ICစတိတ်ရှိူးနဲ့ ဆင်ဖြူတော်

mg wineNovember 10, 20111min675

ဧရာဝတီတိုင်းသေသကြီး ပုသိမ်မြို့တွင် ဆင်ဖြူတော်ဖမ်းဆီးရမိခြင်းနှင့်ပတ်သက်ပြီးပျော်ပွဲရွှင်ပွဲများကျင်းပမည်ဟု

သတင်းရရှိပါသည်။

ပုသိမ်မြို့ရှိကျောက်တိုင်ဘောလုံးကွင်းတွင်(၉.၁၁.၂၀၁၁)ရက်နေ့ညတွငIC တေးဂီတအဖွဲ့အကြိုဖျော်ဖြေပြီးယနေ့ည

၁၀.၁၁.၂၀၁၁ရက်နေ့ညတွင်ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း၊မြိုပေါ်တွင်စာရွက်များကမ်း၍၎င်း အသံချက်စက်နှင့်ကြေငြာ၍

၎င်းသိရှိရပါသည်။

အခမဲ့ဖျော်ဖြေတင်ဆက်ခြင်းဖြစ်ပြီး မျိုးကြီး၊လေဖြူ၊အငဲ၊ဝိုင်ဝိုင်းတို့ပါဝင်မည်ဖြစ်ကြောင်းလိုက်လံကြေငြာချက်အရ

သိရှိရပါသည်VIP တန်းထားရှိပြီးရှေ့ဆုံးတမ်းကိုလူကြီးနှင့်၎င်းမိသားစုများအတွက်သတ်မှတ်ထားသည်၊ယနေ့ကတည်းက

ကျောက်တိုင်ကွင်းအနီးလမ်းတစ်ချို့ပိတ်ဆို့ပြီးရဲအစောင့်များချထားကြောင်းတွေ့ရပါသည်။

ဆင်ဖြူတော်ကိုနက်ဖြန်နံနက်ရနာရီတွင်ကမ်းနားလမ်းနှင့်ကုန်သည်လမ်းတွင်လှည့်လည်ပြသမည်ဖြစ်ပြီးဦးလူလေးတံတား

မေတ္တာဦးတံတား၊မြိုတော်ခန်းမရှေ့၊တို့တွင်ဆီမီးတစ်သိန်းရေသို့မျောလွှတ်မည်ဟုကြားသိရပါသည်။

စင်တင်တေးဂီတကိုဝန်ကြီးချုပ်အစီအစဉ်ဖြင့်ကျင်းပခြင်းဖြစ်ပြီးဆင်ဖြူတော်ကိုနေပြည်တော်သို့ပိုဆောင်မည်ဟုသတင်းရရှိပါသည်။

ပုသိမ်မြို့တွင်လွန်ခဲ့သောနှစ်များကစတိတ်ရှိုးတွင်ရမ်းကားမူများဖြစ်တတ်သောအစဉ်အလာရှိဖူး၍ယခုနှစ်တွင်မည်သို့ဖြစ်မည်ကို

မြို့ခံများကစိုးရိမ်နေကြကြောင်းသိရှိရပါသည်။

5 comments

  • zaymdy

    November 10, 2011 at 1:42 pm

    IC ရိူးဆိုရင်တော. ပုသိမ်မှာ တစ်ခါမှ အေးအေးချမ်း၂ ပြီးသွားတယ်မရှိဘူး ဘုန်းကြီးရော ကျေးလက်ဒေသက တက်လာတည်း ပွဲငတ်နေတည်း လူငယ်လူရွယ်များ (ပျော်ချင်တာပဲသိတည်း လူတွေ) အရမ်းကြမ်းတာပဲ ပရိတ်သတ်တွေ.က ဒီနှစ်လည်း စောင်.ကြည်.ပါဦးမယ်ဗျာ.. အေးအေးချမ်းချမ်းပြီးသွားဖို. မျှော်လင်.ပါတယ်

  • windtalker

    November 10, 2011 at 1:46 pm

    ဆင်တစ်ကောင်အကြောင်းပြု
    ဆီမီးတစ်သိန်း ၊ အိုင်စီတီးဝိုင်း
    အို..ထူးဆန်းလှပါဘိ်တောင်း

  • koyinmaung

    November 10, 2011 at 2:39 pm

    ဟုတ်ပ….ကိုပေရေ
    ခရုသင်းစွဲနေတဲ့ဆင်ဖြူကို
    ရှစ်ခိုးဦးချတဲ့သူတွေများရှိရင်ရှိနေအုံးမှာနော့…….

  • small cat

    November 10, 2011 at 3:23 pm

    မောင်ဝိုင်းရေ ပုသိမ်အကြောင်းလေးများများရေးပါ၊ ပုသိမ်ကိုလွမ်းလို့။

  • ပေါက်ဖော်

    November 10, 2011 at 5:00 pm

    အဲတာအရေးမကြီးဘူး..
    နောက်မှ..ပိုင်ရှင်ပေါ်လာလို ့..လျော်ကြေးပေးနေရဦးမယ်..
    ဟွင်း..ဟွင်း..
    🙄

Leave a Reply