်းဆက်တော့ အစ်ကိုတို့က မှာလို့ပါ ကျနော်လည်း အဆင်ပြေပါတယ် လို့ပြောရတာပေါ့ အမေတို့ရော သီးနှံတွေလယ်ယာတွေက အဆင်ပြေလားဆိုတော့ အဆင်ပြေတယ် မောင်တာ မင်းသာအဆင်ပြေအောင်နေ စာမေးပွဲလည်း ဒီနှစ်အောင်အောင်ဖြေနော် အမေတို့မှာလည်း မင်းတစ်ယောက် ဆယ်တန်းအောင် ပါတာဆိုတော့ မင်းနဲ့ဘွဲ့ယူတဲ့ ဓာတ်ပုံလေးတွေ ရိုက်ချင်သေးတယ် မောင်တာရဲ့ အောင် အောင်ဖြေနော် စာမေးပွဲကို စာမလိုက်နိုင်ရင်လည်း အခုကတည်းက အလုပ်ထွက်လိုက် ပိုက်ဆံကို အိမ်ကပို့ပေးမယ် မင်းသာစာမေးပွဲကို အောင် အောင်ဖြေ တစ်နှစ်ဆိုတစ်နှစ် အသက်ကြီးတယ် အချိန်ကုန်တယ် မောင်တာ အခုကတည်းက အလုပ်ထွက်လိုက်ရင် မင်းစာကျက်ချိန်တောင် ပိုရသေးတယ် အလုပ်က ကျောင်းပြီးမှ အေးအေးဆေးဆေးလုပ်လို့ရတယ် စာမေးပွဲလေးသာ ဂရုစိုက်ဖြေနော် ပိုက်ဆံကို အမေအိမ်ကပို့ပေးလိုက်မယ် ဟုတ်ပြီလား အိမ်မှာက ငှက်ပျောခြံကလည်း တော်တော်ခုတ်ရတော့ အဆင်ပြေတယ် စပါးတောင် ၀ယ်ထားနိုင်တယ်လို့ဆိုလာတော့ အမေ ကျနော်စိတ်ချမ်းသာဖို့ မုသာဝါဒ သုံးနေပြီဆိုတာ သိလိုက်ရပြီ စောစောကတောင် ဦးလေးကျော်ပြောတာ ရာသီဥတုက ဖောက်ပြန်တော့ သီးနှံတွေ သိပ်မဖြစ်ဘူး တောင်သူတွေ တော်တော်များများ ရှုံးတယ်ဆိုတာ သိပြီးသားပဲ စာနယ်ဇင်းတွေမှာတောင်ပါလာသေးတာပဲ တောင်သူတွေ အထိနာကုန်တယ်ဆိုတဲ့အကြောင်းတွေ  ဒါတောင် အမေက  ကျနော်စိတ်ချမ်းသာဖို. လိမ်ပြောပေးနေတာ သိတော့ ဟုတ်လို့လား အမေရာ အဆင်ပြေတာကဆိုတော့ ဟုတ်တယ် မောင်တာရဲ့ ငှက်ပျောကလည်း တော်တော်ကို ခုတ်ရတယ် လို့တွင်တွင်ကြီးပြောနေတော့တာပဲဗျာ အမေ့အကြောင်းက ကျနော်က သိပြီးသားပဲလေ အမေက သားသမီးတွေ အတွက်ဆို တော်တော်ကိုလိုက်လျောပေးတယ်ဗျ ကျနော် ကိုးတန်း ကျောင်းသားတုန်းကလည်း အစ်ကိုက ရန်ကုန်မှာ အလုပ်လုပ်ရင်းကနေ မလေးရှားတွေ ခေတ်ကောင်းနေတဲ့အချိန်ပေါ့ဗျာ အစ်ကိုက မလေးသွားချင်လို့ ပိုက်ဆံပို့ပေးပါဆိုတော့ လက်ထဲမှာလည်း ပိုက်ဆံက အဲဒီလောက်ထိမရှိတော့ ရှိတဲ့ အိမ်ကနွားရောင်းပေးလိုက်တယ် တော်သေးတာက အိမ်မှာက နွားတွေကများတာဆိုတော့ နွားနဲ့ပတ်သတ်ပြီး အခက်အခဲသိပ်မဖြစ်ခဲ့ပါဘူး နွားတစ်ရှင်းပဲ ရှိတဲ့တောင်သူဆိုရင်တော့ နွားမရှိတာ မျက်စိမရှိတာနဲ့တူတူပဲလို့ တောင်သူဦးကြီးတွေ ပြောပြောနေတာကြားဖူးမှာပေါ့ ဥပမာ ဒီရန်ကုန်မှာဗျာ ဖုန်းနဲ့အလုပ် လုပ်နေရတဲ့သူတွေ ဖုန်းမရှိရင် အခက်အခဲဖြစ်သလို ဖြစ်တတ်ပါတယ်။ ကျနော်လည်း အမေအဲလို ကျနော်စိတ်ချမ်းသာဖို့ကိုလိမ်ပြောနေမှန်းသိတော့ အရမ်းဝမ်းနည်းသွားတယ် ဖုန်းတောင်ဆက်မပြောချင်လောက်အောင်ပဲ တွေးလည်းတွေးမိပါတယ်  မိဘတိုင်းက ဒီလိုပဲဖြစ်နေကြမယ်ဆိုတာ မိဘမေတ္တာကိုလည်း ဝေးနေမှ ပိုသိလာရတယ်  သားသမီးတိုင်းလည်းမိဘတွေကို အမြဲစိတ်ချမ်းသာအောင်ထားစေချင်တယ် မိဘကသာ သားသမီးကို အမြဲစိတ်ချမ်းသာအောင် ထားတာပါ တစ်ချို့က မိဘတွေကို အိုပယ် လုပ်တတ်ကြတယ် ဟိုတလောကလည်း ရန်ကုန်မှာ အဖွားအို တစ်ယောက်ကို စွန့်ပစ်တယ်ဆိုတာကြားလိုက်ရပါသေးတယ် အိုလာရင် ဘိုးဘွားရိပ်သာ ပို့တာတွေ အရမ်းတွေ့ရတယ် တစ်ခါ ဖားအောက် တရားစခန်းမှာ တွေ့ဖူးတယ် ကိုယ်သားသမီးအရင်းတွေက ပစ်ထားပြီး သွေးမတော်သားမစပ် လူငယ်လေးတွေက ပြုစုတာကိုခံနေရတော့ မိဘလည်း ဘယ်လိုမှကို စိတ်ချမ်းသာနိုင်မယ်မထင်ပါဘူး လူ့တွေရဲ့စိတ်က သစ်သီးဝလံ လေးတွေတောင် ကိုယ်စိုက်ထားတဲ့ အပင်က အသီးကိုကိုယ်စားရတော့ ပီတိ ဖြစ်သလို မိဘတိုင်းဟာလည်း အဲလိုပါပဲ ကိုယ်မွေးထားတဲ့ သားသမီးက ပြန်လည်ပြုစုလုပ်ကျွေးတော့ အတိုင်းမသိတဲ့ ပီတိတွေဖြစ်ရမှာပါပဲ ဒါ့ကြောင်း

(မိဘကို မသေခင် လုပ်ကျွေးပါ သေမှနောင်တနှင့်မငိုပါနှင့်) (အရင်းထုတ်ပြီး အမြတ်မယူတာ မိဘ) တို့ဆိုတဲ့ ဆောင်ပုဒ်တွေပေါ်တာ အဲလို မိဘကို ပြန်လည် မလုပ်ကျွေးပဲ ပစ်ထားတာကို မျက်မြင် မြင်တွေ့ရတဲ့သူတွေ စပ်ဆိုထားတယ်လို့ပဲ ကျနော်ကတော့ ခံယူတယ်ဗျာ မိဘဆိုတာ သားဆိုးသမီးကို ပစ်ရိုးထုံးစံမရှိပါဘူး တောင်းစုတ်မလုပ်စုတ် သာပစ်ရိုးထုံးစံ ရှိတာပါလို့လည်း ကြားဖူးနေကြတာပါပဲ အကပ်စကား သတင်းစာတွေထဲမှာ ဘာ့လို့ အမွေပြတ်တွေ တွေ့နေရသလဲလို့တော့မပြောနဲ့ဗျ အဲဒါ စိတ်ဆိုးတုန်းပဲ သတင်းစာမှာ ထည့်တာ စိတ်ပြန်ပြေလို့ ပြန်ခေါ်တော့ သတင်းစာမှာ ပြန်ထည့်တာမှ မဟုတ်တာ ဘယ်သူသိမှာလည်း တစ်ချို့ မိဘစိတ် မရှိတဲ့သူတွေလည်း တွေ့ဖူးပါတယ် အဲဒါကတော့ အနည်းစုပါပဲ ကျနော်လည်း အမေနဲ့ဖုန်းပြောပြီး ဖြစ်လာရတဲ့ စိတ်ခံစားချက်လေးရယ် သတင်းတာထဲပါလာတဲ့ အဖွားအိုကို စွန့်ပစ်သွားတယ်ဆိုတဲ့ သတင်းလေးကြောင်း သိပ်မရေးတတ်ပဲ အခုလို ရေးပြီး တင်ပေးလိုက်တာပါ

အားလုံးသော ရွာသူ ရွာသားအပေါင်းလည်း မိဘကို လုပ်ကျွေးနိုင်တဲ့ သားကောင်း သမီးကောင်းတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ

တစ်ချို့အသက်ကြီးတဲ့ အိမ်ထောင်ရှင် ရွာသူ၇ွာသားတွေကျတော့လည်း အိုဇာတာ ကောင်းတဲ့ မိဘတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ

 

 

 

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ