အုပ်ချုပ်ရေးမှူးပြောင်းရွေ့

mg wineNovember 6, 20111min615

ဧရာဝတီတိုင်းဒေသကြီးအိမ်မဲမြို့နယ်အုပ်ရေးမှူးဘားအံခရိုင်သံတောင်ကြီးးဒေသသို့ပြောင်းရွှေ့ရကြောင်းသတင်းရရှိပါသည်။

ဧရာဝတီတိုင်းဒေသကြီးအိမ်မဲမြို့နယ်အုပ်ရေးမှူးဦးသိန်းဝင်းသည်ကရင်ပြည်နယ်အတွင်းရှိသံတောင်ကြီးဒေသသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရကြောင်း

ကိုအိမ်မဲမြိုနယ်၁၀၂အုပ်စုကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်(၁.၁၁.၂၀၁၁)ရက်နေ့စည်းဝေးပွဲတွင်နုတ်ဆက်စကားပြောခဲ့ပါသည်။အဆိုပါအုပ်ချုပ်ရေးမှူးက၎င်း

၏လက်အောက်ခံကျေးရွာအုပ်ချုပ်ရေးမှူးများကိုတစ်ဦးလျှင်တစ်သိန်းကန်တော့ပါရန်မေတ္တာရပ်ခံခဲ့သည်ဟုသိရပါသည်။

(၁.၁၁.၂၀၁၁)ရက်နေ့အစည်းဝေးပွဲတွင်စည်းပွားရေးလုပ်ငန်းရှင်များ၊ဗလီဂေါပကများှင့်၎င်း၏ကျေးဇူးမကင်းသူများလာရောက်ပြီးကန်တော့

လက်ဆောင်များပေးကြသည်ဟုဒေသခံမျက်မြင်တဦးကပြောပါသည်။ဗလီဂေါပကတဦးလည်းအထုပ်ကြီးတထုပ်ပေးအပ်ကာမျက်နာမကောင်းဖြစ်နေသည်ဟု

၎င်းနှင့်ပတ်သက်သူတဦးကဖွင့်ဟခဲ့ပါသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးများကတစ်ဦးလျှင်အနည်းဆုံးတစ်သောင်းပေးကြရသည်ဟုကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကပြောပါသည်။သူတောင်းတိုင်း

ပေးရအောင်ကျွှန်တော်တို့မှာမရှိပါဘူးလို့လည်းပြောဆိုခဲ့ပါသည်။အုပ်ချုပ်ရေးမှူးဦးသိန်းဝင်းမှာအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်ကတည်းက

အိမ်မဲတွင်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါသည်။အဆိုပါပြောင်းရွှေ့ရခြင်းမှာမြိုနေလူထု၏တိုင်တန်းချက်ကြောင့်ဟုသတင်းရရှိပါသည်။

5 comments

  • Koyin Sithu

    November 6, 2011 at 8:16 pm

    အဲ့ဂလို အုပ်ချုပ်ရေးမှူးတွေက
    မြန်မာပြည်မှာ ရိုက်သတ်ရင်တောင် ကုန်ပါ့မလားမသိဘူး..
    တော်တော်များများက ပေါ်တင်စားတာနဲ့ သွယ်ဝိုက်စားနေကြတာပဲ…။
    ဒိုင်လိုပြောရင်တော့ စားလည်း စား လျော်စရာရှိလည်း လျော်ပေါ့ဗျာ..
    ဘယ်လိုဖြစ်ဖြစ် အဲ့လိုအကျင့်ပျက် အုပ်ချုပ်ရေးမှူး အဖိုးကြီးတွေထုတ်ပြီး..
    မှန်ကန်တဲ့ လူလတ်ပိုင်းတွေ အစားထိုးသင့်တာကြာနေပီဗျာ..

  • mg wine

    November 6, 2011 at 8:47 pm

    အခုလိုဖတ်ပြီးဝေဖန်ပေးတာကျေးဇူးတင်ပါတယ်။
    အုပ်ချုပ်ရေးမှူးတွေထုတ်ပြီးလူငယ်တွေအစားထိုးလည်းဒီပုတ်ထဲကပဲဒီပဲ
    ပဲမဟုတ်ဘူးလားဗျာ။အစိုးရကတင်းတင်းကြပ်ကြပ်လုပ်ပေးမှကောင်းမှာပါ။

  • Koyin Sithu

    November 6, 2011 at 9:08 pm

    မဟုတ်ဘူးဗျ… အဲ့လို အုပ်ချုပ်ရေးမှူးဖြစ်ဖို့
    လေ့ကျင့်ရေး ကျောင်းတွေနဲ့ စနစ်တကျ ပြုစုပျိုးထောင်ရမယ်ဗျ..
    ဟိုနားကပ် ဒီနားကပ်ပြီး တက်လာတဲ့ ငနွားတွေက
    ဘာမှတတ်တာမှမဟုတ်တာ.. သတင်ပေးမယ်… ဖော်လန်ဖားမယ်..
    တကယ်ဆို လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကတည်းက ဒါမျိုးတွေလုပ်ပြီး လူတော်လူကောင်း
    အုပ်ချုပ်ရေးမှူးတွေ မွေးထုတ်ပေးခဲ့ရမှာ ခုတော့..
    ဒီပေါ်လောမျောနေတဲ့ ငနွားတွေနဲ့ တိုင်းပြည်က ဘယ်လိုရှေ့ဆက်ကြပမတုန်း..

  • mg wine

    November 7, 2011 at 8:58 am

    အမှန်ပါပဲကိုရင်ကြီးရေ
    ငွေပေးရင်ရကြေးဆိုရင်ဥပဒေ၊အမှန်တရားဘာလုပ်ရမှာလဲလေ
    အာဏာသုံးပြီးမတရားလုပ်နေတာတွေ
    အဲဒီလိုလုပ်အောင်လည်းကပ်ဖားတွေ၊ငွေရှင်တွေကပြုနေကြတာမဟုတ်လား
    ငါတို့ခိုင်တာလုပ်ရတယ်။ငါ့ခါးပိုက်ထဲမှာရှိတယ်လို့
    အပြောခံရတာသူတို့မသိကြဘူး
    တကယ်တော့အုပ်ချုပ်ရေးမှူးတွေဟာငွေရှင်တွေရဲ့တပည့်တွေပါပဲ
    လွန်တာရှိ….ဝန်တာမိ…။။။

  • Gipsy

    November 7, 2011 at 4:52 pm

    မလွန်ပါဘူး … လိုတောင်လိုနေသေးတယ်… သူတို့တွေ တစ်မြို့ပြီးတစ်မြို့ပြောင်းကြတယ်..၊
    ဒီမြို့ကပြောင်းရွှေ့ခံရရင် နောက်တစ်မြို့ပေါ့… ပြဿနာရှာကြပြန်တယ်…၊
    ဘာထူးမှာလဲဗျာ..၊ ကပ်ဖားတွေကလဲ မြို့တိုင်းနယ်တိုင်းမှာ ရှိနေတာကိုနော့…၊
    အခွင့်ထူးခံသမားတွေ၊ အခွင့်အရေးသမားတွေပေါ့..၊

Leave a Reply