ထိုင်းသံဃရာဇာ ဆရာတော်ကြီးက ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးအား ပညာပါရဂူဘွဲ့ ဆက်ကပ်

DaveNovember 25, 20111min1554

ထိုင်းနိုင်ငံ သံဃရာဇာ၊မဟာကုတချုလာလောင်ကွန်းတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ကြီးက မြန်မာနိုင်ငံ ရွှေကျင်နိကာယာဓိပတိ မဟာနာယက ဓမ္မသေနာပတိ စုဒ္ဒသမရွှေကျင်နိကာယ သံဃရာဇာ ဇယမေဒနီ ဝါဆိုဆရာတော်ကြီး ဘဒ္ဒန ္တအဂဃိယအား ပညာပါရဂူ Ph.D ဘွဲ့ကို နိုဝင်ဘာ ၂၃ရက်နေ့ နံနက် ဂနာရီက မန ္တလေးမြို့ မန ္တလေးတောင်ခြေ ရွှေကျင်ကျောင်းတိုက်တွင် အခမ်းအနားဖြင့် ဆက်ကပ်ပူဇော်တော်မူသည်။

မြန်မာနှင့်ထိုင်းနှစ်နိုင်ငံ သာသနာရေးဆိုင်ရာ ကူးလူးဆက်ဆံမှုသမိုင်းတွင် ထိုင်းသံဃရာဇာ ဆရာတော်ကြီးက မြန်မာသံဃရာဇာဆရာတော်ကြီးအား ပထမဆုံးအကြိမ် ဂါရဝပြု ပူဇော်ဦးခိုက်သော အစဉ်အလာဖြစ်သဖြင့် ထူးခြားကြောင်း မြန်မာသာသနာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

သက်တော်(၉၅)နှစ်ရှိပြီဖြစ်သော ဝါဆိုဆရာတော်ဘုရားသည် ပညာပါရဂူဘွဲ့ လက်ခံရယူသော အချိန်တွင် ကျန်မာရေးကောင်းမွန်လျက်ရှိပြီး သက်တော်ရှည်ဆရာတော်ကြီး အဖြစ်ဖြင့် ကြည်ညိုစွာဖူးတွေ့ကြရသည်။

ဘွဲ့ဆက်ကပ်သော အခမ်းအနားသို့ မဟာကုတချုလာလောင်ကွန်းတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ကြီးနှင့်အတူ မြန်မာနိုင်ငံသို့ လိုက်ပါလာသော ထိုင်းသံဃာများ၊ မြန်မာနိုင်ငံမှ သံဃနာယကဆရာတော်ကြီးများ၊ ရွှေကျင်နိကာယ ဆရာတော်များ၊ဒေသဆိုင်ရာ ဝန်ကြီးများ၊ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ဒေသခံ လူပရိသတ်များ ၃၀ဝကျော် တက်ရောက် ကြည်ညိုကြကြောင်း သိရသည်။

4 comments

  • windtalker

    November 25, 2011 at 8:25 pm

    ထိုင်း မဟာယာန ဘုန်းကြီးတွေ အနေနဲ ့ကျုပ်တို ့မြန်မာနိုင်ငံ ထေရဝါဒ ဗုဒ္ဓဘာသာ ကို ပထမဆုံးအကြိမ် ဂါရဝပြု ပူဇော်ဦးခိုက် တာဆိုတော့ “ သာဓု သာဓု သာဓု ” ပါ ခင်ဗျား

  • thit min

    November 26, 2011 at 12:11 pm

    ဘာဘဲ ဖြစ် ချူလာလောင်ကွန် ဆိုတာ နှယ်နှယ်ရရ တက္ကသိုလ် မဟုတ်လေတော့။
    ဂုဏ်ယူစရာပါ။
    (ထိုင်းဘုရင်ကိုယ်တိုင် ဘွဲ့ပေးတဲ့ တက္ကသိုလ် မို့ အဲဒီမှာဘွဲ့ယူမလားလို့စဉ်းစားဘူးတယ်၊ငယ်ငယ်က)

  • cryingsoul

    November 26, 2011 at 2:24 pm

    ကောင်းတာပေါ.ဗျာ ဘာသာရေးဆိုင်ရာ ဆက်ဆံမှုတိုးတက်လာတာကိုတွေ.မြင်ရပါပြီ

  • Mr. MarGa

    November 26, 2011 at 5:29 pm

    အဲဒါကြောင့် မနက်က ထိုင်းဘုန်းကြီးတွေ တွေ.ပါတယ်လို.ထင်နေတာ
    မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာတစ်ခုပါပဲ

Leave a Reply