ခင်ရွှေ ..အုတ်ကထ ကြီး (၁)

သံုးေလးNovember 25, 20111min1036

ကိုလင်းဝေကျော် ရဲ့ ` ခင်ရွှေ နင်လေ တကယ် အပြောကောင်း´ ဖတ်ရတော့ သိထားတာလေးတင်ဦးမလို့ ပါ။ မကောင်းတဲ့သူ မကောင်းကြောင်းရေးတာ အမှန်တွေရေးတာ ဆိုပေမဲ့ သူများအကြောင်း မရေးတော့ပါဘူး ဆိုပြီး နေတာ ၊ Voice ထဲမှာ ထပ်ပါလာတာ ဖတ်ရတော့  မရေး  ဘဲ မနေနိင်တော့ဘူး ဖြစ်လာတယ်။

ကျွန်တော်က စာရေးဆရာလည်းမဟုတ်၊ သတင်းစာဆရာလည်းမဟုတ် တော့ ရေးတာ တွေ တောင်ရောက်မြောက်ရောက် ရောက်ကုန်တာ ၊ အချိန်ကာလ တွေ တိကျတာ မရှိတာတွေတော့ ခွင့်လွှတ်ပေးပါ။

ဦးခင်ရွှေကို တစ်ချို့ ကနောက်ပြောင်ပြီး ရှင်ဥက္ကဋ္ဌ လို့ ခေါ်ကြတယ် ။ အသင်းအဖွဲ့တွေ တော်တော်များများမှာ ဥက္ကဋ္ဌ ရာထူးတွေ ယူထားတယ်လေ။ ကျန်တဲ့ သူတွေက အရူးဘ ုံမြှောက်လုပ်ပြီး ဥက္ကဋ္ဌ ကြီးလို့ ခေါ်ရင် သိပ်သဘောကျတယ်။ ဆောက်လုပ်ရေးအသင်း ဥက္ကဋ္ဌ ၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ၊ ယိုးဒယား-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ဒါတွေက ကျွန်တော် သတိရသလောက်။ တစ်ခြား ကျွန်တော်မသိသေးတဲ့ ဥက္ကဋ္ဌတွေလဲ ရှိဦးမှာပါ။

moegyothwar က “ဟိုတယ်လုပ်ငန်းရှင်များဘုတ်အဖွဲ့မှာ သူကဥက္ကဌလုပ်ရအောင် သူ့ဟိုတယ်တွေက ဖာခန်းသာသာအဆင့်ဘဲရှိတာလေ။ ဘယ်လိုလူတွေက အရှုးဘုံမြှောက်ထားလဲမသိဘူး”  ဆိုပြီး မန့်ထားပါတယ်။ အဲ့ဒီ့ ရာဇဝင် ပြောရရင် သူ ဘယ်လောက် အာဏာ ရူးသွပ်တယ်ဆိုတာ သိလာမှာပါ။

သူ့ဟိုတယ်တွေ က လို့ ဆိုတာကိုပြန်ကြည့်ရင် ကျွန်တော်သိသလောက်ကတော့ မြရိပ်ညို တစ်ခုဘဲရှိပါတယ်။ တကယ်တော့ မြရိပ်ညိုဆိုတာကလည်း စက်မှု့ (၁) ဝန်ကြီးဌာန ပိုင်ပါ။ သူ အောက်ဈေးနဲ့ သိမ်းပိုက်လိုက်ရင်တော့ မသိပါဘူး ။ ဆီဒိုးနား ဆောက်စဉ်ကာလ က ဆီဒိုးနား ရုံးဖွင့်ရန် နဲ့ နိုင်ငံခြားဝန်ထမ်းတွေ နေဖို့ စူနီယန်ပါတ်ခ် က  စက်မူ့ (၁) အဆောက် အဦးတွေလည်းသိမ်းပိုက်ပြီး ဟိုတယ်ဖွင့်ပြီး ရိုက်စား လုပ်ခဲ့ ပါသေးတယ်။ ဆီဒိုးနား ဆောက်ပြီး ရွှေ့သွားတော့ သူ ဘာ မှ ဆက်မလုပ်တတ်ဘဲ ပြောသလို ဖါခန်းသာသာ ဖြစ်လာလို့ စက်မှု့ (၁) က ပြန်သိမ်းသွားပါတယ်။

သူ့ရဲ့ စီးပွားရေး ကျွမ်းကျင်ပုံကတော့ မြရိပ်ညို ဟာလည်း အစိုးရ အခမ်းအနားတွေ၊သှု့ အသင်းအဖွဲ့ အတွက်လာသူတွေ ၊ အားကစားသမားတွေ အတင်းထိုးမထည့်ဘူးဆိုရင်  တည်းသူမရှိလို့ သရဲခြောက်မှာတောင် စိုးရိမ် ရပါတယ် ။ အခွင့်အရေးနဲ့မှ မလုပ်ရင် သူ ဘာမှ လုပ်မစားတတ်ပါဘူး ။

စကားစပ်လို့ ပြောရရင် သူ တစ်ခါက သိမ်းပိုက်ထားတဲ့ (တစ်ခါကလို့ဆိုတာ အခုဆက်ပြီး သိမ်းပိုက်ထားမထားမသိလို့ပါ) ဆရာစံ နဲ့ တက္ကသိုလ် ရိပ်သာ လမ်းထောင့် က သမဝါယမ အဆောက်အဦးကြီဟာလည်း ကျီးနဲ့ဖုတ်ဖုတ်ပါ ။ ဘာမှ တိုးတက်လာမှု့မရှိပါဘူး ။ အဲ့ဒီ့အောက်မှာ ပုဂံ စူပါမားကတ်ဆိုပြီး သူ့ဇနီးမှ ဖွင့်ခဲ့ပါသေးတယ်။ နောက်စားသောက်ဆိုင် ။ နှစ်ခု လုံး မကြာဘဲ ဇာတ်သိ်မ်းသွားပါတယ်။

အခု သူဆောက်နေတဲ့ ဦးဝိစာရ နဲ့ ပြည်လမ်းကြား  ပြည်ဥယာဉ် အဆောက်အဦးကြီးကလည်း သူအသက်ရှိစဉ်မှာတောင် ပြီးတာ မြင်သွားရပါ့မလားလို့စိုးရိမ်စရာဘဲ။ အဲ့ဒီမှာ အခန်းဝယ်မိသူတွေလည်း သနားစရာပါ။ ဘဏ်တွေ ပြသနာ တက်တုန်းက သူက ဘဏ်မှာ အပ်ထားတဲ့ ပိုက်ဆံ တွေနဲ့ ဝယ်လို့ရတယ်ဆိုတော့ ဘဏ်မှာ ဆုံးမှာ ကြောက်ပြီး ဝယ်ခဲ့တဲ့သူတွေရှိရင်တော့ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင် ကြီး ကျားထက်ဆိုးဖြစ်ကုန်ပြီ။ ဘဏ်မှာ ပိုက်ဆံကျန်သူတွေ အကုန်ပြန်ရကုန်ပေမဲ့ သူ့ဆီဝယ်တဲ့သူရှိခဲ့ရင်တော့ အဲ့ဒီလူတွေ အခန်းတွေလည်းမရနဲ့ ။ သတ်မှတ်ချိ်န်အတွင်း မပြီးရင် ပြန်လျော်မယ်လို့တော့ ပြောခဲ့ဘူးပါတယ် ။ ပေး မပေးတော့ မသိပါဘူး ။

သူ့ရဲ့ အောင် မြင်တဲ့ လုပ်ငန်းထိုးပြပါဆို အခွင့်အရေးနဲ့ လုပ်စားနေတဲ့ ကန်တော်ကြီး ဥယာဉ်တစ်ခုဘဲ မြင်မိတယ် ။ သူများတွေ လုပ်လို့မရတဲ့အချိန် စတိတ်ရှိုးတွေလုပ်ကိုင်ခွင့် ရခဲ့တာ။ နေရာ ကောင်းရခဲ့တာ ကြောင့်သာ ပါ။ သူ့ရဲ့ ကိုယ်ပိုင် အရည်အချင်းနဲ့ ရှိတာ ပြပါဆို ဘာမှ မတွေ့မိဘူး။ ဥပမာ .. ဦးတေဇ ဆို သူ့ရဲ့ လေကြောင်းလိုင်း ၊ ဘဏ်၊ ဟိုတယ်လုပ်ငန်း စသဖြင့် ရှိသလို ဦးဇော်ဇော်၊ ဦးချစ်ခင် စသည်တို့မှာ လုပ်ငန်း ကုမ္မဏီ ကြီးတွေ တွေ့ရပေမဲ့ ဦးခင်ရွှေ မှာတော့ လုပ်ငန်းတန်းလန်းတွေရယ် ၊ အခွင့်အလန်းနဲ့ ယူထားတဲ့ နေရာတွေ က လုပ်ငန်းရယ်လောက်သာ တွေ့ရပါတယ်။ အဲ့ဒီတော့လည်း အခွင့် အလမ်းနဲ့သာ စီးပွားရှာတတ်တဲ့ သူ ၊ ဒီလို လုပ်စားလို့ရတဲ့ မြန်မာပြည်မှာ သာ တွယ်ကပ်နေပြီးတော့ လူကြားကောင်းအောင် တိုင်းပြည်ချစ်လို့ပါ အော်နေတယ်။

သူ အမြဲပြောတာ ရှိသေးတယ် ။ ကရဝိတ် ကြီးကို သူ့မှာ အရှုံးခံလုပ်နေရတာပါတဲ့။ ဒီလောက် နေရာကောင်းနဲ့ အဆောက်အဦးကောင်းရထားတာ ရှုံးနေပါတယ်ဆိုတော့ သူစီးပွားရေး ဘယ်လောက်ကျွမ်းကျင်လဲ သိလောက်ပါပြီ။ အရင် သူ့ရှေ့နား ဖွင့်တဲ့ Royal Garden Restaurant ကတော့ ဈေးကြီးပေမဲ့ ထိုင်စရာ နေရာ မရှိလောက်အောင် ရောင်းကောင်းပါတယ်။ အဲ့ဒီလို အရှုံးတွေပြနေလို့ ဆိုပြီး ကန်တော်ကြီး တစ်ခုလုံးကို ဟိုတယ်ခရီးဝန်ကြီး ဦးသိန်းဇော်လက်ထက်မှာ ခရီးသွားလုပ်ငန်းတိုးတက်အောင် လုပ်ရန် အကြောင်းပြပြီး သိမ်းပိုက် အပေါင်းအဖော်တွေနဲ့ ခွဲယူ တော့တာ ဘဲ။ အဲ့ ဒီ့ Royal Garden Restaurant ကို လည်းသူ့ရှေ့ကနေ ကလော်ထုတ်လိုက်တယ်လေ။

အခု မြန်မာနိင်ငံ ခရီးသွားလုပ်ငန်း ဥက္ကဌ ၊  စီမံခန့်ခွဲမှု့နှင့် အုပ်ချုပ်မှု ဒါရိုက်တာ (မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအဖွဲ့ )၊ အကြံပေးတာဝန်ခံ ( မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာန နှင့် ၎င်းနှင့် သက်ဆိုင်သော လုပ်ငန်းအဖွဲ့)  စတဲ့ ရာထူးတွေ ကိုယ့်ဟာကိုယ်ဖန်တီးပြီး ယူထားပါတယ်။ တော်တော်တော့ ရီစရာကောင်းသလို အရှက်မရှိတာ လဲတွေ့နိုင်ပါတယ်။

MHA မြန်မာ ဟိုတယ်အသင်းကို စတင်ဖွဲ့စည်းတော့ လူကြီးများက တာဝန်ပေးလို့ဆိုပြီး သူ ဥက္ကဌ လုပ်ပါတယ်။ အဲ့ဒီ့ ဖွဲ့စည်းတဲ့နေ့မှာ ယုဇန ဟိုတယ်မှာ သူ မိန့်ခွန်းပြောတော့  သူဟာ လူကြီးတွေ တာဝန်ပေးလို့ လုပ်ရတဲ့ အကြောင်း ၊ နောင်နှစ်တွေမှာ CEC တွေကို ဒီမိုကရေစီနည်းလမ်းကျစွာနဲ့ ပြန်လည် ရွေးကောက်ပွဲ လုပ်ပြီးတင်မြှောက် မယ် ၊ အခုတော့ နီးစပ်သူများနဲ့ ရွေးချယ်ဖွဲ့စည်းထားပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။ အဲ့ဒီ့တုန်းက ဦးတေဇ ကဒု ဥက္ကဌ ၊ ဦးချစ်ခိုင်၊ ဦးဌေးမြင့်၊ ဦးဝင်းအောင် (woodland) တို့ မှာ ဘယ်သူတွေကို ဒု ဥက္ကဌ ထပ်ပေးထားလည်းမမှတ်မိ ပေမဲ့ သူတို့ ပါဝင်ပြီး ဦးရန်ဝင်း ( A-1) က အတွင်းရေးမူး၊ ယခု သမ္မတ အကြံပေး ဦးနေဇင်လတ် က တွဲဘက် အတွင်းရေးမှုး အနေနဲ့ပါဝင်ခဲ့ပါတယ်။

ဦးတေဇ ကို ဒု ဥက္ကဌ အဖြစ်သာ ထည့်ထားတာ သူ တစ်ခါမှ အစည်းအဝေးလည်း လာမတက်ပါဘူး။ အသင်းတွေသာ ဖွဲ့စည်း ၊ CEC ဘာညာ သာ နံမည်တွေ တပ်။ ဘယ်လို အစည်းအဝေးတွေ လုပ်တယ်သာပြောတာ အဲ့ဒီ့ ဟိုတယ်အသင်းမှာတော့ CEC အားလုံး စုံညီတက်ရောက်ဆွေးနွေးတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ပါဘူး ။ ဝန်ကြီးနဲ့ အထက်ကို တင်ရင်သာ ဘယ်လိုလုပ်နေပါတယ် ၊ ဘယ်လို သင်တန်းနဲ့ ဘာတွေ လုပ်နေပါတယ်ဆိုတာ အများစုက အလိမ်အညာ အဖြီးချည်းပါ။

အဲ အဲ့ဒီ့ အသင်း ပထမဆုံး CEC အစည်းအဝေးမှာ သူ အာဏာရူးတာ စသိရတာပါဘဲ။

သုံးလေး

 

6 comments

  • koyinmaung

    November 25, 2011 at 4:47 pm

    ဂိဂိ…ရေ အားပေးလိုက်ပါအုံး

  • inz@ghi

    November 25, 2011 at 4:55 pm

    အားပေးရတာ အားကုန်တွားဘာဘီဂျာ…
    သည်လောက် ဝိုင်းအားပေးနေကြတာပဲကိုး…..

    အားပြန်ပြည့်လာမှ ဂဒါဖီလိုပဲ အားပေးပစ်လိုက်ချင်တော့တယ်
    ဟီး……

  • ဂျဲသု

    November 25, 2011 at 6:04 pm

    မသိတဲ့အကြောင်းတွေသိခွင့်ရလို.ကျေးဇူးတင်ပါတယ်။ကျွန်တော်တို.က ရန်ကုန်ကမဟုတ်တော့ သိပ်မသိဘူးဗျ။ ဂုဏ်သရေရှိ နိုင်ငံ့မျက်နှာဖုံးကြီးတွေထင်နေတာ။:D

    • မှော်ဆရာ

      November 25, 2011 at 8:52 pm

      ဆရာဂျဲ ပျောက်နေတာကြာပြီ အခုမှ ဖားသံကြောင့်ပေါ်လာတယ်ထင်တယ်

  • htoosan

    November 25, 2011 at 8:17 pm

    သံဝေဂ ရစရာကတော့ သူ လည်းအခုမှ ဖားကြီး အစစ်ဖြစ် တော့တယ်။
    အသံကြောင့် သေ ရတယ် ဆိုတာ။၊

    • ကြောင်ကြီး

      November 26, 2011 at 11:09 am

      အုံအွမ် အုံအွမ်၊ ငါမသေဘူး…. (သမီး) ရေကူးတတ်တယ်။။။။။။ သားမက်လေးရေ ပြည်သူ့လွှတ်တော်မှာ ဥပဒေထုတ် တားမြစ်ပေးဖို့ နင့်အဖေကို ပြောပေးပါကွယ်…….။ 😥

Leave a Reply