သူကတော့ Paul Gilbert ဆိုသူပါ။ 

အမေရိကန်ပြည်ထောင်စု အိလိနွိုက် ပြည်နယ် အခြေစိုက် ဂစ်တာသမားပေါ့ဗျာ။GuitarOne magazine ရဲ့ အလိုအရ ကမ္ဘာ့ နံပါတ်၎
အဆင့်ရှိတဲ့သူပေါ့...။ကမ္ဘာ့အမြန်ဆုံး ဂစ်တာသမားတွေအကြောင်းပြောကြတဲ့အခါ သူ့ကို ချန်မထားစကောင်းဘူးရယ်လို့ သတ်မှတ်ခံရတဲ့လူပါဗျ။
ကျနော်အနှစ်သက်ဆုံး ဂစ်တာသမားလည်းဖြစ်တယ်ဗျ..
ထူးခြားချက်တွေ ပြောမယ်ဗျာ ... သူဟာ GIT ကျောင်းဆင်းခည....(MIT - Massachusetts Institute of Technologyမဟုတ်ပါ
GIT-guitar institute of technologyခည)အဲ့သည့်ကျောင်းမှာပဲ ဆြာပြန်လုပ်တော့ အသက် ၁၈နှစ်ဗျာ...
ပါရမီကို တွက်ကြည့်နိုင်မယ်ထင်ပါတယ်... သည်အတွက် သူဟာ California မှာ နေထိုင်စဉ်ကာလများမှာ
တခြား ချာတိတ်တွေလို Mc Jobs တွေလုပ်ကိုင်ခဲ့ရခြင်းမရှိပါဘူး နောက်ထပ် ထူးခြားချက်တခုကတော့ ဘာသာရေးကိုင်းရှိုင်းတဲ့
အလယ်အလတ်တန်းစား လူတန်းစားက ပေါက်ဖွားလာတဲ့ သူဟာ တခြား Rockerကြီးတွေလို ဆဲဆို တတ်ခြင်း မရှိပါဘူးခင်ဗျား...
မရိုင်းဘူးပြောရမယ်ပေါ့ ဟာသဥာဏ်တော့ အတော်ရွှင်ပါသည်... (သူ့ ဟာသဥာဏ်ကို အောက်မှာ သူ့သီချင်းလေးတွေနဲ့ မိတ်ဆက်ပေးပါမယ်)
နောက်ဆုံး ထူးခြားချက်ကတော့ သူတို့ band ဟာ ဂျပန်မှာ အလွန်အောင်မြင်ပြီး ...သူဟာ ဂျပန်မလေး Emi ကိုလက်ထပ်ထားပါတယ် ...
(Tokyo မြို့ပေါ်က Yotsuya-3-cho-me ဆိုတဲ့ နေရာမှာ ၁နှစ်ကျော်ခန့် နေထိုင်သွားဖူးပါတယ်..)
 
သူ့ ဂီတ အကြောင်းဆက်ရအောင်..
November 6, 1966မှာမွေးဖွားခဲ့တဲ့သူဟာ ခုဆို အသက် ၄၅နှစ်ရှိပါပြီ နာမည်ကျော် Shred Band- Racer X နဲ့
Hardrock band- Mr. Bigမှာ တီးခတ်သလို Solo Albums တွေလည်း ထွက်ရှိထားပါတယ်
ဒါကတော့ Racer X ရဲ့ မူရင်း line-upပါ (Wiki က ယူထားတာပါ)
Paul Gilbert (guitar),
Juan Alderete (bass),
Harry Gschoesser (drums)
Jeff Martin (vocals)


သူတို့ Style ကိုပြောရရင် Judas Priest ရဲ့ လွှမ်းမိုးမှု အတော်များပါတယ်...(Drums ကတော့ နောက်ပိုင်းမှာ Scott Travis ဆိုတဲ့
Judas Priest ရဲ့ drummer ၀င်တီးပါတယ်)Bruce Bouillet လည်း second guitar အဖြစ် ၀င်အားဖြည့်ပါတယ်။ သူဟာလည်း
အလွန်ကောင်းမွန်တဲ့ guitarist တယောက်ဖြစ်ပြီး Paul နဲ့ အပြိုင် အစွမ်းပြနိုင်သူပါ


Paul ဟာ သူ စတင်နာမည်ကျော်လာတော့ သည်ခေတ်ရဲ့ ကမ္ဘာ့အမြန်ဆုံး ဂစ်တာသမားYngwie Malmsteen ပေါက်စလေး အဖြစ်
တင်စားခြင်းခံရသူပါ .... Paul သည်လည်းပဲ အလွန်မြန်တဲ့ solos တွေနဲ့ အမြင့်ဆုံးlevel technique ကို ပြသနိုင်တဲ့လူပါ
သည်သီချင်းတွေကတော့ Paul ဟာ သူ့အရေအသွေးကို မှတ်ကျောက်တင်ခံခဲ့ရတဲ့ shred metal songs (အဆိုမပါ)တွေဖြစ်ပါတယ်...
သည်သီချင်းတွေကြောင့် ပဲ သူ့ကို ကမ္ဘာ့အမြန်ဆုံး ဂစ်တာသမားတယောက် အဖြစ် သတ်မှတ်ခံရတာပါ


"Technical Difficulties"
"Frenzy",
"Scarified",
"Y.R.O."
"Scit Scat Wah"
 
ကျနော့် personal အမြင်အရေပြောရရင်တော့ "Technical Difficulties" ရဲ့ technique ပိုင်း နက်ရှိုင်းခက်ခဲမှုကို
လေးစား သဘောကျပါတယ် မြင်အောင်ပြောပါဆိုရင်တော့"Technical Difficulties"မှာ 16th note picking
တီးနေရာကနေ ချက်ခြင်း tapping ပြောင်း တို့တယ်ဗျာ..  tap နေရင်းကနေ licks တွေပြန်ပြောင်းတယ်...
tap နေတုန်းမှာ pick ကို လက်ခလယ်ရဲ့ ဒုတိယ အဆစ်မှာညှပ်ပြီး tapတာခည ...
(ဂစ်တာသမားတွေ ပါရင် လုပ်ကြည့် လွယ်ဝူးရယ်) ကျနော် အနှစ်သက်ဆုံးကတော့ (ပိုမြန်တဲ့)"Scarified" ဖြစ်ပါတယ်


 
သည်ခေတ် နောက်ပိုင်း ကျော်ကြားတဲ့ သီချင်းတွေကတော့
"Curse of the Castle Dragon"
"Let the computer Decide"
"Get Out of my Yard"
"Silence followed by the Deftening Roar"
"Full Tank"
"You Kids"
"Paul Vs Godzilla"
"The Gargoyle"
"Fuzz Universe"
"Olympic"
စတာတွေ ဖြစ်ပါတယ် ကျနော် "Fuzz Universe" -album နားမထောင်ဖူးသေးပါ"Get Out of my Yard" ကိုတော့ အလွန်နှစ်သက်ပါသည်
ကြိုက်ဆို human capo သုံးပြီးတီးသွားတာကိုးဗျ..off-rules တွေ သိပ်လုပ်ပြထားတဲ့သီချင်းပါ "You Kids"ကတော့ notes အကျဲကနေ
အစိတ်ကိုတဖြည်းဖြည်းချင်းတင်ယူသွားပြီး တော်ရုံ လိုက်မတီးနိုင်တဲ့ သီချင်းပါ။Racer-X ဟာ ကမ္ဘာတလွှား multi-platinum ရထားတဲ့
နာမည်ကျော် shred band ဖြစ်ပါတယ်..mainstream music ထဲကမဟုတ်လို့ Dragon Force တို့လို မကျော်ကြားတာဖြစ်ပါတယ်။
Racer X ရဲ့ ထွက်ရှိထားတဲ့ Album စာရင်းဖြစ်ပါတယ်

Street Lethal (1986)
Second Heat (1987)
Extreme Volume Live (1988)
Extreme Volume II Live (1992)
Technical Difficulties (1999)
Superheroes (2000)
Snowball of Doom (2002)
Getting Heavier (2002)
Snowball of Doom 2 (2002)
 


Racer-X အကြောင်း သည်မှာ ရပ်ပြီးတော့ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ Mr.Big band အကြောင်းသွားကြရအောင်ပါ
ဒါ Mr.Big ရဲ့ Original line-up ဖြစ်ပါတယ်
Eric Martin – lead vocals
Pat Torpey – drums
Billy Sheehan – bass guitar
Paul Gilbert – guitar

 
သူတို့ဟာ Hard-rock band လို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်... တခါတခါ soft ဖြစ်တာလေးတွေacoustic လေးတွေ လုပ်ပြတတ်ပါတယ်
(Paul ကို metal-guitaristတွေ လေးစားရတဲ့အချက် တခုရှိပါတယ် အဲ့ဒါ ကတော့သူဟာ Acoustic guitar touching လည်း
အလွန်ကောင်းမွန်သူဖြစ်လို့ပါ အလွန်မြန်တဲ့ Scarified ကို သူ့ နာမည်နဲ့ထုတ်တဲ့ Acoustic Samurai Albumမှာ တီးပြထားဖူးပါတယ်)


Mr. Bigကို သီချင်းလေးတွေနဲ့ တွဲပြီး မိတ်ဆက်ပေးရရင်(ထွက်ခဲ့သည့် နှစ်အလိုက် မဟုတ်ပါ .မြန်မာCopy ရှိသည့်မှတ်မှတ်ထင်ထင် များမှ စရေးပါမည်)

To Be With You (အချစ်ရူး ...ထွဏ်းထွဏ်း)
ကမ္ဘာတ၀ှမ်း က chart တွေထိပ်တက်ကပ်တဲ့ အင်မတန်လှတဲ့ acousticသီချင်းလေးဗျာ ...အဆိုရှင်ကလည်း အတော်ပညာပါတာ ...
(Eric ရဲ့ အသံကို soulful လို့ တင်စားကြတယ်ဗျ..) soloလေးကလည်း လှချက်. ...harmonic scale ကို E-major
open strings တွေ တွဲတီးသွားတာ .. harmonic vocals တွေအားနဲ့ သီချင်းရဲ့ ဒုတိယ နောက်ဆုံး Cho:မှာ
KeyG အထိမြှင့်ယူတာတော့ အကြိုက်ဆုံးပဲခင်ဗျ...

Green-tinted Sixties Mind(အရိုးဆုံးသော အချစ်ဇာတ်လမ်း ...မျိုးကြီး)
ဒါက Paul ရေးတဲ့သီချင်းဗျ ...၆၀ပြည့်လွန်နှစ်တွေလို old-fashioned ကောင်မလေးအကြောင်း ဆိုပါတော့ ... သည်သီချင်းရဲ့
အလှဆုံးနေရာက intro ခင်ဗျ ...သူလည်း open string tapping ပဲ ..တီးတတ်ဖို့ကျင့်ရင် မျက်စိစွေသွားမယ်
လို့ (Terrifying Guitar Trip ထဲမှာ )Paul ကနောက်ထားပါတယ်..



Nothing but Love(ဘာ့ကြောင့်လည်း အချစ်ရယ် နားမလည်ခဲ့ပါ ....ဆိုတဲ့စာသားနဲ့ဗျာ မျိုးကြီးဆိုတာပဲ ခေါင်းစဉ်မေ့နေလို့)
သူကတော့ simplicity ကိုပြတဲ့ သီချင်းဗျ...vocal နဲ့ပဲ တပုဒ်လုံး သယ်သွားတာsolo ကို ရိုးရိုးလေး ကျဲကျဲလေးပဲ တီးထားတယ် ..
bend တွေslide တွေတော့ ပါတယ်ပေါ့လေ....
 
Goin' Where the Wind Blows(သည်တပုဒ်လည်း နာမည်မေ့ပီ ..ဟီး.... မင်းဘက်ကကြိုနေတာ မိုးသက်မုန်တိုင်း .... မျိုးကြီး)
ဒါကလည်း နောက်ထပ် acoustic song ပဲဗျ...ထူးခြားတာက drums မသုံးဘဲ  percussion သုံးထားတော့
ပိုနုတာပေါ့ ...သည်သီချင်းမှာ billy က rhythm ၀င်တီးထားတယ်...


Stay Together(ဒါလည်း မျိုးကြီးသီချင်းဘဲဗျ)...
မျိုးကြီးဟာ အစောပိုင်းကာလတွေမှာMr.Big သီချင်းတွေ ပြန်အဆိုများတယ်ဗျ. ..များဆို သူ့အသံကာလာက Eric နဲ့ ဆင်တာကိုး...
Key အရပြောရရင် မျိုးကြီးပိုမြင့်တယ်ဗျrange ကျတော့ eric က ပိုကျယ်ပါသည် ဘယ်သံ ပါရတာကိုး ...color လည်းပိုလှတယ်ဗျ..
(အော် ကမ္ဘာကျော် ကိုး..)
နောက်
Seven Impossible Days (ညနေ မျိုးကြီး)
မောတယ် ရှင်းတော့ဝူးနော်.



ကျုပ်တို့ ဗမာတွေ ပြန်မဆိုကြတဲ့ နာမည်ကြီးသီချင်းတွေကတော့
Daddy, Brother, Lover, Little Boy
ကောင်မလေး လိုရာသုံးပေါ့ဗျာ ပုံစံအမျိုးမျိုးနဲ့ ချစ်ပြမယ်ပေါ့ ... ဒီသီချင်းက Heavy Metal ဗျ..ဆြာသမားတွေ အတော် ပညာပြထားတာ ...
အထူးခြားဆုံးက Solo မှာ Paul နဲ့ Billyက  Drills ထိပ်မှာ pick တွေ တပ်ပြီး တီးသွားတာ ...
အဲ့သည့် Solo ကအတော် နာမည်ကျော်တာဗျ..
 
နောက်တပုဒ်ကတော့ Just Take My Heart
Mr.Big မှာ ကျနော် အကြိုက်ဆုံးလို့တောင် ပြောလို့ရတယ်ဗျာ...အဲ့လောက်ကောင်းပါတယ်..
(မအောင်မြင်ခဲ့တဲ့ ဗမာ Rocker တယောက် ပြန်ဆိုဖူးပါသည် ..အမှတ်မမှားရင် Emperor ကတီးပေးတာပါ)
သည်သီချင်းရဲ့ acoustic intro က အတော်လှတယ်ဗျ ...ခံစားချက်ကို ဖွဲ့နွဲ့ထားတဲ့ အတော ဆိုပါတော့ ...Drop D tuning နဲ့
အတီးများပေမယ့် ဟိုတလောလေးက Standard tuningနဲ့ တီးတဲ့ notes ရထားလို့ လက်ရှိတော့ သည်အတိုင်းတီးပါသည်။
(Paul တီးသည့်အတိုင်း အတိအကျမထွက်ပါ)
တခြား ချန်လှပ်ခဲ့ရသည့် သီချင်းကောင်းများစွာ ရှိပါသေးသည်။

Mr.Big အကြောင်း တော်ဦးစို့ဗျာ Paul အကြောင်းဆက်မယ်..


သူက ၁၉၉၇မှာ Mr.Big ကထွက်တယ်ဗျ ..သူ့ solo career အတွက်ပါ...Mr.Big က ပျက်မသွားဘူး Richie Kotzen ဆိုတဲ့
 ဆြာသမားတယောက်ထည့်ပြီးဆက်ဆွဲတယ်..(နောက်၂ခွေလောက် လုပ်ပြီးမှ disbanded ဖြစ်သွားတာပါ seven impossible day,
 shine တို့က Richie လက်ရာတွေပါ)

Solo အနေနဲ့ Paul ဟာ
King of Clubs (1998)
Flying Dog (1998)
Beehive Live (1999)
Alligator Farm (2000)
Raw Blues Power With Jimi Kidd (2002)
Burning Organ (2002)
Paul the Young Dude/The Best of Paul Gilbert (2003)
Gilbert Hotel (2003)
Acoustic Samurai (2003)
Space Ship One (2005)
Get Out of My Yard (2006)
Tough Eskimo (limited edition EP)
Silence Followed By A Deafening Roar (2008)
United States With Freddie Nelson
Fuzz Universe (2010)
ဆက်တိုက် ထွက်တယ်ဗျ. .ကျနော် အကုန်နားမထောင်ဖူးတာ ၀န်ခံရမယ်..
ကြားထဲမှာ G3 Performance တွေလုပ်လိုက်သေးတယ်..၂၀၀၇မှာဗျ
G3ဆိုတာ ခေတ်ပြိုင် အကောင်းဆုံး ဂစ်တာသမား ၃ယောက်ပေါင်းပြီး ကမ္ဘာလှည့်တီးတာကိုပြောတာပါ... နှစ်အလိုက် liine-upတွေတော့
မတူကြဘူး ...သူ့band ကိုယ့်band ခေါ်လာကြ။ ပထမပိုင်းမှာ ကိုယ်ပိုင် လက်စွမ်းပြသီချင်းတွေတီး....ဒုတိယပိုင်း မှာ Jimie Hendrix တို့လို
ဆြာကြီး tribute တွေ တီး ပေါ့ဗျာနောက်ဆုံးပိုင်းကျရင် ၃ယောက်ပေါင်းတီး ...အဲ့လို ပွဲမျိုး...တကယ့် ပဂေးကြီး  Joe Satriani က
၁၉၉၆မှာ စလိုက်တာဗျ..၂၀၀၇ထိ နှစ်စဉ် ပေါ့...ဘယ်သူတွေ ပါဖူး သလဲဆို Steve Vai , Eric Johnson, Kenny Wayne Shepherd,
Yngwie Malmsteen,John Petrucci, Robert Fripp, Paul Gilbert, Uli Jon Roth, Michael Schenker, Adrian Legg
တယောက်မှ အချဉ်မပါဘူးနော့် ....အဲ့သည့် ၂၀၀၇ show ကို ခုထိ မကြာမကြာ ကြည့်ဖြစ်တုန်း..


အဲ့သည့်နှစ်ရဲ့ Line-Up ကတော့
Paul Gilbert, John Petrucci , Joe Satriani ခင်ဗျ...Paul က သူ့ Racer-X band တခုလုံး မလာပြီး တီး ...
Petrucci ကလည်းဆြာတို့ ကြိုက်တဲ့ Dream Theater ကြီးမလာ..အတော်ကောင်းသဗျ...
Paul က G3လိုမျိုး အခြား ပွဲအတော်များများလည်း လိုက်တီးသေးတယ်ဗျ...တခါကြည့်ဖြစ်တာ Jamie Hendrix ရဲ့ ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့
Blues/Rock သီချင်း Purple Haze (နေရာသစ် - ဇော်ဝင်းထွဋ်) ကိုVai, Joe, Paul ၃ယောက်ပြန်တီးတာ ..ရေရေလည်လည်
နားထောင်ကောင်းသဗျ...(တချိန်တုန်းက Vaiဟာ Joe တပည့်ဗျ. ...သည်လူက တနေ့၈နာရီ လေ့ကျင့်တဲ့လူ)
သူတို့ ဆြာတပည့် ထိပ်ကပိတ်တီးနေရင် တော်ရုံ ဂစ်တာသမား မတီးရဲဘူးရယ်......note တီးတာ သေသပ်သလောက် ပါဖောမန့်
မကောင်းတဲ့ Petrucci တောင် ပြာဖူးတယ်..ပြောကြတယ်ဗျVai ကမ္ဘာပါတ်ရင် အမြဲပါလာတတ်တာက Mr.Big က Bassသမား
Billy Sheehanဗျ..(သူက အရင် Mr.Big မတိုင်ခင် Vai၀ိုင်းမှာ တီးတယ်လေ..)


သည်တော့ Paul နဲ့ ပြန်တွေ့ ကျန်လူတွေပြန်ခေါ်နဲ့၂၀၀၉ မှာ Mr.Big ပြန်ပေါင်းထုတ်လေသတည်းပေါ့ဗျာ
(Original Line-up အတိုင်းဗျ ..Paul ထွက်သွားပြီး ၀င်တီးတဲ့ Richie Kotzenတော့ ပြန်မပါတော့ဘူးပေါ့)
၂၀၁၁မှာ သည်အဖွဲ့ အခွေသစ်ထွက်တယ်ဗျ What If တဲ့...(ခုထိတော့ ဘယ်သူမှ ပြန်မဆိုကြသေးဘူး ...)
ယနေ့ခေတ် Hard-Rock  ဆိုတာ ဒါမျိုးလို့ definition ချပြထားတဲ့ အခွေပေါ့ အချစ်သီချင်းချိုချိုလေးတွေ ကြိုက်သူတွေအတွက်တော့
အဆင်ပြေမှာမဟုတ်ပါဘူး ..(acoustics တွေမပါတော့ဘဲ power balladတောင် ၁ပုဒ်ပဲပါတယ်ဗျ)

 


ဟာသဥာဏ်အတော်ကောင်းတဲ့ Paul ရဲ့ နာမည်ကျော် သီချင်းလေး တချို့ကို
တင်ဆက်ချင်ပါတယ်ဗျ သူကိုယ်တိုင် တီးပြီး ကိုယ်တိုင်ဆိုထားတာလေးတွေပါ သူ့နာမည်
Paul Gilbert ဆိုတဲ့ label နဲ့ပဲ ထုတ်တာပါ ..... ဖတ်ပေးကြပါဦး...
(Paul က အသံမကောင်းဘူးဗျ ဆိုတတ်တယ် ဆိုတဲ့အနေအထားပဲ ရှိတာပါ..)

Older Guy - အသက်ကြီးလာပြီး မစွံတဲ့ လူမပျိုကြီး အကြောင်းရေးထားတာဗျ… သီချင်းအဆုံး
ကစာသားလေးက သူ့ ဟာသဥာဏ်ကိုပြပါတယ် ….
For chasing younger girls in leather boots
But I am harmless as can be
I'll show you if you want to see
My gun will aim, but it no longer shoots
Koto Girl – 18ကျိုးတပ် ဗျပ်စောင်းတီးတဲ့ တရုတ်မလေးအကြောင်းဖွဲ့ထားတာဗျ …
I met her here
Drinking cold ASAHI beer
Or could have been
A grass of tsing tao
I walked up and asked her please
She replied hello in Cantonese
လှတယ်နော …
Girlfriend’s Birthday - ရည်းစားမွေးနေ့ကို မေ့သွားလို့ ဒုက္ခရောက်ရပုံလေးပါ
she's gonna kill me
Don't need a bullet or a gun
She's gonna drop me
After a year of havin' fun
Nothin' I can do, nothin' I can say
'Cause I just forgot my girlfriend's birthday


Individually Twisted - ကောင်မလေး တယောက်ကြောင့် စိတ်ရှုပ်ရတဲ့အကြောင်းလေးပါ
Individually twisted like a pretzel
Feel the salt right on my wounds
Individually twisted
Like a python
With a knot I can't undo
Individually Twisted
Twisted over you


Just in Love- ချစ်မိတဲ့အခါ လူဟာ ပျင်းရိ ညံ့ဖျင်း သွားတတ်ပါတယ်ဆိုပဲ...
Mama if you think I'm too crazy
I'm just in love
Mama if you think I'm too lazy
I'm just in love


I am Satan- ကိုယ်ဟာ လူဇိုးပေါ့ကွယ်....
You run as fast as you could go
You need not fear me I won't follow
You'll always have respect from me
Now what do I see
You're walking back to me

Suicide Lover - ညှို့အားပြင်းတဲ့ မိန်းမလှလေးအတွက် အဖွဲ့အနွဲ့ ပါ
She was the best girl that I ever kissed
How was I to know she was a terrorist
But she didn't mean to hurt me
Yeah, in fact she looked surprised
When her love exploded right into my eyes
Three Times Rana- ကျနော်လည်း တခါတခါ စိတ်လွတ်လက်လွတ် ညဘက်လျောက်လည်ချင်ပါတယ်ဗျ..
Australia is in the south
A girl there kissed me in the mouth
I want to take her out tonight

I Like Rock - နည်းနည်း pank ဘက်ရောက်တဲ့ color တွေချိန်ထားတဲ့သီချင်းပါ...solo ကတော့ အလန်းစား...
I like rock
Music will never stop
Gimme electric shock
I like rock

Be My Wife -  တိုက်ဆိုင်မှုတွေ ရှိလို့ မကြာမကြာ နားထောင်မိကြောင်း......
She could be an actress
Future movie star
Whorkin' as a waitress
At the local bar


Down to Mexico - (Paul ကိုယ်တိုင်တီး ကိုယ်တိုင်ဆိုထဲမှာ)ကျနော် အကြိုက်ဆုံးသီချင်းဗျ ...သူ့ riff တွေက ရေလည်လန်းတယ်...
acoustic နဲ့လည်း အတော်လေးလှတဲ့ သီချင်း..စာသားကိုလည်းကြည့်ပါဦး...
You don't need to buy your friends
They're just glad to meet ya
Maybe even meet yourself
A friendly senorita
If you never try it you will never know
You could run down to Mexico
 တကယ် မြိုင်တဲ့သီချင်းလေးပါဗျာ...

Paul က
သူများသီချင်းတွေလည်း တခါတလေ ယူဆိုတယ်ဗျ...
Dancing Queen
2 Become 1
Time to Let You Go
တွေက ထင်ရှားတဲ့ သီချင်းတွေပါ
Enuff Z'Nuff ရဲ့ Time to Let You Go ကတော့ ကျနော် အနှစ်သက်ဆုံးပါ..
နောက်ထပ် ပြောပြချင်တဲ့ Paul အကြောင်းကတော့ သူဟာ ကမ္ဘာပါတ်ပြီး Guitar Clinic တွေ Workshop
တွေလိုက်လုပ်လေ့ရှိပါတယ်..အဲ့သည်တွေမှာလည်း demonstration တွေကို Aerosmith အစ
Christina Aguilera အဆုံး သီချင်းတွေ သုံးပြီး ရှင်းလင်း သင်ကြားပေးနိုင်သူဖြစ်ပါတယ်.Music Vocalbulary ကြွယ်ဝမှု
ဟာ သူ့ရဲ့အားသာချက်ဖြစ်ပါတယ်...beethoven အစ Beatles အလည် Green Dayအဆုံး အစုံနားထောင်တဲ့ သူဖြစ်ပါတယ်....


နောက်ဆုံးပိုင်းအနေနဲ့ကတော့ Paul အသုံးပြုတဲ့ Gear ကို မိတ်ဆက်ပေးချင်တာပါ....

1. Guitar
Paul ရဲ့  signature ဂီတာတိုင်းမှာ မပါမဖြစ်ပါတာကတော့ "F-holes" တွေပါပဲ
ဒါကတော့ လက်ရှိ အသုံးပြုနေတဲ့ Ibanez "Fireman" model ဖြစ်ပါတယ်... သူ့အတွက် သီးသန့်
customized ထုတ်ပေးထားတာဖြစ်ပါတယ် .... model name ကတော့ PGMFRM100 ဖြစ်ပါတယ်..



2. Amp
လက်ရှိ အသုံးပြုနေတဲ့ အမျိုးအစား ဖြစ်ပါတယ်
Marshall Vintage Modern 2266c combo amps


3. DiMarzio PAF Pro Pick 3ခုပါ


 ၄. အသုံးပြုတဲ့ ကြိုးအမျိုးအစား

 ၅. သူအနှစ်သက်ဆုံး pick ပါ.. အရောင်ကတော့ လိမ္မော်ပါတဲ့ ..... ပရိတ်သတ်တွေကိုလက်ဆောင်ပေးလေ့ရှိတာကတော့ အဖြူဖြစ်ပြီး
သူ့ sign ကို permanent marker နဲ့ ရေးထိုးလေ့ရှိသူပါ


6. သူအသုံးပြုခဲ့တဲ့ effects တွေကတော့ အောက်ပါအတိုင်းပါ
Home Brew Electronics Bajo Mos
Home Brew Electronics Detox EQ
TC Electronic Nova Delay
Home Brew Electronics Compressor Retro
MXR Phase 100
MXR Phase 90
BOSS DD-3 Digital Delay
Ibanez AF2 Airplane Flanger
MXR Blue Box
Home Brew Electronics THC Chorus
Robert Keeley Nova Wah LE
Electro-Harmonix Deluxe Electric Mistress
Korg Pitchblack tuner or Boss Chromatic Tuner (depending which is more visible in stage lighting)
Majik Box Fuzz Universe (as of 2010)
X-otic AC Booster
Jim Dunlop 535Q Crybaby (as of 2010)

(PGMFRM1)

လွန်ခဲ့တဲ့၂နှစ်ကျော်လောက်အထိ သုံးခဲ့တဲ့ Fireman model ဖြစ်ပါတယ်..တကယ်တော့ fireman model

ဆိုတာ Ibanez ရဲ့ နာမည်ကျော် Iceman model ကို reverse ပြန်ချိုးထားတဲ့ design ဖြစ်ပါတယ်…

 

သူယခင်က တောက်လျောက် သုံးလာခဲ့တဲ့  Guitar Series ကတော့နောက်ထပ် သူ့ customized series ဖြစ်တဲ့ PGM seriesပါ

PGM300s ကတော့ …. အဖြူရောင် မော်ဒယ် ဖြစ်ပြီး PGM301 ဟာ လူကြိုက်များပါတယ် …

PGM401 ကတော့ သစ်သားရောင်ဖြစ်ပါတယ်…

 

 PGM 300re ရဲ့ကြော်ငြာပါ ...နှစ်သက်ကြလိမ့်မယ် ထင်ပါတယ်...

သည်အောက်က link ကတော့ ကျနော်အပါအ၀င် လူ၆သန်းကျော် ကြည့်ရှုထားတဲ့ Paul ရဲ့ နာမည်ကျော် Scarified သီချင်းဖြစ်ပါတယ်
ခံစားနားစဉ်ကြည့်ကြပါဗျ....


P.S Akihabara လို့ခေါ်တဲ့ လျှပ်စစ်မြို့တော်မှာ PGM300re လေး၁လုံး တင်ထားတာ ... မ၀ယ်နိုင်ပေမယ့် ကြုံတိုင်း သွားသွား ငန်းနေတာ ..
တနေ့ကမှ မတွေ့တော့ဘူး ..တယောက်ယောက် ၀ယ်သွားပြီလေ ...အရှေ့ကျွန်း ၁ကျွန်းလုံးမှာမှ အလုံး၄၀ပဲ ထုတ်တဲ့ ဂီတာလေး.....
ဈေးက ယန်း၂၆သောင်း ဆိုတော့ အစိမ်း ၃ထောင်ကျော်ပေါ့ .....အင်း ..၀ယ်နိုင်တဲ့ကောင်တွေ ၀ယ်ထားကြဦးပေါ့ကွာ .......
အဲ့ဒါလေး ခံစားရလို့ ချရေးလိုက်တာပါဗျာ...

			

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011

   Send article as PDF