“ မြန်မာမှန်ရင် ပုဂံကို ရောက်ဖူးရမယ်တဲ့ ”  ကြားဖူးတဲ့ စကားလေးတစ်ခုပါ ၊ ဘာကြောင့်ပဲ ရောက်ရောက် ဘာလူမျိုးပဲ ရောက်ရောက် ရောက်ဖူးတဲ့ လူတိုင်းအတွက် ရှေးမြန်မာတွေရဲ့ ကျိုးစားမှု ၊စည်းလုံးမှု ၊ ယဉ်ကျေးမှု ၊ဘာသာတရားကိုင်းရှိုင်းမှု ၊သဘာဝတရား အပေါ် ခံစားတတ်မှုနဲ့ အနုပညာလက်ရာတွေကို တ၀ကြီးခံစားနိုင်ကြမှာပါ …..

နောက်ဆုံး ရောက်ခဲ့တာ ၁၀ နှစ်ကျော်ခဲ့ပေမဲ့ မြင်ကွင်းတွေ များများ မပြောင်းလဲသေးသလို မြို့ နဲ့ ဒေသခံတွေရဲ့ ရင်းနှီး နွေးထွေးစွာ ကြိုဆိုမှုကလဲ အရင်အတိုင်းပါပဲ ၊ မြန်မာတွေအားလုံးရဲ့ ပုဂံ ၊ မြန်မာတွေ သိပြီးသား ပုဂံ မို့ မြို့အကြောင်း အထူးရည်ညွှန်းပြု တင်ပြစရာ မလိုတာမို့ ရောက်ခဲ့ တဲ့ နေရာလေးတွေရဲ့ မြင်ကွင်းလေးတွေကို ပုဂံမြေနဲ့ ဝေးနေရတဲ့ ရွှေမြန်မာတွေအတွက် တင်ပေးလိုက်ပါတယ်၊  ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေက များနေလို့ ပို့စ် တစ်ခုထဲတင်ဘို့ အဆင်မပြေတာနဲ့ အကြောင်းအရာတူ (၃) ခု ခွဲပြီး တင်ပေးပါမယ် ၊ မြေပြင်ပေါ်က မြင်ရတဲ့ ပုဂံရယ် ၊ မိုးပျံပူဖောင်းပေါ်က မြင်ရတဲ့ ပုဂံ ရယ် ၊ ပူဖောင်းတစ်လုံးဘယ်လို ပျံသလဲ ဆိုတာရယ် (၃)ခုခွဲထားပါတယ်……

ပုဂံလေဆိပ်ကနေ ဒီလိုကြိုနေတယ်

ဘယ်ကိုခေါ်သွားမှာလဲ တမာတန်း လမ်းကလေးရယ်

ဟိုတယ်ရှေ့က လှည်းယာဉ်လေး

ပုဂံခေတ် ပုံစံ အိပ်ခန်းလေး

မနုဟာဘုရား

ဘုရားရှေ့က ဈေးဆိုင်လေး

မြစေတီ

မြစေတီကျောက်စာ

 

မြစေတီ ဘုရားဘေးက ဈေးတန်းလေး

ဂူပြောက်ကြီးဘုရား

ကန်တော့ပလ္လင်

နန်းတော်

ပုဂံမှာ အရင်က မတွေ့ဘူးတဲ့ သဲပန်ချီ ကားတွေလဲ တွေ့ခဲ့ ရပါတယ် ၊ ပိတ်စပေါ် ကော်သုတ် သဲကပ်ပြီး ပန်ချီဆွဲတာပါ ၊ ဘုရားတိုင်းလိုလိုမှာ တွေ့ရပေမဲ့ ထီးလိုမင်းလို ဘုရားဘေးမှာတော့ ပိုတွေ့ရပါတယ် ၊ ဘုရားဖူးတွေအတွက် အဆင်ပြေတာလေး တစ်ခုလဲ ထီးလိုမင်းလို ဘုရားမှာ တွေ့ခဲ့ရပါတယ် ၊ အပေါ့အလေးစွန့်ဘို့ပါ  ၊ ပုံမှန်ဆို နေရာရှာရ ခက်ပါတယ် ၊ အခု ဘုရားနောက်ဘက်မှာ အလှူရှင်တွေ က လှူထားတဲ့ အတွက် ပြည်တွင်း ပြည်ပ ဘုရားဖူးတွေအတွက် သပ်သပ်ယပ်ယပ်နဲ့ တော်တော်ကို အဆင်ပြေလှပါတယ် …

ထီးလို မင်းလို ဘုရား

သဲပန်းချီကားတွေ

သဲပန်းချီအတွက် ပြင်နေတာ


အနောက်ဖက်ကမြင်ရတဲ့ ထီးလိုမင်းလိုဘုရား

အမှောင် နဲ့ အလင်း

ရွှေစည်းခုံဘုရားစောင်းတန်း

ရွှေစည်းခုံ

ခိုတွေကြားက သားအဖ

ပြုပြင်ထားသည့်စေတီတစ်ဆူထဲတွင် ငြိမ်သက်စွာစံပယ်တော်မူနေသည်

ကောင်းကင်ပြာပြာ ထန်းပင်စိမ်းစိမ်း

ပုဂံကို ရောက်တော့ ကျောင်းတုန်းက သင်ခဲ့ဘူးတဲ့ စာတွေထဲက  “ မြကန်သာ ” ဆိုတဲ့ ကဗျာလေး ရင်ထဲမှာ ပြန်ပေါ်လာတယ် “တောင်ကျချောင်းတေး ၊ ရေ၀င်ပြေးလှည့် ၊ ရေအေးကြည်စွာ ၊ ကန်ပိုင်မာလျှက် ၊ ကြာပေါင်းထုံထုံ ၊ ငှက်မျိုးစုံသည် ၊ ဘုံဝတ္တိံသာ၊ နန္ဒာပေလော ၊ တူစွဟုတ်တာ ” တဲ့ တာဝတ္တိံသာနတ်ပြည်က နန္ဒာကန် လို သာယာ လှပနေမဲ့ မြကန် နဲ့ ပုဂံပြည်ကြီးကို သတိယ တမ်းတရင်း ခေတ်သစ် ပုဂံပြည်ကြီး စည်ပင် သာယာ ၀ပြောဘို့ အားလုံးသော ပြည်သူတွေရဲ့ တာဝန်ဆိုတာလဲ တွေးနေမိပါတယ် …

(ပို့စ် ခေါင်းစဉ်လေးကိုတော့ မြ၀တီပေါ်စက ကိုထွဋ်ကြီး ဆိုခဲ့တဲ့ သီချင်းလေးထဲက စာသားလေး ယူထားပါတယ် ၊ ခလုတ်နှိပ်ရင် ဓါတ်ပုံထွက်တယ် ဆိုတာပဲ သိတဲ့ သူ ရိုက်ထားတာမို့ ဆရာဂီ ၊ ဆရာသော့၊ ဆရာရွှေမင်းသား ၊ဆရာပေါက် တို့လို ပညာရှင်တွေဆီက ဘယ်လို ဆို ပိုကောင်းသွားမယ် ဆိုတဲ့ အမြင်လေးတွေလဲ သိချင်ပါတယ် ခင်ဗျာ)

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ