မေလ ၁၈ရက်နေ့ ညနေ၅နာရီခွဲအချိန် တိုင်းထွာချက်များအရ မေလ ၁ရရက်နေ့က ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “လိုင်လာ(Laila)”သည် အနောက်မြောက်ဘက်သို့ အနည်းငယ်ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့ဘက်မိုင် ၂၂ဝခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ မုန်တိုင်း၏ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅ဝခန့်ရှိပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရသည်။ မုန်တိုင်း၏ လက်ရှိအခြေအနေ အဝါရောင်အဆင့်သာရှိပြီး မြန်မာနိုင်ငံဘက်ဆီသို့ ဦးတည်ရွေ့လျားခြင်းမရှိဟု သတ်မှတ်သည်။ မုန်တိုင်း၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတမ်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်များကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် ၃၅မိုင်မှ မိုင် ၄ဝအထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
One comment
intro
May 19, 2010 at 10:05 am
တော်သေးတာပေါ့…. ဒီတစ်လုံးတော့ လွဲသွားပြီ