လျှို ့ဝှက်အလင်းကို ဖွင့်ကြည့်ခြင်း

alinsettNovember 17, 20111min23411

ထူးထူးဆန်းဆန်း တင်ပြတတ်သော အနုပညာ ဖန်တီးမှုများကို စိတ်ဝင်စားတဲ ့ ကျွန်တော်……

ထူးဆန်းသော ၊ ထူးခြားသော..စာ တစ်ပိုဒ်ကို တွေ့လိုက်ရပါသည်။

တာရာမင်းဝေ၏ ဝတ္ထုတို တစ်ပုဒ်ထဲမှ စာသားများ ဖြစ်သည်။

“” ကျွန်တော်နှင့် အသံ ခုနှစ်ထပ်..””ဆိုသော ဝတ္ထုတို ဖြစ်သည်။ မျဉ်းဖြောင့်၏ဧရိယာ ဆိုသော ဝတ္ထုတို စု စာအုပ် ၊

စာမျက်နှာ…57 မှာ တွေ ့နိုင်ပါသည်။

အဲသည်..စာပိုဒ်ကလေးကို ကျွန်တော်တို ့ အတူ ခံစားကြည့်ရအောင်..။။

_________________________________________________________________

“” ဒေါက် …ဒေါက်..””

ကျွန်တော်က တံခါးကို ခေါက်လိုက်တော့ ဆာဝေါလ်တာစကော့ က အထဲ.က ပြန်အော်တယ် ။

“” တံခါး…တပ်မထားဘူး…..”‘

ကျွန်တော် ဝင်သွားတော့ သူ မုတ်ဆိတ်ရိတ်နေတယ်…။

သူ ့ဘေးမှာလည်း သူ ့ အချစ်တော်..ခွေးက ဝပ်နေတယ်။ သူ ့ စာအုပ်ပုံကြီးကို ကျွန်တော် ခလုပ် တိုက်တော့….

“” အဲဒီ စာအုပ်တွေ ကို သံနဲ ့သေချာ ရိုက်ဦးမယ်….””

လို ့ပြောတယ် ။ပြီးတော့ သူ ့ခွေးကိုပါ မုတ်ဆိတ်ရိတ်ပေးဖို ့ ပြင်နေတယ် ။ ….. …..

……………………………………………………………….

___________________________________________________________________________________

ကျွန်တော် ဆိုသော သူက တံခါးကို ခေါက်လိုက်လို ့ ဒေါက် ဒေါက် လို ့တောင် အသံမြည်နေပါပြီ။

ဒါပေမယ့်…”.တံခါး တပ်မထားဘူး..”.တဲ ့။

တံခါး ရှိခြင်း သည် မရှိခြင်း အဖြစ် ချက်ချင်း ပြောင်းလဲ.သွားသည်။ တံခါးရှိနေခြင်း.၊ အသံမြည်ခြင်း..ဆိုသော

အချိုးအစား ပျက်သွားပါသည်။

သူ ့ စာအုပ်ပုံကြီးကို ခလုပ်တိုက်တော့…”.စာအုပ်တွေကို သံနဲ ့သေသေချာချာ ရိုက်မယ်..”.တဲ ့။

စာအုပ်ဆိုတာ သံနဲ့ ့ရိုက်ထားလို ့မရတာ သေချာပါသည်။ သံ့နဲ ့ ရိုက်လိုက်ရင် ဖတ်လို ့ ဘယ်ရတော့မလဲ..။

ဒါပေမယ့် အဲဒီ ဝါကျကိုလည်း ကျကျနန အချိုးဖျက်ခြင်း( Distortion ) လုပ်ထားသည်။

နောက်ထပ် ဝါကျတွေမှာလည်း…

ခွေးကို မုတ်ဆိတ်ရိတ်ပေးဖို ့ ပြင်နေတယ်…..။

ခွေးမှာ မုတ်ဆိတ် မရှိတာ.၊ မုတ်ဆိတ်ရိတ်ပေးစရာ မလိုတာ..၊ ရိတ်ပေးရိုး ထုံးစံ မရှိတာ ဟာ အချိုးအစားတစ်ခု ဖြစ်ပါသည်။

အဲသည် အချိုးအစား ကိုလည်း ဆရာတာရာမင်းဝေ က

ဖျက်ထားပါသည်။

ပြိးတော့ ကျွန်တော် ဆိုသူ ဝင်လာတာကို ဧည့်ခံဖို ့၊ တွေ ့ဆုံ စကားပြောဖို ့ မလုပ်ပဲ…

ခွေးကို မုတ်ဆိတ်ရိတ်ပေးဖ်ို ့ ပြင်နေတာ…..အဲဒါလည်း ပုံမှန်မဟုတ်သော…ဖော်ပြချက်ပါ..။

___________________________________________

မော်ဒန်ဝတ္ထု အနုပညာရပ်မှာ တွေ ့ရလေ့ရှိသော…

အချိုးဖျက်ခြင်း ( Distortion) ကို ကျွန်တော်…ချစ်ပါသည်။

ဘာ့ကြောင့် ချစ်သလဲ..ဆိုတော့ ချစ်စရာကောင်းလို ့ကို ချစ်သည်။

မော်ဒန်အနုပညာ သမားများ၏ အချိုးဖျက်ခြင်း ( Distortion )သည်

ပလေတို (Plato ) ( Objective Idealism ကို ထူထောင်ခဲ့သူ ) ၏

အမျိုးတူ ပုံဖော်မှု ( Eikastike )

ဆင်တူ စပ်မှု ( Phantastike ) ဆိုသော…အယူအဆတွေကို

လက်ပြ နှုတ်ဆက်လိုက်ပါသည်။

အနုပညာ ဆိုသည်မှာ… ပုံတူကူးခြင်း../.အတုခိုးခြင်း( Imitation ) မဟုတ်ပါ။

ဖန်တီးခြင်း / ဖန်ဆင်းခြင်း ( Creation ) ပဲ..ဖြစ်သည်..ဟု

( ကျွန်တော် ) ယူဆပါသည်။

အနုပညာသမား၏ လွတ်လပ်စွာ ဖန်တီးပိုင်ခွင့် ဆီသို ့

ချီတတ်နေကြသော……

မော်ဒန်အနုပညာ (Modern Art ) ကို…

ကျွန်တော် အလွန် ချစ်ပါသည်။

____________________________

အားလုံးကို လေးစားစွာ….

အလင်းဆက်

13 . 11 .2011 / sunday / pm

alinsett.art@gmail.com

11 comments

  • alinsett

    November 17, 2011 at 7:20 pm

    မော်ဒန်အနုပညာဆိုင်ရာ ဝေဖန်ချက် စာတမ်းအဖြစ်..
    ဒီပို ့စ်ကိူ တင်လိုက်ပါတယ် ။
    တစ်ဆက်ထဲ..ပြောသွားချင်တာက နောက် တစ်ခါတင်မယ် ့ပို ့စ်ဟာ…
    ဝေဖန်ရေးသမားတွေမှာ ရှိသင့်တဲ ့အချက်တွေ..အကြောင်းဖြစ်နေမှာပါ..။

    ဘာလို ့လည်းဆိုတော့…ကျွန်တော်..အခု ဆရာတာရာမင်းဝေရဲ ့စာတစ်ပိုဒ်ကိုဝေဖန်အပြီးမှာ ဝေဖန်သူတွေ
    ဘက်က ထားရှိရမယ့် အချက်တွေ.ကို စဉ်းစားမိသွားလို ့ပါ။

    စာပေသမားများ အားလုံးကို ခင်မင်လေးစားလျက်..

  • blackchaw

    November 17, 2011 at 7:30 pm

    လုပ်ပါ၊ ဆက်လုပ်ပါ။ ကိုအလင်းဆက်ရေ။
    လက်ခုတ်တီးပြီး အားပေးဘို့ ကျွန်တော်တို့ အသင့်ရှိနေပါပြီဗျာ။

  • alinsett

    November 17, 2011 at 7:37 pm

    အားပေးသူတွေ ရှိလေ…ကျွန်တော် အားတွေ ရှိပြီး စာတွေ ဆက်ရေးနိုင်လေ..ပါပဲ..ဗျာ။ ကို ဘလက်တို ့လို အမြဲ..တမ်း အားပေးသူတွေ ရှိနေလို ့ ကျွန်တော်…မန်းလေးရွာထဲ မှ ာသံယောဇဉ်တွေ..ရှိနေတာပါဗျ။

  • windtalker

    November 17, 2011 at 7:49 pm

    ကျုပ် သည် ဂေါ်ကီ ကို သဘောကျသည် ။
    ဂေါ်ကီလိုတော့ မနေနိုင်ပါ ။
    ကျုပ် သည် အလင်းစက် စာကို အမြဲဖတ်ဖြစ်ပါသည် ။
    အလင်းစက်လို ့တော့ မရေးတတ်ပါ ။
    အားပေးသူသပ်သပ်ပါ

  • mandalarthu

    November 17, 2011 at 9:25 pm

    အလင်းဆက်ရေ
    မော်ဒန်အနုပညာ (Modern Art ) ကို သိပ်နားမလည်ဘူး၊
    ဒါပေမယ် ့ ကိုယ်ယုံကြည်ရာကို ဆက်လက်ချီတက်ဖို ့
    အားပေးပါတယ်။

  • alinsett

    November 18, 2011 at 7:05 pm

    ကျွန်တော့် စာကို အမြဲ..ဖတ်ပြီး အားပေးဝေဖန်ပေးတဲ ့ ကိုပေ..တို ့
    ကိုသစ်မင်းတို ့..
    Mandalarthu တို ့ကို သိပ်ကျေးဇူးတင်ပါတယ် ။
    မော်ဒန်အနုပညာကို နားမလည် နိုင်ကြသူတွေ များပါတယ် ။ အဓိက ပြသနာကိုက နားမလည်ခြင်းပါပဲ။

    အဲဒီ နားမလည်နိုင်လောက်အောင် ရှုပ်ထွေးတာတွေ ကိုမှ မြတ်နိုးနေမိတဲ ့ကျွန်တော်……

    ကျွန်တော့်ရဲ ့ စာတွေ ကို ဖတ်ပြီး အားပေးကြတဲ့…ကျွန်တော်ချစ်သော…စာဖတ်သူများကို အရမ်းခင်မင်လေးစားပြိး ကျေးဇူးတင်နေရပါတယ် ။

    အဲဒီလို ဆက်ရေးဖို ့အားပေကြလို ့သာ ကျွန်တော်. ဆက် ဖန်တီးနေ နိုင်တာပါ ။

    အားလုံ့းကို ကျေဇူးတင်ပါတယ် ။

    တကယ်ပါ ။

  • forever

    November 18, 2011 at 8:51 pm

    အလင်းဆက်ရေ
    ခင်ဗျား ပို.စ် ကိုဖတ်ပြီး ကျွန်တော်လဲ မော်ဒန် အတ် ကိုသဘောကျသွားတယ်
    အချိုးဖျက်ခြင်း အနုပညာကို ချစ်သွားတယ်

    ဒါနဲ.အိမ်ပြန်ရောက်လို. အားရဝမ်းသာနဲ. မိန်းမရေ လို.(ပြောမလို.) ခေါ်လိုက်တော.
    အထဲကနေ ပြန်အော်တယ် ယောက်ကျားမရှိဘူးတဲ. .

  • aye.kk

    November 18, 2011 at 9:18 pm

    နာမ်ဆိုတာရှိနေပါတယ် ကိုင်တွယ်လို ့မရပါဘူး ဒြပ်ဝထ္ထုမဟုတ်ပါဘူး ပြသလို ့မရတဲ့အရာပါ
    အခုလိုတင်စားမှု တစ်ခုဟာစိတ်ဝင်စားမှုဖြစ်စေပါတယ် လို ့ပြောလိုက်ပါရစေ ကိုအလင်းဆက်ရေ..
    ဥပမေယ လေးပေါ့နော်..။

  • thit min

    November 19, 2011 at 8:36 pm

    ကိုအလင်းဆက် နဲ့မော်ဒန်အတူတကွ ဒီလောက်ရင်းနှီးနေတာ သမရိုးကျတွေကိုခင်ဗျားအပေါင်းအသင်း

    မလုပ်ခြင်းကို ပေးခဲ့ရမှန်း သိရတယ်။

    အရာရာကို ဘောင်ကျော် စည်းဖျက်တဲ့ အလုပ်ရဲ့ လုပ်ခ က မော်ဒန်ကို သိကျွမ်းခွင့်ရခြင်းလို့

    နတ်သျှင်နောင် ကို ပြောပြ ချင်လိုက်တာ။

    တွေးမိသမျှကို အနုပညာ ဖြစ်စေတဲ့ မော်ဒန် ရှိ သွားပြီဆိုတော့…………

    ဖန်တီးမှု အနုပညာ စက်ကြီး နည်းပညာ နိမ့် သွားလို့ ” ဒင်း ” ကို မော်ဒန်လို့ ခေါ်တာကိုး။

  • MaMa

    November 19, 2011 at 8:53 pm

    (အနုပညာသမား၏ လွတ်လပ်စွာ ဖန်တီးပိုင်ခွင့် ဆီသို ့
    ချီတတ်နေကြသော……
    မော်ဒန်အနုပညာ (Modern Art ) ကို…)

    နားလည်ရနက်နဲသော ဖန်ဆင်းမှုအနုပညာ မော်ဒန်အတ် ကို
    အလင်း တွေ ဆက် လက်ပေးနိုင်ပါစေလို့…… 🙂

  • alinsett

    November 20, 2011 at 7:32 pm

    ကိုသစ်မင်းရေ..မော်ဒန်အတ်ဟာ တွေးမိ ရေးမိသမျှ…ဖြစ်လာတာတော့ မဟုတ်ဘူးထင်ပါတယ်နော် ။ အဲဒိ
    အတွေးတွေကို တွေးမိလောက်အောင် ဖန်ထားတဲ ့အကြောင်းတွေ..ရှိနေသေးတယ်လေ။
    အကြောင်းရှိလို ့အကျိုးဖြစ်ခြင်းထဲကနေ မော်ဒန် က ရုန်းမထွက်သေးပါဘူး။

    ဖန်တီးမှု အနုပညာ နည်းပညာ နိမ့်သွားလို ့ မော်ဒန် ဖြစ်သွားတယ်..ဆိုတာကို လည်း အဲဒီ စကားအတါက် ဝမ်းနည်းရပါတယ် ။

    ကျွန်တော်တို ့က အသစ် အသစ်သော အရာတွေကို ဖန်တိးချင်တာပါ ။ ဖန်တီးခြင်းနဲ ့ဖြစ်ပေါ်..တို ့တတ်ခြင်း.ဟာ တွဲလျက်ပါနေရမှာပါ ။

    ကာရန် နဘေ တော့ထဲက မထွက်နိုင်တာ..နဲ ့ ဘောင်တွေ..စည်းတွေကို ကျော်လောက်စရာ အကြောင်းတွေ ရှိလာလို ့ကျော်ဖောက်ထွက်သွားနေရတာ…ဘယ်ဟာက ပို တိုးတတ်သလဲ..တော့ ကျွန်တော်…မပြောချင်ပါဘူး။ မြန်မာပြည်မှာ ကျွန်တော့်ထက် ပို ပြောပိုင်ခွင့် ပြောနိုင်ခွင့်ရှိသူတွေ..ပြောနေကြပါတယ် ။

    ကျွန်တော်..မော်ဒန် အနုပညာအကြောင်း..အကျယ် တဝင် ့ပြောပြချင်ပါတယ် ။

    အချိန်နဲ ့နေရာ အခက်အခဲ..ကြောင့် မပြောနိုင်သေးတာပါ ။ မြန်မာပြညမှာ မော်ဒန်နဲ ့ပို ့စ်မော်ဒန် အနုပညာအကြောင်းပြောသူဆိုတာလည်း..လက်ချိုးရေလို ့ရလောက်တယ်နော်..။ အဲဒါ ကြောင့်လည်း မော်ဒန်နဲ ့ ကိုသစ်မင်းတို့ ့ အသားမကျသေးတာနေမယ်..။

    ကျွန်တော်..ထပ်ကြိုးစာဖို ့လိုပါသေးတယ်ဗျာ.။

    မမ ရေ..ကျေးဇူးပါပဲ.။

    Forever ရဲ ့မန်းချက်က ကျွန်တော့်မှာရယ်လိုက်ရတာ…ထွက်တောင်ကျတယ်ဗျာ…မျက်ရည်..မျက်ရည်။

Leave a Reply