ဗိုလ်ချုပ်ရဲ့ သမိုင်းကြောင်းကို ဇာတ်လမ်းအဖြစ် ဖန်တီးရာမှာ ဗိုလ်ချုပ်နေရာကနေ သရုပ်ဆောင်လိုတဲ့ ကိုနေဦးရဲ့ ပုံတွေ ပြည်မြန်မာ ဂျာနယ်ထဲမှာ ပါလာပါတယ်..ဗိုလ်ချုပ်နဲ့ တူတယ် မတူဘူးဆိုတာ နဲနဲလောက် အကဲဖြတ်ပေးစေချင်တယ် …ဒီက ရွာသူားတွေရဲ့ အမြင်က ရိုက်ကူးထုတ်လုပ်မယ့်သူတွေနဲ့ ကိုနေဦး အပေါ် အကျိုးပြုလောက်ပါတယ် ..

ကိုနေဦးက ဗိုလ်ချုပ်အောင်ဆန်းနဲ့ မွေးနေ့ခြင်းပါ တူပါသတဲ့





ကျွန်တော့် အမြင်ပြောရမယ်ဆိုရင်တော့ ကိုနေဦးက ဗိုလ်ချုပ်နဲ့ ရုပ် တူသလောက်ရှိပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ရဲ့ မာန် မျိုး ကိုနေဦး မျက်နှာပေါ်မှာ မတွေ့ရဘူးဗျ ..။ နောက် အပြုံး … ဗိုလ်ချုပ်အပြုံးလိုမျိုး ဂရုဏာပြုံးကို ကိုနေဦး မှီအောင်ပြုံးနှိုင်ဖို့ လိုပါဦးမယ် ..။
ကဲ ရွာသူားတွေရဲ့ အမြင်လေးတွေ သိချင်တယ်ဗျာ ….

About မှော်ဆရာ

has written 58 post in this Website..

အပြုသဘောဆောင်တဲ့ ရေးသားချက်များကိုသာ ရေးသားနှိုင်အောင် ကြိုးစားနေပါတယ်. နိုင်ငံတကာ ဆက်ဆံရေးပညာနဲ့ ကျောင်းပြီးပါတယ်။ ပွင့်လင်းမှုနဲ့ ယဉ်ကျေးမှုကို မြတ်နိုးပါတယ်။ သဘောကောင်းပါတယ်။ လက်သီးထိုး ပြင်းပါတယ်။ ဓါးထိုးပက်စက်ပါတယ်။ CJ # 9222010