မှာပါရစေ

aye.kkNovember 17, 20111min2078

တတ်သည့်ပညာ

မနေသာတည့်

သေရွာသို ့မူ

ယူမသွားချင်

နောင်တွင်သိအောင်

အမောင်တို ့အား

ဆိုထားမှာချင်

ခေတ်မြင်တွင်မယ်

ရှေးမူပယ်၍

မြင်ကျယ်ဆန်းကာ

ပြင်ကြပါလျှင်

နောင်မှာအရေး

မျှော်တွေးချင့်က

အမြင်ယူဆ

လွဲကြပေမည်

ဤအရေးနှင့်

အကျင့်တွေးကြံ

အမှန်ရအောင်

မောင်တို ့ထံတွင်

မြင်ကြွယ်ဗဟု

သုတများသိ

မြင်ရှိကြဖို ့လိုချေမည်။

 

8 comments

  • small cat

    November 17, 2011 at 7:15 pm

    ကဗျာဆိုလိုရင်း ရည်ရွယ်ချက်လေးကောင်းပါတယ်။

  • blackchaw

    November 17, 2011 at 7:38 pm

    ကဗျာလေးကို ကြိုဆိုပါတယ် ခင်ဗျား။

  • windtalker

    November 17, 2011 at 7:53 pm

    မျက်စိပူဆာ
    မနေသာလို ့
    ဂေဇက်ကိုဝင်
    ကဗျာမြင်သည်
    ရေးသူအေးကေ
    မှာကြားသေချာ
    ဖတ်သည့် သူမှာ
    မှာပါရစေ
    ထပ်ရေးပါလေ
    စာ..စာတွေ ။

  • ပေါက်ဖော်

    November 17, 2011 at 7:54 pm

    မှန်၏..ကိုအေးကိုကို
    😀

  • ပေါက်ဖော်
    လျှောက်မအော်နဲ့
    အေးကြူကြူ ပါကွ။
    သူပေးဝေမျှတဲ့အသိတရား
    သိထားရုံသက်သက်မဟုတ်
    လက်တွေ့ကျင့်ကြံ ဘို့လေကွယ်။

  • aye.kk

    November 18, 2011 at 6:45 am

    နံမည်ရဲ ့အဖျားဆွတ် တစ်လုံးက..အေး..ပါ
    အလယ်တန်းကျောင်းသူ အဆင့်တုံးက ကဗျာပြိုင်ပွဲမှာ
    (ကေ ကေ ကေ)ဆိုတဲ့ကလောင်အမည်လေး ပေးဖူးပါတယ်
    ဆုရခဲ့ဖူးတဲ့အမည်လေးကို အမှတ်တရ ဖြစ်နေတာမို ့အတိုကောက်လေး(k k)
    ဆိုပြီးပေးမိတာပါ..
    (လွတ်လပ်ရေးနေ ့တို ့မမေ့ ဆိုတဲ့ခေါင်းစဉ်စာသားလေးနဲ ့ပါလို ့ပြောပြပါရစေ)

  • ကဗျာဆုရဘူးတယ်ဆုတော့ တော်တယ်လို့ချီးမွမ်းရမှာဘဲနော်။
    ကျနော်တော့ တစ်ခါမှ ဆုမရဘူးလို့ပါ။

    • windtalker

      November 19, 2011 at 1:58 pm

      နန်းဆု ယူမလား
      ဝိုင်းဆု ယူမလား ပြော
      ပြက္ခဒိန်လက်ဆောင်ပေးမယ်

Leave a Reply