ပါရီမီ လိုင်းကားများအားလုံး ကို သူ့အချိန်နဲ့သူ တစ်စီးကို ဘယ်နှမိနစ်ဆိုပြီး…

သတ်မှတ်ထွက်ခွာဖို့ စည်းကမ်းတင်းကျပ်သင့်ပါသည်။ အခုဆိုရင် လူပါတဲ့ကားက

မြန်မြန်မောင်းပြီး…လူမပါတဲ့ကားက တစ်မှတ်တိုင်မှာ အကြာကြီးရပ်လေ့ရှိပါတယ်။

တစ်ခါတလေ ဘာမှန်းမသိ တစ်စီးနဲ့တစ်စီး fight ကြသေးသည်။ လိုင်းကားတွေ

ကိုစည်းကမ်းတင်းကျပ်ပေးဖို့ ပါရမီ လိုင်းကားက လူကြီးများ ဆောင်ရွက်ပေးကြ

ပါ။ အဲဒါမှခရီးသည်တွေလည်း သွားရလာရလွယ်ကူ ပြီး အချိန်တိကျ ရောက်နိုင်ပါ

လိမ့်မည်။ တစ်မှတ်တိုင်ကို ရပ်သင့်တဲ့မိနစ်ထက်ပိုမရပ်ပဲ မောင်းစေချင်သည်။ လမ်းတွေမှာစောင့်ပြီး စာအုပ်တစ်အုပ်နဲ့ စာရင်းမှတ်တဲ့ လိုင်းကားလူကြီး များကလည်း

သူတို့ကို ၂၀၀ လောက်ပေးလိုက်ရင်ကျေနပ်နေကြပြီး…လိုင်းကားတွေမောင်း

ချင်တဲ့အတိုင်းမောင်းနေတာကို ခွင့်ပြုထားသည်။ ဂျာနယ်တစ်စောင် ထဲမှာလည်း

ကားကျပ်လွန်းသောကြောင့် အဖွားအို တစ်ဦးမူးလဲတာကို ဖတ်လိုက်ရသေးသည်။

အဲဒါဟာ တစ်စီးနဲ့တစ်စီး အချိန်ကန့်သတ်ချက်နဲ့ မထွက်တာကြောင့်မဖြစ်သင့်တာ

တွေဖြစ်ကုန်ခြင်းဖြစ်သည်။ အဲဒါကြောင့် ပါရမီမှ တာဝန်ရှိသူများကို လိုင်းကားများကို

စည်းကမ်းတကျ အချိန်သတ်မှတ်ချက်နှင့် ထားသင့်ကြောင်း…မလိုက်နာလျှင် အပြစ်

ပေးသင့်ကြောင်းပြောချင်ပါတယ်….

ပါရမီ ကားတွေကြောင်း ပြောရရင်တော့ ကုန်မှာမဟုတ်တော့ဘူး..တော်တော်လည်း

စိတ်တိုဖို့ကောင်းတယ်။ အထူးကားတွေလုပ်နေပြီး…အရှက်မရှိနဲ့ ဗဒ္ဓူလရဲ့

ပါရမီဆိုပြီး အသံကောင်းဟစ်ပြီး သီချင်းတွေ ဖွင့်နေသေးတယ်… တစ်ချို့ကားတွေဆို

ပြတင်းပေါက်မှန်တွေကကွဲလိုကွဲ…တစ်ချို့ဆို ချွေးထုတ်ခန်းရောက်နေသလိုကြပ်ညှပ်

အလုံပိတ်နဲ့… ကားစီးချင်စိတ်ပါပျောက်တယ်… လမ်းကြုံရင် ပါရမီ လူကြီးတွေပါ မက

အခြားအခြားသော ယာဉ်လိုင်းများကိုလည်း စည်းနဲ့ကမ်းနဲ့ သတ်မှတ်တဲ့အချိန် နဲ့

ထွက်ပေးကြပါလို့ တောင်းဆိုလိုက်ချင်ပါတယ်။ ကားသမားများအား အလွန်စိတ်တို

မိသောကြောင့် ရေးလိုက်ရခြင်းဖြစ်ပါသည်။…..

 

လေးစားစွာဖြင့်

lone :)

About lone

has written 22 post in this Website..

If I was a boy ....... !