ဒီစာရေးချင်နေတာ ကြာပါပြီ။ အလုပ်မအားတာနဲ့ မရေးဖြစ်တာပါ။ ဒီနေ့တော့ ရှိတဲ့အလုပ်ကလေး ခနထားပြီး ကိုဘုန်းကျော်ကို ရေးလိုက်တာပါ။
ကိုဘုန်းကျော်ဆိုတဲ့သူ ကိုဘယ်မှာသတိထားမိတာလဲဆိုတော့ သူရေးတဲ့ Post ဖြစ်တဲ့ “စာရေးဆရာ ကဗျာဆရာတွေဆိုတာက ငပျင်းတွေ လက်ကြောမတင်းသူတွေကွ” ဆိုတဲ့ စာကိုဖတ်ဖြစ်ထဲကပါ။ ဖတ်ပြီးစဉ်းစား မိပါတယ် အရင်က ဦးခင်ရွှေပဲ စာပေသမားတွေအပေါ်မှာ ခပ်ညံညံ အတွေးအခေါ်ရှိတယ်လို့ထင်ထား တာ အခုတော့ သူ့ထက်ဆိုးတဲ့ လူလဲ ရှိသေးပါလားလို့။
ဒီလိုမျိုးပြောတာဟာ တစ်ဖက်စောင်းနင်း ၀ါးလုံးချီးသုပ်ရမ်း ပြီးပြောတာလို့ဆိုချင်ပါတယ်။ ဘယ်လိုမှကို မပြောသင့် မပြောထိုက်တဲ့စကားပါ။ စာရေးဆရာလဲ သူ့အလုပ်သူလုပ်တယ်၊ ကျောင်းဆရာလဲ သူ့အလုပ် သူလုပ်တယ်၊ ဆိုက်ကားဆရာလဲသူ့အလုပ်သူလုပ်ကြတာပါ။ ငပျင်းဆိုရင်ဘာမှ ကိုဟုတ်တိပတ်တိလုပ်တော့ မှာမဟုတ်ဘူး။ စာအုပ်လဲ တစ်အုပ်မှကို ထွက်လာမှာမဟုတ်ဘူး။ ကျောင်းနေစ ခလေးအရွယ်က စပြီး စာအုပ်နဲ ထိတွေ့ရပြီ၊ ကဗျာတွေလဲဖတ်ခဲ့ရတယ်လေ … အဲ့ဒါတွေကိုကောမေ့နေပြီလား …။ ကဗျာမရွတ်ဖတ် ခဲ့ရတဲ့အ တန်းရှိခဲ့လို့လား (မှု၊လည်၊ထက်-တန်း)တွေမှာလေ။ အဲ့ဒီတုန်းကပဲ ကိုဘုန်းကျော် အဲ့အတွေးရှိခဲ့တယ်ဆို ရင် state ကျောင်းတုန်းကပဲ တစ်ခုခု လုပ်ခဲ့သင့်တာပေါ့။ ကျောင်းထွက်ပြီး ကုန်ထမ်း ဒါမျိုးလုပ်ခဲ့ပါတော့လား။ စာပေဟောပြောပွဲတွေမှာလဲ နားထောင်သူတွေကို တစ်ခုခုပေးနိုင်အောင် ပြောနိုင်စွမ်းရှိတဲ့ စာရေးဆရာတွေ အများကြီးပါ။ ဗဟုသုတရစရာတွေ ရေးတယ်၊ မိမိတွေ့ကြုံခဲ့တာတွေကို ရေးကြတယ်၊ နောက်ဆုံး သူများနိုင်ငံ က စာရေးဆရာတွေရေးထားတဲ့ စာအုပ်တွေကို ဘာသာပြန်ရေးကြတယ်။ အဲ့တော့ သူများနိုင်ငံမှာဖြစ်ပျက်နေ တာတွေကိုလဲ ကျွန်တော်တို့သိခွင့်ရကြတယ်လေ။ အဲဒီအပေါ်မှာအခြေခံပြီး ကိုယ်ဘာတွေလုပ်သင့် တယ်ဆို တာစဉ်းစားလို့ရနိုင်တယ်။ကိုဘုန်းကျော် တကယ့်စာအုပ်တွေမဖတ်ဖူးလို့ပြောတာလဲဖြစ်နိုင်ပါတယ်။
ကျွန်တော်အရင်တုန်းကဖတ်ခဲ့ဘူးတဲ့ “The word is flat” ဆိုတဲ့ စာအုပ်ကိုဖတ်ကြည့်လိုက်ပါ။(ပြောသာပြောရတာပါ ဖင်ယားလို့တောင်မှ ကိုဘုန်းကျော်မှာကုတ်ချိန်မှမရှိတာ) ကျွန်တော့အ တွက် တော့ သိပ်ကို ဗဟုသုတ ရခဲ့တဲ့စာအုပ်ပါ။ အဲ့လိုမျိုးစာအုပ်ရေးတဲ့သူကိုကော လက်ကျောမတင်းဘူး … ငပျင်းလို့ပြောအုန်းမှာလား။ အဲ့တော့ပြောလိုက်ချင်တာက .. ဦးခင်ရွှေရေ အားမငယ်နဲ့ ခင်ဗျားအောက်မှာ တစ်ယောက်ကျန်သေးတယ်လို့။

“စာရေးဆရာ ကဗျာဆရာ သီချင်းရေးတဲ့သူတွေအများစုက အရက်သမားတွေ ဆေးသမားတွေဖြစ်တယ်။” ခင်ဗျားရဲ့ တစ်ဖက်စောင်းနင်းအရေးပါ။ ကျွန်တော်ပြောပြမယ် လူတစ်ယောက် ကျွန်တော့တို့လမ်းထဲမှာ အဲ့လူက  စာရေးဆရာမဟုတ်ဘူး ၊ အိမ်အလုပ်လဲဘာမှမလုပ်ဘူး လက်ကျောမတင်းဘူး ၊ ငပျင်း၊ ငပျင်းဆိုတာထက် စောက်ပျင်းဗျာ။ မိန်းမလုပ်စာထိုင်စားတယ် .. ဒါပေမယ့်ကောင်းကောင်းမစားဘူး သောက်တယ် မှုးတယ် ဘယ်လောက် သောက်လဲဆို ဆေးရုံရောက်အောင်သောက်တယ် တစ်ခါတစ်ခါ။ အဆိုးဆုံးက သူ့မိန်းမ ဆိုင်ဖွင့်တယ် သူ့ဆိုင်လာတဲ့သူကို မှုးပြီးဆဲတယ် .. ဟဟ ကဲဆိုင်ပါပြုတ်ရော… ။ (စာရေးဆရာမှ မဟုတ်ပါဘူး သောက်ရင်သောက်မှာပဲ ဆိုးတဲ့သူဆိုးတာပါပဲ)။ ခွဲခွဲခြားခြားသိမြင်ပေးပါ။

ခင်ဗျားရဲ့ နောက် post တစ်ခုဖြစ်တဲ့
“ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံလို့ ထမင်းဝခဲ့တာမရှိခဲ့ဘူး။ သူ့ ကိုထောက်ခံလို့ ထမင်းငတ်ခဲ့တာပဲရှိခဲ့တယ်။” ရှိတယ်ဆိုတဲ့ ကိုဘုန်းကျော်အတွေးကတော့ လက်လန်အောင်ကို ဖြစ်မိပါတယ်။ အထက်ပါ ပို့စ် 2 ခုကြောင့်လဲ ခုလိုရေးဖြစ်တာပါ။ ကိုဘုန်းကျော် ဦးနှောက်က တော်တော်လေးကို သုံးမရ လောက်အောင်ကိုဖြစ်နေပြီလို့လဲခံစားမိပါတယ်။ http://mandalaygazette မှာလာ ပြီး စာရေး၊ ဖတ်နေတဲ့ သူတွေကို ကိုယ်ပိုင် စဉ်းစားဥာဏ်မရှိဘူးလို့များ ကိုဘုန်းကျော်တစ်ယောက်ထင်နေတာလား။ ပြန်မပြောတိုင်း မိမိရေးတာမှန်တယ်လို့ ထင်နေတာလား။ ထောက်ခံလို့ထမင်းငတ်ခဲ့တာပဲရှိခဲ့တယ် တော်တော် ရီစာရာကောင်း တဲ့အပြောပါ။ ဒေါ်အောင်ဆန်းစုကြည့်က သူ့ကိုထောက်ခံပါ ထမင်းမငတ်စေရပါဘူးလို့ ပြောခဲ့ဘူးလို့လား။ ထမင်းမငတ်အောင်က ကိုယ့်ဟာကိုလုပ်ရမယ့်အလုပ်ပါ။ အဆိုင်တဲ့ကိစ္စနှစ်ခုကိုသွား မရောပါနဲ့ ။
ဥပမာပေးမယ် .. ကျွန်တော်ပေါ့ .. ဒေါ်အောင်ဆန်းစုကြည် ကိုထောက်ခံတယ်။ ဘာလို့ထောက်ခံလဲ .. ရှင်းရှင်းလေးပဲ .. ဒေါ်အောင်ဆန်းစုကြည်ကသူကိုယ်ကျိုး အတွက် သူကောင်းစားဖို့အတွက် လုပ်မှာမဟုတ်ဘူး ဆိုတာကိုသိနေလို့ပဲ။ ဘယ်လိုသိလဲဆိုရင် သူကို နည်းလမ်းပေါင်းစုံနဲ့ ဒုက္ခပေးခဲ့ကြတာနည်းလို့လား သူဘယ်နှ နှစ်လဲ နှိပ်ကွပ်ခံခဲ့ရတာ။ နည်းတဲ့နှစ်မှမဟုတ်တာ။ ဒါတောင်နောက်မဆုပ်ခဲ့တဲ့သူက အဲ့လိုမျိုးလုပ် မှာမဟုတ်ဘူး ဆိုတဲ့ အချက်တချက်ထဲနဲ့တင် သူ့ကိုလက်ခံလို့ရနေပြီ။ (နောက်ပြီးသူ့မှာခိုင်မာတဲ့စိတ်ဓါတ်ရှိ တယ်)။
ပြောချင်တာက ကျွန်တော်သူ့ကိုထောက်ခံတယ် အခုကျွန်တော်ထမင်းငတ်နေလား။ မငတ်ပါဘူး။ ကျွန်တော်အလုပ်လုပ်တယ်။ ဒါကြောင့်မငတ်ဘူး။ ထောင်ကောကျလား။ ကျွန်တော် ထောင်ဘူးဝတောင် မရောက်ဘူးဘူး။ (ဒါကြောင့် ခင်ဗျားရဲ့ခေါင်းစဉ်က မှားသွားပါပြီ)။ ခင်ဗျားပြောတဲ့ “လေနဲ့  နိုင်ငံရေးကိုလုပ်တာ လွယ်တယ်။” ဆိုရင် ခင်ဗျားပြောတဲ့အဲ့ဒီ လေ လေးနဲကပဲ အရင်ဆုံး နေရာလေးတစ်နေရာရအောင်လုပ်ကြည့် ပါ။ ဒေါ်အောင်ဆန်းစုကြည် ကလဲ သူ့ကိုထောက်ခံပြီး အလုပ်မလုပ်ပဲ(ခင်ဗျားပြောတဲ့ ငတ်အောင်ပေါ့) နေတဲ့သူမျိုးကိုလဲ လက်ခံမှာမဟုတ်ပါဘူးလို့ထင်ပါတယ် (ဒါကကျွန်တော့အတွေးပါ)။

ထောင်ကျတဲ့ ကိုဇာကနာ၊ ကိုမင်းကိုနိုင်၊ နောက်ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ ရတဲ့သူတွေကို ကိုဘုန်း ကျော်လိုက်မေးကြည့်ပါ။ ဘယ်သူ့ကြောင့် ထောင်ကျရတာလဲလို့။ (ကိုဘုန်းကျော် ရှုက်တပ်ရင်လဲသေဘို့တောင်ကောင်းပါတယ်)။
အတိုက်အခံက သုံးစားလို့မရဘူးလို့ ခင်ဗျားပြောပါတယ်။ အတိုက်အခံတွေမှာ သူတို့အရည်အသွေး ကိုပြဖို့ အခွင့်အလမ်းတွေရှိခဲ့လို့လား။ တစ်ချိန်လုံးနှိပ်ကွက် တာခံခဲ့ရတာမဟုတ်လား။ ဒေါ်အောင်ဆန်းစုကြည် ရထား တာက ငြိမ်းချမ်းရေး နိုဗယ်ဆုပါ။ တခြားဆုမဟုတ်ပါဘူး။
“အရင်တုန်းက ကျနော်ထောက်ခံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ မှာ မဲ မပေးတော့ပါဘူး။”လို့ပြောတယ်။ ကိုဘုန်းကျော် သြစတျေးလျနိုင်ငံတွင်နေတယ်ပြောတယ်။ အခြေခံဥပဒေကို မဲပေးတုန်းကနဲ့၊ အခုရွေးကောက် ပွဲတွေမှာကောမဲပေးခဲ့ဘူးပါသလား။ အဲ့ဒါကတော့ ကိုဘုန်းကျော်ဘာသာအသိဆုံးဖြစ်မှာပါ။ မဲပေးမပေးကတော့ ကိုဘုန်းကျော် ကိစ္စပါ။ ဒါကလူတစ်ယောက်ရဲ လွတ်လပ်ခွင့်မဟုတ်လား။ ကြိုက်တာပေးခွင့်ရှိပါတယ်။
ကျွန်တော်လဲ ကိုဘုန်းကျော် ရဲ့ profile မှာ 1999 မှာတောခိုတယ်ပြောထားပါတယ်။ ခင်ဗျားအသက်နဲ့ ကျွန်တော်နဲ့ က 2 နှစ်လောက်ပဲကွာမှာပါ။ 1999 ဆိုရန်ကုန်မှာကျွန်တော် ကျောင်းတက်နေတဲ့အချိန်ပါ။ ကိုဘုန်းကျော် တစ်ယောက် ဘာဖြစ်လို့တောခိုသွားတယ်။ ဘယ်တောကိုခိုတယ်ဆိုတာလေး ဒီကလူတွေ အားလုံးသိရအောင် ဖြေပေးပါလို့။ အရမ်းစိတ်ဝင်စားလို့ပါ။

မှတ်ချက်။   ။ မိမိစိတ်ထဲတွင် ဘ၀င်မကျသောကြောင့် ရေးရခြင်းသာဖြစ်ပါသည်။ ကျွန်တော်သည်လည်း စာရေးဆရာမဟုတ်ပါ။ မိသားစုထဲတွင်လဲ စာရေး၊ကဗျာဆရာမရှိပါကြောင်း။

About myanmarcitizen

has written 17 post in this Website..

မြန်မာပြည် တိုးတက်ပြီး၊ တရားမျှတ၊ လွတ်လပ်မှုရှိသော ဒီမိုကလေစီ ကိုလိုလားသူ။