“မဟာသကျ မာရဇိန်{ခ}ကျောက်တော်ကြီး(အတွင်းကဆင်းတုတော်)”

1 ဘွွှဲတော်အရင်းကတော့ မဟာသကျမာရဇိန် ဒါပေမယ့် အားလုံးသိတာကကျောက်တော်ကြီး
“မဟာသကျ မာရဇိန်{ခ}ကျောက်တော်ကြီး(အတွင်းကဆင်းတုတော်)”
(ကျောက်တော်ကြီးဘုရားက များအံ့လောက်ပေသည်
စမ်းကျတဲ့ရေအလျှင်ရွှေကျင်နန်းက ရတနာပုံမြန်းကြွတဲ့
လပုဏ္ဏမီ)လို့ နန်းတော်ရှေ့ဆရာတင်က ရေးဖွဲ့ခဲ့ဘူးပါတယ်။
“မြန်မာဂုဏ်ရည်”လို့အမည်ရတဲ့သီချင်းမှာပါ။
ဒီဘုရားကို မင်းတုန်းမင်း တည်ခဲ့ပါတယ်။
နေရာကတော့ မန်းလေးနန်းတော်ရဲ့မြောက်ဘက် မန်းလေးတောင်ခြေရင်းမှာရှိပါတယ်။
ရတနာပုံမန်းလေးရွှေမြို့တော်ရဲ့မြောက်ဘက် စကျင်တောင် ကနေတူးဖော်ရရှိတဲ့
ကြီးမားတဲ့စကျင်ကျောက်တုံးကြီးကနေ ထုလုပ်ထားတဲ့ဆင်းတုတော်ကြီးပါဘဲ။

2 ကျောက်တော်ကြီးဘုရားအရှေ့ဘက်စောင်းတန်းကအဝင်

3 ကျောက်တော်ကြီး(တစ်လုံးထဲသောစကျင်ကျောက်ကနေထုလုပ်ပူဇော်ထားပါတယ်)

4 တောင်ဘက်က နေဖုူးမျှော်ရတဲ့ပုံတော်
5 မြောက်ဘက်ခြမ်းက ဖူးမျှော်ရတာပါ

6 တောင်ဘက်အတွင်းထဲက ဖူးမျှော်ရတာပါ

7 မြောက်ဘက်ခြမ်းအတွင်းထဲက ဖူးမျော်ရတဲ့ ဆင်းတုုုတော်

8 တောင်ဘက်ခြမ်း အတွင်းထဲ့က ပုံတော်

9 အတွင်းထဲက အနီးကပ်ဖူးရတဲ့ပုံလေးပါ

10 (3-12-2011)နေ့က မှတ်တမ်းတင်ထားတဲ့ဆင်းတုတော်

10 ဒီပုံကတော့ 2010ခုနှစ်မေလမှာ မှတ်တမ်းတင်ထားတဲ ့ပုံတော်ပါဘဲ။

12 ဘုရားဒါယိကာ မင်းတုန်းမင်း ပုံတော်
အခုခေတ်လိုယာဉ်ကား စက်ကရိယာပေါများ နည်းပညာတွေကြွယ်ဝတဲ့ခေတ်မှာတော့
ဒီဆင်းတုတော်လောက်တော့ ဘာဆန်းလဲလို့ မေးရင်ရပါတယ်။
နည်းပညာမတိုးတက် လူနဲ့လက်ကိုသာအားကိုးလို့ဆောင်ရွက်ရတဲ့ခေတ်မှာတော့
ဟိုးအဝေးကြီးကနေ ဒီလောက်ကြီးတဲ့ ဆင်းတုကို အရောက်သယ်နို်င်ထုဆစ်နိုင်တာက
တော့ အံ့ဘွယ်တစ်ပါးပါဘဲ။
ဘွဲ့တော်အရင်းကတော့” မဟာသကျ မာရဇိန်”ဒါပေမယ့် ကျောက်တုံးကြီးတစ်တုံးထဲက
နေထုဆစ်ထားတော့ အရပ်အခေါ် “ကျောက်တော်ကြီး”
မန္တလေးမြို့ဂုဏ်ဆောင် ဘုရားတစ်ဆူလို့သတ်မှတ်ရင်ရပါတယ်။
ကျနော်ဒီဘုရားကို အကြိမ်ပေါင်းများစွာရောက်ဘူးပါတယ်။
ဒီတစ်ခါတော့ ဆင်းတုတော်ကို ရူ့ဒေါင့်အမျိုးမျုးိကနေမှတ်တမ်းတင်လို့
လက်ဆော့လိုက်ပါတယ်။
အရင်က ရိုက်ဘူးတဲ့ပုံနဲ့လဲယှဉ်လို့တင်ပေးလိုက်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့
(6-12-2011)
ပြီးခဲ့တဲ့ရက်က အိမ်မှာရှိနေတဲ့ စာအုပ်အဟောင်းလေးကို ဖတ်မိတော့ ကျောက်တော်ကြီးဘုရားပုံလေးတွေ့မိတာရယ်
အိမ်ရှေ့ကဖြတ်သွားတဲ့ အချဉ်ပေါင်းသည်ကဖွင့်ထားတဲ့ မြန်မာ့ဂုဏ်ရည်သီချင်းကိုကြားမိတော့
ဒီပုံလေးကို တင်လိုက်မိပါတယ်။
Was this answer helpful?
LikeDislikeတစ်ဝကြီး ဖူးမျှော် ဆုတောင်းသွားပါသည် ။
လုပ်သမျှ ကိုင်သမျှ ကြံသမျှ စည်သမျှ အောင်ပါစေကြောင်း ။
Was this answer helpful?
LikeDislikeီဦိးပေါက်ရေ
မန္တလေးသူဖြစ်သော်လည်း ကျောက်တော်ကြီးကို ခဏခဏ မရောက်ဖြစ်ခဲ ့ပါ။
အခုလို အနီးကပ် ဖူးမြော်ကြည်ညိုရတော ့ဖော်မပြနိုင်အောင် ကြည်နူးဝမ်းမြောက်ရပါတယ်။
ဦးပေါက်ရဲ ့စေတနာ ၊သဒ္ဒါအားနဲ ့ဓာတ်ပုံပညာ ကတော ့အံ ့ဖွယ်ပါဘဲ။ပုံတွေ ကြည် ့တာနဲ ့တင် သိသာလှပါတယ်။
အနှစ်သက်ဆုံး ပုံကတော ့မြောက် ဘက် အတွင်းက ဖူးတွေ ့ရတဲ ့ပုံပါဘဲ။
နောက်ထပ် ဆက်ပြီးတော ့လဲ ကောင်းနိုးရာရာလေးတွေ ကိုတင်ပေးပါဦးနော်။
Was this answer helpful?
LikeDislikeတစ်ကိုယ်လုံးစာမဟုတ်ဘဲ အရှေ့ပိုင်းလေးပဲ ပုံပေါ်အောင်ထွင်ထားတာထင်တယ်
အနောက်ပိုင်း အချပ်အတိုင်းကြီးပဲ …………..
Was this answer helpful?
LikeDislikeချာတူးရေ ဘာကိုပြောတာလဲမသိ
Was this answer helpful?
LikeDislikeပုံ(၈) နဲ့(၉) မှာလက်မောင်းတော်နောက်က ကျောက်တုံးကြီး ဒီအတိုင်းပဲရှိနေတာကိုပြောတာထင်တယ်၊
ရှေ့ဘက်အဓိက ထုဆစ်ထားပြီးနောက်ကျောကို ကျောက်တုံးအတိုင်းထားတဲ့ သဘောရှိတယ်။
Was this answer helpful?
LikeDislikeကိုပေါက်ရေ..
ဒီတစ်ခေါက်ပုံတွေ အကုန်ကောင်းတယ်။
ကြည်ညိုစရာအလွန်ကောင်းတယ်။
ပုံ(၉) (၁၀) ကူးယူတယ်နော်။(၁၀)နှစ်ခုထပ်နေတယ်။
ကိုပေါက်ရေ အားကြီးသောအထောက်အပံ့ ဖြစ်ပါစေ။
Was this answer helpful?
LikeDislikeဟုတ်ပ ဆရာမရေ နံပါတ်စဉ်ထားတာ လွဲသွားတယ်ဗျာ။
နောက်က ကျောက်အပြားလိုက်ထားတာက မလဲအောင်တွဲထားတဲ့အပိုင်းပါ။
အုဌ်နံရံထဲမှာ မြုတ်နေပါတယ်။
Was this answer helpful?
LikeDislike