Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တန်ဘိုးနားမလည်ကြသူများ ( နေရဲနီ )

အိမ္လြမ္းသူNovember 18, 20111min39518

တို့ရွာနံဘေးက ကားလမ်းမှာ

ကုန်စိမ်းကားတစ်စီး ဘီးပေါက်လို့

ကားဆရာကားအောက်ဝင် နတ်ဖြုတ်နေတုန်း

ဖြတ်သွားဖြတ်လာ လူတစ်ယောက်က

ကားဆရာအလစ်မှာ နတ်တစ်လုံးကိုကောက်ယူလို့

သံတိုသံစဝယ်တဲ့ဆိုင် သွားရောင်းတာ ၁၅ဝ တောင်ရသတဲ့။

သူ့အတွက်တော့

ကွမ်းယာဆေးလိပ် တစ်နေ့စာ ဖူလုံသွားပေမဲ့

ပုံစံတူနတ်ရှာမရလို့ ကုန်စိမ်းကားကတော့

အဲဒီနေရာမှာ ၂ ညတောင်အိပ်လိုက်ရသတဲ့။

ကုန်စိမ်းတွေလည်း အချိန်မှီ ဈေးမရောက်တော့ပုပ်ကုန်ပြီး

အမှိုက်ပုံ ရောက်သွားကြတယ်။

ကုန်စိမ်းသည်တွေလည်း ရှုံးလိုက်တာ ခွက်ခွက်လန်ဘဲ။

 

တို့ရွာနားက လယ်ကွင်းမှာ

ဘိုဒူဇာတစ်စီး မြေတူးရင်းမိုးကျလာလို့

နောက်နှစ်အတွက် မပြန်တော့ဘဲ

နီးရာလယ်သမား တစ်ယောက်ကို အပ်ခဲ့သတဲ့။

ရွာမှာ ဇရှိတဲ့လူတွေက

ဘိုဒူဇာအတွင်း ကလီဇာကို ဖြုတ်ဖျက်ပြီး

သံရည်ကြိုတဲ့ ဆိုင်သွားရောင်းတာ ၂သောင်းခွဲတောင်ရသတဲ့။

ဘိုဒူဇာပြင်ဘို့ ကုမ္မဏီက

စင်္ကာပူကိုပစ္စည်းမှာတာ သိန်း၃၀ဝဘိုးကျသတဲ့။

သူခိုး နွားကောင်းမသိရ ဆိုတာ

ဒါမျိုးနဲ့တူပါရဲ့။

 

မုတ္တမကွေ့က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို

ယိုးဒယားကိုရောင်းတာ

တစ်စည်ကို ၁ရ ဒေါ်လာကြီးများတောင် ရသတဲ့။

ယိုးဒယားကလာတဲ့ ဓာတ်ဆီက

တစ်ဂါလံမှ ၅၅၀ဝိ တည်းရယ်။

မနက်မိုးလင်းတိုင်းမှာ

ထိုင်းပြည်သူတွေက

ဆာဝါသီခပ် မြန်မာပြည်ဆိုပြီးနေ့တိုင်း

နှုတ်ခွန်းဆက်နေလေရဲ့။

 

ရွှေလီမြစ်ပေါ်က

ရေအားလျှပ်စစ်ရဲ့ကျေးဇူးကြောင့်

တရုပ်ပြည် ယူနန်ပြည်နယ်မှာ

တနှစ်ကိုကျောက်မီးသွေးတန်ချိန် ၂ သောင်းတောင်သက်သာသွားလေရဲ့။

 

လျှပ်စစ်အရောင်းအဝယ် ဘယ်လိုဆိုတာ

ကျုပ်တို့ပြည်သူတွေမသိရပေမဲ့

ယူနန်ပြည်သူအပေါင်းကတော့

ညနေမိုးချုပ်လေတိုင်း

ထောင်သောင်းမက ရှဲရှဲနီပါရဲ့မြန်မာပြည် ဆိုပြီး

အိပ်ယာဝင်တိုင်း

ကျေးဇူးတင်လေရဲ့။

 

ကျုပ်တို့မြန်မာပြည်မှာတော့

မီးအားမမှန်လို့ ဝါယာရှော့ဖြစ်ပြီး

မင်္ဂလာဈေးကြီးမီးလောင်တာ သိန်း……ထောင်ဘိုး

 

သင်္ကန်းကျွန်းဈေး………………………………….

ပခုက္ကူဈေး………………………………………….

မုံရွာဈေး………………………………………………

မော်လမြိုင်ဈေး…………………………………….

ဈေးတွေ…………..ဈေးတွေ………………………..

 

မီးတွေလောင်တာ သိန်းရာထောင်သောင်းပေါင်းများစွာ

လျှပ်စစ်မလုံလောက်တော့ ထင်းမီးနဲ့ချက်လို့

လောင်တဲ့မီးက မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ

အိုးမဲ့ အိမ်မဲ့ ထောင်သောင်းပေါင်းများစွာ

ပူအိုက်တဲ့ရာသီမှာ မီးမလာလို့

မီးစက်နဲ့ အဲယားကွန်းတွဲဖွင့်ပြီးအိပ်တာ

အိမ်ထဲရှိရှိသမျှ လူအားလုံးကလေး လူကြီးခွေးကြောင်ပါမကျန်

ကာဗွန်အဆိပ်သင့်ပြီး

မာလက ဈန်ကြွ သွားရတာတွေလည်းရှိရဲ့။

ဒီအချိန်မှာ မီးပျက်နေကျ

မီးပျက်တုန်း  ဝါယာပြင်လိုက်ဦးမှဆိုပြီး

လက်နဲ့အကိုင် သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်

ဆိုသလို ဓာတ်လိုက်ပြီးသေတာလည်း ရှိရဲ့။

 

တမြို့လုံးညံနေတဲ့မီးစက်သံနဲ့ ထွက်လာတဲ့

ကာဗွန်ဓာတ်ငွေ့တွေကြောင့်

ထောင်သောင်းမကသော

အဆုတ်ရောဂါသည်တွေဟာ

တရုပ်ကလာတဲ့ ဈေးပေါပေါဆေးကို

ကွမ်းယာသည်ကုလားဒေါက်တာအပ်ပနားရဲ့

လမ်းညွှန်မှုနဲ့ ဝယ်သောက်နေကြရတယ်။

၅ဝတန်တဲ့ဆေးကို ၁၅ဝ ရောင်းပြီး အနုတ်မရှိတဲ့ အကြောင်းပြချက်နဲ့

သကြားလုံးက အဆစ်ပါလာသေးတယ်။

 

ချောင်းဆိုးရင် ရွှေတောင်ကြီး

ရင်ကြပ်တော့ ထက်လင်း

သွေးတိုး လေငန်း နှလုံးစတာတွေက အေးငြိမ်းသီတာ

ဒီထက်ပိုလာရင်တော့ ဖြူနီပြာဝါ ရောင်မျိုးစုံပြီး

ဘာမှန်းမသိတဲ့ ဆေးတွေနဲ့

၂ပါးသွားနေလိုက်ကြတာ

ကွမ်းယာသည် ကုလားအတွက်တော့

ဟီးနေတဲ့တိုက်အိမ်ကြီးကို

အပြီးတိုင်စေခဲ့တယ်။

 

ဆေးထိုးအပ်ကိုင်ပြီး စတိုင်အပြည့်နဲ့ ရမ်းကုတွေကလည်း

မြို့ပြနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာ

မှိုလိုပေါလာခဲ့တယ်။

 

ငွေကြေးတက်နိုင်တဲ့ သူတွေကတော့

ကိုယ့်တိုင်းပြည်က ဆေးရုံကို

ဘာကြောင့်ရယ်မသိ ကျော်ခွလို့

ယိုးဒယားသွား ဆေးကုဘို့အတွက်

သံရုံးမှာ ဗီဇာတန်းစီနေလေရဲ့။

 

တရုပ်နဲ့ ထိုင်းကလာတဲ့

လျှပ်စစ်နဲ့ ပတ်သက်သမျှသော

တီဗီအောက်စက် ရေခဲသေတ္တာအစရှိသော

လူသုံးကုန်ပစ္စည်း အပေါင်းတို့သည်လည်း

မမှန်လေသော လျှပ်စစ်မီးကြောင့်

ပျက်အစဉ် ပြင်ခဏ ဆိုသောစကားကဲ့သို့

ပြင်လျှင်ခဏသာကောင်းပြီး အမြဲပျက်နေသောကြောင့်

ပြင်ခမတတ်နိုင်ရကား

အမှိုက်ပုံသို့ သာမြန်းရလေသတည်း။

 

လျှပ်စစ်မီး မလုံလောက်သောကြောင့် သော်လည်းကောင်း

လျှပ်စစ်မီးမရ လေသောကြောင့် သော်လည်းကောင်း

ဘတ္ထရီအိုး ဝယ်သုံးလေသောကြောင့်

အက်စစ်နှင့်ခဲ ဓာတ်ပြုကာ ထွက်လာသောအနံ့ကို ရှူမိသောကြောင့်

ခဲဆိပ်သင့်ရသော ခလေးငယ်တို့ကား မရေတွက်နိုင်ကုန်။

 

နံနက်လင်းတိုင်း

ရှဲရှဲမြည်ပြီးမှ စီးတတ်လေထသော အရည်ကြောင်းမှ အစပြု၍

မြန်မာပြည်တဝှမ်းရှိရှိသမျှ မြောင်းချောင်းမြစ်အပေါင်းတို့၏

အကြောင်းချင်းရာအစုံလင်ကို

နှံ့စပ်သိမြင်သောအရာ၌

ငါ့လောက်သိသူ ဤမြန်ပြည်၌ ငါသည်ပင်လျှင်မရှိဟူ၍

မိမိကိုယ်ကို မိမိဘာသာအမွန်းတင်လွန်းသော

မြစ်ချောင်းမြောင်းတကာအရာ၌ ပါရဂူ

ဆည်အရာ၌ ဧတဒဂ်ရတော်မူသော

နွားနှင့်ပင်လျှင်

လျှပ်စစ်ထုတ်ရန်ကြိုးပမ်းဘို့ရာ လမ်းညွှန်တတ်သောဝန်ကြီးအဖွဲ့၌

သူလည်းတပါးအပါဝင်ဖြစ်သော

ဟိုဝန်ကြီးပြောစကားအရ

လျှပ်စစ်ဟူသည် ပါကင်ထုပ်၍မရ

မြန်မာပြည်၌ ပိုလျှံလွန်းသောကြောင့်

အိမ်နီးချင်းတိုင်းပြည်ကို

အလကားနီးပါးဈေးနှင့်

ကြိုးသွယ်၍ရောင်းရသည်။

 

ထိုစကားကို ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်

ဒေါနတောင်တန်းသို့တိုင် ရိုက်ခတ်၍လာသော

ရနောင်း မဲဆောက် ဘန်ကောက် အနှိပ်ခန်းတို့မှ

လုံမပျိုတို့၏ရှိုက်သံကဲ့သို့ သော်လည်းကောင်း

ရှမ်းကုန်းမြေမြင့်ကိုပင် တုန်ခါစေခဲ့သော

ကြယ်ခေါင် ကာရာအိုကေခန်းမှ

ပလောင်ပျိုဖြူငယ်တို့၏

ငိုညည်းသံကဲ့သို့သော်လည်းကောင်း

ဧရာဝတီမြစ်ကိုပင် လှိုင်းတံပိုးထစေအပ်သော

ကိုယ့်တိုင်းပြည်မှာ အလုပ်မရှိလေသောကြောင့်

တိုင်းတပါး၌ ရရာအလုပ်ကိုအောက်ကျခံကာ လုပ်ကိုင်နေကြရသော

မြန်မာတို့၏ တောက်ခေါက်သံ ကဲ့သို့သော်လည်းကောင်း

အံကြိတ်ကာ ဟန်လုပ်ပြီး လက်ခုပ်တီး၍

ထောက်ခံအပ်၏။

 

တိမ်သလ္လာဖုံးအုပ်သော

လကွယ်ည၏သန်းကောင်ယံအခါကာလ၌

တောအုပ်အလယ်တွင် ရောက်နေသော သူကဲ့သို့

အမှောင်တွင်းမှ ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်ကား

ညအိပ်ယာဝင်လေတိုင်း

ယိုးဒယားဘက်သို့လည်း ရှိခိုးရ၏။

တရုပ်ဘက်သို့လည်း လက်အုပ်ချီရလေသည်။

ကုလားပြည်ဘက်သို့လည်း မေတ္တာအစစ်ပို့လွှတ်ရသေး၏။

 

စက်မှုစွမ်းအား ခေတ်ကျော်လွှား

ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတော်ကြီးတည်ဆောက်အံ့

အစရှိသောဆောင်ပုဒ်တို့ဖြင့် ကြွေးကြော်ကာ

စက်မှုစွမ်းအားအတွက် မရှိမဖြစ်လိုအပ်သော

လျှပ်စစ်ဓာတ်အားကို

ဈေးပေါပေါဖြင့် ရောင်းစားဝံ့သော

ကျွန်ုပ်တို့၏ ခေါင်းဆောင်အပေါင်းတို့သည်ကား

ဘူရိဒတ် ဇာတ်တော်လာ

စူဠလိပ်အား ရေနစ်သတ်ရန် အကြံပေးသော

ပုဏ္ဏားနှင့်သာ တူချေတော့သည်။

 

နံနက်လင်းသော်

ယိုးဒယားပြည်ဘက်မှ ဆာဝါသီခတ် ဟူ၍လည်းကောင်း

ညနေမိုးချုပ်သော်

တရုပ်ပြည်ဘက်မှ ရှဲရှဲနီ ဟူ၍သော်လည်းကောင်း

မြန်မာပြည်ဘက်သို့ လှည့်ကာ

နှစ်ပေါင်းသုံးဆယ် မပြည့်မချင်း

မင်္ဂလာနှုတ်ခွန်း ဆက်လေတော့သတည်း။

 

နေရဲနီ

18 comments

  • lone

    November 18, 2011 at 1:29 pm

    တော်တော်ဖတ်လို့ကောင်းတဲ့ပို့စ် ပါပဲ။ နာကျည်းစရာလည်းကောင်း စိတ်တိုစရာလည်းကောင်း ရီစရာလည်း
    ကောင်း ဖတ်လို့လည်း အလွန်ကောင်းပါတယ်။ ဆာဝရီခပ် ပါ… …ဒီပို့စ်အတွက်တော့ ရှဲရှဲနီ ပါပဲ…..

    • inz@ghi

      November 18, 2011 at 1:34 pm

      မူရင်း ဆြာကို ခရက်ဒစ်ပေးထားတာကိုလည်း ထပ်လောင်းချီးကျူးပါသည်

      ဒါနဲ့အန်တီလုံးရေ
      ဆာဝရီခပ်တော့ မသိဝူး
      ရှပ်ဝါရေခပ် နေရတာတော့ သိတယ် ….
      ဘန်ဂေါက်မှာ ရေကြီးနေလို့ ဟီးဟီး..

      ဂီဂီ ဝင်နောက်တွားပါသည်….

  • ba gyi

    November 18, 2011 at 1:42 pm

    နေရဲနီ(Patriot ) ရေ၊ ရှင်းလင်းတဲ့ အရေးအဖွဲ့ကလေးအတွက် ကျေးဇူး အောလဘုံပါဗျာ။
    ပြည်သူကို ကျွန်လိုသဘောထား၊
    ပြည်ပရဲ့ချီးကျူးစာထိုင်စား
    သမုဒ္ဒရာ၊ဝမ်းတစ်ထွာဆိုတဲ့စကားဆိုတာ ငါ့ ဟာလို့ –၊
    အတ္တ ဘဝင်ကြီး၊တစ်ဦးတည်း မူပိုင်ဆော်။
    ဆင် –ီး ခွေးမျှော် တဲ့၊ မသူတော် -၊
    ပြည်ပအားကိုး မအေ–ိုး တွေရဲ့ လုပ်ရပ် ကိုတော့
    ပြောမဆုံးပေါင် တောသုံထောင်ပါဗျား။

  • Moe Z

    November 18, 2011 at 1:59 pm

    **(Always have a dream to go back and to incorporate for rehabilitation of our motherland ( Burma ))**
    I wish you deeply to your dream do come true !!

    • inz@ghi

      November 18, 2011 at 2:05 pm

      မိုးဇိလေးက ဘိုလိုမှုတ်တယ်ဟ…
      ဟုတ်
      တားတားလဲ …ပြည်တော်ပြန်ပီး တည်ထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ချင်ကြောင်းပါ….
      ခစ်ခစ်…

      တား စိတ်ကူးထားတဲ့ တည်ထောင်မှု ကပေါ့နော် …ဘယ်လောက်တောင် ကြီးသလဲဆို….
      ဒီမိုလေးများရလို့ကတော့ ပေါ့နော် ..
      ပွိုင့်စု ပြည့်ရင် သဂျီးဆီကနေ ပလေးဘွိုင်း မဂ္ဂဇင်း ဖရန်ချိုက်စ် ဝယ်ခိုင်းပီး ပြည်တွင်းမှာ ထုတ်မယ်
      ပိုင်အိုးနီးယား လုပ်ပစ်မယ်…. ဒါ့ပုံ ဝါဒနာကြောင့်ရယ်ပါ ….ဟီး….
      😀
      (ကိုရင့် အရင် မန့်ရတာ မောထှာ..)

      • Moe Z

        November 18, 2011 at 2:22 pm

        我想你深深你的夢想成真,以及
        နောက်တာ 😀

        • inz@ghi

          November 18, 2011 at 2:29 pm

          sogno di scattare foto di belle ragazze
          အတည်ပြောတာ:D

      • we R one

        November 18, 2011 at 3:47 pm

        အမလေး အင်ဇာဂီ တော့များ.. အကြံကြီးချက်တော့.. 😛

  • Patriot

    November 18, 2011 at 2:33 pm

    Dear Ba Gyi, I am not နေရဲနီ , just want to share for our villagers as articles in this post is quite good.

    Dear Moe Z, Appreciate your wish for me ! hope to be not so soon ! believe that a lot of expatriate Burmese in abroad have same kind of wish too !

  • blackchaw

    November 18, 2011 at 4:48 pm

    ကောင်းလိုက်တာဗျာ။ ကို Patriot ရေ။
    အဆင်ပြေရင် လက်ခုတ်သံလေးကြားချင် ပါတယ်
    လို့ ပြောစရာမလိုပါဘူးဗျာ။ လက်ခုတ်တီးပေးပါတယ်။

  • ရွှေအိမ်စည်

    November 18, 2011 at 5:15 pm

    အလားလားးးးးးးး

    အရမ်းဖတ်လို ့ကောင်းတယ်ဗျာ…..
    ကောင်းမှကောင်း….

    ကူးခွင့်ပြုပါဗျာ……

    ဒီလို တွေ ဖတ်မိတိုင်း..သွေးကမရဘူး…ရှယ်ချင်လာလို ့…ဖေ ့ဘုတ်မှာ
    http://www.facebook.com/groups/freedomburma/
    http://www.facebook.com/groups/forth.wave.myanmar/
    ရှယ်ပစ်မယ်ဗျာ…..
    ကုလားအရေးတွေ ရှုတ်နေချိန်မှာ…..

    တကယ်တော့ဗျာ……ဆဲသံတေါ ကြားမှာ…..

    မခံမရပ်နိုင်ပေမယ့်…
    ဒီမိုကရေစီဆိုတာဘာလဲ…ကိုယ်တိုင်…လုပ်စေချင်တယ်….
    ယောင်ဝါးတွေကများနေတယ်….

    ကနော်တို ့ကစာပေသမားတေါ မလို ့..စာပေနဲ ့ဘဲ…အသိဖြန် ့ကူးခွင့်ပြုပါခင်ဗျာ

    လေးစားလျှက်
    ရွှေအိမ်စည်

  • ရွှေအိမ်စည်

    November 18, 2011 at 5:21 pm

    နောက်ပြီး..ကျနော်ဒီနေရာမှာလည်း..ကဗျာကိုသိမ်းထားလိုက်ပါတယ်

    ၃။ကဗျာချစ်မြတ်နိုးသူများ
    Open GroupAnyone can see the group, who’s in it, and what members post. — adinoctober@groups.facebook.comYou can also post to the group by sending an email to this address.

    * 573 Members
    * 38 Photos
    * 253 Docs

    Search This Group

  • Thanlwinoo

    November 18, 2011 at 7:46 pm

    ကောင်းပါပေ့ နေရဲနီရယ်..။
    ကျေးဇူးပါ.. Patriot … ။

  • windtalker

    November 18, 2011 at 8:10 pm

    ဆက်တိုင်းယား satire မှာတော့ ပါရဂူ / ဂုရု တစ်ပါး ပဲဗျို ့
    ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ

  • ပေါက်ဖော်

    November 18, 2011 at 8:47 pm

    လန်း……….ဒယ်…………………..ဝေး…
    ရေလည်လန်းဒယ်…………………………
    လုရေးဒါ…ဝါ့ရင်ကို ထိစေလယ်…..ဝါ့မီခံနိုင်ဘူး..လုပဲခံ..အဲအဲ….သက်ဆိုင်သူတွေခံ

    😆

  • thit min

    November 19, 2011 at 8:27 am

    နေရဲနီ
    အသေဖြဲသည်မို့
    မြေထဲဆီ
    ဥမင်တူးကာပ
    လူ့အသွင်ကူးပုံမဆိုးရအောင်
    ဂိုးရအောင် ဆိုပါလား။

  • small cat

    November 19, 2011 at 9:00 am

    ကောင်းလွန်းလို့ ကူးသွားတယ်ဗျာ
    ကျွန်တော်က ပရင့်ထုတ်ပြီးတော့ကိုဖြန့်လိုက်ဦးမယ်
    နက်မရှိတဲ့မိတ်ဆွေတွေဖတ်ဖို့ပေါ့။

  • ကြောင်ကြီး

    November 22, 2011 at 11:57 am

    နေရဲနီ
    ဝေခွဲအတည်
    အသေဆဲသည်..
    လေသူရဲညီ
    မနေရဲပြီ
    ကြေကွဲသည်..
    မြေပဲဆီ
    ငွေတွဲချည်
    ရွှေဆွဲသည်..။

Leave a Reply