ကျုပ်.. အလယ်တန်းကျောင်းသားဘ၀လောက်က အထိုးအကြိတ်အရှောင်အတိမ်းတွေနဲ့
ကိုယ်လုံပညာ တွေကို သင်ကြားလိုက်စားခဲ့ဘူးပါတယ် …
ရိုးသားစွာဝန်ခံရရင် … ဒါတွေအားလုံးတတ်ထားမှ မိမိကိုယ်နဲ့ မိသားစုအသိုင်းအ၀ိုင်းကိုဘယ်သူမှ
အနိုင်ကျင့်စော်ကားရဲမှာမဟုတ်ဘူးလို့ထင်မိခဲ့ပါတယ် …
အမှန်တကယ် .. ကျုပ်တို့လေ့လာသင့် တတ်ထားသင့်တာက(ဥပဒေ)ပညာပါဘဲ ..
လူဆိုတာ အသက်(၁၀၀)မနေရပေမဲ့ အမှု့(၁၀၀)တော့ကြုံတွေ့ရတတ်ပါတယ် …
ကိုယ့်မိသားစု ကိုယ့်ပါတ်ဝန်းကျင်မှာ မတရားတာတွေ ကြုံလာတဲ့အခါ … တကယ်တမ်းကျတော့
ဂျူဒိုတွေ ကရာတေးတွေက အသုံးမ၀င်တော့ပါဘူး … ဥပဒေကသာအသုံးဝင်တာပါ ..
အဓိက လေ့လာထားသင့်တာက ရဲတွေနဲ့ပါတ်သက်တဲ့ ဥပဒေပါဘဲ … ဥပဒေကိုနားလည်ထားမယ်ဆိုရင် …
သူတို့ဘက်က သတိထားတတ်ပြီး ဥပဒေနားမလည်ဘူးဆိုရင်တော့ အနိုင်ကျင့်စော်ကားခံရမှာပါ …
ဥပမာအနေနဲ့ တစ်ခုပြောပြချင်ပါတယ် .. သာမန်ဒဏ်ရာလောက်သာရတဲ့ ရိုက်မှု့တစ်ခုဖြစ်သွားပြီဆိုပါတော့ ..
ကိုယ့်ဘက်ကလူက တရားခံဆိုရင် ရဲကပုဒ်မ(၃၂၅)နဲ့ အမှု့ဖွင့်မှာပါ .. ဒီပုဒ်မကအာမခံပေးရမဲ့ပုဒ်မဆိုတာသိထားဘို့
လိုပါတယ် .. အိုးပိုင်အိမ်ပိုင်ရှိသူနှစ်ယောက်ဆို အာမခံလုပ်လို့ရပါပြီ … အာမခံရရေးအတွက် ရဲကိုငွေပုံပေးစရာ
မလိုပါဘူး … အာမခံပေးလို့ရတဲ့အမှု့ဆို ပေးကိုပေးရမှာပါ … မပေးလို့ကိုမရဘူး … ပေးလို့မရတဲ့အမှု့ဆိုရင်တော့
ငွေတွေဘယ်လောက်ပေးပေး အာမခံပေးမှာမဟုတ်ပါဘူး … နောက်တစ်ခုသိထားရမှာက ဘယ်ကိစ္စနဲ့ဘဲဖြစ်ဖြစ်
ရဲစခန်းကိုသွားခဲ့ပါက (သို့မဟုတ်)ကိစ္စတစ်ခုကြောင့် ဖုန်းဆက်ပါက … အဲဒီရဲစခန်းမှာရှိတဲ့ တာဝန်မှူးအမည်ကိုမှတ်
ထားဘို့လိုပါတယ် … ရဲတွေနဲ့ပါတ်သက်ပြီး မကျေနပ်လို့တိုင်ချင်ရင်တော့ …
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရုံးအမှတ်(၈)နေပြည်တော်ပါ …
(၁)ရဲချုပ် (ရုံးဖုန်း) ၀၆၇-၄၁၂၀၆၆ (အိမ်)၀၆၇-၄၀၃၁၄၀
(၂)ဒုရဲချုပ် (ရုံး) ၀၆၇-၄၁၂၀၇၇ (အိမ်)၀၆၇-၄၀၃၁၄၁
(၃)ညွှန်ကြားရေးမှူး -၀၆၇-၄၁၂၀၀၈
(၄)ရဲမှူးချုပ် (ရုံး) ၀၆၇-၄၁၂၀၃၈ (အိမ်)၀၆၇-၄၀၃၁၄၂
(၅)တာဝန်မှူး – ၀၆၇-၄၁၂၀၀၅ ….

About myohtat

has written 18 post in this Website..