မကြာခင်လေးက Passport သက်တန်းတိုးဖြစ်တယ်။ အဲ့ဒီမှာ သိပ် ဘ၀င်မကျတာလေးတွေ တွေ့ရတယ်။ အဲ့ဒါကတော့ လက်ရှိအစိုးရက clean government ဆိုပြီးတော့သာ အော်နေတယ် သူ့ဝန်ထမ်းတွေ ကတော့ ပိုက်ဆံလေး ပေးမှလုပ်တာ ဟာ အကျင့်ပါနေပါပြီ။

စ၀င်တော့ ဓါတ်ပုံရိုက်ဖို့ ပိုက်ဆံသွင်းရတယ် 5000 ကျပ်ပါ။ နောက် လျောက်လွှာက 1000 ကျပ်ပါ။ နောက် မြန်မာ့စီးပွားရေဘဏ်မှာ 20000ကျပ်(၀န်ဆောင်က ၁၀၀၀ ပါ) passport ဖိုးဆိုပြီးသွင်းရပါတယ်။ အဲ့အထိ နားလည်ပေးနိုင်ပါသေးတယ်။

  1. နောက်ပြီး စာအုပ်အဟောင်းကို အခွန်သွားစစ်ရပါတယ် 1 နာရီလောက် ထိုင်စောင့်ရပါတယ်။ အခွန် ကင်းရှင်းကြောင်း စာရွက်လေး ထုတ်ပေးပါတယ်။ 1000 တောင်းပါတယ်။
  2. နောက် ရိုက်ထားတဲ့ဓါတ်ပုံ သွားရွေးပါတယ်။ မရသေးဘူးပြောပါတယ်။ ခနစောင့်ပါတယ်။ နောက်သွား ရွေးကြည့်ပါတယ်။ ဓါတ်ပုံထုတ်ပေးပြီး 500 ပေးပါတောင်းပါတယ်။ မိန်းကလေး ရဲမေပါ။ (မတောင်းတဲ့သူတွေကိုမတောင်းပါ)။
  3. ဓါတ်ပုံကပ်ပါတယ် ပြီးတော့ form စီရမယ်ဆို့လို့ 3ရက်နဲ့ ရဲ တွေထိုင်နေတဲ့ နေရာကိုသွားပြီး စီခဲ့ရပါတယ်။ အဲ့မှာ လဲ 1000 ပေးရပါတယ်။
  4. နောက် Token ယူတဲ့နေရာကို လမ်းညွှန်လို့ Token သွားယူပါတယ်။ 1000 ထပ်ပေးခဲ့ရပါတယ်ခင်ဗျ။
  5. နောက်ဆုံး form သွားတင်တော့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း မှုရင်းပေး ရပါတယ်။ slip ထုတ်ပေးတဲ့ နေရာပါ။ 3 ပွင့်တဲ့ ၀င်းနိုင်ဆိုတဲ့ရဲက ရင့်ပါတယ်။ လူကိုခေါ်တာ “ဟေ့ကောင်” တဲ့ ကဲဘယ်လောက်ဆိုးလဲ။ မေးပါတယ် မင်းအဖေနာမည်ဘယ်သူလဲ ?? မင်းဘာလုပ်ဖို့နိုင်ငံခြားကို သွားခဲ့တာလဲတဲ့ ??? ဘယ်လောက်ကြာလဲတဲ့ ??? တာဝန်အရမေးတာဆို ရင်တော့မေး နိုင်ပါတယ်။ ဒါပေမယ့် passport လာလုပ်တဲ့ သူက တရားခံမဟုတ်တဲ့အတွက် စကားသံလေးကိုတော့ ပြေပြေလည်လည်မေးသင့်ပါတယ်။ နောက်မရှက်တဲ့မျက်နှာ နဲ့ 2000 တောင်းပါတယ်။ ခနစောင့်နေတော့ slip ရပါတယ်။ (3 နှစ်တစ်ခါတော့ မကြည့်ချင်တဲ့မျက်နှာတွေကို လာလာ ကြည့်နေရအုန်းမှာပဲ)

ကျွန်တော်သိချင်တာက (1-5) အထိတောင်းတာက ဘာအတွက်လဲဆိုတာကိုသိချင်တာပါ။ ဘဏ်ကို passport  ဖိုးပေးသွင်းပြီးပြီပဲ။ နောက်ထပ်ဘာထပ်တောင်းစရာများ ရှိနေသေးလို့လဲ ။ တာဝန်ရှိ ပါတယ် ဆိုတဲ့ တံဆိပ်လဲ လည်ပင်းဆွဲထားတယ် ၊ ၀တ်စုံပြည့်လဲ ၀တ်ထားသေးတယ် .. အဆင့်အတန်းကတော့ ဖြင့် မပြောလိုက်ချင်တော့ပါဘူး။

Clean government လို့သာပြောနေတယ် ကိုယ့်ကိုယ်တိုင် ပြန်မေးကြည့်ပါ ငါ့အိတ်ကပ်ထဲက ငွေတွေက သန့်ရှင်းရဲ့လား ဆိုတာကို ?? မိမိကိုယ် ပြန်ပြီးမေးကြည့်ကြပါ။ ပိုက်ဆံပေးလိုက် ရင် အားလုံးအဆင်ပြေ ပြီး ပိုက်ဆံမပေးရင် အလုပ်မလုပ် အမျိုးမျိုး ပြသနာရှာပြီး ရစ် တာကကော ဘယ်သူတွေပါလဲ။ အများကြီး ကြုံတွေ့ဘူးပါတယ်။

နောက် ပြောစရာရှိတာက passport life-time ပါ။ သူများနိုင်ငံတွေ မှာ ဘယ်လောက်ရလဲ ရှာကြည့်လိုက်တော့(အတိအကျ မှန်ချင်မှ မှန်ပါလိမ့်မယ် ရှာတွေ့တာကို ဖော်ပြထားတာပါ) အဲ့လိုတွေ့တယ်ခင်ဗျ ..

US Passports
16 or Older – 10 Years
15 or Younger – 5 Years

UK Passport
10 years

Singapore

  • For new applications, passports issued will be valid for 5 years
  • For renewal applications: Passports issued will be valid for (5 years + remaining validity capped at 9 months*)
  • Passports issued before 1 April 2005 carry a validity of up to 10 years.
  • Passports issued before 15 Aug 2006 to male citizens aged between 11 and 16½ years are valid for 2 years or until the holder reaches 17½ years old, whichever is earlier.

* If the remaining validity of your passport exceeds 9 months, the validity upon renewal will be pegged at 5 years 9 months.

Australia
12 years

Malaysia
5 years

အော် သူတို့ကြ  5 နှစ်ရပြီး (malaysia ကိုပြောတာပါ :-)) ကိုယ်တွေကျတော့ 3 နှစ် တဲ့ဗျား …..

 

 


 

About myanmarcitizen

has written 17 post in this Website..

မြန်မာပြည် တိုးတက်ပြီး၊ တရားမျှတ၊ လွတ်လပ်မှုရှိသော ဒီမိုကလေစီ ကိုလိုလားသူ။