Voice Journal ရဲ့ ရှယ်ဖွချက် နှင့် အတွေးများ ( ၆ ) ( ဈေးဆိုင်ပိုင်ရှင် & သူ့သမီး )

Foreign ResidentNovember 10, 20117min22629

Voice Journal ရဲ့ ရှယ်ဖွချက် နှင့်

အတွေးများ ( ၆ )

 

ရွာသားတို့ရေ

ဒီ Post ကတော့

အပိုင်း ( ၄ ) မှာ

Ma Ma မေးထားတာ နှင့်

သမီးလေး pooch

မေးထားတာကို

ပြန်ဖြေထားတာပါ ။

 

နောက်ပြီးတော့

” Kyae Mon ” ရဲ့

” မြန်မာပြည်ဆင်းရဲရခြင်း

အကြောင်း ” Post

ကို ချဲ့တွေးထားတာပါ ။

 

ကို windtalker ကို intro နှင့် ကို ပေါက်ဖော် ရေ

 

အရင် Post တွေမှာ အဘက

Australia ကောင်းကြောင်း ပြောလိုတာ မဟုတ်ရပါ ။

အဓိကကတော့ တရားမျှတမှု ၊ လူ့ အခွင့်အရေး နှင့်

လူလူချင်း တန်းတူညီမျှမှု တို့ နှင့် ပါတ်သက်ပြီး

သူတို့ရဲ့ အယူအဆ လေးတွေကို သိစေချင်တာပါ ။

 

Ma Ma ရေ

 

” သိချင်တာလေးတစ်ခုက —– ဘယ်ဟာပိုကောင်းလဲ သိချင်ပါတယ် “

 

ဩဇီ မှာနေချင်ရင်တော့ ၁ဝ တန်းအောင်ပြီး ကတည်းက

ဩဇီ University မှာတက်ရပါမယ် ။

အဲဒီတော့မှ ဩဇီက အသိအမှတ်ပြုတဲ့ ပညာတတ်ဖြစ်မှာပါ ။

ဗမာပြည်က ဘယ်ဘွဲ့ပဲရရ ဩဇီက ( ပညာတတ်လို့ ) အသိအမှတ် မပြုပါဘူး ။

 

ဘွဲ့ရပြီးမှ ဆိုရင်တော့ ဩဇီကိုလာဘို့ လုံးဝ မဖြစ်နိုင်သလောက်ပါပဲ ။

ဆရာဝန်တွေတောင် ဒီမှာ ဩဇီ AMC ကို အသေအလဲ ပြန်ဖြေရတာပါ ။

တချို့ဆရာဝန်တွေ AMC မအောင်နိုင်လို့ Nurse ပဲလုပ်နေရပါတယ် ။

ဒါတောင် Nurse သင်တန်း ပြန်တက်ရတာပါ ။

 

နောက်တခု အရေးအကြီးဆုံးက IELTS, all Band 7 မရရင်

ဩဇီ University ကဘွဲ့ရရင်တောင်မှ ဩဇီ မှာနေထိုင်ခွင့် မပေးပါဘူး ။

 

အဲဒီတော့ အသက်ကြီးမှ ဩဇီ ပြောင်းချင်ရင်တော့

နိုင်ငံရေး ခိုလှုံခွင့် နှင့် ဒုက္ခသည် ခံရင်ခံ ဒါမှမဟုတ်

ကျွန်တော့်လိုပဲ ဩဇီ နိုင်ငံသူ ဆရာဝန်မ ကိုယူလိုက်တဲ့

နည်း နှစ်နည်း ပဲရှိပါတယ် ။

 

သမီး pooch ရေ

 

” အခွန်မဆောင်ချင်တာနဲ့ စင်ကာပူနိုင်ငံသားခံထားတယ် “

 

ဟုတ်ပါတယ် စင်ကာပူနိုင်ငံက ဝင်ငွေခွန် အရမ်းသက်သာပါတယ် ။

Zero to 20 % ပဲရှိပါတယ် ။

2012 အတွက် ထပ်တောင်လျှော့နေတာတွေ့ရပါတယ် ။

 

ဥပမာ အားဖြင့်

၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ

တနှစ်ဝင်ငွေ ဒေါ်လာ ၈ဝ ဝ၀ဝ ရတာချင်းတူရင် ဝင်ငွေခွန်မှာ

Australia က လူက ဒေါ်လာ ၁ရ ၅၅ဝ ဆောင်ရပြီး

Singapore က လူက ဒေါ်လာ ၃ ၃၅ဝ ပဲဆောင်ရပါမယ် ။

အရမ်း ကွာပါတယ် ။

ပညာတတ်တွေ နှင့် သူဌေးတွေကို ဆွဲဆောင်နည်း တစ်မျိုးပေါ့လေ ။

 

နောက်တစ်ခုက သမီးလေး pooch ပြောထားတာက

” သူက အမေရိကားထက်တောင် သာနေသလိုပါပဲ  “

 

ဟုတ်ပါတယ် လွယ်လွယ်ကြည့်ရင်တော့ ဩဇီ လူမှုဖူလုံရေး စနစ်က

အမေရိကားထက် သာပါတယ် ။

ဒါပေမယ့် အဘ အမြင်မှာတော့ အမေရိကား က သူတို့နိုင်ငံ မှာ

ငပျင်းတွေ များမလာအောင် တမင် လုပ်ထားတယ်ထင်ပါတယ် ။

အမေရိကားက ကမာ္ဘကြီးကို အုပ်ချုပ်နေတာပါ။

ဩဇီ က အမေရိကားရဲ့ အောက်ဆွဲနိုင်ငံပေါင်း မြောက်များစွာထဲက

တနိုင်ငံသာ ဖြစ်ပါတယ် ။

 

ကြုံလို့ ပြောရအုံးမယ် ၊ အခု ရက်ပိုင်း Post တွေမှာ ၊

Soft Power, Hard Power, စူပါ ပါဝါတွေ ကြားနေရလို့ပါ ။

 

ပထမဦးဆုံး အနေနှင့်

အမေရိကားကို လုံးဝ (လုံးဝ) အထင်မသေးဖို့ ပြောချင်ပါတယ် ။

အဘတို့ သင်္ဘော လုပ်ငန်းမှာ ဂျာမန် တွေဟာ

အလုပ် ကြိုးစား စည်းစနစ်ရှိပြီး အရမ်းတော်ပါတယ် ။

ဗမာတွေ ထက် အများကြီး (အများကြီး) သာပါတယ် ။

ကမာ္ဘမှာ ဂျာမန် တွေဟာ စက်မှုနှင့် ပါတ်သက်ရင်

အတော်ဆုံးလို့ကို နာမည်ကြီးတာပါ ။

 

နောက်လူမျိုးတမျိုး ဂျပန် ။

ဂျပန်တွေဟာ အရမ်း အလုပ်လုပ်ပြီး သတ္တိ လည်း အရမ်း ရှိပါတယ် ။

လုပ်ငန်း မအောင်မြင်ရင် ကိုယ့်ဖာသာကိုယ် သတ်သေတဲ့ လူမျိုးပါ ။

ဂျပန်လောက် သတ္တိရှိတဲ့ လူမျိုး ရှားပါတယ် ။

 

အဲဒီလို လူမျိုး နှစ်မျိုးကို အမေရိကားက ဒုတိယကမာ္ဘစစ်မှာ

နောက်ကောက်ချခဲ့တာပါ ။

 

ဘင်လာဒင်တို့ ဆက်ဒမ်ဟူစိန် တို့ကိုလည်း မြောင်းထဲ ပို့လိုက်ပါပြီ ။

 

အမေရိကားကို အထင်သေးရင် အကြီးအကျယ်ကို မှားယွင်းတာပါ ။

အဘအထင် အခုနေ တကမာ္ဘလုံးက တဖက်

အမေရိကားက တဖက် စစ်တိုက်ရင်တောင်

အမေရိကားက မရှုံးလောက်ဖူးလို့ကို ထင်ပါတယ် ။

 

ဒုတိယ ။

ဒါပေမယ့် အရမ်း အရေးကြီးတဲ့ အချက်ကတော့ ၊

တော်တယ်ဆိုတာ တစ်ခုတည်းကိုပဲ

ကွက်ကွက်လေး နှင့် လွယ်လွယ်လေး မကြည့်ပါနှင့် ။

ရေရှည် အောင်မြင်ဖို့ တော်ဖို့ ဆိုတာ ကောင်းတာကို အခြေခံပြီးမှ ရပါတယ် ။

အဲဒီ အချက်ကို ဘယ်တော့မှ မမေ့ပါနှင့် ။

” ကောင်းတာကို အခြေခံရပါတယ် “

 

အမေရိကားရဲ့ စနစ်

ဘယ်လောက်ကောင်းလည်း  ဘယ်လောက် တရားမျှတလည်း

ဥပမာပြရရင် အမေရိကန်တွေ အအုပ်ချုပ်ခံခဲ့ရတဲ့ တိုင်းပြည်တွေဟာ

အမေရိကား ကို အခုထိ အထင်ကြီး ကျေးဇူးတင် နေပါတယ် ။

အင်္ဂလိပ် နှင့် မတူပါဘူး ။

 

ဥပမာ ပြရရင် ဖိလစ်ပိုင် နိုင်ငံ ဆိုရင် အုပ်ချုပ်ခဲ့တဲ့

ဗိုလ်ချုပ်ကြီး မက်အာသာကို ကျေးဇူးတင်လွန်းလို့

ဖိလစ်ပိုင် တပ်ခွဲတခွဲ (Honour Guard) ကို

ဗိုလ်ချုပ်ကြီး မက်အာသာကို စောင့်ရှောက်ဖို့

ဗိုလ်ချုပ်ကြီး မက်အာသာ မသေမချင်း လွှတ်ထားတာပါ ။

ဖိလစ်ပိုင် အမျိုးသား စစ်သီချင်း တော်တော် များများမှာ

ဗိုလ်ချုပ်ကြီး မက်အာသာ နာမည် ပါပါတယ် ။

 

ဂျပန်ဆိုရင်လည်း အမေရိကန်တွေကို ဒုတိယကမာ္ဘစစ်အပြီး

သူတို့ကို တရားမျှတစွာ အုပ်ချုပ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်းကို

တရားဝင် ဂျပန်လွှတ်တော်မှာကို ထုတ်ပြောခဲ့ပါတယ် ။

 

After the war, American soldiers were told to be respectful to

ordinary Japanese and do things

like remove their shoes when entering homes,

direct traffic in front of train stations and

help malnourished children.

Many Japanese were shocked by the courtesy.

To this day some elderly Japanese bow to

American-looking foreigners to say thank you

for all that American did for Japanese after the war.

http://factsanddetails.com/japan.php?itemid=526&catid=16&subcatid=110

 

ဒုတိယကမာ္ဘစစ်ကြီး အပြီးမှာ ၁၉၄၅ ကနေ ၁၉၅၂ အထိ

အမေရိကန် ဟာ ဂျပန် ကို အုပ်ချုပ်ခဲ့ပါတယ် ။

အမေရိကန် စစ်သားတွေဟာ ဂျပန် လူမျိုးတွေကို

လက်စားချေမှုမရှိပဲ တရားမျှတစွာ အုပ်စိုးခဲ့ပါတယ် ။

 

အဲဒီ ရ နှစ်အတွင်းမှာ ဂျပန်နိုင်ငံ ရဲ့ စီးပွားရေး ပညာရေး

ဥပဒေရေးရာ တွေကို စနစ်တကျ ပြုစု ပျိုးထောင်ပေးခဲ့ပါတယ် ။

 

အမေရိကန် စစ်သားတွေဟာ စစ်ရှုံး ဂျပန် အပေါ်မှာ

အထူး ယဉ်ကျေးစွာ ဆက်ဆံခဲ့ပါတယ် ။

အိမ်ထဲဝင်ရင် ဖိနပ်ချွတ်တယ် ၊ ကလေးတွေကို စောင့်ရှောက်တယ် ။

 

ဂျပန်တွေဟာ အမေရိကန်တွေ ရဲ့ ယဉ်ကျေးမှု

လူကြီး လူကောင်း ပီသမှုအတွက် အထူး အံ့ဩခဲ့ကြပါတယ် ။

ဂျပန်တွေ စစ်နိုင်ချိန်တုန်းက တရုတ် ကိုရီးယား မြန်မာ တွေအပေါ်

တော်တော်လေးကို ရိုင်းစိုင်း ရက်စက်ခဲ့ကြတာပါ ။

 

အဲဒါကြောင့် အခုအချိန်ထိ ဂျပန် အဖိုးကြီးတွေဟာ

အမေရိကန်လူမျိုးနှင့် ဆင်တဲ့လူတွေကို မြင်တိုင်း ဦးညွတ်အရိုအသေပေးပြီး

ဒုတိယကမာ္ဘစစ်ကြီး အပြီးမှာ ဂျပန် နိုင်ငံ အပေါ်မှာ တရားမျှတစွာ နှင့်

လူကြီး လူကောင်း ဆန်စွာ အုပ်ချုပ်ခဲ့မှုအတွက်

ကျေးဇူးတင်ပါတယ်လို့ ပြောနေကြတုန်းပါ ။

 

Soft Power ဆိုတာ ဘာလည်းဆိုတာ စမြင်နိုင်ပါပြီ ။

အဓိကကတော့ Soft Power ဆိုတာ တရားမျှတပြီး

လူကြီးလူကောင်း ပီသကြောင်း ပြသတာပါပဲ ။

( ဂီတ ယဉ်ကျေးမှု အတွေးအခေါ် တခြား လွမ်းမိုးမှု အားလုံးဟာ

တရားမျှတမှု နောက်ကမှ လိုက်လာတာပါ )

 

Today, many Americans have forgotten Douglas MacArthur.

However, the people of the Philippines built a statue to honor him

for keeping his promise to return.

And, many Japanese visitors go to General MacArthur’s burial place

in Norfolk, Virginia to remember what he did for Japan.

http://www.voanews.com/learningenglish/home/a-23-2009-05-22-voa2-83142637.html

 

ဖိလစ်ပိုင် နိုင်ငံက ဆိုရင် အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး မက်အာသာ ရဲ့ ရုပ်တုတောင်

ထုလုပ်ပြီးကို လေးစားကြောင်း ပြခဲ့တယ် ။

အခုထက်ထိ ဂျပန် ခရီးသွားတွေဟာ ဗိုလ်ချုပ်ကြီး မက်အာသာ ရဲ့

ဗာဂျီးနီးယား ပြည်နယ်မှာရှိတဲ့ သင်းချိုင်းကို တကူးတက လာရောက်ပြီး

ဂါရဝ ပြုနေကြဆဲပါ ။

 

လူတော် လူကောင်း တယောက်လောက်များရခဲ့ရင်

တိုင်းပြည်နှင့်ချီပြီး ဘယ်လိုမျက်နှာ ပွင့်သလည်းဆိုတာ

စဉ်းစားစရာပါ ။

 

ဂျာမဏီ နှင့် ဥရောပ လည်းအတူတူပါပဲ ။

အမေရိကန် မာရှယ် စီမံကိန်း အကူအညီ ကြောင့်

Marshall Plan ( officially the European Recovery Program, ERP )

ဥရောပ တစ်ခုလုံး စီးပွားရေးပြန်နာလံထူခဲ့တာပါ ။

အဲဒါကြောင့် တချို့ ဥရောပ နိုင်ငံတွေမှာ အခုထက်ထိ

မာရှယ် စီမံကိန်း အထိမ်း အမှတ်နေ့ ဆိုပြီး အခန်းအနား ကျင်းပကြဆဲပါပဲ ။

 

အဲဒီလို ရေရှည် ကောင်းရချင်းကလည်း အမေရိကန်ရဲ့ Constitution က

အရမ်းကောင်းလွန်းလို့ပါ ။ အဲ့ဒါ တော်တော် အရေးပါပါတယ် ။

ဒီမိုကရေစီ ၊ တရားမျှတမှု ၊ လူ့အခွင့်အရေး နှင့် လူလူချင်း တန်းတူညီမျှမှုကို

အခုလက်ရှိမှာ အကောင်းဆုံး အာမခံပေးထားတဲ့ Constitution ပါ ။

သူ့အထဲမှာ အချင်းချင်း Power Balance လုပ်ထားတာလေးတွေကလည်း

အရမ်းလှပါတယ် ။

 

အဲလို တရားမျှတမှု နှင့်လူလူချင်း တန်းတူညီမျှမှုကို

တိတိကျကျ အာမခံပေးထားတဲ့ အတွက်

တကမာ္ဘလုံးမှာ ရှိရှိသမျှ အတော်ဆုံး လူတွေက အမေရိကန်ကိုပဲ

သရဲမရဲ သွားချင်နေကြတာပါ ။ ဩဇီ တွေလဲ ပါပါတယ် ။

အဲဒီဟာက Soft Power ဆိုတာ ဘာလဲဆိုတာကြိုပလိုက်တာပါပဲ ။

 

ကျန်တဲ့တိုင်းပြည်တွေခမျာ အမေရိကန်ရဲ့ ရွေးကျ ပညာတတ်လေးတွေနှင့်မှ

အမေရိကန်ကို ပြန်ပြိုင်ရမှတော့ ဘယ်လိုလုပ် နိုင်တော့မလဲ ။

 

တော်တာ ကောင်းတာ ကိစ္စတွေပြီးတော့

တတိယအချက်က Be Realistic ပါ ။

 

အခုလက်ရှိ ကမာ္ဘမှာ အမေရိကန် နှင့် အဆင်မပြေပဲ ( တနည်း )

ကမာ္ဘ့ ဈေးကွက် ရဲ့ 30% ရှိတဲ့ အမေရိကန်ရဲ့ ဈေးကွက် ကိုမရပဲ

တိုးတက် ဖွံဖြိုးသွားတဲ့ နိုင်ငံ မရှိပါဘူး ။

 

ဒုတိယလိုက်တဲ့ ဂျပန်တောင် ကမာ္ဘ့ ဈေးကွက် ရဲ့ 8% ပဲရှိတာပါ ။

http://en.wikipedia.org/wiki/List_of_largest_consumer_markets

 

အာရှ ကျားတွေ ပဲခေါ်ခေါ် နဂါးတွေပဲခေါ်ခေါ် ၊

ဂျပန် ကိုရီးယား တိုင်ဝမ် စင်္ကာပူ မလေးရှား တရုတ်

အကုန်လုံး ဒီလမ်းစဉ်ကိုပဲ လိုက်ရတာပါ ။

အမေရိကန်ရဲ့ Favour မရပဲ ဘယ်တိုင်းပြည်မှ မတိုးတက်နိုင်ပါဘူး ။

 

အဲဒီတော့ အဘတို့လည်း တိုင်းပြည် တိုးတက်ချင်ရင်တော့

အမေရိကန်ကို ရအောင်ပေါင်းရမှာပါပဲ ။ မြှောက်ပြီး ပေါင်းသင့် ပေါင်းရမှာပါပဲ ။

 

စကားမစပ်  For Your Information ပါ။

အမေရိကန်အစိုးရဆိုတာ သူ့ပြည်သူကခန့်ထားတဲ့ ခိုင်းဖတ်အဖွဲ့ ဖြစ်တဲ့အတွက်

အမေရိကန်အစိုးရဟာ သူ့ပြည်သူကို မလွန်ဆန်ရဲပါဘူး ။ မေါ်မကြည့်ရဲပါဘူး ။

အမေရိကန်အစိုးရ ပြောသမျှ လုပ်သမျှဟာ အမေရိကန် ပြည်သူ လူများစုရဲ့

အာဘော်ပါပဲ ။

 

ပြည်သူက တကယ် အုပ်စိုးတဲ့အတွက်

( သူ့ပြည်သူ / သူ့အမျိုးသား အကျိုးစိးပွား ကိုကာကွယ်တဲ့

Special Circumstances ကလွဲရင် )

ပက်ပက်စက်စက် လွဲချော်တဲ့ မတရားမှုတွေကို တရားဝင် လုပ်လို့ လုံးဝမရပါဘူး ။

 

အဲတော့ အဘ သဘောထားကို ပြောရရင်တော့

အပေါ်ကအချက်တွေကို တွေးဆပြီး

အဘကတော့ အမေရိကန် အစိုးရကို အထူးလေးစား ယုံကြည်ပါတယ် ။

 

အမေရိကန်အစိုးရကို ယုံတာနော်

အမေရိကန် စီးပွားရေးကုမ္ပဏီတွေကို ယုံတာမဟုတ်ဘူး ။

စီးပွားရေးကုမ္ပဏီတွေ ကတော့ အမေရိကန် ဖြစ်ဖြစ်

တရုတ် ဖြစ်ဖြစ် ကုလား ဖြစ်ဖြစ် အတူတူပါပဲ ။

ကုမ္ပဏီ အမြတ်ရဖို့ပဲ ကြည့်ကြတာပါ ။

စီးပွားရေးကုမ္ပဏီ နှင့် ပြည်သူ့ အစိုးရကို ခွဲမြင်ဖို့လဲ အရေးကြီးတယ် ။

 

အဘ အမြင်လေးတွေပါ ။

 

အောက်က ဟာတွေကတော့ ” Kyae Mon ” ရဲ့

တရုတ်ကြီး ဆိုးမဆိုး အမေရိကန် ကောင်းမကောင်း ငြင်းတဲ့

” မြန်မာပြည်ဆင်းရဲရခြင်းအကြောင်း ” Post ကို နဲနဲချဲ့တွေးပေးတာပါ ။

 

” ပိတ်ဆို့တယ်ဆိုတာဟာ အနုနည်းနဲ့ စစ်တိုက်ခြင်းမှုတ်လား “

 

နားလည်မှုလွဲကုန်မှာစိုးလို့ နဲနဲဝင်ရှင်းပြပါရစေ ။

အမေရိကန်က စီးပွားရေး ပိတ်ဆို့တယ် စီးပွားရေး ပိတ်ဆို့တယ် ဆိုပြီး

စစ်အစိုးရအာဘော် အတိုင်း ဇတ်နာအောင် ရေးနေကြတာပါ ။

 

တကယ်က အမေရိကန်အစိုးရက မြန်မာနိုင်ငံရဲ့ စီးပွားရေးကို

ဘာဝင်ရမယ် ဘာထွက်ရမယ် ဘာမလုပ်ရဘူး ဆိုပြီး

ပိတ်ဆို့ တားမြစ်ထားတာ မဟုတ်ပါဘူး ။

အမေရိကန်အစိုးရမှာ ပိတ်ဆို့ တားမြစ်ပိုင်ခွင့် လည်းမရှိပါဘူး ။

 

အခုလုပ်နေတာက အမေရိကန်အစိုးရ နှင့် ပြည်သူတွေက

မြန်မာနိုင်ငံက ထွက်တဲ့ ရောင်းတဲ့ကုန်တွေကို မဝယ်တာပဲရှိသေးတာပါ ။

 

ဥပမာ ပြောရရင်

ရပ်ကွက်ထဲက လူယုတ်မာ ဈေးဆိုင်ပိုင်ရှင် တယောက် က

သူ့သမီးအရင်းကို နေ့တဓူဝ မုဒိန်းကျင့်နေတယ် ဆိုပါစို့ ။

လူ့အသိုင်းအဝိုင်းက လက်မခံနိုင်တဲ့ အလေ့အထမို့လို့

ရပ်မိ ရပ်ဖ တယောက် ( အမေရိကန် ) ကမသင့်တော်ကြောင်း ဝင်ပြောပါတယ် ။

 

အဲဒါကို အဲဒီ ဈေးဆိုင်ပိုင်ရှင်က ငါ့သမီးငါ မုဒိန်းကျင့်တာ မင်းတို့နှင့် ဘာဆိုင်လဲ

ငါ့အိမ်တွင်းရေး မင်းတို့ ဝင်မပါပါနှင့် ။  ငါ့ခြံထဲကထွက်သွားလို့ ပြောပါတယ် ။

 

အဲဒီမှာ ရပ်မိ ရပ်ဖက စိတ်ဆိုးပြီး ပထမအဆင့်အနေနှင့်

အဲဒီ ဈေးဆိုင်ပိုင်ရှင် ရဲ့  ဈေးဆိုင်ကနေ ဘာပစ္စည်းမှ မဝယ်တော့ဘူး လို့

ဆုံးဖြတ်လိုက်တာပဲ ရှိပါသေးတယ် ။

 

Logic အနေနှင့်ကြည့်ရင် ဒီပြုမှုချက်ဟာ sensible တရားမျှတပါတယ် ။

ရပ်မိ ရပ်ဖ ( အမေရိကန် ) ရဲ့အပြုအမူဟာ မလွန်ပါဘူး ။

အဘအမြင်တော့ ပျော့တောင်ပျော့ နေပါသေးတယ် ။

 

လူယုတ်မာ ဈေးဆိုင်ပိုင်ရှင် ဝယ်သူမရှိလို့ အရင်းပြုတ်တာ

စားစရာပါမရှိတော့လို့ ငတ်ပြတ် မွဲပြာကျသွား လို့

သူ့သမီးအရင်းကို သူကိုယ်တိုင် မုဒိန်းကျင့်ရုံတင် မလုံလောက်တော့ပဲ

ဖာခန်းမှာပါ သွားလေလံတင်လိုက်ရတာ

ရပ်မိ ရပ်ဖ ( အမေရိကန် ) ရဲ့အပြစ် မဟုတ်ပါဘူး ။

 

အဲဒီလိုပဲ သမီးကို ဖာခန်းမှာ လေလံတင်လိုက်ရလို့

လာ အားပေးတဲ့ Customer ( တရုတ်ကြီး ) ကိုလည်း

အပြစ် ပြောနေစရာ မရှိဘူးလို့ ထင်ပါတယ် ။

 

လွန်ရောကျွံရော ဖေါက်သည် တရုတ်ကြီး ကို ပြောလို့ရမှာကတော့

” အကိုကြီးရယ် အဘ သမီးလေးကိုတော့ ရေရှည်ခိုင်းစားလို့ရအောင်

ညှာတာတဲ့အနေနှင့် ကွန်ဒွန်လေးနှင့် အားပေးပေးပါ ခမျ ”

ဆိုပြီး တောင်းပန်ယုံ ရှိပါတယ် ။

 

အင်းးးးးးး အဘပြောတာ ကွက်ကွက်ကွင်းကွင်း မှရှိရဲ့လား ။

သဘောပါရဲ့လား ပရိတ်သတ်ကြီးတို့ ။

 

အင်း ဒါပေမယ့်

” အစစ အရာရာ ရှားပါးပြီး ချွတ်ခြုံကျစဉ်ခါမှာ၊

လာပြီးဆက်သွယ်ကူညီတဲ့ နိုင်ငံတွေကိုချည်း

မဲနေ အပြစ်ဖို့နေဘို့ ကောင်းသေးရဲ့လား “

 

တရုတ်ကြီး ကို လာပြီးကူညီတဲ့ ကျေးဇူးရှင် နိုင်ငံကြီးလို့တော့

လုံးဝ ( လုံးဝ ) မမြင်ပေါင်ဗျာ ။

သူ သောက်စီးပွား သူလာရှာတာ လို့ပဲ ရိုးရိုးလေး မြင်ပါတယ် ။

 

မှန်တာပြောရရင်တော့

သယံဇာတ မနည်းလှတဲ့ ၊ ဉာဏ်ရည်သိပ်မတုံးလှတဲ့ ၊

ရာသီဥတု နှင့် သဘာဝဘေး အန္တရယ် သိပ်မဆိုးလှတဲ့ နိုင်ငံကြီးမှာ ၊

တိုင်းသူပြည်သား ကိုယ်တွေ သောက်သုံး တော်တော် မကျလွန်းလို့သာ ၊

ဟို ပထွေးပဲ ပြေးအားကိုး ရမလိုလို ၊ ဒီ ပထွေးပဲ ပြေးကန်တော့ ရမလိုလို နှင့် ၊

ပထွေးထဲမှာမှ ဒီဟာ ပထွေးကောင်း ၊ ဟိုဟာ ပထွေးဆိုး ထပ်ခွဲနေရတဲ့ ၊

ပထွေးမျှော် နိုင်ငံတော်ကြီး အခြေအနေ ကိုရောက်နေရတာပါ ။

 

ဘယ်သူ့မှ အပြစ်တင်စရာမရှိပါဘူး ။

အရင်းစစ်တော့ အမြစ်မြေက ဘယ်သူမပြု မိမိမှုပါ ။

ကိုယ်တွေ သောက်သုံးမကျလို့ ဖြစ်တာပါ ။

 

တော်သေးဘီ ။

မြို့မေတ္တာ ခံယူအုံးမယ့် ။

 

အဘ ( Foreign Resident )

 

 

29 comments

  • ကြောင်ကြီး

    November 10, 2011 at 11:59 am

    ဦးဖောပြောချက် ကောင်းပုံများတော့ မြင်အောင်ပြောရရင် နွားကြီးအတိုင်းပဲ။ (cow = နွား၊ အဲသလိုမှနှိုင်းမပြော ဘာနဲ့ဥပမာ တိတိကျကျပေးမလဲ) ပိုင်ပိုင်စီးစီး ထုနဲ့ထည်နဲ့ ရှိပါတယ်လို့ ချီးကျူးခြင်းဖြစ်ပါတယ်။။။ ဒါကိုမှ ရုတ်ချင်နေသေးရင်တော့ ရဲခေါ်ဖမ်းဖို့သာ ရှိတော့တယ်။ မှတ်ပလားကွ…….. 😆
    ဦးဖောပြောတဲ အမေလိကံတွေကောင်းကြောင်း ဖားတေးရှင်းဆက်ဖွဲ့ရရင် (ပြောနိုင်ဘူးဗျ၊ စီအိုင်အေက နေရာတိုင်းစောင့်ကြည့်နေတာ။ ဘယ်ကောင် ဘယ်နေရာမှ ဘာလုပ်နေလဲဆိုတာ အကုန်သိတယ်၊ မလုပ်ချင်လို့သာ။ မှားခဲ့ရင် ဗွေမယူပါနဲ့ ဦးဆမ်ကြီးခင်ဗျား 🙄 )
    ပထမရော ဒုတိယကမာ္ဘစစ်မှာပါ အမေရိကန်ကို မျိုးချစ်စိတ်သိပ်ပြင်းတဲ့ သူ့ရန်သူများ (ဥပမာ – ဂျာမနီ၊ ဂျပန်) က အလကား ယန်းကီးတွေ (-ာသည်မနဲ့ ဝရမ်းပြေး စပ်မွေးတဲ့ကောင်တွေ – ရိုင်းသွားရင် ခွင့်လွှတ်ပါ၊ ဦးနေဝင်း တော်လှန်ရေးကောင်စီလက်ထက်မှာ အမေရိကန် စစ်တပ်က သင်တန်းလာပို့ချသူကို အဲသလိုမျိုး လက်ဝဲစွန်းရောက် မြန်မာစီနီယာစစ်ဗိုလ်တဦးက အတန်းထဲမှာ ရှုံ့ချတယ်လို့ သမိုင်းမှတ်တမ်း တခုမှ ဖတ်ဖူးတယ်။) လို့ အထင်အမြင်သေးတယ်။ စစ်လည်းတိုက်ရောက် နှစ်ချီစလုံး ပြုတ်ပြုတ်ပြုန်း ရှုံးတယ်။ အမေရိကန်တွေရဲ့ လွတ်လွတ်လပ်လပ်နေချင်တဲ့ စိတ်ဓာတ်ကို တင်းကျပ်တဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ ယှဉ်တွဲပြီး နားလည်မှုလွဲခဲ့လို့ ခံခဲ့ရတယ်။
    အမေရိကန်များက (အနောက်တိုင်းသားများလို့ ပြောရင်လည်းရတယ်) လွတ်လပ်တဲ့အပြင် လူစိတ်ရှိတယ်လို့လည်း ပြောနိုင်တယ်။ သာဓကအားဖြင့် ဒုတိယကမာ္ဘစစ်ပြီးခါနီး ဂျာမန်တွေ စစ်ရှုံးတော့ အမေရိကန်ဆီမှာပဲ လက်နက်ချချင်တယ်။ အရှေ့ဖက်က ဝင်လာတဲ့ ရုရှားဆီမှာ ဘယ်သူမှ အညံ့မခံချင်ဘူး။ တကယ်လည်း အရှေ့ဖက်စစ်မျက်နှာမှာ လက်နက်ချခဲ့သူ သိန်းပေါင်းများစွာထဲက သောင်းဂဏန်းမျှသာ အိမ်ပြန်ရောက်တယ်။ အမေရိကန်လည်း အဖြူ၊ ရုရှားလည်းအဖြူ၊ ဂျာမန်လည်းအဖြူ။ ပြုမူဆက်ဆံပုံခြင်း ကွာသွားတာ အဘဖောပြောသလို တရားမျှတမှုကို ဆောင်ကျဉ်းပေးတဲ့စနစ်အပေါ် မူတည်သွားလို့။
    တရုတ်ကြီးရော……ဘယ်လိုလဲ။ ဦးကြောင်ကို လာမမေးနဲ့ ကြေးမုံလေး စိတ်ဆိုးလိမ့်မယ်။ 😛

    • Foreign Resident

      November 10, 2011 at 1:17 pm

      ” တရုတ်ကြီးရော……ဘယ်လိုလဲ ”

      ဦးကြောင်ကလည်း ပြောပြီးသားပဲဟာကို ။
      တရုတ်ကြီးက အိမ်နီးချင်းကြီး ဆိုတော့
      မပါပဲလဲနေမှာမှ မဟုတ်တာလေ ။
      အဲဒီတော့ တောင်းပန်ရမှာပေါ့လေ ။

      ” ကွန်ဒွန်လေးနှင့် အားပေးပေးပါ ” လို့ ။

  • inz@ghi

    November 10, 2011 at 12:23 pm

    အဘရဲ့ လက်စွမ်းပြချက်ကိုတော့ ….အလေးအညွတ်ပြုကြောင်းပါခင်ည..

    ဥပမာပေးပုံ ပီပြင်လွန်းလို့ ….ဟို လူဂျီးဒွေ
    ဖတ်ဖူးစေချင်ပါသည်….

    နိုင်ငံရေးတွေ အသာထားလို့ ..အပေါ်ဆုံးက အကြောင်းလေးပဲ မန့်တော့မယ်ခည
    အဘတို့ ဩဇီမှာလေ ..ဒီဖက်တို ဆိုလား ဘာဆိုလား ….အဟဲ …
    အဲ့ရာလေးတော့ စိတ်ဝင်စား သဗျ …ခစ်ခစ်….
    ဩဇီရောက် (ဗီဇာအမှန်အကန်ရှိ)
    အေးဂျမ်းမေ အသံ..
    သင်္ချာဝင့်ကျော် မျက်နှာ
    နန်ဒါလှိုဏ် ကိုယ်လုံး(ခေတ်ကောင်းစဉ်က ဟု ဖတ်ပေးပါ)
    ရှိသူ
    ရွှေမလေးတယောက်ယောက်နဲ့သာ ဒီဖက်တို လိုက်ရရင် ခစ်………..

    တွေ့ရင် မိတ်ဆက်ပေးပါခညား …

    လိမ်တတ်တာကလွဲရင် အကျင့်စာရိတ္တ အလွန်ကောင်းမွန်သော..
    ကျောက်ဆင်းတု ခေါင်းငြိမ့် မာကတ်တာ အင်ဇာဂီ..

    • Foreign Resident

      November 10, 2011 at 2:12 pm

      ကိုရင် inz@ghi ရဲ့
      အေးဂျမ်းမေ အသံ ၊ သင်္ချာဝင့်ကျော် မျက်နှာ ၊
      နန်ဒါလှိုဏ် ခေတ်ကောင်းစဉ်က ကိုယ်လုံးလေးနှင့် ဆိုမှတော့ ။
      အဘ လည်း နောက် သုံးယောက်လောက်တောင် လိုချင်သေး ။ ဟီဟိ ။

      • မှော်ဆရာ

        November 12, 2011 at 12:44 pm

        ရှိသေးရင်နဲနဲပေးပါ …
        အနော့လဲ တစ်ရောက် ရောက် ပေးပါဂျာ …

  • parlayar46

    November 10, 2011 at 12:39 pm

    အရင်ဆုံးကြိုက်တာလေးတွေ ဆွဲထုတ်လိုက်ဦးမယ်။

    “ရေရှည် အောင်မြင်ဖို့ တော်ဖို့ ဆိုတာ ကောင်းတာကို အခြေခံပြီးမှ ရပါတယ် ။”
    “အဲဒီလို ရေရှည် ကောင်းရချင်းကလည်း အမေရိကန်ရဲ့ Constitution က
    အရမ်းကောင်းလွန်းလို့ပါ ။”
    “ဒီမိုကရေစီ ၊ တရားမျှတမှု ၊ လူ့အခွင့်အရေး နှင့် လူလူချင်း တန်းတူညီမျှမှုကို
    အခုလက်ရှိမှာ အကောင်းဆုံး အာမခံပေးထားတဲ့ Constitution ပါ ။
    သူ့အထဲမှာ အချင်းချင်း Power Balance လုပ်ထားတာလေးတွေကလည်း
    အရမ်းလှပါတယ် ။ ”

    မှန်ပါတယ်။ အမေရိကန်ကို အထင်မသေးရုံမက အလွန်အကျွံ အဆိုးမမြင်ဘို့လဲ အရေးကြီးပါတယ်။ ဒါမှ ကိုယ့်နိုင်ငံအကျိုးရှိရာရှိကြောင်း တွေးနိုင်၊စဉ်းစားနိုင်၊လုပ်နိုင်မှာ ဖြစ်ပါတယ်။ သူ့ဆီမှာ နမူနာယူစရာ သင်ခန်းစာယူစရာတွေ အများကြီး။

    “အဲဒီတော့ အဘတို့လည်း တိုင်းပြည် တိုးတက်ချင်ရင်တော့
    အမေရိကန်ကို ရအောင်ပေါင်းရမှာပါပဲ ။”

    အဲဒါလက်တွေကကျတဲ့ approach ပါပဲ။ ဟိုဟိုသည်သည်ဆင်ခြေပေး ဝေ့လည်ကြောင်ပတ်လုပ်ရင်း အချိန်ကုန်ခံနေဘို့ ကျုပ်တို့နိုင်ငံမှာ အချိန်မရှိဘူးနော်။ ကျုပ်တို့နိုင်ငံက အရမ်းအရမ်းဆိုးနေပြီနော်။

    အဲဒါကိုထောက်ခံလိုတဲ့အပြင် ထပ်ပွားချင်တာက တရုတ်အစိုးရကို အလွန်အကျွံ ဖက်လှဲတကင်းလုပ်ပြ ဖါးပြ နေတာဟာ- ဘာမျှအကျိုးမရှိရုံသာမက အမေရိကန်ရဲ့ မဟာဗျူဟာအကျိုးစီးပွားကိုပါ သွားထိသလိုဖြစ်စေတာမို့ အမေရိကန်ရဲ့ တန်ပြန်ဆောင်ရွက်မှု့တွေကြောင့် ကိုယ့်နိုင်ငံပဲထိခိုက်ပါတယ်။
    တကယ်က ဒီနှစ်ယောက်ကြား ကိုယ်ဘယ်လို ရပ်ရမယ်ဆိုတာကို ပါးပါးနပ်နပ် ချင့်ချင့်ချိန်ချိန် လုပ်သင့်တာပါပဲ။

    “ပထွေးထဲမှာမှ ဒီဟာ ပထွေးကောင်း ၊ ဟိုဟာ ပထွေးဆိုး ထပ်ခွဲနေရတဲ့ ၊
    ပထွေးမျှော် နိုင်ငံတော်ကြီး….”
    ကိုဖေါရင်းကတော့ အမှန်တွေ တည့်တည့်ကြီးပြောရင်း မျက်ရည်ကျအောင်လုပ်နေပြီ။
    စကားမစပ် ကျုပ်တို့နိုင်ငံသားလူငယ် ( ၁၆ – ၄ဝ ) တွေထဲ ဒီစကားကြောင့် မျက်ရည်ကျချင်တဲ့သူ ဘယ်နှစ်ရာခိုင်နှုံးများ ပါမလဲမသိဘူးနော်….။

    • Foreign Resident

      November 10, 2011 at 1:48 pm

      ” ဟိုဟိုသည်သည်ဆင်ခြေပေး ဝေ့လည်ကြောင်ပတ်လုပ်ရင်း အချိန်ကုန်ခံနေဘို့
      ကျုပ်တို့နိုင်ငံမှာ အချိန်မရှိဘူးနော်။ ကျုပ်တို့နိုင်ငံက အရမ်းအရမ်း ဆိုးနေပြီနော် ”

      ဆိုးတာပေါ့ ကို parlayar ရယ် ။
      ကျွန်တော့်ရဲ့ ” Voice Journal ရဲ့ ရှယ်ဖွချက် နှင့် အတွေးများ ( ၅ ) ” ထဲမှာလို

      အိမ်နီးခြင်း ( ၆ ) နိုင်ငံ ထဲမှာ အဆင့် အတန်း အနိမ့်ကျဆုံး နိုင်ငံ ။
      အာဆီယံ အဖွဲ့ဝင် ( ၁ဝ ) နိုင်ငံ ထဲမှာ အဆင့် အတန်း အနိမ့်ကျဆုံး နိုင်ငံ ။

      အင်းးးးးး ဒီလိုမျိုး နှစ်ချက်စလုံး တိုက်ဆိုင်ဖို့ဆိုတာ လွယ်မှတ်လို့ ။

  • MaMa

    November 10, 2011 at 1:14 pm

    FR တို့လို အမြင်ကျယ်သူတွေက ပြောပြတော့မှပဲ နွားခြေရာခွက်ထဲက ကျမတို့တတွေ မျက်လုံးလေး ကလယ်ကလယ်နဲ့ ဖတ်ခွင့်၊ သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ 🙂
    အမှန်အတိုင်း ဝန်ခံရရင် စောစောပိုင်းက သဂျီးတို့ FR တို့ ရေးတာတွေကို လုံးဝလက်မခံချင်ဘူး။ နိုင်ငံခြားကို အထင်ကြီးလွန်းတယ်။ ပြည်တွင်းကလူတွေကို နှိမ်ချလွန်းတယ်လို့ 🙁
    (တခါတည်း အထင်မှားခဲ့တာတွေကိုလည်း တောင်းပန်လိုက်ပါတယ်။)

  • windtalker

    November 10, 2011 at 1:56 pm

    ကောင်းလိုက်တဲ့ အရေးအသားဗျာ
    အားလုံးကို ထင်းကနဲ တန်းမြင် တန်းသိရတာဘဲ
    ဥပမာ ကိုတော့ အကြိုက်ဆုံးပဲဗျို ့
    ဒီ့ထက်ကောင်းတဲ့ ဥပမာ မရှိနိုင်တော့ ဟု
    ပြောခဲ့ပါရစေ အဘ ရေ

  • Tauid

    November 10, 2011 at 4:09 pm

    မမပြောတာမန်တယ်။
    အဘ ကနိုင်ငံခြားကိုအထင်ကြီးလွန်းတယ်။
    🙁

  • pooch

    November 10, 2011 at 8:20 pm

    အဘဖော ရေးတာ ကွင်းကွင်းကွက်ကွက်ပဲ ထင်းခနဲ လင်းခနဲ….( ကြားရတာ နားဝတော့ မသက်သာဘူးပေါ့လေ ) ဒါပေမဲ့ ဒီလို ပြောတော့ ပိုမြင်သာတယ်…

    သာတူညီမျှရှိမှု က အခု အိုဘားမားလို လူမည်းတယေက် သမ္မတ ဖြစ်လာတာကို ကြည့်ရင်သိသာပါတယ်

    ဒါကြောင့်မို့ ထင်တယ် အမရိကန်နိုင်ငံသားကတ်ရှိတဲ့ ဘယ်သူမဆို ဂျပန်မှာ ဗီဇာ မလိုပဲ သွားလာခွင့်ရှိတာ

    အမရိကန် အစိုးရ က ပြည်သူ့ ခိုင်းဖတ် ၊ ပြည်သူကို မော်မကြည့်ရဲဘူး ၊ မလွန်ဆန်ဝံ့ဘူး ဆိုတာကို အားကျလိုက်တာ ….

    ကိုယ်တွေရဲ့ အစိုးရကိုလည်း အဲ့ဒီလို ဖြစ်ဖို့ ဘယ်လောက်တောင်များထပ်စောင့်ရအုန်းမှာလဲ ဟင်….

    လေလံအတင်ခံပြီး သူများ စားသုံးတာကို ခံရတဲ့ ဘဝကနေ လွတ်မြောက်ဖို့ အခုလက်ရှိလူများက ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အားကုန်ထုတ်သုံးပြီး ကြိုးစားကြရတော့မှာ …

    • MaMa

      November 10, 2011 at 9:15 pm

      သူငယ်ချင်းတစ်ယောက် မေးတဲ့မေးခွန်းကို သွားသတိရလိုက်တယ်။ မိသားစု တစ်စုအနေနဲ့ စဉ်းစားရင် အစိုးရနဲ့ပြည်သူ ဘယ်သူက မိဘ၊ ဘယ်သူက သားသမီးလဲတဲ့။

  • forever

    November 10, 2011 at 9:02 pm

    ဆေး မှီပါ.အုံးမလား FR ကြီးရယ်
    တရုပ်ကြီးလက်ချက်နဲ. ဗိုက်တောင်ထွက်နေပြီ..

    • Foreign Resident

      November 11, 2011 at 7:20 am

      တော်တော်ဆိုးတဲ့ တရုတ်ကြီး ပဲ ။
      ” ကွန်ဒွန်လေး နှင့် ပဲ အားပေးပေး ပါ ” လို့ ။
      အဘ အတန်တန် တောင်းပန်နေရဲ့သားနှင့် ။
      အခုတော့ ဒုက္ခ နှင့် လှလှ တွေ့ကြပြီပေါ့ ။ 😛

      • inz@ghi

        November 11, 2011 at 7:48 am

        အဲ့ .. .တတိရတွားဘီ ….
        အဘ ကျောရော့ မော်ဒလယ်လေးတွေရဲ့ ခယောင်းလမ်း ကိုရေးမယ်ဆို….

        သည်ရက်ပိုင်း ဘတို့က ဟဲဗီးမက်တယ်လ် တွေပဲ ဆော်နေကြတော့…
        ဟာသရေးနေတဲ့ တားတားတောင် လက်ရှက်လာပီ ဟီး …
        (ကိုယ့်ဟာကိုယ် ပေါတုန်းက လွှတ်ပေါထားပီး)

        တူရို့လေးတွေရဲ့ ဘွ လေးတွေကို စာနာချင်ရို့ပါ ဘရယ် …နော်..

        အသည်းမမာတဲ့ ဒါ့ပုံဆြာ/မာကတ်တာ..
        အင်ဇာဂီ ..

  • kai

    November 11, 2011 at 2:59 am

    ရုရှားတွေ.. အင်္ဂါဂြိုလ်တက်ဖို့လုပ်နေတာ…
    ၁၈ကြိမ်မှာ.. ၁၈ကြိမ်လုံး…ပလုံပလုံ ဖြစ်နေမဲ့ပုံပဲ..။
    နည်းပညာကို ပြောတာပါ…
    နည်းပညာ…
    ===
    17 failed missions to Mars since 1960

    * 1960 Korabl 4 Didn’t reach Earth orbit
    * 1960 Korabl 5 Didn’t reach Earth orbit
    * 1962 Korabl 11 Earth orbit only; spacecraft broke apart
    * 1962 Mars 1 USSR Radio Failed
    * 1962 Korabl 13 Earth orbit only; spacecraft broke apart
    * 1964 Zond 2 Radio failed
    * 1969 Mars 1969A Launch vehicle failure
    * 1969 Mars 1969B Failure Launch vehicle failure
    * 1971 Kosmos 419 Achieved Earth orbit only
    * 1971 Mars 2 Orbiter arrived, but no useful data and Lander destroyed
    * 1971 Mars 3 Orbiter obtained approximately 8 months of data, returned only 20 seconds of data
    * 1973 Mars 4 Flew past Mars
    * 1973 Mars 6 Occultation experiment produced data and lander failure on descent
    * 1973 Mars 7 Missed planet; now in solar orbit.
    * 1988 Phobos 1 Orbiter lost en route to Mars
    * 1988 Phobos 2 Lost near Phobos
    * 1996 Mars 96 Launch vehicle failure

    Read more: http://www.foxnews.com/scitech/2011/11/10/russia-fights-to-prevent-18th-failed-mars-mission/#ixzz1dKubwnDo

  • bigchef

    November 11, 2011 at 5:02 am

    အ ရမ်း ကောင်း တဲ . ဆောင်း ပါး တစ် ပုဒ် ပါ။အ မေ ရိ ကန် ကို မုန်း ပါ တယ် ဆို တဲ. မူ ဆလင် နိုင် ငံ ကပြည် သူ တွေ တောင် visa ပေး လိုက် ကြည့် ပါ လား။သွား ချင် တာ များ ငမ်းငမ်း တက်။အ မှန်တော့ မနာ လို ပြီး မုန်း သ လို ဖြစ် နေ တာ ပါ။

  • htoosan

    November 11, 2011 at 10:54 am

    “ဘယ်သူ့မှ အပြစ်တင်စရာမရှိပါဘူး ။
    အရင်းစစ်တော့ အမြစ်မြေက ဘယ်သူမပြု မိမိမှုပါ ။
    ကိုယ်တွေ သောက်သုံးမကျလို့ ဖြစ်တာပါ ။” …….
    ဦးFR.

  • mummymoon

    November 12, 2011 at 12:15 pm

    အင်း ဖတ်ရတာ တနင့်တပိုးဖြစ်ရတာ– ဥပမာတွေက ရှင်းလင်းလွန်းအားကြီးတော့ ဘယ်လိုပြောရမှန်းတောင် သိတော့ဘူး–

  • ကိုရင်စည်သူ

    November 12, 2011 at 2:43 pm

    အဘဖောရယ်..
    ရေးချက်နဲ့ အတွေးအခေါ်ကိုတော့
    မလေးစားပဲ မနေနိုင်ပေါင်ဗျာ…
    အဘခိုင်နဲ့ သဂျီးတို့လို လူတွေများများရှိရင်
    မြန်မာပြည်မတိုးတက်စရာ အကြောင်းမရှိဘူးလို့
    မြင်ပါတယ်ဗျာ…
    နောက်ဆုံးတော့လည်း
    အမေလိကန်ဟာ အမေလိကန်ပါပဲ… 🙂 🙂

    • Foreign Resident

      November 12, 2011 at 7:08 pm

      အဘဖော နှင့် သဂျီးခိုင် လုပ်ပါ ကိုရင်ရယ် ။
      မျက်စိတွေ လည်ကုန်ပါပြီ ။ 😛

      • ကိုရင်စည်သူ

        November 12, 2011 at 7:13 pm

        ဟဲဟဲ… အဘဖောရေ.. အမွှမ်းတင်ပေးချင်တဲ့
        စိတ်တွေများပြီး လွဲသွားပြန်သကိုး… ဆောဒီးနော်..
        သိတဲ့အတိုင်း ကိုရင်တို့ စာရိုက်ရင် လွဲနေကျမို့
        ခွင့်လွှတ်ပါ အဘမာစတာဖော… 🙂 🙂 🙂

  • naywoonni

    November 12, 2011 at 9:45 pm

    ရေးထားလိုက်ပုံကတော့ အကွင်းအကွင်း မုန့်တီ ဟင်း လို ရှင်းရှင်းလင်းလင်း ကို တွေ့မြင်လိုက်ရပါပြီ…။ ဂျပန်ရေချိုးတာထက်တောင်ရှင်း …. ဆိုသလိုပဲ…။ ကို FR ရဲ့ ပိုစ့် ကို ကျွန်တော့ multiply .com စာမျက်နှာမှာ လင့်ချိတ်ပါရစေ…။ ခွင့်မပြုလည်း ချိတ်မှာပဲ…။ ဟွန့် … ဒါပဲနော်………..

    • Foreign Resident

      November 13, 2011 at 1:21 am

      ရပါတယ် အဘ နေဝန်းနီရယ် ။
      ကျွန်တော့ကို ချီးမြှင့် မြှောက်စားတယ်လို့ ခံယူပါတယ် ။
      ရှဲရှဲပါ ။

  • အဘဖော။ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ ခုတလော ကျွန်တော် လက်မလည်အောင် အလုပ်များနေလို့ စာမဖတ်နိုင်ပါဘူး။ ဒါပေမယ့် ဖတ်သလောက်ကလေးကပဲ တော်တော်ကျေးဇူးကြီးပါတယ်။

    • Foreign Resident

      November 14, 2011 at 4:33 am

      ဗိုလ်ချုပ်ကြီး မက်အာသာ ဟာ
      အဲဒီခေတ် နိုင်ငံရေး အရ လက်မခံနိုင်တော့လို့
      ရာထူးက ဖယ်ရှားခြင်း ခံလိုက်ရတာပါ ။

      ဒါပေမယ့် သူဟာစစ်သားကောင်း တစ်ဦးတော့ ဖြစ်ခဲ့ပါတယ် ။
      များပြားလှတဲ့ တရုတ် နှင့် မြောက်ကိုရီးယား စစ်တပ်ကို အနုမြူဗုံးကျဲ ဖို့
      တရုတ် စစ်တပ်ကို တရုတ်နိုင်ငံထဲအထိဝင်ပြီး ချေမှုန်းဖို့ အထိ
      သူက တောင်းဆိုခဲ့ပါတယ် ။
      ဒါဟာ သူ့စစ်သားအလုပ် သူလုပ်တာပါ ။ သူမမှားပါဘူး ။

      ဒါပေမယ့် အမေရိကန် အစိုးရမှာ တရုတ်ကြီးနှင့်
      အလုံးစုံ စစ်ဖြစ်ဖို့ ငွေ လူ လက်နက် နှင့် ဆန္ဒ မရှိဘူးဖြစ်နေတယ် ။
      ဒါနှင့်ပဲ ဗိုလ်ချုပ်ကြီး မက်အာသာကို ပြန်ခေါ်လိုက်တာပါ ။

      အဲဒီအချိန်မှာ တတိယ ကမာ္ဘစစ် မဖြစ်ခဲ့တာဟာ
      မှားလား မှန်လားတော့ အဘလည်း ဝေခွဲမရပါဘူး ။

      May be, အဲဒီအချိန်ကတည်းက ကွန်မြူနစ်စနစ် ပြိုလဲသွားခဲ့ရင်
      ကမာ္ဘကြီးလဲ နဲနဲစောပြီး ငြိမ်းချမ်းခဲ့မှာပဲလို့ ယူဆလို့လဲရပါတယ် ။

      အနုမြူဗုန်း နှင့်ပါတ်သက်လို့ ကြုံတုန်း တခုပြောချင်လို့ပါ ။
      အနုမြူဗုန်း ကျဲခဲ့တဲ့ Enola Gay လေယာဉ်ရဲ့ လေယာဉ်မှူး ပြောခဲ့တာတွေပါ ။

      I did the job and I was so relieved that it was successful.

      ” ငါ့ အလုပ်ကို ငါလုပ်ခဲ့တာပါပဲ ။ ဗုံး ပြုတ်ကျပေါက်ကွဲသွားတဲ့အချိန်မှာ
      ကိုယ်ရဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့နိုင်ပြီဆိုပြီး
      စိတ်လက် ပေါ့ပါးသွားပါတယ် ”

      If you give me the same circumstances, I’d do it again.

      ” သေသွားတဲ့သူတွေ အတွက်တော့ စိတ်မကောင်းပါဘူး ။
      ဒါပေမယ့် ကျွန်တော့်နိုင်ငံအကျိုးအတွက် ဒီအနုမြူဗုန်း ကျဲတဲ့ကိစ္စကို
      ထပ်ခိုင်းခဲ့မယ်ဆိုရင် ။ အနုမြူဗုန်းကို ထပ်ကျဲပေးအုန်းမှာပဲ “

  • Foreign Resident

    December 24, 2011 at 1:34 pm

    ” အဲဒီတော့ အသက်ကြီးမှ ဩဇီ ပြောင်းချင်ရင်တော့
    နိုင်ငံရေး ခိုလှုံခွင့် နှင့် ဒုက္ခသည် ခံရင်ခံ ဒါမှမဟုတ်
    ကျွန်တော့်လိုပဲ ဩဇီ နိုင်ငံသူ ဆရာဝန်မ ကိုယူလိုက်တဲ့
    နည်း နှစ်နည်း ပဲရှိပါတယ် ”

    For your updated information,
    နောက်ဆုံးရ သတင်းလေးပါ ။
    ဩဇီက မြန်မာ နိုင်ငံရဲ့ တိုးတက်လာတဲ့ နိုင်ငံရေး အခြေအနေတွေအရ
    မြန်မာ လူမျိုးတွေ ဩဇီမှာ နိုင်ငံရေး ခိုလှုံခွင့် နှင့် ဒုက္ခသည် ခံခွင့်
    မပေးတော့ဘူးလို့ နောက်ဆုံးကြားသိရပါတယ် ။

    Case by Case တော့ကွာခြားနိုင်ပါတယ် ။

  • MaMa

    December 24, 2011 at 7:32 pm

    ံHappy Birthday!
    နှုတ်ခွန်းဆက်သလိုက်ပါတယ်နော်။
    ခရစ်စမတ်နေ့က မွေးနေ့ဖြစ်တယ်ဆိုလို့
    ထူးထူးခြားခြား မှတ်မိသွားတယ်။
    ၁၈.၁၂.၂၀၁၁ တုန်းက ရွာသူားတွေကို မွေးနေ့အကြိုကျွေးတာ အကြွေးမှတ်ထားပြီး မွေးနေ့ရောက်မှပဲ ဆုတောင်းပေးတော့မယ်ဆိုပြီး စဉ်းစားထားတာ အခုပိုစ့်ပြန်တက်လာတာနဲ့ အတော်ပဲ ဖြစ်သွားတယ်။ 🙂

Leave a Reply