လျှပ်စစ် မီတာခများအား နောက်ထပ် တစ်ဆ ထပ်တိုးမည်” ဆိုတဲ့ သတင်းကို first 11 မှာဖတ်လိုက်ရလို့ ဒီ post ကိုတင်လိုက်တာပါ။ အတိုချုပ်ပြောရရင်တော့ 25ကျပ် က 50ကျပ်။ စီးပွားရေးသုံး 50ကျပ် က 100ကျပ် ကောက်ခံတော့မှာပါ။ အကြောင်းရင်းက အရှုံးပေါ်လို့ပါတဲ့ခင်ဗျ။
ပထမ ရထားခ တိုးကောက်တယ် အရှုံးပေါ်လို့တဲ့။ မေးစရာတစ်ခုရှိပါတယ် အရှုံးပေါ်တိုင်း ပြည်သူတွေကိုပဲ လည်ပင်းလိုက်ညှစ် တော့မှာလား ???  အရှုံးမပေါ်တဲ့ ဌာနတွေ (တကယ်တော့မြတ်နေတာပါ) ကကော မြတ်လို့ဆိုပြီး အလကားပေးတာတို့ ၊ လျော့ချတာတို့ လုပ်ကြပါလား။ ဆက်သွယ်ရေးဆို ၁၅ သိန်းနဲ့ အရင်ရောင်းစား ရလိုက်မယ့် ငွေတွေ။ ၁၅ သိန်းနဲ့ ၀ယ်နိုင်တဲ့သူတွေကုန်သွားရင် … ၅သိန်းနဲ့ရောင်းမယ် … ၅သိန်းနဲ့ တော်တော်များများ ရောင်းပြီး ၃သိန်းနဲ့ အားလုံးကို ရောင်းစားမယ်။ တစ်ရက် တစ်ရက် ဖုန်းဆက်ခ ဘယ်လောက်ရလိုက်မလဲ။ အဲလိုရလို့ ဖုန်းဆက်ခကို ချပေးသလား … ပိုပြီးဈေးတက်ကောက်လိုက်သေးတယ် ။ ၁၅ သိန်းသမားလဲ ဒီဈေး ၅သိန်းလဲ ထူးမရှားနား။ နောက်ပြောပါသေးတယ် မြန်မာက ဖုန်းဆက်ခ ဈေးအသက်သာဆုံးတဲ့ .. အဲ့ဒါလူကြီးပြောတာနှော် (ပြောတာမှ တကယ့်နေရာမှာပြောတာ) အော် … ဘယ်လိုတွေးပြီးပြောလဲတော့မသိဘူး။ (တခြားတိုင်းပြည်ကို သေချာလဲသွားကြည့်ကြပါအုန်း)။ သူပြောတော့ line man ဆိုတဲ့ ငတိလေးတွေကထပ်ပြော … တကယ်မသိတဲ့ပြည်သူတွေက အရမ်းပဲတန်နေသလိုလို့ … ။

အရှုံးပေါ်တိုင်းသာ တိုးပြီး အခကြေးငွေယူကြတမ်းဆိုရင်။ ကျမ်းမာရေးစောင့်ရှောက်မှုဆိုတာကော ရှိအုန်းမလား။ စရိတ်မျှပေး ဆိုပြီးရေးထားတာတွေကကော ရေးစရာလိုအုန်းမလား။ ကိုမိုးသီးဇွန် site မှာတစ်ခါ သိပ်မကြာသေးခင် က တွေ့လိုက်တယ်။ ရန်ကုန်ဆေးရုံကြီးက ဘဏ်နာ ငွေ ဘယ်လောက် ရှာပေးခဲ့တယ်ဆိုလား ? သေချာတော့မမှတ်မိတော့ဘူး (အော်သူလဲမြတ်နေတာကိုး)

မြင်ရ ကြားရတာတွေက တစ်ခါတစ်ခါတော်တော်ခံရခက်ပါတယ် ဗျာ။ ထပ်ပြီးရေးချင်သေးတယ် .. အချိန်လဲမရတော့ဘူး … post ကိုဖတ်မိတဲ့ အကို ၊ အမ ၊ ညီငယ် ၊ ညီမငယ် လေးများ ၀ိုင်းပြီး ဆွေးနွေးပေးကြပါအုန်း။

rgds

myanmarcitizen

 

About myanmarcitizen

has written 17 post in this Website..

မြန်မာပြည် တိုးတက်ပြီး၊ တရားမျှတ၊ လွတ်လပ်မှုရှိသော ဒီမိုကလေစီ ကိုလိုလားသူ။