ကျွန်မ ကွန်ပြူတာ အရမ်း ကျွမ်းကျင်သူ မဟုတ်ပေမဲ့ ပြီးခဲ့တဲ့ အပါတ်ထဲ မှာ BBC ကလွှင့်တဲ့ “Steve Jobs – Billion Dollar Hippy” လို့ အမည်ရှိ Documentary ကနေ ရလိုက်တဲ့ အတွေး တစ်ခုကို Share လုပ်ချင်ပါတယ်။

ကျွန်မ အခုပြောမှာကို သိပြီး သူများလဲ ရှိမှာပါ။ ကျွန်မ ကတော့ အဲဒီ Documentary ကမှ သိလိုက်တဲ့ အကြောင်း ဖြစ်လို့ ကျွန်မ ခင်တဲ့ ရွာသူ/သား များ ကို လက်ဆင့်ကမ်း လိုက် ပါတယ်။ ကျွန်မ ပြောတာတွေ Technical Term အရလဲ မှားနိုင်ပါတယ်။ အဲဒါကို တွေ့လို့ အမှား ထောက်ပြ ခဲ့ရင်ဖြစ်စေ၊ လိုတာ ဖြည့်စွက် ပေးရင် ဖြစ်စေ အားလုံးအတွက် ပိုပြီး ဗဟုသုတ ရမယ် ထင်လို့ စမ်းတင်လိုက်ပါတယ်။ သိပြီးသား ဖြစ်နေကြရင်လဲ ကျွန်မ ရဲ့ နောက်ကျမှ သိရှိခဲ့ခြင်း အကြောင်းကို မျှဝေခြင်းလို့ သဘောထားကြပါ။

ကျွန်မ စတွေ့ဘူး ခဲ့တဲ့ ကွန်ပြူတာက PC (Personal Computer) ပါ။ အဲဒီအချိန် PC Set ဆိုတာထဲမှာ mouse မရှိသေးပါဘူး။ System Unit, Monitor နဲ့ Keyboard ကဘဲ Commands တွေပေး သုံး ခဲ့ရ ပါ တယ်။ Operating System က MS-DOS Version (Microsoft Disk Operating System) ပါ။ အဲဒီတုန်းက စက်ထဲမှာ Hard drive မရှိပါဘူး။ စက်ကို စဖွင့် ရင်ဖြစ်ဖြစ်၊ Application တစ်ခုခု (ဥပမာ – စာရိုက်ဖို့) သုံးချင်ရင်ဖြစ်ဖြစ်၊ Data ကို (ဥပမာ – စာရိုက်ပြီး Document) သိမ်းဖို့ ဖြစ်ဖြစ် သက်ဆိုင်ရာ “five quarter inch” Floppy Disk များ ကို သုံးရပါတယ်။ နောက်ပိုင်း “three and half inch” ဆိုပြီး တိုးတက်လာပါတယ်။ ဒီလို ပြောရင် အခုခေတ် လူငယ်တွေ အတွက် ရီစရာ ဖြစ်ပါမယ်။ ကျွန်မတို့ တုန်းကလဲ အရင်လူကြီးတွေ သုံးခဲ့တဲ့ Mainframe  စက်ဟောင်းကြီးတွေ အကြောင်းကို ကြားတော့ ရီခဲ့ဘူးတာဘဲ။

နောက်ပိုင်း မှာမှ GUI (Graphical User Interface) ကို  Support လုပ်တဲ့ Microsoft Windows Operating System ပါ စက်များ မှာ Mouse ကို တွဲ သုံးလာပါတယ်။

Cursor ရွှေ့ချင်ရင် Keyboard Arrows ကို သုံး၊ Command ပေးချင်ရင် Text Command Line နဲ့ ရိုက် နေခဲ့ ရ တဲ့ DOS Version ဘဝ ကနေ Screenပေါ်မှာ Menu Icon တွေကို mouse နဲ့ ရွှေ့သုံး ရ တဲ့ Windows Version ဘဝဟာ အတော်လေး သက်တောင့် သက်သာ ရှိသွားခဲ့ တာ ကြုံဘူးခဲ့သူတိုင်း သိမှာပါ။ ဒီမှာတင် အဲဒီ GUI နဲ့ Mouse ဟာ PC ကွန်ပြူတာ သုံးသူ တွေရဲ့ Life Saver ဖြစ်ခဲ့ သလား ပါဘဲ။

အဲဒီ အချိန် Steve Jobs ရဲ့ Apple မှာ GUI ရှိပြီး ဖြစ်နေပါတယ်။ Apple Product ဟာ အဲဒီချိန် ထဲမှာကို အရမ်း ဈေးကြီးပါတယ် တဲ့။ ဒီတော့ ကျွန်မ သိခဲ့တဲ့ Knowledge ကတော့ Windows က Apple ရဲ့ Idea နဲ့ Technology ကို ခိုးချ တယ် ဆိုတာပါဘဲ။

ဇာတ်လမ်းက ဒီမှာစပါတယ်။

အဲဒီ Documentary အရ ဆိုရင်တော့ Apple ကလဲ GUI ကို စတာ မဟုတ် ခဲ့ပါဘူး။

GUI အစဟာ Xerox Corporation (Company) ရဲ့  ၁၉၇၃ မှာ ထွင်တဲ့ Alto Computer Project မှာ ဖြစ်ပါတယ်။ အဲဒီ Project ဟာ ၁၉၈၁ မှာ ရောင်းခဲ့တဲ့ ‘Xerox Star 8010 Document Processor’ လို့ခေါ်တဲ့ Computer အတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကြီး လွန်းလို့ ဈေးကွက် ထဲမှာ အောင်မြင်မှု မရခဲ့ပါဘူး။

၁၉၇၉မှာ Xerox က Apple Inc. ရဲ့ ရှယ်ယာ တွေဝယ်ခဲ့ပါတယ်။

အဲဒီနောက်မှာ သူ ဟာ Xerox ရဲ့ Palo Alto Research Centre (PARC) ကို သွားရင်း သူတို့ ရဲ့ GUI Design ကို တွေ့လာပြီး  သူ့ရဲ့ Apple Lisa (သူ့သမီး အမည်လို့ ဆိုပါတယ်) Product  ကို GUI ပုံစံ လှပ တင့်တယ်စွာနဲ့  ထွက် လာ အောင် စကြိုးစား ခဲ့ပါတယ်။ ၁၉၈၃ မှာ စရောင်းခဲ့ပါတယ်။

(အောက်မှာ မှီငြမ်း Link (၅) – GUI Time Line ကို လေ့လာ နိုင်ပါတယ်)

အဲဒီချိန်မှာ Microsoft က Apple ရဲ့ Application Software တွေကို ရေးပေးနေတာပါဘဲ။

အဲဒီနောက်ပိုင်း မှာတော့ Microsoft ရဲ့ GUI နဲ့ထွက်လာတဲ့ Windows1.0 ဟာ Apple Lisa ကို ကူးချပါတယ် ဆိုပြီး Steve Jobs က စွပ်စွဲခဲ့ပါတယ်။ သူတို့ဟာ လူအများကြား မှာကို အပြန်အလှန် စကားများခဲ့ပါတယ်။

“မင်း ငါ တို့ ဆီက ခိုးတယ်” လို့ Steve Jobs က ကို အော်တော့

Bill Gates က “တစ်ခြားနည်း နဲ့ ကြည့်ရင် ငါတို့ နှစ်ယောက်စလုံး မှာ အိမ်နီးချင်း သူဌေး Xerox ရှိတယ်။ ငါ သူ့ ဆီက TV Set ကို ခိုးဖို့ သူ့အိမ်ကို ဖောက် တော့ မင်းက အဲဒါကို ခိုးပြီး နေပြီ” လို့ အေးအေး ဘဲ ပြန်ပြောခဲ့ပါတယ်။

(ကျွန်မ အတိုချုပ် ဘာသာပြန်တာ မှားရင် ဆရာမကြီးTTNu ခွင့်လွှတ်ပါရှင့်)

သူတို့ပြောတဲ့ စကားတွေကို မူရင်း အတိုင်း လဲ ဖော်ပြလိုက်ပါတယ်။

“You’re ripping us off!” Steve shouted, raising his voice even higher. “I trusted you, and now you’re stealing from us!”

But Bill Gates just stood there coolly, looking Steve directly in the eye, before starting to speak in his squeaky voice.

“Well, Steve, I think there’s more than one way of looking at it. I think it’s more like we both had this rich neighbour named Xerox and I broke into his house to steal the TV set and found out that you had already stolen it.”

ဒါပေမဲ့ နောက်ပိုင်း သူတို့နှစ်ယောက် ကြားမှာ GUI Product တွေ Release လုပ်ချိန် ကို Agree လုပ်ခဲ့တယ် ပြောပါတယ်။

 

ကျွန်မ အတွေး (အနှစ်ချုပ်)

အဲဒီ အကြောင်းကို ရှုဒေါင့် အမျိုးမျိုး ကနေ ဝေဖန်ကြည့်နိုင် ကြပါတယ်။ ကောင်းဘက်ကရော၊ ဆိုးတဲ့ဘက်ကပါ ပေါ့။

ဘာဘဲဖြစ်ဖြစ် တကယ် တော့ သူတို့ နှစ်ယောက်လုံး ရဲ့ GUI Idea ဟာ တစ်ခြားသူ တစ်ယောက် ဆီက ကူးချလို့ ရခဲ့ကြတာဘဲလို့ သမိုင်းမှာ Record ဖြစ်ခဲ့မှာပါဘဲ။

ဒါပေမဲ့ ကျွန်မ အနေနဲ့ကတော့ သူတို့ကို လူဆိုး  ဗီလိန် တွေ အနေနဲ့ မြင်ကြည့် လို့ မရပါဘူး။

ဘာလို့ လဲဆိုတော့ “သူတို့ နှစ်ယောက်စလုံး ရဲ့ သမိုင်းဟာ အဲဒီ နေရာမှာတင် ရပ်မသွား ဘဲ လူသားတွေ အတွက် ပိုမိုပြီး ကောင်းမွန် အောင်မြင်တဲ့ အကျိုးဖြစ်စေတဲ့ အကြောင်း တရားတွေကို ဆက်ရေးခဲ့ကြလို့” လို့ထင်မိပါ တယ်။

ဒီတော့ ကျွန်မတို့ အားလုံး လဲ ကိုယ့်သမိုင်းကြောင်း ကို အမြဲတိုးတက်အောင် ပြင်ဆင် နေ နိုင်ခဲ့ရင် အရင် က မကောင်း ခဲ့တဲ့ သမိုင်း တွေကိုတောင် ပြန်ပြင်ရေးနိုင်မယ် လို့ ထင်မိ ပါ ကြောင်း ပြောရင်း နိဂုံးချုပ်လိုက်ပါ၏။  :-)

 

(PS- နောက်ကြုံ ရင် – ပြိုင်ဖက်ဖြစ်နေတဲ့ သူတို့ နှစ်ယောက် ကြားက လှပ တဲ့ Relationship အကြောင်းလေးတွေကို လဲ ပြောချင်ပါသေးတယ်)

ဒီ Post အတွက် မှီငြမ်း ချက် များကို အသေးစိတ် ပိုသိလိုပါက –

(၁)  “Steve Jobs – Billion Dollar Hippy” လို့ အမည်ရှိ Documentary

http://www.edibleapple.com/2011/12/17/steve-jobs-billion-dollar-hippy-bbc-documentar/?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+EdibleApple+%28Edible+Apple%29

(၂) Floppy Disk အကြောင်း

http://simple.wikipedia.org/wiki/Floppy_disk

(၃) GUI Short History

http://theoligarch.com/microsoft_vs_apple_history.htm

(၄) Rich neighbour named Xerox

http://www.folklore.org/StoryView.py?story=A_Rich_Neighbor_Named_Xerox.txt

(၅) GUI Time Line

http://toastytech.com/guis/guitimeline.html

 

 

About မြစပဲရိုး

Khin Latt has written 240 post in this Website..