ဆရာကြီးမောင်သာရအတွက် ဂဇက်က တံခါး အမြဲ ဖွင့်ထားပါသည်။

black chawNovember 18, 20115min43731

ဒီရက်ပိုင်း ဆရာကြီးမောင်သာရ၏ ပို့စ်လေးတွေ ဂဇက်မှာ ဖတ်ရသဖြင့် ဘလက်တစ်ယောက် မြောက်ကြွမြောက်ကြွ ဖြစ်နေမိပါသည်။ မန်းဂဇက်မှာ စာရေးနေတာကွ၊ ဆရာကြီးမောင်သာရတောင် ဝင်ရေးပေးနေတဲ့ ဂဇက်ကွ၊ အဲဒီလိုကြီးကို ဂုဏ်ယူမိနေတာ ဖြစ်ပါသည်။ ဆရာကြီးက ပို့စ် သုံးပုဒ် ချီးမြှင့်ခဲ့ပါသည်။

၁။ ဘယ်သူ့ဘက်က ခြေသာသလဲ (12, Nov)

၂။ အောင်ဆန်းစုကြည် ဘာလဲ ဘယ်လဲ (16, Nov)

၃။ တင်မလား ဝင်မလား (17, Nov)

ဆရာကြီးအနေဖြင့် ပို့စ်လေးတွေ ချီးမြှင့်ပေးသဖြင့် ရွာသူားများကိုယ်စား ကျွန်တော် ဘလက်က ကျေးဇူးအထူးတင်ရှိပါကြောင်း ဂုဏ်ယူဝံ့ကြွား စွာပြောဆိုပါရစေ ဆရာကြီးခင်ဗျာ။ နောက်လည်း ပို့စ်လေးများ ချီးမြှင့်ပေးဘို့ လေးလေးစားစား တောင်းဆိုပါတယ် ခင်ဗျာ။

ဆရာကြီးမောင်သာရ ရဲ့ ပို့စ်များကို မဖတ်ရသေးသူများ ဖတ်ကြဘို့နဲ့ ကွန်းမန့်လေးများနဲ့ ကျေးဇူးတင်ကြောင်းလေး ရေး ကြဘို့ ကျွန်တော်တို့ ရေးဘော်ရေးဘက် ညီကိုမောင်နှမများကို တိုက်တွန်းပါရစေဗျာ။

 

ဒီရက်ပိုင်း အဘFR တို့ ကိုချိုတို့ ပျောက်နေကြပါသည်။ ကိုသစ်မင်း လည်း အလုပ်တွေရှုပ်နေသည်ဟု ထင်ပါသည်။ တွေ့နေကြသူများ မတွေ့ရတော့ ဟာတာတာကြီးနဲ့ လွမ်းစရာကြီးပါဗျာ။ ဖတ်ရမည့် ပို့စ်တွေကို ပြန်ကြည့်လိုက်တော့ မနည်းလှပါ။

ဒါပေမယ့်  ဂဇက် က ဘလက် ကို ချည်ထားလေပြီ။ သံယောဇဉ်ကြိုးနဲ့ပါခင်ဗျာ။

ကျွန်တော် သေသေချာချာ ဖတ်ပါသည်။ သေသေချာချာ အားထုတ်ထားပါသည်။

မယုံရင် ဖတ်ကြည့်ကြပါဗျာ။

 

Chityimhtoo ၏ ရွှေတိဂုံဘုရားအောက်တည့်တည့်မှာ လှိုဏ်ဂူကြီးအကြီးကြီးနဲ့ ရေတွေရှိတယ် ဆိုတဲ့ ပို့စ်ကတော့ ရွှေတိဂုံ ဘုရားကြီး၏ လျှို့ဝှက်ချက် တစ်ခုကို ဖေါ်ထုတ်ရေးသားထားခြင်းဖြစ်ပါသည်။ ဗဟုသုတ ရတာအပြင် ၂၉ ခုသော ကွန်းမန့်တွေ ဖတ်ရတာနဲ့တင် ပျော်စရာ ကောင်းတဲ့ ပို့စ်လေးပါ။ သူကြီးကိုယ်တိုင်း ကွန်းမန့် ၃ ခု အနီကတ် ၁၂ ကတ်နဲ့ ဂဇက်ရဲ့ အလှကို ခြယ်မှုန်းပြခဲ့တဲ့ ပို့စ်လေးပါ။ လက်မလွှတ်သင့်သော ပို့စ် ပါခင်ဗျာ။

ထင်ပေါ်လို့ စင်တော်က အကောက်ခံထားရပါသော ဂိုင်းအင်ဇာဂီ ၏ ကပေ့ရဲ့ အာဂလူစွမ်း စူပါမန်း ၁၁ယောက် အပိုင်း ၃ ကတော့ တော်တော် အရှိန်ရလာပါပြီ။ ပို့စ်ရဲ့ အစလေးက ထူးထူးခြားခြား အရေးအဖွဲ့လေးနဲ့စထားပါတယ်။ ဖတ်ကြည့်ကြပါဗျာ။

နာမည်ကျော် ပါရမီရှင် အလစ်သမား ကပေါက်ဖော်…

လက်ထဲက ပုလင်းကို စားပွဲပေါ်တင်ရင်း …ခုံ အလွတ် ၁လုံးတွင် ကပေါက်ဖော် ဝင်ထိုင်သည်သူ့ဝသီအတိုင်း

ခပ်ထွေထွေပင် နှုတ်ဆက်စကား ဆိုသည် …ထူးဆန်းသည်မှာ သည်အလုပ်အားလုံးကို

တပြိုင်နက် ပြုလုပ်သွားခြင်းဖြစ် သည် … ထူးဆန်းပါပေ့ ကပေါက်ဖော်….

တော်တော် စိတ်ရှည်လက်ရှည် ရေးထားတဲ့ ဂိုင်း လက်ရာ စီးရီးကို ပြုံးချင်ရယ်ချင်သူများ လက်မလွှတ်သင့်ပါဘူးခင်ဗျာ။

Kyaw Zin ၏ မော်ဒန် ကဗျာလေးကတော့ အတိုလွန်သွားသော ကဗျာလေးပါ။ ဖတ်ကြည့်ပါ။

သတိ နတ်ကြီးသည်..ဂွကြီးကြီးနဲံ ကြပ်ပါ..ကြပ်တတ်လျှင် နတ်ပြုန်းမည်..နတ်ပြုံးလျှင် ပြန်ရီပြလိုက်ပါ…

ကဗျာလေးတွေနဲ့ ကွန်းမန့်လေးတွေ ပေးကြရာမှာ ကိုသစ်မင်း ရဲ့ကွန်းမန့်က ဒီလိုပါ။

မော်ဒန်ကဗျာလေး
စော်ကြံအသာတွေး
ဂေါ်ပြန်တဏှာအရေး
လော်ပန်စာပေး၊
ဂျော်ဒန်ငါပြေး
အတော်မှန်မသာနံဘေး။

ကြောင်ကြီးရဲ့ ကွန်းမန့်ကလည်း ဒီလိုပါဗျာ။

မော်ဒန်ကဗျာ
စော်ဖန်ပါ
မလျော်ကန်ပါ
အဒေါ်ကြံတာ
တော်တန်ကွာ
ကျော်စံရာ..

Etone ကလည်း အားကျမခံ ကဗျာဝင်ရေးပါသည်။

ကဗျာမောဒန်
ရေးရန်ကြံ
ပျင်းသည့်ဟန်
ငြီးငွေ့ပြန်
ကူးမည်မှန်
သုံးကြောင်းအမြန်

ပင်မကဗျာက သိတ်တိုလွန်းတာတော့ သဘောမကျပါခင်ဗျား။

အီးတီ ရဲ့ သင်္ဘောပေါ်ရောက် ဟယ်လီကော်ပတာများ ဆိုတဲ့ ပို့စ်ကတော့ သင်္ဘောပေါ်မှာ ရိုက်ထားတဲ့ ဟယ်လီကော်ပတာ ပုံလှလှလေးများ ဖြစ်ပါတယ်။ ကွန်းမန့်ပေါင်း ၃ဝ နဲ့ ပျော်စရာ ပို့စ်လေးတစ်ခုပါဗျာ။

မနောဖြူလေး ရဲ့ ညနေခင်းဆည်းဆာအလှ ပို့စ်ကတော့ ဗိုလ်တထောင်ဆိပ်ကမ်းရဲ့ နေဝင်ချိန် ဓါတ်ပုံလေးများဖြစ်ပါတယ်။ ကွန်းမန့် ၃၄ ခုနဲ့ မြိုင်ဆိုင်တဲ့ ပို့စ်လေးပါဗျာ။ ကွန်းမန့်များထဲမှ ဆူး ရဲ့ကွန်းမန့်က ဒီလိုပါ။

ဒီချာတိတ်တော့ ရွာအထာ မသိပဲ လိုက်အော်ချင်နေတယ် ရွာသူတွေ ဝိုင်းညော်လို့ ပုဆိုးမပါပဲ ရွာပြင်ကို ပတ်ပြေးရတော့မယ်။
အီးတုံးဘဲ ဆိုတာ သီးသန့် ရှိတယ် မောင်ပေ က အပြင်မှာမိန်းမရှိတယ်။ ဒါတောင် သူက မာဆတ်မှာ သခွားသီး ဆီလူးပြီး နတ်ပူးနေတာ သူ့မိန်းမ မသိရှာဘူး။
ရွာသူ ရွာသားတွေ အကြောင်း သေချာ မသိပဲ လျှောက်ပြောရင် ငရဲကြီးလိမ့်မယ်။ အညော်ခံချင်ရင်တော့ မသိပဲ လိုက်ပြီး စုံတွဲ လိုက်တွဲ နောက်မှ ကြောက်ပါပြီ မလုပ်နဲ့.. ရွာအကြောင်း သိအောင် သေချာ လေ့လာအုန်း။

ကျွန်တော်တို့ ရဲ့ ဇာတ်လိုက်ကြီး ဂိုင်း အင်ဇာဂီ ရဲ့ ပျော်စရာကွန်းမန့်လေးက ဂိုင်း ရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်ပါဗျာ။ ဖတ်ကြည့်ပါ။

နောက်တာပါဘွားဆူး ရဲ့ စိတ်အဆိုးပါနဲ့ …
ဆြာပေ မိန်းမချိတာလည်း တား တိပါတယ်…
အန်တီ အိတုံ ကို နောက်လက်စနဲ့ ဆက်နောက်နေတာပါ ….

ရွာသူတွေဝိုင်းညှော်တာနဲ့ ပုဆိုးမပါတာနဲ့ …အသည်းယားထှာ …
ခုလည်း ပုဆိုးပါဝူးရယ် ..အဟီး ..
တားက ဘောင်းဘောင်းပဲဝတ်တာ…

ပြုံးစရာကွန်းမန့်လေးများနဲ့ ဓါတ်ပုံလေးများကို ကြည့်ကြရမယ့် ပို့စ်ပါဗျာ။

မောင်သန်းထွဋ် ဦး ရဲ့အချိန်သင့် အခါသင့် ဆိုတဲ့ ပို့စ်လေးကတော့ မင်္ဂလာဆောင်ကြမယ့်သူတွေအတွက် ဆောင်ရန်လေးများပါခင်ဗျာ။ မောင်သန်းထွဋ် ဦး က သူအိမ်ထောင်မပြုရသေးကြောင်း၊ မပြုနိုင်သေးကြောင်း ရွာထဲ ကြော်ငြာထိုးသွားပါသည်။

သို ့သော် ကိုယ်၌က အိမ်ထောင်ပြု၍ အိမ်ထောင်ဦးစီးသမှုပြုရလောက်အောင် ငွေကြေးက မပြည့်စုံ၊အစစအရာရာ လိုအပ်ချက်တွေတပုံတပင်ဖြင့် စိတ်ကူးရုံ သက်သက်နဲ ့အတွေးသမားမို ့ ဝေးနေရဦးမှာပါ။(ကြေညာဝင် ခြင်းမဟုတ်ပါ)

ကျွန်တော်တို့ ရဲ့ ချစ်လှစွာသော ကိုသစ်မင်း၏ ဂျပန် ဘာသာပြန် ဝတ္ထုလေးတစ်ပုဒ်ကတော့ ဂြိဟ်သားရဲ့အနေအထားဆိုတဲ့ ပို့စ်လေးဖြစ်ပါတယ်။

မမက ဒီလိုမန်းပါတယ်ဗျာ။

လိုက်မမှီလို့ တတ်ကျွမ်းနားလည်သူများက ထရန်စလေးရှင်းလေး မ စ ရင် ကောင်းမယ်။

ကိုသစ်မင်းက ဒီလို အရိပ်ပြပါသည်။

အဲဒီလိုဆိုးဝါးမှူတွေနဲ့ ပြည့်စုံနေတဲ့ ကမာ္ဘကြီး ဟာ တနေ့မှာတော့ ကွန်ဆိုဂြိုဟ်….. လို။
ဒန်တန်တန် ……………………
(သူကြီးထံမှငှါးသုံးသည်)

စဉ်းစားစရာ ဆင်ခြင်စရာ တွေပေးသွားသော ဘာသာပြန်လက်ရာကောင်းလေးတစ်ခုပါ။ ကျွန်တော်တို့လည်း ကွန်ဆိုဂြိဟ်လို မဖြစ်ရအောင် ဆိုးဝါး မှုတွေ လျှော့ဘို့ သတိပေးတဲ့ ကိုသစ်မင်းကို ကျေးဇူးတင်ရပါတယ်။ လက်မလွှတ်ပဲ ဖတ်ရမယ့် ပို့စ်ပါဗျာ။

Panpan ရဲ့ ဇီဇာကြောင်သောလူပျိုကြီးဆိုတဲ့ ပို့စ်လေးကတော့ လူပျိုကြီးမောင်ပေ ကောင်မလေးတွေကိုကြည့်ပြီး အားနည်းချက်တွေရှာနေတာကို ဖွဲ့ထားတာပါ။ ထူးခြားတာက ဇာတ်ဆောင်လူပျိုကြီးက ကိုပေ ဖြစ်နေတာပါ။ တိုက်ဆိုင်တာလား မသိပါဗျာ။ ကွန်းမန့်လေးများမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဖတ်ရမယ့် ပို့စ်လေးပါ။

Ba Gyi ရဲ့ ကထိန်အဓိပတိ ပစ္စယော ဆိုတဲ့ ပို့စ်လေးက ကထိန်အဓိပတိ ပစ္စယော ဆိုတာလေးကို ရှင်းပြထားတာပါ။

ရပ်ကွက်ထဲက အနှေးယဉ်ဆိုက်ကားသမားများကထိန်ခင်းကြပုံများကို စိတ်ဝင်စားအောင်ထည့်သွင်းရေးဖွဲ့ထားတဲ့ ဖတ်လို့ကောင်းသောပို့စ်လေး ဟု ဆိုချင်ပါသည်။

ကိုပေါက် ရဲ့ ြ   က် = ဘာလဲဆိုတဲ့ ပို့စ်လေးကတော့ မန္တလေး၊ လမ်းဘေးက၊ ပန်းလေးတွေအကြောင်း ဖွဲ့ထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ကိုပေါက်ရဲ့ ကဗျာတစ်ပိုင်းတစ်စကို မြည်းစမ်းကြည့်ပါ။

 

မျက်နှာကရောင်စုံဖြစ်လို့ဖြစ်
ပါးကွက်ကြားနဲ့ရိုးပုံဖမ်းလို့ဖမ်း
မျက်ဝန်းတွေကတော့ပြီတီတီ
ရီဝေဝေလူကိုမျှော်ရင်း
အတင်းဝင်အတင်းထွက်
လမ်းမထက်မှာ
ဆိုင်ကယ်ကိုယ်စီနဲ့ယန္တယားခတ်
နေရာမှာတင်ဈေးညှိ။
အိုကေပြီဆိုရင်ခေါ်သွား
“ဘိ”ကလဲအဆင်သင့်
ကိစ္စပြီးရင်တော့ပြန်လာ၊
နောက်တစ်ခါအတွက် ဈေးပြန်ခင်း
ရောင်းသူခြင်းညှိတဲ့အခါညှိ
အဝေမတဲ့လို့ ညိတဲ့အခါညိ
တစ်ခါတစ်ခါ
ရန်တွေဖြစ်
စိတ်ညစ်စရာ
ဘယ်သူ့မှထည့်တွက်စရာမလိုတဲ့ပုံ
ညနေခင်းမှောင်တာနဲ့
နေ့စဉ်မြင်ရတဲ့မြင်ကွင်း
တရားဝင်ဈေးခင်းကြီးလိုပါဘဲ။
အဲသဟာ ဘယ်သူတွေလဲ …… ?

 

ကွန်းမန့်လေးများကလည်း ကဗျာနဲ့ တွဲဖတ်ဘို့ အမြည်းကောင်းကောင်းလေးတွေ လို ခံစားလို့ရပါတယ်။

ကျွန်တော်တို့ သူကြီးကလည်း ကိုပေါက်ကို မေးခွန်းလေးနဲ့ ကွက်ရှင်ရှု ပါတယ်။

 

ဘာလို လူကို ရူရူပေါက်တဲ့ကြက်လို့ ခေါ်တာလည်းဟင်…
အတွေးဖြစ်ဖူးလို့..အမွေးနှုတ်ထားတဲ့.. ကြက်တကောင်ကို… ကြည့်ဖူးတယ်..။
မတ်တပ်ကလေးများချိပ်ထားရင်.. လူလို.. ပြောင်ပြောင်လေး..

အဲဒါကြောင့်များလား..
သိသူတွေပြောပါဦး..။
ကြက်ဆရာ.. ကိုပေါက်ရော.. သိသလားဟင်င်င်…။

ဖတ်ဖြစ်အောင် ဖတ်ကြရမယ့် ကိုပေါက် ရဲ့ ကြက် ပါဗျို့။

ကြောင်လတ်ရဲ့ ကြောင်တစ်ကောင်ရဲ့ခံစားချက် ကတော့ ကြောင်တစ်ကောင်နဲ့ မီးလေးဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့

သံယောဇဉ်ကို ဖွဲ့ထားတာပါဗျာ။ ကြောင်လတ်ရဲ့ ကြောင်ဒရာမာစီးရီးပေါ့ဗျာ။ ဖတ်ကြည့်ကြပါ။

အလင်းဆက်ရေးသည့် အလင်းဆက်အကြောင်းသိကောင်းစရာ ပို့စ်လေးကတော့ အလင်းဆက် ရဲ့ စာပေ

လမ်းကြောင်းလေး ရေးပြထားခြင်းဖြစ်ပါသည်။ ကြိုးစားလျှင် ဖြစ်နိုင်ပါသည် ကိုအလင်းဆက် ခင်ဗျား။

လက်ခုတ်တီးပြီးအားပေးဘို့ စောင့်ဖတ်နေပါသည်။ မန်းဂဇက်မှာ လက်သွေးလို့ရပါသည် ခင်ဗျား။

Yin Nyein Nway ၏ မီးပုံးပျံလွှတ်သူတစ်ယောက်၏ ရင်ခုန်သံ ၂ ကတော့ ၁ ကိုဖတ်ထားသူများ ဆက်ဖတ်ကြရန်ဖြစ်ပါသည်။ မီးပုံးပျံအကြောင်း သေသေချာချာ ရေးပြထားသော ပို့စ်ကောင်းလေးဖြစ်သဖြင့် လက်မလွှတ်သင့်ပါခင်ဗျား။

အခုတလော ပျောက်ချက်သားကောင်းနေပါသော ကိုဖက်တီးရဲ့ မြင်ကွင်းပြောင်းလဲလာသော မြို့တော်ရန်ကုန်ကတော့ ပြောင်းလဲလာတဲ့ မြင်ကွင်း လေးတွေ ကို ဓါတ်ပုံလေးတွေနဲ့ တင်ပြထားတာပါ။ ကိုယ်တိုင်ကြည့်ကြဘို့ပါ။

မော်ဒန်ဆရာလေး ကိုရင်စည်သူရဲ့ သင်္ဘောသီးဘဝအလွဲများ၁ (ဖားယားဖိုက်တာ ကိုရင်)ဆိုတဲ့ ပို့စ်ကတော့  သင်္ဘောပေါ်မှာမီးလောင်ခဲ့ရင် မီးကို နှိမ်နင်းဘို့ သင်တန်းတက်ခဲ့ပါသော ကိုရင်တစ်ယောက် သင်္ဘောပေါ်ရောက်သွားသောအခါ ဆိုပြီး ဆတ်တငံငံကြီး ဖြတ်ထားခဲ့ပါသည်။ လူဆိုး။

အဘ FR ဦးဆောင်တဲ့ ကွန်းမန့်လေးများနဲ့ ဖတ်ကြရမယ့်ပို့စ်လေးပါဗျာ။ အဘ FR ရဲ့ ရင်းရင်းနှီးနှီး ကွန်းမန့်လေးကို ဖတ်ကြည့်ပြီး ပြုံးနိုင်ဘို့ အမြည်းလေး ပေးလိုက်ပါတယ်ဗျာ။

ရွာထဲက သင်္ဘောသီးတွေရေ

အကုန်တော့ ပြောလို့မဖြစ်ဘူးနော် ။
ငွေရေး ကြေးရေး
( Lashing / Hatch Cleaning / Bonus )
မိန်းမကိစ္စ ( Latin America / Vietnam )
အဲဒါတွေတော့
ပါလို့မဖြစ်ဘူးထင်တယ် ။
ဆရာစားတော့
နဲနဲချန်မှ ဖြစ်မယ် ။

သင်္ဘောသီး သည်
အမျိုးသားရေးကို
( အမျိုးသမီးရေး မပါ )
ဘယ်တော့မှ
သစ္စာ မဖေါက် ။

 

ရွှေအိမ်စည် ရဲ့ အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့ကတော့ အာဇာနည်သီချင်းမဟုတ်ပါဘူးဗျာ။ အသည်းကွဲတဲ့ နေ့ ကို သတ်မှတ်ပေးဘို့ တောင်းဆိုထားတဲ့ ရွှေအိမ်စည်ရဲ့ အချစ်ကြီးမှုကို ကျွန်တော်တို့ လေ့လာရအောင် ဒီပို့စ်လေးကို ဖတ်ဖြစ်အောင် ဖတ်ကြရအောင်ပါ။

ကြောင်ကြီးက ဒီလိုမန်းထားပါတယ်ဗျာ။

အသဲကွဲတယ်ဆိုတာ
ဝဲစွဲသလို
ကုတ်လေယားလေ…
ထားရာမနေ
လားသတ္တဝါပေမို့
မှားတာမေပါကွယ်…။

ရွှေအိမ်စည် ရဲ့ ဖေဖေ့ စေတနာ ဆိုတဲ့ ပို့စ်လေးကတော့ ဘာသာပြန်လက်ရာလေးကို ဓါတ်ပုံလှလှလေးတွေနဲ့ ရေးထားတာလေးပါ။ ကိုသစ်မင်းက ဒီလို ကွန်းမန့်ပေးထားပါတယ်။

Chicken Soup For The Soulကတော်တော်နာမည်ကြီးတဲ့စိတ်အဟာရစာတိုလေးတွေပါဘဲ။လူအများကြီးကိုဖိတ်ခေါ်ရေးစေခဲ့တဲ့ထူးခြားတဲ့ပုံစံနဲ့ရသတွေလဲစုံလှပါတယ်။
ဘာဘဲဖြစ်ဖြစ် “ရှယ်ချင်တဲ့ မရွှေအိမ်စည်ရဲ့ စေတနာ” ကိုမြင်ရလို့ကျေးဇူးပါနော်။(^^)
ဒီဟာက မူရင်းပါ။ဘာသာပြန်ပြီးသားကော၊မူရင်းကိုရောသဘောကျပြီးသားဖတ်ပြီးသားပါ။

အောက်မှာ ကိုသစ်မင်း က အင်္ဂလိပ်လို အော်ရီဂျင်နယ်ကိုပါ ထည့်ရေးပေးထားတဲ့ ပို့စ်လေးပါ။ ဖတ်ကြည့်ကြပါလို့။

 

ကိုသစ်မင်း ရဲ့ နိမိတ်ပုံများ ကတော့ ကာရန် ကဗျာလေး တစ်ပုဒ်ပါ။ ကဗျာ ချစ်သူတွေ ခံစားနိုင်ဘို့ပါ။ ကွန်းမန့်ပေးထားသူများထဲက ကျွန်တော်

ဘလက်ချောရဲ့ ကဗျာကွန်းမန့်လေးကို ကျွန်တော်ကိုယ်တိုင် ပြန်ခိုက်နေမိသောကြောင့် ပြန်ရေးပြပါသည်။

သီချင်းကိုချစ်
မင်းကိုချစ်၍
ရေးမိပါသည်
ဂီတပန်းချီကို
ချစ်သူ သိနိုင်ပါစေသား။
ကဗျာကိုချစ်၊
စာကိုချစ်၍
ဖတ်မိပါသည်
စာပန်းချီကို
အကစ်သို သိနိုင်ပါစေသား။
(မှတ်ချက် – ကိုပေ့ လေသံဖြင့်)

ကိုသစ်မင်းနှင့်အလင်းဆက်တို့၏ အပြန်အလှန်ကွန်းမန့်လေးများက ပို့စ်လှလှလေးတစ်ခု ဖြစ်စေခဲ့ပါသည်ခင်ဗျား။ ဖတ်ကြည့်ကြဘို့ပါ။

 

Gipsy ၏ အင်တာနက် အသုံးပြုမှု တားဆီးပိတ်ပင်ခံရခြင်း ဆိုတာကတော့ သံတွဲမြို့သားတစ်ယောက်ရဲ့ အင်တာနက်တောင့်တမှုတစ်ခုပါဗျာ။

 

ဆရာတော်တစ်ပါးဖြစ်တဲ့ ဆန်နီနေမင်းရဲ့ ဒီလိုလေးတွေးကြည့်ပေးပါ အပိုင်း ၁ နဲ့ အပိုင်း ၂ ပို့စ်လေးတွေကတော့ ဘာသာရေးဆိုင်ရာပို့စ်လေးတွေ ဖြစ်တဲ့ အတွက် ဘာသာရေး လိုက်စားနေကြပြီဖြစ်တဲ့ ပေါက်ဖေါ်တို့၊ မောင်ပေတို့၊ ဆရာလေး ဂိုင်းအင်ဇာဂီတို့ ကို ညွှန်းပါရစေခင်ဗျာ။

 

မော်ဒန်ဆရာလေး ကိုရင်စည်သူ၏ ၁၁ရက် ၁၁လ ၂၀၁၁ ခုနှစ် (၁) ခြောက်လုံးကျော်လျှင် ဘာတွေဆက်ဖြစ်မလဲ ဆိုတဲ့ ပို့စ်ကတော့ ဆရာစံဇာနည်ဘိုနဲ့ မေးမြန်းထားတာလေးတွေ ကို ပြန်ရေးပြတာပါ။ ကိုရင်ရဲ့ ဗေဒင်ပညာဆိုင်ရာ ပို့စ်လေးတစ်ခုပါဗျာ။ ၁၁-၁၁-၁၁ ကို စိတ်ဝင် စားကြသူများ ဖတ်ကြပါလို့။

 

Foreign Resident ၏ တရုတ်ကြီးနားရွက်ကို တံတွေးဆွတ်ရဲရဲ့လား ဆိုတဲ့ ပို့စ်ကို ဖတ်ဖြစ်ပါတယ်။ တရုတ်နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ ဗီယက်နမ်ဆိုတဲ့ ကိုရင်မောင် ရဲ့ ပို့စ်မှာ ကွန်းမန့် ဝင်ရေးရင်း ပို့စ်ကြီးဖြစ်လာတာပါတဲ့။ အကြောင်းအရာကတော့ ကိုယ်တိုင်ဖတ်ဘို့ တိုက်တွန်းပါ တယ်။ သူကြီး ဦးဆောင်တဲ့ ကွန်းမန့်များ၊ အဘ FR ရဲ့ ပြန်လည်ဆွေးနွေးသော ကွန်းမန့်များ၊ ကိုအောင်ပုရဲ့ စိတ်လွတ်လက်လွတ်ကွန်းမန့်များနဲ့ ရွာသူရွာသားတွေ မြိုင်မြိုင်ဆိုင်ဆိုင် မန့်ထားကြတာတွေနဲ့ အခုရေးဘို့ ဖတ်ရင်းတောင် ရယ်နေရပါတယ် ရွာသူားတို့ရေ။ ဖတ်ဖြစ်အောင် ဖတ်ကြပါ ဗျ။ အဘ FR တစ်ယောက်ပျောက်နေတယ်။ နေမှ ကောင်းရဲ့လားမသိ။ စိတ်ပူမိတယ် အဘရေ။ ရွာကို ပြန်လာပါတော့ဗျို့။

 

ကိုသစ်မင်း၏ မော်ဒယ် ဆိုတဲ့ ပို့စ်လေးကတော့ ဘာသာပြန် ဝတ္ထုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ အိမ်လခပင် မပေးနိုင်သော အလုပ်ရှာနေဆဲ ဒုက္ခရောက်နေသော လူတစ်ယောက် သတ္တုပုံးတစ်လုံးကို ခလုတ်တိုက်မိပြီး အိမ်ယူသွားရာက သံလွင်ဂြိုဟ်သို့ရောက်သွားကာ မော်ဒယ်အလုပ်ကို ရရှိသွားပုံကို ရေးဖွဲ့ထားပါသည်။ ဖတ်ပြီး ကိုယ့်အတွေးနဲ့ကိုယ် အရသာခံနိုင်ကြမည့် ဘာသာပြန်လက်ရာလေးဖြစ်ပါသည်။ ဘာရေးရေး ရွှေ ဖြစ်နေသော ကိုသစ်မင်း၏ လက်ရာကို ဖတ်ဖြစ်အောင်ဖတ်ကြဘို့ တိုက်တွန်းပါသည် ခင်ဗျား။ ကိုသစ်မင်းက မော်ဒယ်ဖြစ်သွားပုံကို အခုလိုရေးဖွဲ့ ပြထားပါတယ်ဗျာ။

ခင်ဗျားတို့ဆီမှာအာဏာရှင်တွေကြောင့်ဒုက္ခများနေကြတာ ဒီကမသိတဲ့လူတွေအတွက်တော့အံ့ဘွယ်သုတမဟုတ်လား။

အဲဒီဟာကိုဒီကတီဗီအစီအစဉ်မှာခင်ဗျားရဲ့ဒုက္ခများနဲ့ဘာကြောင့်ဖြစ်ရတယ်ဆိုတာနေ့စဉ်ရှင်းပြလွှင့်ထုတ်မယ်။

ခင်ဗျားရဲ့ဆင်းရဲဒုက္ခတွေကိုဒီကလူတွေကကြားလဲမကြားဘူးဖူး၊သိလဲမသိဘူးဆိုတော့ ခင်ဗျားဟာကျနော်အတွက်တန်ဖိုးအကြီးဆုံးရှေးဟောင်မော်ဒယ်လူသားပေါ့ဗျာ။

ဖတ်ပြီး တွေးချင်သလောက်သာ တွေးပြီး ဆန့်ချင်သလောက်ဆန့်ထုတ်လိုက်လို့ ရသော ဝတ္ထုတိုတစ်ပုဒ်ဟု ညွှန်းချင်ပါသည် ခင်ဗျား။

Whowho ၏ ဘာလာလုပ်တာလဲ ပို့စ်လေးကတော့ ဘာသာရေးပို့စ်လေးပါဗျာ။

 

ကိုရင်မောင်၏ တရုတ်က မြန်မာကို သုံးနှစ်စိုးမယ် ဆိုတဲ့ ပို့စ်လေးကတော့ ဆောင်းပါးရှင် ဘုန်းစည်သူရဲ့ ဆောင်းပါးကို ပြန်တင်ပေးထားတာပါ ကိုရင်မောင်က သူ့ပို့စ်ကို ဒီလိုအဆုံးသတ်ထားပါတယ်။

 

အပိုဒ် (၅၇)-မြန်မာပြည်ကို မသွယ်မှန်စွာ မသမာ တရုပ် ဖျက်လိမ္မည်။

အပိုဒ် (၅၈)-ကုလား တရုပ် ရန်ဘေးချက်ကြောင့် မြန်မာရခိုင် ထိုခါစစ်ပွဲဖြစ်လိမ္မည်။

အပိုဒ် (၅၉)-မြန်မာပြည်ကြီး အပြီးထိုခါပျက်လိမ္မည်- လို့ ရေးသားဖေါ်ပြထားပါတယ်။
…… တရုတ်ကြီးကတော့တို့နိုင်ငံကို သူ့ပြည်နယ်တခုလိုများသတ်မှတ်ထားတယ်ထင်ပါရဲ့

ကိုသစ်မင်း၊ သူကြီး၊ အဘ FR တို့ ဦးဆောင်ဆွေးနွေးကြသော ကွန်းမန့်လေးများနဲ့ စိတ်ဝင်စားစရာ ပို့စ်တစ်ပုဒ် ဖြစ်လာခဲ့ပါတယ်ဗျာ။ ဖတ်သာ ကြည့်ကြပါ။

 

မိုးစက် ရဲ့ မြင်မိသမျှ ဝန်ထမ်းဘဝ ဆိုတဲ့ ပို့စ်လေးကို ဖတ်ဖြစ်ပါသည်။ အလုပ်ကိစ္စနဲ့ အစိုးရရုံးတစ်ခုကိုအသွား ဦးစီးမှူးဆိုသူက အရက်သောက်ထားတာက နေစပြီး အစိုးရရုံးများ၏ စိတ်ပျက်စရာများကို အတွဲလိုက်ချရေးသွားခြင်းဖြစ်ပါသည်။ ဒါပေမယ့် မိုးစက်က မိကောင်း ဖခင် သားသမီးပီသပါသည်။ ပို့စ်အဆုံးသတ်ကျတော့ ဒီလိုလေး သိမ်းထားပါသည်။

 

ဒီစာကိုဖတ်မိသောသူများသည်လည်း အစိုးရဝန်ထမ်းများ ဖြစ်နိုင်ပါသည်။ အားလုံးကို သိမ်းကြုံးပြောဆိုခြင်းမဟုတ်ကြောင်း နားလည်ပေးစေချင်ပါသည်။

 

ကြည့် ပြောချင်ရာပြောပြီးမှ အားလုံးကို မရည်ရွယ်ပါဘူးဆိုတာနဲ့ပဲ ခွင့်လွှတ်ရတော့ မလား နော။ ဖတ်ဖြစ်အောင်ဖတ်ပြီး သကောင့်သား လူမိုက်များကို မေတ္တာပို့ကြဘို့ တိုက်တွန်း ပါသည်ခင်ဗျား။ ကိုသစ်မင်း၊ ကြောင်ကြီးတို့  ဦးဆောင်သောကွန်းမန့်လေးများနဲ့ စိတ်ညစ်စရာပို့စ်လေး ကနေ ပျော်စရာ ဖြစ်သွားရပါကြောင်း။

 

ဘကြီး၏ မျက်စိအောက်ရောက် မုဆိုးမှသားကောင်ဖြစ်သွားကြသူများ၏ နောင်တ (တတိယပိုင်း) ပို့စ်လေးကို ဆက်ဖတ်ဖြစ်ပါသည်။ မှောင်အတိကျသော နေ့ရက်များပါပဲ။ လုပ်ချင်ရာလုပ်နေကြသော လူစိတ်မရှိသူများ အကြောင်း ဘကြီးကရေးပြတော့ ကျွန်တော်တို့ စိတ်မကောင်း ဖြစ်ရပါသည်။ အဲဒီလိုလုပ်ခဲ့ကြသူများကို ကျွန်တော်တို့ အရေးပြန်ယူလို့ မရနိုင်ဘူးတဲ့လား။ ကျွန်တော်သိသလောက် အာဏာရှင် တွေသာ အရေးယူခံကြရပါသည်။ အာဏာရှင်တွေ၏ နောက်လိုက်နောက်ပါများကား အရေးယူခံရတဲ့ သတင်းမျိုး မကြားမိပါ။ သူတို့ နောက်လိုက်တွေလည်း  အရေးယူခံရသင့်သည် ဆိုတာကို ဘကြီး၏ ပို့စ်တွေဖတ်ရုံနဲ့ သိနိုင်ပါသည်။ သမိုင်းအထောက်အထားတစ်ခုအနေနဲ့ ဖတ်ကြည့်ကြဘို့ ညွှန်းပါသည်ခင်ဗျား။

 

AKKO ၏ ပန်ဒါလေးကို ဒီလိုမွေးတယ်ဆိုတဲ့ ပို့စ်လေးကတော့ မွေးကာစ ပန်ဒါပေါက်စလေးများ၏ ဓါတ်ပုံလေးများပါခင်ဗျား။ ဗဟုသုတအနေနဲ့ ကြည့်ကြဘို့ ညွှန်းပါတယ်ခင်ဗျာ။

 

Panpan ၏ ဇီဇာကြောင်သောလူပျိုကြီး အပိုင်း၂ ကို ဆက်ဖတ်ပါသည်။ လူပျိုကြီးမောင်ပေ ကြေးအိုးဆီချက်ဆိုင်ဝင်ပြီး ကောင်မလေးတစ်ယောက် ရဲ့ အစားပုတ်တာကို စိတ်ပျက်နေတဲ့ အကြောင်းလေးပါ။ မပြီးသေးပါဘူးခင်ဗျာ။ မောင်ပေ ဘာဆက်ဖြစ်ဦးမယ် ဆိုတာကတော့ ဒါရိုက်တာ panpan ရဲ့ ဇာတ်ညွှန်းအပေါ်မူတည်ပါတယ် ခင်ဗျာ။ ဖတ်သာကြည့်ကြပါဗျာ။

 

နောက်တစ်ပုဒ်ကတော့ ဒီလထဲမှာ ဟော့အဖြစ်ဆုံးပို့စ်လေး ဖြစ်တဲ့ စူပါပါဝါဖြစ်ဖို့ ဆိုတာ ဆိုတဲ့ ကိုသစ်မင်းလက်ရာလေးဖြစ်ပါတယ်။ ပါဝါနဲ့ ပတ်သက်ပြီး ကိုသစ်မင်း ရဲ့ ရှင်းပြမှုက ဒီလိုပါ။

 

စူပါပါဝါဖြစ်ဖို့ဆိုတာ…..စီးပွါးရေးတောင့်တင်းရုံတခုနဲ့ မဖြစ်နိုင်ပါဘူး။တခြား factor (ဖက်တာ)တွေအများကြီးရှိပါတယ်။

ဘာတွေလဲဆိုတော့

(၁)စီးပွါးရေး

(၂)စစ်ရေး

(၃)နိုင်ငံရေး

(၄)ယဉ်ကျေးမှုဆိုင်ရာ(ပါဝါအေပျော့-Soft Power)

(၅)ပထဝီအနေအထား တွေပါဘဲ။

တရုတ်ရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး ပညာရှင်အမြင်နဲ့ ရှင်းပြသွားတာ ကျွန်တော်တို့ လိုက်လို့ တောင် မမှီခဲ့ပါဘူး။ ဒီပို့စ်က ကိုသစ်မင်းရဲ့ အရည်အသွေးကို ပေါ်လွင်စေခဲ့ပါတယ်။ ရှင်းပြပေးတာလည်း ကျေးဇူးတင်ပါတယ် ကိုသစ်မင်းရေ။ အခုကျွန်တော်တွေးနေမိတာက နိုင်ငံခြား မှာ နေတဲ့ လူတွေက ကျွန်တော်တို့ ပြည်တွင်းဖြစ်တွေထက် အတွေးအမြင် ပိုနှံ့စပ် ကျယ်ပြန့်ကြသလားလို့ပါ။ သူကြီးတို့၊ အဘ FR တို့၊ ကိုသစ်မင်းတို့၊ လတ်တလော လက်စွမ်းထက်နေပါတဲ့ ဂိုင်းအင်ဇာဂီတို့ ကိုကြောင်ကြီးတို့ အားလုံး နိုင်ငံခြားအခြေစိုက်တွေ ချည်းပါပဲ။ အားလုံးကို ကျွန်တော် လေးစားကြောင်း ဒီနေရာက တရားဝင်ပြောပါတယ်ဗျာ။ ဆရာတို့ ရေးတဲ့၊ မျှဝေတဲ့ အမြင်အသိလေးတွေကို ကျွန်တော် သင်ယူနေပါတယ် ဆိုတာ လည်း ပြောပါရစေခင်ဗျာ။ ပို့စ်ဘက် ပြန်ဆက်ရအောင်ပါ။ ကွန်းမန့် တွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကိုသစ်မင်း ရဲ့ ဦးဆောင်ဆွေးနွေးနိုင်စွမ်းကိုပါ တွေ့ရ မယ့် ပို့စ်လေးပါဗျာ။ ကိုအောင်ပု အတွက် အချဉ်စိမ်နည်း၊ ငပိဖုတ်နည်း၊ ငါးခြောက်လှမ်းနည်းတွေကိုတောင် ကွန်းမန့်ထဲထည့်မန်းနိုင်တဲ့ ဆရာကိုသစ်မင်း ရဲ့လေ့လာမှုကို တွေ့ရမယ့် ပို့စ်လေးပါ။ လက်ခုတ်တီးပါတယ်၊မုဒိတာပွားပါတယ်၊ ကိုသစ်မင်းရေ။ အားလုံးဖတ်ကြည့်နိုင်ဘို့ပါခင်ဗျာ။

 

ဆရာလေး ဂိုင်းအင်ဇာဂီ ၏ အနီအောက်ရောင်ခြည် ဖစ်လတာ ဆိုသည့်ပို့စ်လေးကတော့ ဓါတ်ပုံပညာရပ်ဆိုင်ရာ ပို့စ်လေးပဲဖြစ်ပါသည်။ နမူနာ ဓါတ်ပုံလေးများလည်း ရိုက်ပြထားပါသေးသည်။ အင်ဇာဂီ ရိုက်သော ဓါတ်ပုံတွေကြည့်ပြီး ကျွန်တော် ဓါတ်ပုံရိုက်ဘို့ စိတ်ကုန်ခဲ့ရသည်အထိ ဖြစ် ခဲ့ရသော ဆရာပါခင်ဗျာ။ ဂိုင်းရေ လေးစားပါတယ်ဗျာ။

 

ကြောင်လေး၏ ဗိုလ်ကြောင်ဒင်ပြန်လာပြီ ဆိုတဲ့ ပို့စ်ကတော့ ရွာကိုခဏခွဲသွားပြီး ပြန်ရောက်လာသော ကြောင်လေးက ရွာကိုသတင်းပို့ခြင်းပဲ ဖြစ်ပါတယ်။ ကြိုဆိုပါတယ် ဗိုလ်ကြောင်ဒင်ရေ။

 

ဆရာလေးဂိုင်းအင်ဇာဂီ၏ အပျော်လက်ရာ ကပေ့၏ အာဂလူစွမ်း စူပါမန်း ၁၁ ယောက် ကတော့ အပိုင်း ၄ အထိရောက်လာခဲ့ပါပြီ။ ဂိုင်း၏ သွက်လက် သောရေးချက်များအပြင် ရွာသူလေးများနှင့် 007 Guy ၏ အပြန်အလှန်ကွန်းမန့်လေးများက ဖတ်သူကို ပြုံးစေရယ်စေနိုင်ပါသည်။ မုဒိတာ ပွားရပါသည် ဂိုင်း ရေ။ ဒါနဲ့ ဂိုင်းက လူပျိုပါနော်။ စိတ်ပူထှာ။ ဟားဟား။ ခင်ဗျား တော်တော် တတ်နိုင်တဲ့လူဗျာ။

 

နောက်ပို့စ်တစ်ခုကတော့ ကြောင်ကြီး ၏ မြန်မာပြည်ဆင်းရဲရသောအကြောင်း China Factor ပို့စ်လေးဖြစ်ပါသည်။ ကြောင်ကြီးက သူ့ဆောင်းပါး မှာ ဒီလိုရေးထားပါတယ်။

တရုတ်ကြီးကို မှီခိုလို့ တိုးတက်တဲ့နိုင်ငံပြပါဆို ပြစရာ တနိုင်ငံမှ မရှိဘူး။ အားလုံး ဖုတ်လှိုက်ဖုတ်လှိုက် အသက်ရှင်နေရတယ်။ တိုင်းပြည် တွင်းထွက်သယံဇာတများကို ဈေးပေါပေါနဲ့ တရုတ်ပြည်ကို ရောင်းစားတယ်။ တိုင်းပြည် နိုင်ငံရေးစနစ်သည် တရုတ်ပြည်ကို အတုခိုးထားတယ်။ တနည်းအားဖြင့် အုပ်ချုပ်သူ အစိုးရအာဏာ တည်မြဲဖို့ တရုတ်ကြီးကို အားပြုနေတယ်။ အခြားတိုင်းပြည်များနဲ့ ကုန်သွယ်မှု သိပ်မထွန်းကားဘူး။

 

တရုတ်နဲ့ ပေါင်းလို့ တိုးတက်တဲ့ နိုင်ငံ မရှိပါဘူးတဲ့။ ဒါကြောင့် ပို့စ်ကို ကြောင်ကြီးက ဒီလိုအဆုံးသတ်ပေးထားပါတယ်။

 

အသင့်တော်ဆုံးက မလေး၊ အင်ဒိုနီးရှား တို့လို တရုတ်၊ ကုလား၊ ဂျပန်၊ ကိုရီယား၊ ဒေသတွင်းနိုင်ငံများအပြင် အမေရိကန်၊ ဥရောပနိုင်ငံများနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်ပြီး ကုန်သွယ်စီးပွားရှာနိုင်ရင် တရုတ်ကြီးပြုသမျှ နုနေရတဲ့ဘဝမှ လွတ်မြောက်နိုင်ပါလိမ့်မယ်။

စဉ်းစားဘို့ အစဆွဲထုတ်ပေးသွားတာပါ။ ကိုသစ်မင်း၊ အဘ FR ၊ သူကြီး၊ ကိုအောင်ပု၊ ကိုပါလေရာ နဲ့ ကြေးမုံတို့ ရဲ့ ကွန်းမန့်တွေနဲ့ ရုပ်ရှင်ဇာတ်ကား ကောင်းကောင်းကြည့်ရသလို ဖတ်ရမယ့် ပို့စ်ပါဗျာ။

 

ကိုရင်မောင်၏ အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဘယ်လိုလူစားလဲ ဆိုတဲ့ပို့စ်ကတော့ လက်ရှိ ဝန်ကြီး ဦးဇော်မင်းရဲ့ သမိုင်းအချို့ကိုဖေါ်ပြထားတာပါ။ ဘာတတ်နိုင်မှာလဲ ကိုရင်မောင်ရေ။ ဖတ်ဖြစ်အောင်ဖတ်ပြီး ဦးဇော်မင်းအကြောင်းကိုလေ့လာကြပါဗျာ။

 

အမတ်မင်းရဲ့ ဂေဇတ်ကျီးပေါင်းဆိုတာကတော့ ချစ်စရာ ကဗျာလေးတစ်ပုဒ်ပါဗျာ။

 

Panpan ၏ ဒီလိုဖြစ်နေတယ်ကောင်းလား ဆိုတဲ့ ပို့စ်လေးကတော့ မြန်မာ့ကျောင်းသားဆိုတဲ့ သီချင်းကို ကျောင်းသားတွေ ဖျက်ဆိုနေကြတာ ကောင်းလားလို့ မေးထားတဲ့ ပို့စ်ပါ။ ဖတ်ကြည့်ပြီး panpan ကို ကွန်းမန့်လေးကနေတစ်ဆင့် အဖြေပေးကြဘို့ တိုက်တွန်းပါတယ်ခင်ဗျာ။

 

နေဝန်းနီ ၏ ကမ္ဘာပတ်အက ကတော့ ကဗျာကောင်းကောင်းလေးတစ်ပုဒ်ပါ။ သူကြီးက ကဗျာလေးနဲ့ ကွန်းမန့်ပေးထားပါတယ်။ သူကြီးရဲ့ ကွန်းမန့်လေးကို ဖတ်ကြည့်ကြဘို့ပါ။

ဖလံမီးစလောင်း

ရိုင်းတယ်လို့မထင်နဲ့..
အမေပေးတဲ့လယ်တကွက်
ထွန်ယက်ချင်သူတွေ
အခွင့်ပေး။

ရှေ့ရေးအတွက်
ညစာဖက် နေ့စာဆက်ရအောင်
ညငှက်ကျမ တွင်းထွက်ရှာ
လင်းကြက်တွန်ရယ်မှ အိမ်ပြန်တာ
ဖြစ်သူအပြစ်လား ရှိသူအသစ်လား
သိသူအဟောင်းလား ပြုသူအကောင်းလား
ရောင်းသူစလောင်းလား

ရွဲ့သူအိုးလား။တိုးရဲတဲ့မီးရောင်
ဖလံမျိုးဟေ့
ခြေကွ မြေမခ
ကမ္ဘာပါတ်လျှောက်တတ်သူ..။

 

ဆရာမကြီး TTNU ၏ အမေ ဆိုတဲ့ အမေလွမ်တဲ့ ပို့စ်လေးကိုဖတ်ဖြစ်ပါသည်။ မိလ္လာအလုပ်သမားကြီးဦးကျော်တင့် အလုပ်ပြီးလို့ ခြေတွေလက် တွေ ဆေးမလို့ ရေချိုးခန်းတံခါးကို ဆွဲအဖွင့် ဆရာမကြီးအမေက ရေချိုးရင်း ဆပ်ပြာတိုက်နေတာနဲ့ သွားကြုံပါတယ်တဲ့။ ရှက်သွားတဲ့ ဦးကျော်တင့် ၂ ရက်လောက်အလုပ်မဆင်းပါဘူးတဲ့။ ဆရာမကြီးတို့က အမေကို ကြုံတိုင်း ဒီအကြောင်းလေးပြန်ပြောပြီး စကြတဲ့ အကြောင်းလေးပါ။ ဆရာမကြီးက ပို့စ်လေးကို ဒီလို အဆုံးသတ်ထားပါတယ်။ ကျမတို့ အမေ့ကို လွမ်းနေတုန်းပါ အမေ တဲ့။

ပထမတော့ ပျော်စရာလေးတွေ အမှတ်တရပြန်ပြောပြီး အဆုံးကျတော့မှ လွမ်းနေတာလေးနဲ့ သိမ်းချလိုက်တဲ့ ဆရာမကြီးရဲ့ အရေးအသားကို ကွန်းမန့်လေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဖတ်ရမှာပါ ခင်ဗျာ။

 

ကိုစိန်သော့ကြီး၏ ဓါတ်ပုံပညာမှတ်စုများ ၂ ကတော့ ဓါတ်ပုံလေ့လာသူတွေအတွက် အသုံးဝင်မယ့် ပို့စ်လေးပါ။ ဖေါ်ပြပေးထားတဲ့ ဓါတ်ပုံတွေကလည်း ရှယ်တွေပဲမို့ ကြည့်ဖြစ်အောင်ကြည့်ကြပါ ဗျာ။

AKKO ရဲ့ စေတနာကိုပေတရာပေါ်ချနင်းသူများ ပို့စ်လေးကတော့ အခြေခံလူတန်းစားတွေကြားမှာ စရိတ်သက်သာသော ဆေးခန်းလေးဖွင့်မိတဲ့ ဆရာဝန် တစ်ယောက်ရဲ့ အတွေ့အကြုံပါ။ ဒီဇာတ်လမ်းမှာ မိစွာ ဆိုတာက တော်တော် အရေးပါနေတယ် ဆိုတော့ နောက်အပိုင်းတွေ စောင့်ဖတ်ကြရမှာပေါ့နော။

 

ကိုပေါက် ရဲ့ ကြားကောင်းရုံသက်သက် ကတော့ ကဗျာလေးတစ်ပုဒ်ပါဗျာ။ ကိုယ်တိုင်ဖတ်ပြီး ကိုယ်တိုင်တွေးကာ ကိုယ်တိုင်ခံစားမှ အရသာသိမှာ မို့ ကိုယ်တိုင်ဖတ်ကြည့်ကြဘို့ တိုက်တွန်းပါတယ်ဗျာ။

 

ကိုပေါက်ရဲ့ မိုးညှင်းသမ္ဗုဒ္ဓေ ပို့စ်ကတော့ ခရီးသွားဖိုတိုအက်ဆေးလေးပဲဖြစ်ပါတယ်။ မုံရွာကိုနေ့ချင်းပြန်သွားပြီး ရိုက်ထားတဲ့ ဓါတ်ပုံလှလှလေးတွေကို ကြည့်ဖြစ်အောင်ကြည့်ကြပါဗျာ။

 

Windtalker  ၏ မောင်ပေ ၏ ကထိန်အလှူ ဆိုတဲ့ ပို့စ်လေးကတော့ ဖတ်သူကြည်နူးပြီး သာဓုခေါ်ရမယ့် ပို့စ်လေးပါ။ ကိုပေ က သူ့အလှူလေးကို ဒီလိုဖွဲ့ဆိုပါတယ်ဗျာ။

 

စာရေးသူဟာ စီးပွားရေး ပြန်လည် တည်ငြိမ်လာတာနဲ ့အမျှ ၊ အလှူအတန်း လုပ်ဖို ့စိတ်ကူးမိပါတယ် ။ ရာသီချိန်ကို ကြည့်တော့ တန်ဆောင်မုန်း ကို ရောက်ဖို ့ကလည်း သိပ်မလို တော့ ။ ကထိန်ခင်းဖို ့ စိတ်ကူး မိပါတယ် ။ တစ်ခါမှ လည်း ကိုယ့်ဝင်ငွေ နဲ ့ကိုယ် ၊ ကိုယ်တိုင်ကိုယ်ကျ အလှူရယ်လို ့မလုပ်ဖူးတာလည်း ပါပါတယ် ။ အရင်တုန်းက အလှူ ဆိုရင် အလှူငွေ ပိုက်ဆံ ဘဲ လှူဖူးခဲ့တာပါ ။ ဖြစ်ချင်တော့ မန်းတလေးဂေဇက် က အသိမိတ်ဆွေကြီး ဟာဆိုရင် နာမည်ကြီး သင်္ကန်းတိုက်ပိုင်ရှင် တစ်ဦး ဖြစ်နေတာကို သိခဲ့ရပါတယ် ။ ဒါနဲ ့စာရေးဖော်ရေးဖက် လည်း ဖြစ်တာနဲ ့၊ ကထိန်ခင်းဖို ့သင်္ကန်းကို သူ ့ဆီကဘဲ ဝယ်လိုက်ပါတယ် ။ ဒါတောင် သင်္ကန်းစဝယ်မယ် ပြောတုန်းက သူ  ့မှာ စာရေးသူ ကို မယုံသင်္ကာ ဖြစ်မိမယ် လို ့ထင်မိပါတယ် ။ ဟုတ်တယ်လေ ။ စာရေးသူဟာ ဂေဇက်မှာ ရေးနေတာ အတည်အတန် ့မှ မဟုတ်တာ ။ သူ  ့ဆီကို ဘဏ်ကနေ ငွေလွှဲပြီးမှ သူ ့ခဗျာ ယုံသွားပါတယ် ။ ( ဖြစ်ရပ်မှန်တွေပါ ခင်ဂျ ။ ဟီဟိ )

 

အင်း သင်္ဃန်းတိုက် ပိုင်ရှင်က ဘီသူလေးလဲဗျ ကိုပေရ။ ဟားဟား။

ကိုပေ က သူ့အလှူအတွက် ရွာသူရွာသားတွေအားလုံးကို အမျှပေးဝေထားပါတယ်။ ရွာသူရွာသားတွေအားလုံး သာဓုခေါ်ပေးကြဘို့ တိုက်တွန်းပါ တယ်ဗျာ။

 

ဒီအလှူအတွက် ဂေဇက်လာ စာဖတ်သူများနဲ ့၊ ဂေဇက်ဝင် စာရေးသူအားလုံး စာရေးသူနဲ ့ထပ်တူ ကုသိုလ်ကောင်းကျိုး ရပါစေရန်အလို ့ငှါ “ အမျှ ”  သုံးကြိမ် ပေးဝေလိုက်ပါတယ်နော် ။ အားလုံးပဲ စာရေးသူ လှူခဲ့လို ့ရမယ့် ကုသိုလ် ကောင်းကျိုးချမ်းသာများကို စာရေးသူနဲ ့ထပ်တူ ရကြပါစေ ခင်ဗျား ။

 

သာဓု သာဓု သာဓု ပါ ကိုပေရေ။ ဒီလင်ဒီမယား အိုအောင်မင်းအောင်ပေါင်းရပါစေ၊ သားသမီး တစ်ဒါဇင်လောက်နဲ့ အောင်မြင်ပျော်ရွှင် သောမိသားစုဘဝကို တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။ ဖုန်းကင်မရာနဲ့ ဖြစ်သလိုရိုက်လာတဲ့ ဓါတ်ပုံလေးများကလည်း လန်းလွန်းပါတယ်ဗျာ။ ရွာသူားတွေ စုံစုံညီညီကွန်းမန့်ပေးလိုက်ကြတာ ကြည်နူးစရာပို့စ်လေးတစ်ခုဖြစ်ခဲ့ပါတယ် ကိုပေရေ။

 

အခုတလော ပျောက်ချက်သားကောင်းနေပါသော ကိုဖက်တီးက ဆီးချိုသက်တမ်းရင့် ဝေဒနာရှင်များ စိတ်ရောဂါအတိုင်ပင်ခံ ဆရာဝန်နှင့် ပြသင့် ဆိုတဲ့ ပို့စ်လေးနဲ့ ရွာသူားတွေကို သတိပေးထားပါတယ်ဗျာ။ ဖတ်ကြည့်ပြီး ဆင်ခြင်ကြဘို့ပါ။

 

မောင်သန်းထွဋ် ဦး ရဲ့ ဆေးလောက ဟာသတိုလေးများကတော့ ခေါင်းစဉ်အတိုင်း ဟာသလေးတွေတင်ပေးထားတာပါ။ ရှားရှားပါးပါး ကွန်းမန့် ၃ ခုထဲက AKKO ရဲ့ ကွန်းမန့်လေးက စိတ်ဝင်စားစရာကောင်းလို့ ဖေါ်ပြပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါ။

ဆေးကျောင်းသားဆိုတော့ ဆေးလောကထဲက ရယ်စရာတွေရေးတာပေါ့ ။
ဟိုးတလောက မော်မော်သီးကနေ ယောကျာ်းလေးဖြစ်တဲ့ပို့စ်ထဲမှာ တွေ ့တယ် ။ စာမေးပွဲဖြေလျှင်တော့ သတိထားပေါ့ ။
ဆေးလောကက ဆရာကြီး ၊ ဆရာမကြီးများလည်း ဝင်ဖတ်နေကြတယ်လို့ ကြောက်ကြောက်လန့်လန့် သိခဲ့ရပါတယ်။

 

AKKO ရဲ့ ကွန်းမန့်အရ ဆေးလောက ဆရာကြီး ဆရာမကြီးတွေတောင် ရွာကိုအလည်လာတယ်ဆိုတာ သိလိုက်ရပါတယ်။ ကျေးဇူးပါဗျာ။

`

ဘယ်သွားသွားလွတ်အောင်ရှောင်လို့မရပါသော ဂိုင်းအင်ဇာဂီ ၏ အာဂလူစွမ်း စီးရီး အတွဲငါးပါဗျာ။ သူတို့ကျတော့ ကောင်းရာမွန်ရာလေးတွေ ပို့ပြီး အနှိတ်ခံနေကျပါတယ်။ သူကြီးရဲ့ ကွန်းမန့်မှာ အနီကတ် ဘယ်သူကပေးသွားတာလဲမသိပါ။ ကျွန်တော် ပြန်စိမ်းလိုက်တော့ ပျောက်သွားပါတယ် သူကြီးရေ။ အင်မတန်ပျော်စရာကောင်းသော ပို့စ်လေးပါ ဂိုင်းရေ။ ရွာထဲကလူတွေကို ဇာတ်လိုက်လုပ်ထားတော့ တာဝန်တော်တော်ကြီးမှာလည်း သေချာပါတယ်။ အရေးအသားကလည်း ဂရုစိုက်ရသေးတယ်မဟုတ်လား။ ဆက်လုပ်ပါဆရာ။ အထူးညွှန်းစရာမလိုတော့တဲ့စီးရီးကြီးဆိုတော့ မညွှန်းတော့ပါဘူးဗျာ။

 

ရွှေအိမ်စည် ရဲ့ ဂေဇတ်မိသားစု ကထိန်ပွဲ (၄)လပြည့်အမှတ်တယ ကတော့ ရွှေအိမ်စည် ထုံးစံအတိုင်း ဓါတ်ပုံလှလှလေးတွေ ဝေဝေဆာဆာနဲ့ ရွာ ထဲမှာ ကထိန်လာခင်းသွားတာပါဗျာ။ ဖတ်ကြည့်ကြပါ။

 

အခုတလော ကင်မရာမကိုင်ပါသော ကိုပေါက်၏ အင်းဝမြို့ဟောင်းကကျောင်းတော်ကြီး ပို့စ်ကတော့ ဓါတ်ပုံလှလှလေးများဖြစ်ပါတယ်။ အထူးညွှန်းစရာ မလိုတဲ့ ကိုပေါက်ရဲ့ ရိုက်ချက်များကို မကြည့်ရသေးသူများအတွက်လက်တို့ပါရစေခင်ဗျာ။

 

နောက်ပို့စ်လေးတစ်ခုကလည်း ဆရာဂိုင်းအင်ဇာဂီ ရဲ့ ဓါတ်ပုံပညာ ပို့စ်လေးပါ။ inz@ghi နှင့် မီးပန်း လို့ အမည်ပေးထားပါတယ်။ မီးပန်းကို ဘယ်လိုရိုက်ရတယ် ဆိုတာလေး ရှင်းပြပေးထားပါတယ်ဗျာ။ သူရိုက်ပြထားတဲ့ မီးပန်း ဒါ့ပုံလေးများကလည်း အလွန်အင်မတန်လန်းတယ်ဆို တာ လက်တို့ပါရစေ။ wallpaper လုပ်လိုသူများ ဒေါင်းလုတ်ဆွဲနိုင်ကြဖို့ပါ။

 

ကျွန်တော်တို့သူကြီး kai က Mandalay Gazette REVIEW – THE LADY ဆိုတဲ့ ပို့စ်လေးနဲ့ အမေစုအကြောင်းရိုက်ထားတဲ့ ရုပ်ရှင်အကြောင်း ရွာသူားတွေကို ပြန်ပြောပြပါတယ်ခင်ဗျာ။ သူကြီးက သူ့အမြင်ကို ဒီလိုပြောပြပါတယ်ဗျာ။

 

ရုပ်ရှင်ဟာ..၈၈တော်လှန်ရေးကြီးရဲ့ ပုံရိပ်တွေကို.. ဦးစားပေးမထားဘူးလို့.. ထင်မိပါကြောင်း…။

ဒေါ်စုအကြောင်းကို.. အချစ်ဇတ်လမ်းလေးလိုဖြစ်အောင်.. ဇတ်ဆင်သွားတာဖြစ်ပြီး.. အစပိုင်း ဇတ်ရှိန်တော်တော်မြင့်ပေမဲ့.. နောက်ပိုင်း.. ဖြတ်ချတာမြန်မြန်နဲ့..ဇတ်နည်းနည်းအိုင်သွားကြောင်း..။

ဒီပဲယင်းလုပ်ကြံမှုကို ထည့်လိုက်ရင်.. ပိုပြည့်စုံမယ် ထင်ကြောင်း..။
ဟောလိဝုဒ်အော်စကာရယ်..။ ကိန်င်းရုပ်ရှင်ပွဲတော်ရယ်ကိုတော့. ချိန်မယ်ဆို.. ချိန်နိုင်မယ် ထင်ကြောင်း..။

 

သူကြီးက သူ့လေဒီခိုင် ရဲ့ REVIEW ကိုပါ တွဲထည့်ပေးထားပါတယ်ဗျာ။ လေဒီခိုင် ရဲ့ အမြင်က ဒီလိုပါ။

 

အတိုချုပ်ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝဇာတ်လမ်းကို အသေးစိ်တ်မသိသေးသောမြန်မာများရော၊လူမျိုးခြားများပါ အချိ်န်ပေးကြည့်ပြီး ထိုက်တန်တဲ့ဇာတ်ကားဖြစ်ပါတယ်။ ထပ်ကာထပ်ကာပြန်ကြည့်ချင်ရလောက်အောင်ကောင်းတဲ့ကားမျိုးမဟုတ်ပေမယ့် မြန်မာပြည်အာဏာရှင်စနစ်အကြောင်း၊ပြည်ပရောက်နေရာက မြန်မာပြည်ပြန်လာပြီး မိသားစုဘဝနဲ့မိမိကိုယ်တိုင်ဘဝကိုစတေးပြီး နိုင်ငံ့အကျိုး၊ပြည်သူ့အကျိုးကိုနှစ်ပေါင်းများစွာထမ်းဆောင်နေတဲ့ မြန်မာအမျိုးသမီး၊ကမာ္ဘ့ငြိမ်းချမ်းရေးနိုဘယ်ဆုရ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ဒီလိုရိုက်ကူးပြသတာ အင်မတန်ဂုဏ်ယူကျေးဇူးတင်မိပါတယ်။(ရုပ်ရှင်အတတ်ပညာရှင်မဟုတ်တဲ့အတွက် သာမာန်ပရိသတ်တဦးအနေနဲ့ရုပ်ရှင်ကြည့်ပြီးအတွေ့အကြုံကို ရေးထားတာဖြစ်ပါတယ်။တခြားကြည့်ဖြစ်သူ ရုပ်ရှင်အတတ်ပညာရှင်များရဲ့ ဒီဇာတ်ကားအကြောင်းရေးတာမျိုးလဲဖတ်ချင်ပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည် အကြောင်းရိုက်တဲ့ ရုပ်ရှင်ကို အစောဆုံးကြည့်ပြီး ပြန်ပြောပြထားတာဆိုတော့ အားလုံး စိတ်ဝင်တစားရှိကြမှာပါ။ ဖတ်ကြည့်ကြပါဗျာ။

 

ဘီလူးကြီး၏ ကျွန်တော့် ကျေးဇူးရှင် (အပြီး) ပို့စ်လေးကတော့ ဖတ်လက်စရှိသူတွေ အတွက်ပါ။ ဇာတ်သိမ်းမှာတော့ ရေမွှေးသည် အဒေါ်ကြီးက သူ့နေရာကို ဖယ်ပေးသွားတဲ့ ကျေးဇူးရှင်ဖြစ်နေတာလေးနဲ့ ဇာတ်ကိုသိမ်းထားပါတယ်။ ဘီလူးကြီးရဲ့ ရသဟန်အရေးအဖွဲ့ကို ခံစားကြည့်ကြဘို့ တိုက်တွန်းပါတယ်ခင်ဗျာ။

 

Nigimi77 ၏ မန္တလေးသွားတောလား အပိုင်း(၁.၅) ကတော့ မန္တလေး အခုထိမရောက်သေးတဲ့ ပို့စ်လေးတစ်ခုပါ။ ဖတ်ကြည့်ကြပါဗျာ။ အပိုင်း ၂ ကျမှ မန်းလေးရောက်မည်ထင်ပါသည်။

 

ဘကြီး၏ အချစ်။ ကို ပြန်လည်စားမြုံ့ပြန်ခြင်း ကတော့ ဘကြီးအသက်၂ဝ လောက်က ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါဗျာ။

 

Whowho ၏ ဘာအတွက်လဲ ဘာကြောင့်လဲ ဆိုတဲ့ ပို့စ်လေးကတော့ ထုံးစံအတိုင်း ဓမ္မနဲ့ဆိုင်တဲ့ ပို့စ်လေးပါ။ whowho ရဲ့မေးခွန်းလေးတွေကို ဖေါ်ပြပါရစေ။

 

(၁)က လူ့ဘဝကို ဘာလာလုပ်ကြတာလဲ။ လူရယ်လို့ ဖြစ်လာပြီး ဘယ်အလုပ် က အဓိက အရေးကြီးဆုံး လဲ။? လူတစ်ယောက် အနေနဲ့ တခြားဘုံဘဝတွေ ထက် ပိုမို သာလွန်ပြီး လုပ်ခွင့်ရနိုင်တာက ဘာလဲ။ ?
(၂)ကတော့ လူတွေ ဘာလို့ သေမှာ ကြောက်နေကြရပြန်တာလဲ ဆိုတဲ့ တွေးစရာတွေ ထပ်လာပြန်ပါပြီ။ တဆက်တည်းလည်း သေမှာ မကြောက်တဲ့ လူမျိုးကရော ဘယ်လိုလူမျိုးလဲ ဆိုတာကိုပါ သိချင်လာတယ်လေ။

 

ကွန်းမန့်လေးများထဲက သူကြီးရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပါရစေ။

 

ဒိရာစုနှစ်ထဲမှာပဲ.. လူဟာ မသေအောင် လုပ်နိုင်သွားမယ်လို့.. သိပ္ပံပညာရည်ညွှန်းချက်တွေ ပြနေပါတယ်.
အဲဒါကို Discovery ချာနယ်မှာ ပြသွားတယ်..။
The Green Mile (1999)ဆိုတဲ့ ရုပ်ရှင်ထဲကျ.. လူက.. မသေမှာကြောက်လာနေတဲ့သဘောကို ပြတယ်..။
တချိန်ကျ.. အဲဒီလိုဖြစ်လာကောင်းမယ်ထင်မိပါတယ်..။
မသေသွားမှာကြောက်ရမဲ့လူတွေလေ…။

ဆိုတော့..
လူက.. ဖြစ်ရခက်တယ်သာဆိုတယ်.. တီချယ်ရယ်..။
သန်း၇၀၀ဝ ဖြစ်နေပြီ..။
လွယ်လွန့်လွန်းလို့.. ဖန်မလီပလန်င်တွေ.. ပညာပေးတွေ အသည်းအသန်လုပ်နေရတာပဲ..။
ဒါတောင်.. အသက်မပြည့်ပဲ..ရ,ရကုန်လွန့်လွန်းလွန်းလို့..

ကြည့်ရတာ.. ဒီအယူအဆတွေက.. လွန်ခဲ့အနှစ် ၂၀၀ဝလောက်က.. ကလေးမွေးရင် အမိရော..ကလေးရော လေလွင့်နှုန်းအင်မတန်မြင့်တဲ့..အသိအတတ်ပညာတွေမဖွံ ့ဖြိုးခင်ခေတ်က.. ထုတ်ခဲ့တာဖြစ်ပါလိမ့်မယ်..။
ပြောသာပြောရတာ.. မြန်မာ့ကလေးမွေးသေနှုန်းအခုဒီခေတ်မှာတောင်.. ကမ္ဘာ့အမြင့်ဆုံးထဲပါနေသေးတယ်..။
ကမ္ဘာ့နိုင်ငံ ၁၉ရနိုင်ငံမှာ မြန်မာက.. ၁၄၈တဲ့..။
http://en.wikipedia.org/wiki/List_of_countries_by_infant_mortality_rate
လူက.. ဘာလုပ်ရမလည်းဆိုတော့.. အဲဒီနှုန်းလျှော့ချဖို့.. တခြားကမ္ဘာနိုင်ငံတန်းတွေနဲ့.. တန်းတူမဟုတ်တောင်.. နဲနဲမြင့်လာအောင် ဦးစားပေးလုပ်သင့်တယ် ထင်မိတယ်..။
မြန်မာတွေ.. မြန်မာ့မြေမှာ လူရယ်လို့အရင်ဖြစ်လာသူတွေက.. နောက်မွေးလာသော..မွေးလတံ့သော သူတွေကို.. လေလွင့်မှုအနည်းဆုံးဖြစ်အောင် လုပ်ပေးရမှာက.. အဲဒီအလုပ် က အဓိက အရေးကြီးဆုံး သမိုင်းပေးတာဝန် ထင်မိတယ်..။

 

Whowho ရဲ့ ဘာအတွက်လည်း ဘာကြောင့်လဲ  ပို့စ်လေးကို ဖတ်ကြည့်ကြဘို့ တိုက်တွန်းပါတယ်ဗျာ။

 

ကိုဖက်တီးရဲ့ ဝန်ကြီးပဒေသရာဇာနှင့် နတ်သျှင်နောင်တို့၏ အုတ်ဂူများကတော့ သံလျင်ဘက်မှာ သွားရိုက်ထားတဲ့ ဝန်ကြီးပဒေသရာဇာနဲ့ နတ်သျှင်နောင် တို့ရဲ့ အုတ်ဂူများ ပုံတွေပဲဖြစ်ပါတယ်။ ကွန်းမန့်များထဲမှာ နတ်သျှင်နောင်က မူဆလင်ဆိုတာလေးလဲ မှတ်သားရပါတယ်။ ဗဟုသုတအနေနဲ့ ကြည့်ကြဘို့ပါ။

 

ဆရာတော် ဆန်နီနေမင်းရဲ့ ကြက်ဥစားခြင်းဟာ အပြစ်ရှိမရှိ ဆိုတဲ့ ပို့စ်လေးကို ဖတ်ရပါသည်။ ဘဲဥကြက်ဥ ကြော်ချက်စားသုံးခြင်းသည် ပါဏာတိပါတာကံ မြောက်မမြောက် ဆွေးနွေးထားတာလေးပါ။ စိတ်ဝင်စားသူများ ဖတ်ကြည့်ကြဘို့ပါ။

 

ရွှေတိုက်စိုးရဲ့ အိမ်ငှားကိုကြောက်ရသောအိမ်ရှင် ပို့စ်ကတော့ အိမ်ငှားစာချုပ်ချုပ်ရင် သတိထားကြဘို့ အိမ်ရှင်တွေကို သတိပေးထားတာပါဗျာ။

 

နေဝန်းနီ ၏ လေထဲရောက်အမှန်တရားများကတော့ ကဗျာကောင်းကောင်းလေးတစ်ပုဒ်ပါဗျာ။ ကဗျာချစ်သူတွေ ခံစားကြဘို့ပါ။

 

ဆရာ ဝင်းကျော်အောင် ၏ ၆ လေးလုံး မုဆိုးမဟောကိန်း ကတော့ အရှင်ဝိသေသ လင်္ကာရာဘိဝံသ( အင်းစိန်) ရဲ့ ကဗျာရှည်တစ်ပုဒ်ပါဗျာ။ သူကြီးရဲ့ sticky ဖြစ်ခဲ့ဘူးတဲ့ ပို့စ်လေးပါ။ ကွန်းမန့်ပေးသူများမှာ သူကြီးနဲ့ ကိုသစ်မင်းတို့ရဲ့ကွန်းမန့်များမှာ အနီကတ်ကိုယ်စီနဲ့ ဘယ်သူပေးထားတယ်မသိပါ။ ဘာကြောင့်မှန်း နားမလည်ပါခင်ဗျား။ ဒါကြောင့် ကျွန်တော် ဘလက်က အစိမ်းရောင်ပြန်လုပ်ပေးခဲ့ပါတယ်ဗျာ။ ဖတ်ကြည့်ကြဘို့ပါ။

 

ကျွန်တော်တို့ အရသာအမျိုးမျိုးနဲ့ တစ်မျိုးပြီးတစ်မျိုးမရိုးရအောင် ပေးနိုင်စွမ်းရှိသော ကိုသစ်မင်း ၏ တန်ဘိုး ဆိုတဲ့ ပို့စ်လေးအကြောင်းပြောချင် မိပါသည်။ ကိုသစ်မင်းက ကဗျာတွေလည်းရေးပါတယ်၊ နိုင်ငံရေး ကစ္စတွေကိုလည်း အဆင့်မြင့်မြင့် ဦးဆောင်ဆွေးနွေးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် ကျွန်တော် ကြိုက်တာက ကိုသစ်မင်းရဲ့ ရသအရေးအဖွဲ့လေးတွေပါဗျာ။ ဒီပို့စ်မှာ ကိုသစ်မင်းက သူ့အမေ ဆုံးသွားတာလေးကို ဖတ်တဲ့လူတွေ ရင်ထဲနင့်သွားအောင် ရေးပြသွားနိုင်ပါတယ်ဗျာ။ နည်းနည်းလေး မြည်းကြည့်ကြပါဗျာ။

 

၃-၄လတခေါက်ပြန်လာတတ်သော မေမေနှင့်တွေ့။မေမေဝယ်လာပေးသောအင်းကျီ၊

ဘောင်းဘီလေးများရပြီးပျော်။

မေမေ့လက်ကိုဆွဲပြီး စာအုပ်ဆိုင်သွား၊လိုချင်သောကာတွန်းများဝယ်ပေးတတ်သောမေမေ။

ထမင်းစားလျှင်သူကိုယ်တိုင်ကမစားဘဲ သားစားသည်ကိုအနားကထိုင်ကြည့်ပြီးပြုံးနေတတ်သောမေမေ။

တံခါးပိတ်၍အသံအရမ်းကျယ်သွားလျှင် သားကို လောကနီတီတွေသင်ပေးထားတယ်နော်။

ကိုယ်ကြောင့်သူတပါးစိတ်အနှောက်အယှက်မဖြစ်စေနဲ့လို့ပြောတတ်သောမေမေ။

အလိုမကျရင်ငိုတတ်သောအခါ…..

ယောက်ျားဆိုတာကိုယ်ကိုယ့်ကိုယ်အားကိုးရတာ…ငါ့သားအားကိုးရမဲ့သူက ငိုနေပြီ။ဘယ်လိုလုပ်မလဲ..?

ဟူ၍လည်းကောင်း။

စာကျက်လို့မရရင်စိတ်တိုတတ်သောအခါ……

စိတ်တိုလို့ လိုချင်တာရသွားတာမှမဟုတ်တာအခက်အခဲတွေတိုင်းဖြေရှင်းတဲ့နည်းလမ်းကိုတခါတည်းစဉ်းစားရတယ်။

ဒါမှအခက်အခဲကိုကျော်လွှားပြီး တိုးတက်အောင်မြင်မှာ။

စိတ်တိုနေရုံသက်သက်တော့ဘာမှဖြစ်မလာဘူး..ဟူ၍လည်းကောင်း။

တယောက်ယောက်ကိုဒေါသကြီးပြီးအော်ဟစ်သောအခါ………

ဒေါသကြီးတယ်ဆိုတာ မီးခဲကိုကိုင်ပြီးပစ်တာနဲ့တူတယ်။

တဖက်လူကို ပူစေချင်လို့ ပစ်တာပေမဲ့ကိုယ့်လက်ကအရင်ပူရတယ်။

ပြီးတော့အဲဒီအပူကလဲတော်တော်နဲ့မပျောက်ဘူး။

ဟူ၍လည်းကောင်းလေအေးလေးနှင့်ဆုံးမတတ်သောမေမေ။

သားလိမ်လိမ်မာမာနေနော်။လူကြီးတွေစကားနားထောင် ဟု ပြောပြီး နှုတ်ဆက်ထွက်ခွါသွားတတ်သောမေမေ။

သည်ကမာ္ဘ၏ဘယ်နေရာမှာမှ လိုက်ရှာခြင်းငှါမစွမ်းတော့ပြီ။

 

အမေသေသွားတော့ ဘယ်သူ့ကိုအားကိုးရမလဲ စဉ်းစားပြီး အဖြေကဒီလိုရသွားပါတယ်တဲ့။

 

ခုနကအတိုင်းလူတွေစီပြီး စဉ်းစားတာ တယောက်မှအားကိုးရာမတွေ့။ဒါဆိုရင်တယောက်ဘဲ ကျန်တော့တာပေါ့ …….. အဲဒါ

“ငါ”  

ဟုတ်တယ်ငါကိုယ်ငါအားကိုးနိုင်အောင်လုပ်ရမယ်၊သူတို့သူတို့တွေရဲ့အားတွေကိုရသလောက်ယူပြီး

ငါကိုယ်ငါအားကိုးတဲ့စိတ်နဲ့ ဆက်လျှောက်ရမယ်လို့အဖြေရသွားသည်။

မျက်ရည်တွေကျနေရင်း သားကိုလမ်းညွန်ပေးတဲ့အမေကိုကျေးဇူးတင်မိနေသည်။

ငါကိုငါအားကိုးရမယ်ဆိုရင် ငါက ကောင်းအောင်နေမှဖြစ်မှာပေါ့။

ငါမကောင်းရင်ငါကိုယ်ငါဘယ်လိုလုပ်အားကိုးလို့ယုံကြည်လို့ရမှာလဲ။

ငါလိမ်လိမ်မာမာနေမှဖြစ်မယ်။အနဲဆုံးငါလုပ်နိုင်တာစာကြိုးစားတာဘဲလို့အဖြေရသည်။

၁ဝ နှစ်သားကလေး တယောက်ရဲ့ တကယ်စဉ်းစားခဲ့သည်များပါ။

 

ဖတ်မိသူတိုင်းကြိုက်ကြမယ့် ပို့စ်လေးတစ်ခုအဖြစ် ညွှန်းချင်ပါတယ်ဗျာ။

 

ကိုပေါက် ရဲ့ လက်ရာကောင်းပို့စ်လေးတစ်ခုကတော့ သီတဂူဗုဒ္ဓ စေတီတော် ဆိုတဲ့ ပို့စ်လေးပါဗျာ။ သီတဂူ ဗုဒ္ဓတက္ကသိုလ် ကို သွားရိုက်ထားတဲ့ ကိုပေါက် ရဲ့ ဓါတ်ပုံတွေက သီတဂူရဲ့ ကြီးကျယ်ခန်းနားမှုကို ဖေါ်ပြနေပါတယ်။ ကျွန်တော်ကြိုက်တဲ့ ပုံလေးကို အောက်မှာ ဖေါ်ပြဘို့ ကြိုးစားကြည့် မယ်ကိုပေါက်ရေ။ ကြည့်ဖြစ်အောင်ကြည့်ကြဘို့ တိုက်တွန်းပါတယ်ခင်ဗျာ။

 

ဆရာလေးအင်ဇာဂီ၏ ကပေ့ ဇာတ်လမ်းတွဲကြီး ၆ ကလည်း ဇာတ်ရှိန်တဖြေးဖြေး တက်လာနေပါပြီဗျာ။ သူမို့ စိတ်ရှည်လက်ရှည်ရေးနိုင်တာပါ။ ချီးကျူးပါတယ်ဗျာ။

 

ကြောင်ကြီးရဲ့ အမြောက်ဆိုတာ ပစ်ဖို့ပါ ဆိုတဲ့ ပို့စ်လေးကို ဖတ်ဖြစ်ပါသည်။  အရင်ဆုံး ရေဆာပြေ ဓါတ်ပုံလေးတစ်ပုံကိုတွေ့ကြရမှာပါ။ ပြီးမှ လက်ရှိ အစိုးရရဲ့ စစ်တုရင်ရွှေ့ကွက်တွေကို တစ်ကွက်ခြင်း ရေးပြသွားတာပါ။ ယနေ့အချိန်မှာ နိုင်ငံရေးရေချိန် အမြင့်တက်ဆုံး ဖြစ်ပါသဖြင့် တုံ့ဆိုင်းမနေဘို့ နှိုးဆော်ထားပါတယ်။ ကိုသစ်မင်းရဲ့ ကျွန်တော်ကြားဘူးသော ပုံပြင်နှစ်ပုဒ် ပို့စ်လေးကို သွားသတိရပါတယ်။ ကြောင်ကြီးဆိုချင်တာနဲ့ နီးနီးစပ်စပ် ရှိသည်ထင်ပါသဖြင့် စာလေးနည်းနည်းဖေါ်ပြချင်ပါသည်။

ကဲ ကျနော်တို့ ဖြစ်သမျှအကြောင်းအကောင်းချည်းဘဲဆိုပြီးလဲ နေခဲ့ “ရ” ပြီးပါပြီ။
ကံ= ကမ်မ=အလုပ် ဆိုတာကိုမစဉ်းစားဘဲ ဘာမှမလုပ်ထိုင်စောင့်နေတတ်တဲ့
ကံငါးလို ကံကိုဘဲပုံနေအုန်းမှာလား။
အချိန်မတန်ဘဲဝီရိရစိုက်ထုတ်ခဲ့မိတဲ့အမှားတွေလဲရှိချင်ရှိရှိခဲ့မှာပေါ့နော်။
ဉာဏ်ငါးလို ဉာဏ်ထုတ်ရမဲ့ အချိန်တန်နေပြီဆိုရင်တော့ အားကုန်ရုန်းပလိုက်ရမှာနော်။
ချင့်ချိန်ကြရအောင်ပါ။

“အချိန်တန်ပြီလား”လို့။

အခု ကြောင်ကြီးက အချိန်တန်ပြီ လို့ နှိုးဆော်လိုက်သည်ဟု ထင်ပါသည်။ မှားတာရှိရင်လည်း ပြင်ပေးကြပါဗျာ။ ကွန်းမန့် တွေကလည်း အမိုက်စားလေးတွေနှင့် ကြောင်ကြီး ရဲ့ ပို့စ်ကို ဖတ်ကြည့်ကြဘို့ တိုက်တွန်းပါသည်ခင်ဗျား။

ကျွန်တော် ကြိုက်တဲ့ ကိုပေါက် လက်ရာ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဂိုင်းအင်ဇာဂီ လက်ရာ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဖုန်းနဲ့ ရိုက်တဲ့ ကိုပေ့ လက်ရာ။

 

 

 

 

 

 

 

 

 

 

 

 

ကိုစိန်သော့လက်ရာ။ သင်ခန်းစာတစ်ခု။

 

 

 

 

 

 

 

 

 

 

 

 

 

31 comments

  • nozomi

    November 18, 2011 at 12:38 pm

    အပြောချိုတဲ့ အတိုချောပဲ ဗျ အဲ အကိုချော ပဲ

    အခု မှပဲ မျက်နှာသစ်လိုက် ရတဲ့ လူလို နေလို့ ထိုင်လို့ ရသွားတယ်
    တကယ်ကို လေးစား၊ ကျေးဇူးတင်ပါတယ် ဗျာ

    သူကြီး ပြောတဲ့ တွေ့ဆုံပွဲ ကိစ္စလေး အကောင်အထည်ဖော်ပါဦး၊ ရွာသူားတွေ အားလုံး တတ်နိုင်တဲ့အပိုင်းလေး ဝိုင်း ဝန်း လိုက်ကြရင် အကောင်အထည်ပေါ်လာမှာပါ

    တခြားလူတွေက ဒီရွာသားတွေက လူချောင်းရုံလောက် တတ်နိုင်ကြတာပါ ဆိုတာမျိုးကြီး သမိုင်းမှာ အပြောမခံချင်လို့ပါနော 🙂

  • Diamond Key

    November 18, 2011 at 12:56 pm

    ဟေး……….ပုံလေးတွေတောင်ပါလာပီ။ တစ်ခါတစ်ခါမှာ ရက်မမှန်တွက် နော်တို့လိုလူတွေ အတွက်တော့ ဖတ်ရတဲ့ ဂေဇတ်သံခိတ်တွေက ရှယ်ကောင်းသဗျ။ 😆

  • အီးတီ

    November 18, 2011 at 1:14 pm

    အများကြီး အပင်ပန်းခံ ရေးပေးတဲ့ ဦးဘလက်ကို ကျေးဇူး။ တစ်ချို ့ဟာလေးတွေပြန် ဖတ်လိုက်ဦးမယ်။ ခုတောင်တော်တော် ပြည့်စုံနေပြီ 🙂

  • မှော်ဆရာ

    November 18, 2011 at 1:39 pm

    သက်ကြီးဝါကြီး ဆရာကြီး မောင်သာရ အတွက် တစ်ခါမှ ဆုတောင်း ကွန်မန့် မရေးရသေးပါ…
    ဆရာကြီးရေးတဲ့ ပိုစ်ဆိုတော့ ဖတ်ရုံသာ ဖတ်ဖြစ်ပြီး ထငြ်မင်ချက်ရေးဖို့ မဝံ့ရဲ လို့ပါ..။
    ပြီးပြည့်စုံပြီးသားဆိုတော့ ဘာမှ ထပ် မကွန့်ရဲပါ.။
    ဆရာကြီး ပြည်သူ့အကျိုးပြုပိုစ်များ မြောက်များစွာ ရေးသားနှိုင်ပါစေကြောင်း ..
    စိတ်ချမ်းသာ ကိုယ်ချမ်းသာ ပါစေကြောင်းသာ ဂါရဝရှေ့ထား၍ မေတ္တာ ပို့သလိုက်ရပါသည်ဆရာကြီးခင်ဗျား ….

  • ကိုရင်စည်သူ

    November 18, 2011 at 1:47 pm

    အပင်ပန်းခံပြီးရေးထားပေးတဲ့ တံခါးစောင့်ကြီးကိုလည်း
    ဂေဇက်က အမြဲတံခါးဖွင့်ထားပါတယ်…
    ဒါနဲ့ ကိုချောရေ… တောင်ကျွန်းဝိဇ္ဖာ လှေသဂျီးအဘဖောက ရွာထဲ
    မလာနိုင်သေးတာက ခရီးထွက်သွားတယ်လို့
    သိရပါတယ်ဗျာ.. မကြာခင် ရွာထဲကို
    လှေစီးပြီး ပြန်လာမယ်.. ကြားပါတယ်ဗျာ…. 🙂 🙂
    Keep UP ::: !!! GO ON ::: BLACK CHAW @_@
    WE R NEVER ALONE IN MG !!!!

  • inz@ghi

    November 18, 2011 at 2:00 pm

    ကျေးဇူးပါ တံခါးစောင့် ဆြာ ဘလက်ရေ့
    ဒါနဲ့ Draft ထဲမှာ ဆြာကိုသစ်မင်းရဲ့
    ကိုကြောင်သို့ -၃ (သည်တခါ အနီးအပါးက ချီးနား ခဗျ…)
    ဖြစ်သွားပီဗျာ..
    မျှော်နေတယ် ဗျ ဘယ်တော့ ပီးမလဲ မသိဘူး
    တွေ့နေတာတော့ ၂-၃ရက်လောက်ရှိပြီ

    ဆြာတို့ ဦးနှောက်တွေ မုန်းတိုင်းထန်ဦးမပေါ့

    😀

  • amatmin

    November 18, 2011 at 3:25 pm

    နေ့တိုင်း ဝင်ဖတ်နေတုန်းကတော့ ကိုဘလက်ကြီး စာညွှန်းကျေးဇူး ကိုယ်တွေ့မသိခဲ့ဘူး..
    ခရီးတွေ သွားနေလို့ လွတ်တာတွေများသွား မှ ကိုဘလက်ကြီး ပို့စ်ကျေးဇူး ကောင်းကောင်းသိရတယ်..
    ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ…

  • etone

    November 18, 2011 at 4:15 pm

    တော်တော်မှတ်မိတာပဲနော် … ကိုချောကလက်စာတွေဖတ်ပြီးမှ လွတ်သွားတဲ့ ပို့စ်လေးတွေ ရှာဖတ်ရဦးမယ် 🙂

  • ရွှေအိမ်စည်

    November 18, 2011 at 4:44 pm

    စာပေဟင်းလေးအိုးလို ့တင်စားမလား…..

    ဒါမှမဟုတ်…ဂေဇတ်ထဲ က….ဂျပိုး..(စာ)

    ဒါမှမဟုတ်…သူသာလျှင်ပြောရမလားး

    လေးဘလက်ဧ။်..ဂေဇတ်အပေါ်ချစ်သော..သံယောဇဉ်စိတ်ထားကို..
    အထူးလေးစားသွားပါကြောင်း

    =============
    ဂေဇတ်ကိုကျနော်လည်း..တနေ ့ကုန်ထိုင်ပါတယ်..
    ဖေ ့ဘုတ်နြ
    ဧဒင်ဥယျာဉ်
    ဒါပေမယ့်..ကျနော်….လေးဘလက်လောက်တာဝန်မကျေပါဘူးဗျာ…

    ချစ်သောစိတ်……သံယောဇဉ်စိတ်သည်လည်း…ပူလောင်တတ်သည်…။
    ရာဂအပူတော့မဟုတ်ပါဘူး………

  • MaMa

    November 18, 2011 at 4:49 pm

    ကြိုဆိုရမယ့်လူ (ဆရာကြီး မောင်သာရ) ကို ကြိုဆိုပေးလို့ …….
    ဂေဇက်တံခါးစောင့်ကြီး ရေ- “တာဝန်ကျေပါတယ်၊ ပင်ပန်းလိုက်ပါဦး” ။
    (ကိုရီးယားဇာတ်လမ်းမှ စကားခဏငှားသုံးသည်။)

  • koyinmaung

    November 18, 2011 at 5:10 pm

    ခုလိုမန်းလေးဂဇက်ရဲ့ပို့စ်အညွန်းရေးပေးနေတဲ့
    ကိုဘလက်ချေားစေတနာကတော့အလွန့်ကိုလေးစားစရာပါ…
    နေ့တိုင်းမန်းလေးဂဇက်ကိုအလည်မလာနိုင်တဲ့ရွာသူားတွေအတွက်
    ပို့စ်တခုထဲမှာတင်မြည်းစမ်းလို့ရသွားတာပေါ့
    ကျေးဇူးဘဲကိုဘလက်ချေားရေ…..

  • ပေါက်ဖော်

    November 18, 2011 at 7:47 pm

    ဟရေး..ဟရေး..အန်ကလယ်ရေး..
    ကောင်းလယ်..ကောင်းလယ်……
    နို ့မို ့ဆို ဖတ်ပြီးသားတွေ..မေ့မေ့ကုန်လို ့….
    .
    ခုမှအာရုံ ပြန်ရပြီ..ပြန်ရဘီ….
    😆

  • aye.kk

    November 18, 2011 at 9:44 pm

    ကိုဘလက်ချောရေ..
    ပေးဆပ်ခြင်းရဲ ့စေတနာအကျိုးကျေးဇူးကြောင့်
    လေးစားမှုဆိုတဲ့တန်ဖိုးဂုဏ်ပုဒ်ရရှိပိုင်ဆိုင်ရပါတယ်လို ့ပြောပါရစေ..။

  • thit min

    November 19, 2011 at 6:13 am

    ဂေဇက်ကစာတွေကိုအကုန်ဖတ်ပြီး စာညွန်းပေးနေတဲ့ ကိုဘလက်ရဲ့အကျိုးပြု ပို့စ်လေးအတွက် ဝမ်းသာကျေးဇူးတင်ပါတယ်။
    ကျနော်အရမ်းအလုပ်ရှုပ်နေလို့ စာလဲမရေးနိုင်၊ကော်မန့်လဲမပေးနိုင်ဖြစ်ခဲ့ရပါတယ်။
    လူသစ်တွေအများကြီးရေးလာကြတာလည်းဝမ်းသာစရာပါ။
    ဆရာကြီးမောင်သာရစာတွေကလဲ ဂေဇက်ရဲ့ ဂုဏ်ကိုမြင့်စေတာမို့၊ဝမ်းသာမိပါတယ်။
    ဆရာကြီးကို ကျေးဇူးလဲတင်ပါတယ်။
    ~~~~~~~~~~~~~~~~~~~~~
    ကိုဘလက်ပြောတဲ့………………..

    “အခုကျွန်တော်တွေးနေမိတာက နိုင်ငံခြား မှာ နေတဲ့ လူတွေက ကျွန်တော်တို့ ပြည်တွင်းဖြစ်တွေထက်
    အတွေးအမြင် ပိုနှံ့စပ် ကျယ်ပြန့်ကြသလားလို့ပါ။ ”

    ကျနော်တယောက်ထဲရဲ့အတွေ့အကြုံအရပြောရရင်တော့ ကျနော်စာအများကြီးဖတ်ပါတယ်။
    အွန်လိုင်းကစာထက် စာအုပ်တွေဖတ်တာပါ။
    ဖတ်ပြီးစာအုပ်ထဲကမှတ်သားဖွယ်ရာများကိုမှတ်စုရေးလေ့ရှိ”ခဲ့”ပါတယ်။
    ခုနောက်ပိုင်းတော့ တခါထည်း ကိုယ်ပိုင်ဖြစ်အောင် မှတ်တဲ့အကျင့်ရသွားလို့
    ဖတ်ပြီးသွားတာတွေထဲက ကိုနှစ်သက်တာတွေဆို မှတ်မိနေပါတယ်။။
    အဲဒီ မှတ်ထားတဲ့အကြောင်းအရာတွေကိုနောက်ဆက်ဖတ်တဲ့စာအုပ်ကအကြောင်းအရာတွေနဲ့
    တိုက်ဆိုင်ကြည့်ပါတယ်။
    ပြီးတော့ ကျနော်ကိုယ်ပိုင်အတွေးကိုထပ်ပေါင်းပါတယ်။ ကိုယ်လိုစာဖတ်သူတွေနဲ့ ဆွေးနွေးကြည့်ပါတယ်။
    အကောင်းဆုံးအဖြေတခု(သို့) စိတ်ကူးတခုရသွားရင် အဲဒီကနေ ထပ်ဆင့်ပွါး စဉ်းစားပြန်ပါတယ်။
    အဲဒီအတွေးနဲ့ ပတ်သတ်တဲ့စာအုပ်တွေကိုထပ်ရှာဖတ်ပြန်ပါတယ်။ပြီးတော့အပေါ်အဆင့်တွေအတိုင်းသွားပါတယ်။
    တော်တော် ရှိသွားပြီထင်ရင်စာတမ်းငယ်လေးတွေရေးလိုက်ပါတယ်။မှတ်တမ်းကျန်တယ်ပေါ့ခင်ဗျာ။
    ~~~~~~~~~~~~~~
    နိုင်ငံခြားမှာနေလို့ရတဲ့ကြီးမားတဲ့ အခွင့်အရေးကတော့ စာအုပ်တွေပိုဖတ်နိုင်တာ ပိုလက်လှမ်းမှီတာ ပါဘဲ။
    ကျန်တာကတော့သိပ်မထူးလှပါဘူး။အတူတူလောက်ပါဘဲ။

  • kai

    November 19, 2011 at 8:33 am

    ပြောရဦးမယ်..ကိုရင်ဘလက်ချောရေ..
    ဒီရွာထဲ.. ဒေါက်တာတွေ အတော်များတာကလား..။
    ဒေါက်တရိတ်ရော.. မက်ဒီကယ်ဒေါက်တာရောပေါ့..။

    မာစတာတွေလည်းရှိတယ်..။
    အဟမ်း..
    … ဆိုင်ရာအစိုးရအော့ဖစ်ရှယ်တွေလည်း.. ရှိပါတယ်..။
    ဝင်မရေးကြရင်တောင် ဖတ်နေကြတယ်လို့ ..သေချာပေါက်ပြောရဲတယ်..။ :mrgreen:

    သတင်းစာပုံနှိပ်ထုတ်တာ.. ၅နှစ်ကျော်လာခဲ့တာမို့.. ယူအက်စ်နေ.. လူကြီးသူမတွေ.. တဖြည်းဖြည်း… သိကြပြီးလာဖတ်နေကြတာလည်း ပါမယ်ထင်ပါတယ်..။
    ပြောပြရရင်.. ဆရာကြီးကြေးမုံဦးသောင်းနဲ့.. ဆရာကြီးဦးတင်မိုးလည်း.. မဆုံးခင်မှာ.. သတင်းစာအတွက်..စာတွေနဲ့..ကဗျာ ရေးပေးဖူးတာမို့..ပုံနှိပ်လိုက်ဖူးပါတယ်..။
    ဆရာကြီးမောင်သာရကတော့.. တော်တော်ကြာကြာကတည်းက.. အပုဒ်ရေတော်တော်များများ ရေးပေးနေခဲ့တာပါ…။

    ဒီရွာကလေးတည်ထောင်ထားတာရဲ့.. ရည်ရွယ်ရင်းတခုက.. ပြည်တွင်းပြည်ပနေသူတွေ..ပေါင်းကူးလေးပါလို့..။
    ဆိုတော့…

    ဘာမှမဆိုင်ပေမဲ့..
    နှစ်ကူးပါတီလေးကျင်းပဖို့ကို .. မမေ့စေချင်ကြောင်း.. ထပ်ပြောပါရစေနော…။ 😆

  • blackchaw

    November 19, 2011 at 12:46 pm

    ကိုသစ်ရေ။ ကြောင်ကြီးပို့စ်ကို ကျွန်တော်ရေးထားတာလေး
    ခင်ဗျား ဘယ်လိုသဘောထားလဲ သိချင်မိတယ်ဗျာ။ ခင်ဗျားပို့စ်လေးနဲ့
    ကြောင်ကြီးပို့စ်လေးကို ဆွဲစိထားလိုက်တာလေး
    ခင်ဗျားအမြင်လေးသိချင်မိတယ်။
    ဖြစ်နိုင်ရင် ကြောင်ကြီးရဲ့ အမြင်လေးလည်း ဖတ်ချင်ပါတယ်ဗျာ။

    ကြောင်ကြီးရဲ့ အမြောက်ဆိုတာ ပစ်ဖို့ပါ ဆိုတဲ့ ပို့စ်လေးကို ဖတ်ဖြစ်ပါသည်။ အရင်ဆုံး ရေဆာပြေ ဓါတ်ပုံလေးတစ်ပုံကိုတွေ့ကြရမှာပါ။ ပြီးမှ လက်ရှိ အစိုးရရဲ့ စစ်တုရင်ရွှေ့ကွက်တွေကို တစ်ကွက်ခြင်း ရေးပြသွားတာပါ။ ယနေ့အချိန်မှာ နိုင်ငံရေးရေချိန် အမြင့်တက်ဆုံး ဖြစ်ပါသဖြင့် တုံ့ဆိုင်းမနေဘို့ နှိုးဆော်ထားပါတယ်။ ကိုသစ်မင်းရဲ့ ကျွန်တော်ကြားဘူးသော ပုံပြင်နှစ်ပုဒ် ပို့စ်လေးကို သွားသတိရပါတယ်။ ကြောင်ကြီးဆိုချင်တာနဲ့ နီးနီးစပ်စပ် ရှိသည်ထင်ပါသဖြင့် စာလေးနည်းနည်းဖေါ်ပြချင်ပါသည်။

    ကဲ ကျနော်တို့ ဖြစ်သမျှအကြောင်းအကောင်းချည်းဘဲဆိုပြီးလဲ နေခဲ့ “ရ” ပြီးပါပြီ။
    ကံ= ကမ်မ=အလုပ် ဆိုတာကိုမစဉ်းစားဘဲ ဘာမှမလုပ်ထိုင်စောင့်နေတတ်တဲ့
    ကံငါးလို ကံကိုဘဲပုံနေအုန်းမှာလား။
    အချိန်မတန်ဘဲဝီရိရစိုက်ထုတ်ခဲ့မိတဲ့အမှားတွေလဲရှိချင်ရှိရှိခဲ့မှာပေါ့နော်။
    ဉာဏ်ငါးလို ဉာဏ်ထုတ်ရမဲ့ အချိန်တန်နေပြီဆိုရင်တော့ အားကုန်ရုန်းပလိုက်ရမှာနော်။
    ချင့်ချိန်ကြရအောင်ပါ။

    “အချိန်တန်ပြီလား”လို့။
    အခု ကြောင်ကြီးက အချိန်တန်ပြီ လို့ နှိုးဆော်လိုက်သည်ဟု ထင်ပါသည်။ မှားတာရှိရင်လည်း ပြင်ပေးကြပါဗျာ။

    • ကြောင်ကြီး

      November 19, 2011 at 1:15 pm

      အဲဒီကဗျာတုန်းက ဆြာသစ်က ချင့်ချင့်ချိန်ချိန် ရှိကြဖို့ ရေးထားတယ်မှတ်တယ်။ (ပြည်တော်ပြန်ချင်နေသူများကို) ကျနော်မန်းတာလေးကိုတောင် သူက အမှတ်ပေးထားသေးတယ်လေ။ ကျနော်ပြောချင်တာက ဆန့်ကျင်ဖက်သဘော မီးတုတ်ရှို့ဖို့ ပြောထားတာ။

    • thit min

      November 19, 2011 at 1:56 pm

      ကျနော်က အကျဉ်းအကြပ်မှ သည် လွတ်မြောက်ရေး ဆီ သို့
      ကိုကြောင်က ချေမှုန်းရေးမှ သည် အနိုင်ရရေးဆီ သို့ ဆိုပြီး မတူသော သဘောရှိပါတယ်။
      “အချိန်တန်ပြီလား” ဆိုတာ တခုတည်းစဉ်းစားတာဆိုရင်တော့ ကိုကြောင့် ကေ့စ်က က အတိမ်းအစောင်းကို
      ပိုပြီးသတိထားရမှာမို့ ကံ ဉာဏ် ဝိရိယအပြင် တခြားသော “ချိန်ဆ” မှုတွေပါ လိုပါတယ် ခင်ဗျာ။

  • windtalker

    November 19, 2011 at 1:03 pm

    ကိုဘလက်ရေ
    ကျုပ် အလှူအကြောင်း ကို ပြန်ဖတ်ရတဲ့ အတွက်
    အလှူလုပ်ခဲ့တဲ့ နေ ့ကို ပြန်သတိရမိပြီး ပြန်ပြီးကြည်နူးဝမ်းသာမိပါတယ်ဗျာ ။
    ကိုဘလက်အတွက်ကတော့ ဘာပြောလို ့ပြောရမှန်းမသိအောင်ကို အံဩ ချီးကျူးမိတယ်ဗျာ ။
    တစ်ကယ်တော်တဲ့လူ လို ့ဘဲ ပြောနိုင်ပါတယ်ဗျို ့
    ဘလက်ဘရားသားစ် ဂိုဏ်းဝင်များလာ ဟင် ( ဟီဟိ….စတာနော် )

  • Foreign Resident

    November 19, 2011 at 4:20 pm

    ” အဘ FR တစ်ယောက်ပျောက်နေတယ်။
    နေမှ ကောင်းရဲ့လားမသိ။ စိတ်ပူမိတယ် အဘရေ။
    ရွာကို ပြန်လာပါတော့ဗျို့ ”

    အဘ ရွာကို ပြန်လာပါပြီကွယ် ။
    ရွာမှ ရွာအစစ် ရန်ကုန်မြို့ကိုတောင် ရောက်နေတာပါ ။

    အဘရဲ့ Lap top ကို Australia မှာချန်ထားခဲ့လို့
    Yangon ရောက်မှ Lap top အသစ် တစ်လုံး ထပ်ရှာနေရတာနှင့်
    ရွာထဲဝင်ဖို့ နောက်ကျနေတာပါကွယ် ။
    တခုတ်တရမေးတဲ့အတွက် ကျေးဇူးပါကွယ် ။

    ကို Guy Inz@ghi ရေ
    Lenovo Y-570 ဝယ်လိုက်ပါတယ် ။
    i-7 2nd Generation ( 2.1 to 3.0 GHz )
    15.6″
    HDD = 750 GB
    RAM = 8 GB
    GRAPHIC = Nvidia 2 GB
    32 Bits
    Blu Ray
    Window Experience Index = 5.9 ပါ ။

    ရောင်းတဲ့သမီးလေးတွေ တိုက်တွန်းလွန်းတာနှင့် သနားတာနှင့်
    အဘ ဘဝ ဖြစ်ချင်တာဖြစ်ဆိုပြီး ဝယ်လိုက်ရတာပါပဲ ။

    ရွာရဲ့ လိပ်ကွန်နက်ရှင် နဲ့တော့
    Post ရေးဖို့ နေနေသာသာ
    Comment တောင် အနိုင်နိုင် ပါကွယ် ။
    အဘကို ခွင့်လွတ်ကြပါကွယ် ။

    • windtalker

      November 19, 2011 at 6:50 pm

      သမီးလေးတွေ က သနားစရာတော်တော်ကောင်းလားဟင်
      ကျုပ် လဲ သနားချင်လိုက်တာနော်
      ဟီဟိ

      • inz@ghi

        November 19, 2011 at 8:10 pm

        ခြေကုန်လက်ပမ်းကျနေလို့ပါ ..
        အဆင်ပြေတဲ့အခါ ပြန်ရေးပါ့မယ်ဗျာ ….
        ခုတော့ …
        ကတောက်. ……မြန်မာဘော်လုံး …

    • MaMa

      November 19, 2011 at 7:40 pm

      ဦးဖောရေ- ရွာထဲကလူတွေ ဒီလိပ်နဲ့ပဲ နှစ်ပါးသွားနေရတာ ကြာပါပြီကော။

    • inz@ghi

      November 22, 2011 at 7:41 am

      ပြန်စာပို့တာနောက်ကျလို့ ခွင့်လွှတ်ပါ အဘ…
      ဂီဂီ ဘောပွဲ ကိုက်ပီး ရွာထဲ လှည့်ပတ် ဆဲဆိုနေလို့ အဘ ကော့မန့် မတွေ့မိတာပါ
      အဘ ရန်ကုန်ရောက်နေတာ ကိုရင်စည်ပြောပါတယ်ဗျ..

      Window Experience Index = 5.9 ဆိုတဲ့တချက်တည်းနဲ့ ကို လုံလောက်ပါပြီအဘရယ်
      ဘယ် score က အနည်းဆုံးဖြစ်တဲ့ 5.9 ရတာလဲဟင် ဂလပ်ဖစ်ပဲ ဖြစ်မလားပဲ..

      ဆန္ဒပြုချင်တာတခုကတော့ အဘ drive အကောင်းစားထဲကို
      ချိုင်းနားလုပ် (၁ခွေထဲကို ဇာတ်လမ်းတွေ စုပြုံထိုးသိပ် ထားတဲ့ )DVDတွေ မကြည့်စေချင်ဝူးဗျာ…
      drive ဂန့်သွားရင် နှမျောဖို့ကောင်းလို့ပါ …(ကျနော်တော့ မဆင်ခြင်ခဲ့လို့ USB နဲ့ windows ပြန်တင်ရတယ်)

      Lenovo ကောင်းပါတယ် အဘရာ ..
      Service center တွေရဲ့ အလိုအရတော့ complaint အနည်းဆုံးက Lenovo နဲ့ Dell လို့ပြောပါတယ်

      သည်နွေ သည်နေ နဲ့တော့ အဘရေ့
      အဘရဲ့ hi-end လက်ပကျွတ် ကို heat-pad လေးတော့ ဆင်မြန်းပေးလိုက်ဦးနော် ….

      • Foreign Resident

        November 24, 2011 at 9:39 am

        ကို Guy Inz@ghi ရေ

        Processor = 7.4
        Memory ( RAM ) = 7.6
        Graphic = 6.7
        Gaming Graphic = 6.7
        Primary Hard Disk = 5.9 ပါ

        ဘာကြောင့် HDD rating က
        ကွက်ပြီး အရမ်းနိမ့်သွားတာလဲ မသိဘူး ။

        Partition ခွဲလိုက်လို့လား ???

        • inz@ghi

          November 24, 2011 at 10:07 am

          HDD 750GB ကို C:\ ကိုဘယ်လောက်ထားပေးတယ်ဆိုတာနဲ့ မူတည်မယ်ထင်တယ်အဘ
          စိတ်ညစ် စိတ်ပူစရာတော့ မရှိပါဘူးခဗျ။
          CPU 7.4 ကတော့ လန်ထွက် လျှံကျ …(7.9 အမြင့်ဆုံးကိုး ..)

          ခြုံပြောရရင်
          သမီးလေးတွေ တနားရကျိုး နပ်ပါကြောင်း..

          ဂီလည်း တနားချင်ထှာ….

        • ကြောင်ကြီး

          November 24, 2011 at 10:48 am

          ဦးဖောဝယ်တာ ဘယ်လောက်ပေးရလည်း မသိဘူး။ ကျနော် spoofee.com မှာ ဒီနေ့တွေ့တာတော့…….

          Item Number: A50-156309
          Model: G53SX-XT1

          List Price: $1,249.99
          Instant Savings: – $350.00
          Price: $899.99

          ASUS G53SX-XT1 Laptop Computer
          Core i7 Notebook 5 Stars Every gamer knows that the latest games demand the best performance. But ASUS didn’t believe in just meeting the minimum requirements, they believed in obliterating them. That’s why they’ve made sure that the ASUS G53SX-XT1 Laptop Computer is jam-packed with one-of-a-kind innovation that propels mobile gaming performance to unseen levels. Featuring the NVIDIA GeForce GTX 560M graphics engine that comes with a massive 2GB of GDDR5 VRAM, the ASUS G53SX-XT1 Laptop Computer leads in DirectX 11 gaming for advanced tessellation and faster graphics rendering. This gaming powerhouse, powered by a second generation Intel Core i7-2630QM Quad-Core processor, soars while performing several tasks simultaneously. The ASUS G53SX-XT1 Laptop Computer showcases a stealth fighter-inspired design with a unique thermal design that promotes airflow and keeps both heat and noise away from you.

          What It Is And Why You Need It:

          Enjoy your high-definition movies and gaming with the ASUS G53SX-XT1 Laptop Computer
          15.6-inch 16:9 Full HD display for immersive cinematic experience (1920 x 1080 resolution)
          NVIDIA GeForce GTX 560M graphics with 2GB GDDR5 VRAM for unprecedented DirectX 11 gaming
          2nd generation Intel Core i7-2630QM 2.0GHz processor with Intel Turbo Boost Technology to automatically boost speed to your task at hand
          SuperSpeed USB 3.0 for quicker device charging and up to 10x faster transfers than USB 2.0
          8GB of DDR3 system memory and 640GB of storage for smooth computing and ample storage for all your games and media files

          Genuine Microsoft Windows®

          Operating System: Genuine Microsoft Windows® 7 Home Premium 64-Bit
          Start-up Operating System: Genuine Microsoft Windows® 7 Home Premium 64-Bit

          Manufacturer’s Product Tour – Click Here

          Specifications
          ASUS G53SX-XT1 15.6″ Laptop Computer
          Memory Type: DDR3

          Memory Speed: PC3-10600

          Memory Speed MHz: 1333MHz

          Memory Slots (Total): 4

          Total Memory Size: 8GB

          Maximum Memory Supported: 16GB

          Display Type: Full HD Display

          Screen Size: 15.6″

          Maximum Resolution: 1920 x 1080

          Processor Class: Core i7

          Processor Brand: Intel

          Processor Type: Quad-Core

          Processor Speed: 2.0GHz

          Processor Number: i7-2630QM

          Lifestyle: Gaming
          Entertainment

          Condition: New

          Operating Systems: Windows 7 Home Premium 64-Bit

          Platform: Laptop

          Capacity: 640GB

          Drive Types: Hard Drive

          Hard Drive Speed: 5400 RPM

          Graphics Description: Dedicated Graphics

          GPU/VPU: NVIDIA GeForce GTX 560M

          Video Memory: 2GB GDDR5

          Optical Drive Type: Blu-Ray Player

          Optical Drive: DVD Super Multi Burner/BD Player

          Capacity: 4-in-1

          Supplemental Drive Type: Media Reader

          Media Types: Secure Digital (SD)
          Memory Stick PRO
          MultiMediaCard (MMC)
          Memory Stick (MS)

          Audio Description: Integrated Audio

          USB Ports (Total): 3 – USB 2.0
          1 – USB 3.0

          LAN Ports: 1

          Audio Out Jacks: 1

          Microphone Jacks: 1

          VGA Ports: 1

          HDMI Ports: 1

          Communications Description: Integrated LAN
          Integrated Wireless LAN
          Integrated Bluetooth

          Interface Type: RJ-45 Ethernet Connector
          Bluetooth™
          802.11b/g/n Wireless Networking

          Data Transfer Rate: 10/100/1000Mbps Network

          Protocols: 802.11b
          802.11g
          802.11n

          Width: 15.6″

          Height: 0.8″ – 2″

          Depth: 11.7″

          Weight: 8.7 lbs

          Mouse Type: Touch Pad

          Battery Type: 8-Cell Lithium-ion

          Color: Black

          Specification Notes: [6] To provide the most accurate specifications, the specifications listed are base upon information provided by the vendor.

          Integrated Webcam: Yes

          Webcam Resolution: 2.0MP

        • Foreign Resident

          November 24, 2011 at 10:52 am

          C:\ က 100 GB ပဲရှိတယ် ။
          အဲဒါကြောင့် ဖြစ်မယ် ။

        • Foreign Resident

          November 24, 2011 at 11:08 am

          1050 US$
          But, 32 Bits

  • parlayar46

    November 20, 2011 at 9:29 am

    ကိုဘလက်ရဲ့ ဖတ်ညွှန်းတွေကိုစောင့်နေတာ..
    လုပ်နိုင်သေးတာ ချီးကျူးဝမ်းမြောက်ပါသဗျာ။

    ကျန်းမာရေးကြောင့် သိပ်တောင်စုံအောင်မဖတ်ဖြစ်လို့
    ကိုဘလက်ရဲ့စာညွှန်းတွေပဲ စောင့်နေရတယ်။
    ဒီပိုစ့်မှာလဲ ကိုယ်မဖတ်ဖြစ်တာတွေ အများကြီး ပြန်တွေ့ရတယ်။

  • blackchaw

    November 20, 2011 at 9:34 am

    နောက်ပိုင်းတော့ နည်းနည်း ကျော်သင့်တာကို ကျော်ဖတ်သွားမှ
    အဆင်ပြေမှာမို့ ခွင့်ပြုကြပါလို့။

Leave a Reply